“ အပြုံးတစ်ခု၏ နှုတ်ဆက်ချိန် ”

in #myanmar6 years ago

IMG_20171211_182328.jpg

“ အပြုံးတစ်ခု၏ နှုတ်ဆက်ချိန် ”

ကျနော်ဟာ မျက်စိနှစ်ကွင်း အလင်းရရှိခဲ့သည့်အချိန်မှစကာ လောကကြီးထဲသို့ လျင်လျင် မြန်မြန်ပင် ၀င်ရောက်လာခဲ့သူပါ။ ကျနော်၏ဘေးပတ်ဝန်းကျင်ကို လေ့လာကြည့်မိ ပြန်တော့ ကျနော်နှင့် ပုံသဏ္ဍန်တူ အမျိုးတူသူများလည်း မြောက်များစွာရှိနေကြပါတယ်။ ကျနော်တို့အားလုံးဟာ ဘ၀တူလေးများပါ။ ကျနော်တို့ကို လာကြည့်ကြသူတိုင်းက ပုံစံတူ ကျွန်တော်တို့လေးတွေကို ဘယ်သူ့ကို ယူဆောင်သွားရမလဲ အမြဲဝေခွဲရခက်နေတတ် ကြတာကို ကျနော်တို့ အမြဲမြင်တွေ့ခဲ့ရပါတယ်။

ကျနော်တို့ဟာ မိဘမဲ့လေးတွေပါ။ ဘယ်သူက မိဘဆိုတာ ကျနော်တို့ အခုချိန်ထိ မသိခဲ့ရပါဘူးဗျာ။ ကျနော်တို့အားလုံးကို လာရောက်ကြည့်ရှုသူများ အားလုံးဟာ နောက်ဆုံးမှာတော့ ကျနော်တို့ထဲက တစ်ဦးကိုတော့ သူတို့နှင့်အတူ ခေါ်ဆောင်သွားတတ် ကြပါတယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလိုဖြစ်နေပါပီ။ ကျန်ခဲ့တဲ့ သူများကလည်း ခေါ်ဆောင်အသွားခံရသူလေးများကိုကြည့်ကာ အားကျခြင်း၊ မကျေနပ်ခြင်း၊ ၀မ်းနည်းခြင်း ဆိုတဲ့ စိတ်ခံစားချက်တွေ ဘာဆိုဘာမှ မခံစားကြပါဘူးခင်ဗျ။ အားလုံးဟာ အေးအေး လူလူပဲ ကျနော်တို့ရဲ့ ဘ၀လေးများကို ရှင်သန်နေခဲ့ကြပါတယ်။ တနေ့မှာတော့ အရင်ကခေါ်ဆောင်ခြင်း ခံရသူများကဲ့သို့ ကျနော်သည်လည်း တစ်ဦးတစ်ယောက်ရဲ့ ခေါ်ဆောင်ခြင်းကို ခံခဲ့ရပါတယ်။

အဲဒီနေ့က မိုးရွာနေပါတယ်။ ကျနော့ကို အ၀တ်တံဘက်လေးနဲ့ ပတ်ပီး ခေါ်ခဲ့တဲ့ အဒေါ်ကြီးရဲ့ မေတ္တာတရားကို စတင်မြင်တွေ့ရပါတယ်။ ကျနော်ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့ဗျာ။ သူမ၏ အိမ်သို့ရောက်သည့်အခါ ကျွန်တော့အား သန့်ရှင်းရေး လုပ်ပေးပါတယ်၊ အနှစ်နှစ် အလလက တင်ကျန်ပေပွနေသော ကျွန်တော့်ကိုယ်ပေါ်က အညစ်အကြေးများကို စိတ်ရှည်လက်ရှည် သန့်ရှင်းပေးနေသော ကျွန်တော့အား ခေါ်ဆောင်လာသူ အဒေါ်ကြီးကို ကျွန်တော် လေးစားကြည်ညိုမိပါတယ်။

Credit Image Source

ဒီလိုနဲ့ ကျွန်တော်ဟာ ဒီအိမ်ကြီးရဲ့ တစ်နေရာမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ရှင်သန်လာနိုင်ခဲ့တယ်။ ဒီအိမ်ကြီးဟာ ပျော်စရာကြီးပါဗျာ။ လိုအပ်တာအကုန် ပြည့်စုံ နေသော သူတို့အဒေါ်ကြီးမိသားစု (တကယ်တော့သူတို့ဇနီးမောင်နှံနှစ်ဦးသာ)ဟာ ကျွန်တော်လို လူမျိုးမရှိရှာလေတော့ ကျွန်တော့ကို ရှာဖွေတွေ့ရှိပြီး သူတို့မိသားစုမှာ ဖြည့်ဆည်းခြင်းဖြင့် ပြည့်စုံခဲ့ကြပါပြီ။

