“တွေ့ဆုံခြင်း”

in #myanmar6 years ago (edited)

38446285_460845687723422_2499775355452129280_n.jpg

“တွေ့ဆုံခြင်း”

နေ့ရက်တို့သည် ကုန်လွန်သွားသည်မှာ မြန်လွန်းသည်ဟုပင်ထင်မှတ်ရသည်။ မြန်မာ စတီးမစ် ကွန်မြူနတီ၏ နှစ်ပတ်လည်တွေ့ဆုံပွဲသည်လည်း ပြီးမြောက်ခဲ့ပြီဖြစ်သည်။ ထိုတွေ့ဆုံပွဲမှ မိမိအိမ်ရှိရာသို့ အပြန်လမ်းသည် တစ်စုံတစ်ခုအား လွမ်းဆွေးသယောင် ခံစားနေခဲ့ရသည်။ နယ်မြေဒေသအစုံမှ အခက်အခဲရှိသော်လည်း အရောက်လာခဲ့ကြသော မြန်မာစတီးမစ်ကွန်မြူနတီ၏ အဖွဲ့ဝင်များအားလုံးကိုလည်း လေးစားမိသည်။ အကြောင်း အမျိုးမျိုးကြောင့် မရောက်ရှိလာနိုင်သော မန်ဘာများကိုလည်း ကိုယ်ချင်းစာမိသည်။ မိမိတို့ကဲ့သို့ သူတို့တွေလည်း နှစ်ပတ်လည်တွေ့ဆုံပွဲသို့ လာရောက်ချင်ကြမည်၊ မိမိတို့၏ အွန်လိုင်းမှ မိတ်ဆွေများကို တွေ့ဆုံလိုကြမည်ဟုပင် နားလည်ခံစားရသည်။

သို့ပေမည့် အခွင့်အရေးသည် ဒီတစ်ကြိမ်တည်းသာမဟုတ်ချေ နောက်ထပ်ရှိလာ ပေဦးမည်။ ကျွန်တော်များ MSCသည် နှစ်စဉ် မန်ဘာများနှင့် နှစ်ပတ်လည် တွေ့ဆုံပွဲများ ပြုလုပ်သွားရန် ရှိနေပါသေးသည်။ ဒီတစ်နှစ် ဒီတစ်ကြိမ် မတွေ့လိုက်ရ၊ မတက်ရောက်လိုက်ရသော်လည်း နောင်နှစ် နောင်နှစ်များတွင် တွေ့ဆုံနိုင်ခွင့် ရှိနေပါ သေးသည်။

38284415_1063307523817943_5985739849913597952_n.jpg
[Credit Image Source](Myanmar Steemit Community)

ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် ရှေးခေတ်လူသားများ၊ ကျောက်ခေတ်ဦးအစကပင် တစ်ဦးတစ်ယောက်တည်း နေထိုင်ခြင်းမှ အသင်းအဖွဲ့၊ အဖွဲ့အစည်းဖြင့် နေထိုင်ခြင်းသည် ပို၍သင့်တော်ကြောင်း၊ အခက်အခဲများကို ၀ိုင်းဝန်းဖြေရှင်းခြင်းဖြင့် လွယ်ကူသော ဘ၀နေထိုင်ခြင်း၊ အသက်မွေးဝမ်းကြောင်းရပ်တည်ခြင်းတွင် လွယ်ကူချောမွေ့စေခြင်း ဆိုသည်ကို သိရှိနားလည်လာကြပြီးလျှင် အစုအဖွဲ့၊ အသင်းအဖွဲ့မှသည် လူမျိုးစုများ အလိုက် ပူးပေါင်းနေထိုင်ခြင်း အလေ့အထသို့ ကူးပြောင်းကျင့်သုံး လာခဲ့ကြသည်ကို ကျွန်တော်တို့အားလုံး သိရှိခဲ့ကြပြီးဖြစ်သည်။

ထိုမှသည် တဆင့်ပြီးတဆင့် တိုးတက်လာသော လူမှုပတ်ဝန်းကျင်သည် ခေတ်အဆက် ဆက်ကို ဖြတ်ကျော်လာပြီးလျှင် ကျောက်ခေတ်ဦးမှသည် ယနေ့ခေတ် သိပ္ပံခေတ်သို့တိုင် နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့သော်လည်း၊ အမျိုးမျိုးသော ခေတ်စနစ်များ အဆင့်ဆင့် ပြောင်းလဲသွားသော်လည်း မပြောင်းမလဲရှိနေသော စနစ်တစ်ခုမှာ အစုအဖွဲ့ဖြင့်နေထိုင်ခြင်း စနစ်တစ်ခုပင်ဖြစ်ပါသည်။

ဆိုခဲ့ပါအတိုင်း ကျွန်တော်တင်ပြလိုရင်းမှာ ခေတ်အဆက်ဆက် မည်မျှပင်ပြောင်းလဲ သွားပါစေ ကျွန်တော်တို့လူသားများအတွက် ယုံယုံကြည်ကြည် စွဲကိုင်လာသော စနစ်တစ်ခုဖြစ်သည့် အသင်းအဖွဲ့၊ အစုအဖွဲ့၊ ထိုမှထိုမှသည် လူမျိုးစု၊ မျိုးနွယ်စု၊ ဘာသာရေးအင်အားစု၊ ပညာရေးအင်အားစု၊ လူမှုရေးအသင်းအဖွဲ့ စသည်စသည်ဖြင့် တူရာတူရာ စုဖွဲ့လှုပ်ရှားကြသည်၊ လုပ်ဆောင်ကြသည်။ မိမိတို့၏ ရည်မှန်းရာပန်းတိုင်၊ သို့မဟုတ် လုပ်ငန်းဆောင်တာတစ်ခုအား ၀ိုင်းဝန်းလက်တွဲကြကာ အကြံဥာဏ်များ ဝေမျှကြခြင်းဖြင့် လွယ်လွယ်ကူကူ အောင်မြင်ခြင်းကို ရရှိနိုင်ကြသည်။

38197346_883613565166107_2688780287575326720_n.jpg
[Credit Image Source](Myanmar Steemit Community)

ထိုသို့ သာဓကကောင်းများဖြင့် ရှိနေခဲ့ကြသဖြင့် ကျွန်တော်တို့ လူသားတို့သည် အစအဖွဲ့၊ အသင်းအဖွဲ့ဖြင့် နေထိုင်ခြင်းကို ယနေ့ခေတ်တိုင် လက်