တနေ့မှာတော့ အဒေါ်ကြီးဟာ ကျွန်တော့်ကို ဈေးတစ်ခုသို့ ခေါ်ဆောင်သွားပါတယ်။ ရောက်လေရာ ဈေးဆိုင်တိုင်းမှာ ကျနော့ကို လူရှေ့၊သူရှေ့မှာ ဆွဲခေါ်ပြပီး ကြွားတယ်ဗျာ။ ကျနော့်မှာလေ ရှက်လိုက်တာ။ သို့သော်လည်း ကျနော် ပျော်တယ်ဗျ။ ကျတော့ကို ကြည့်တဲ့ သူတွေရဲ့ အကြည့်တွေက ချစ်ခင်ခြင်း၊ နှစ်သက်ခြင်း စသည့်အကြည့်များဖြင့် ကျွန်တော့အား ဂုဏ်ယူဝမ်းမြောက်စေပါတယ်။ ကျနော်ဟာလည်း လူတိုင်းကို အပြုံးနဲ့ နှုတ်ဆက်ပါတယ်၊ ကျနော့ကိုကြည့်ကြမြင်ကြသူတိုင်းကလည်း ကျွန်တော်ကို ပြုံးပြကြ ပါတယ်။ အင်မတန်လှပတဲ့ နေ့လေးတစ်နေ့ပေါ့ဗျာ။

ရာသီတွေ အလီလီ ကုန်ခဲ့ပါပြီ တစ်နေ့သော နေ့လေးမှာ ကျွန်တော့အား ၀မ်းနည်းစေသော အကြောင်းအရာတစ်ခု စတင်ဖြစ်ပျက်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက် ကတော့ ကျွန်တော်ကဲ့သို့ မိဘမဲ့၊ အိမ်ယာမဲ့လေးတစ်ယောက်ကို အဒေါ်ကြီးက အိမ်ကြီးသို့ ထပ်မံခေါ်ဆောင်လာခဲ့ပါတယ်။ ကျနော်မှာလေ ၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား မဝေခွဲတတ်အောင်ပါပဲ။ မကြာခင်မှာ အဒေါ်ကြီးဟာ ကျွန်တော့်အပေါ် အချစ်မေတ္တာတွေ လျော့နည်းသွားတော့မယ်ဆိုတာ ကျနော်သိနှင့်နေပီလေ။

ဒီလိုနဲ့ပေါ့ဗျာ ကျနော်ဟာ ဒီအိမ်ကြီးမှာ ချောင်ထိုးခံရသူဖြစ်လာပါတယ်။ ကျနော့မှာလေ ၀မ်းနည်းနေယုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ အဒေါ်ကြီးတို့ မိသားစု စိတ်ချမ်းသာရင် ကျေနပ်ပါတယ်ဗျာ။ နောက်ရောက်လာတဲ့ လူသစ်လေးကို သူတို့တွေ တုန်နေအောင် ချစ်ကြတာ မြင်ရတော့ ကျနော့်မှာလေ နေမထိ ထိုင်မသာ ဖြစ်ရပါတယ်။ အဲဒါနဲ့ ကျနော်ဟာ လောကဒဏ်တရားကို မရင်ဆိုင်နိုင်တာကြောင့်လား၊ ကျနော့ရဲ့ သက်တမ်း သည်ပင် ကုန်ဆုံးလို့လားဆိုတာတော့ မပြောတတ်တော့ပါဘူး၊ ကျနော့အသည်းတွေ တစ်စစီကွဲကြေပြီး အသက်ဆုံးရတော့မည့်အချိန်ကို ရောက်ရှိလာခဲ့ပါတယ်။

ဒီအခါမှာ ကျနော့အနားကို အဒေါ်ကြီး ရောက်လာခဲ့ပါတယ်။ ကျွန်တော့ကို နူးနူးညံ့ညံ့လေး ထွေးပွေ့ထားပီး ကြင်ကြင်နာနာနှင့် ငုံ့ကြည့်နေရှာပါတယ်။ သူမမျက်ဝန်းမှ မျက်ရည်စ များလည်း ကျနော့ပါးပြင်ထက်သို့တိုင် ကြွေကျလာကြပါတယ်။ ကျွန်တော် ကြည်နူးမိပါတယ် ကျွန်တော် ချစ်မြတ်နိုးရသူ သူမရဲ့လက်ထဲမှာ မလှုပ်ရှား နိုင်တော့သော ခန္ဓာကိုယ်ကို မေ့ထားပီး သူမကို ပြုံးပြုံးလေး ပြန်ကြည့်နေမိပါတော့တယ်။ ကျွန်တော်၏ နောက်ဆုံးအပြုံးဟာ သူမပါးပြင်ထက်သို့ပင် ထင်ဟပ်သွားပါတော့တယ်။

သူမထံမှ နောက်ဆုံးနှုတ်ဆက်လိုက်သော စကားသံကို ကျွန်တော်သဲ့သဲ့ကြားနေရပါတယ်။
“မှန်လေးရယ် မင်းကိုချစ်ပေမယ့် မင်းအစား တခြားမှန်လေးကို ဆက်သုံးရတော့မယ်ကွယ်၊ မင်းလေးနားလည်ပေးပါကွယ်၊ မင်းဆီက မှုန်ဝါးဝါး အမြင်တွေနဲ့ ရှေ့ဆက်လို့မရတော့လို့ အမြင်ရှင်းတဲ့ နောက်ထပ်မှန်အသစ်လေးကို အစားထိုးရတော့မယ်ကွယ် အန်တီ့ကို ခွင့်လွှတ်ပါကွယ်” ကျနော်ကလည်း နောက်ဆုံးထွက်သက်နှင့်အတူ ယဲ့ယဲ့လေး ပြန်ပြောမိပါတယ် “ဟုတ်ကဲ့ အန်တီမေမေ ကျနော်ကြေနပ်ပါတယ်၊ ကျနော်တို့လို မှန်လေးတွေဟာ နောက်ဆုံးတစ်နေ့မှာ မှုန်ဝါးကြေကွဲခြင်းနိယာမနဲ့ပဲ အဆုံးသတ်ကြ တာကို ကျနော်သိရှိခဲ့ပါပီ၊ ကျနော့ရဲ့ နောက်ဆုံးလမ်းလေးကို အန်တီကိုယ်တိုင် လိုက်ပို့ ပေးတာကိုပဲ ကျေးဇူးတင်ပါတယ်ဗျာ၊ ကျနော့ကို ခေါ်လာတုန်းကလဲ အန်တီပဲ၊ အခုလဲစွန့်ပြစ်တော့လဲ အန်တီပဲဖြစ်နေလို့ ကျနော်သေပျော်ပါပီဗျာ၊ ကျနော့ကို စွန့်ပြစ်လိုက်ပါတော့ဗျာ”။

“ကျနော့်နာမည် “မှန်” ပါခင်ဗျ” ။


Credit Image Source

ဆက်လက်ကြိုးစားပါအုန်းမည်။-----။

Steemit photos for paragraph.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>>10:45 PM (4.7.2018)

#Myanmar #Writing #Blog #Literature #Life

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

ကြည့်သူအတွက်
အမြဲပျူငှါ တုံ့လှည့်ရှာသည်
ကြည့်သူ ပြုံးက
သူလိုက်ပြုံးပြီး
ကြည့်သူမဲ့က
သူမဲ့ပြသည်
သူကား မှန်မှန်နေ၏ တကား

မှန်၏။

ငင့် 😩😩😩 မှန်တဲ့😩😩

လူမဟုတ်လို့လား ခံစားကြည့်ရတာပဲလေ။

လိုရာဆွဲရေးပြနိုင်တာတော်တယ်

ဟုတ်ကဲ့ အာပေးမှုကို ကျေးဇူးအထူးပါခင်ဗျ။

Personialficationဆိုတဲ့သက်မဲ့ကိုသက်ရှိ
အယောင်တင်စားပြီးရေးနည်းကိုကျောင်းမှာပဲ
သင်ရတာ မရေးတတ်ခဲ့ဘူး
ကိုညီရေးပြမှသိတော့တယ်
လေးစားပါတယ်ဗျာ

ဟုတ်ကဲ့ ဗျ ကျနော်လဲ ရေးတတ်သလိုလေး စိတ်ကူးနဲ့ တည်ဆောက်ရေးထားတာပါ၊ အားပေးလို့ကျေးဇူးဗျာ။

ရေးထားတာလေးကမိုက်တယ် မှန်လေးနဲ့ပမာပေးရေးထားတာ

ဟုတ်တယ်ကိုသာပေါက်ရေ ရေးနည်းတစ်ခုပါပဲ။

စစချင်းတုန်းက ဖတ်ရင်း လူလား,သတ္တဝါလား စဉ်းစားနေတာ နောက်ဆုံးကျ မှန်တဲ့။

ဟုတ်တယ် အဲဒါ ဒီဆောင်းပါးရဲ့ အသက်ပဲမမ။

ရှာရှာဖွေဖွေစိတ်ကူးကောင်းကောင်းနဲ့ရေးတတ်လှပါပေတယ်
အားကျမိပါတယ်

ဟုတ်ကဲ့အန်တီရေ ချီးကျူး အားပေးတာ ကျေးဇူးပါဗျာ။

လောက နိယာမတရားတွေပဲပေါ့နော် ။စိတ်ကူးစိတ်သန်း တစ်မျိုးလေးနဲ့ ပုံဖော်ထားတာ စိတ်ဝင်စားစရာလေးပါပဲခင်ဗျာ

ဟုတ်တယ် ကိုသန့်ဇင်ရေ လောကမှာ ဖြစ်တတ်တာလေးကို မှန်လေး နဲ့ တင်စားပီး စိတ်ကူးရေးထားတာပါ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မှန်လေးမှာလည်း ခံစားချက်တွေ ရှိနေတာပေါ့နော်။

ဟုတ်ကဲ့ မှန်လေးရဲ့ ခံစားချက်လေးတွေ ရှိမလားလို့ စိတ်ကူးယဉ်ရေးထားတာပါ။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64038.60
ETH 3148.89
USDT 1.00
SBD 3.97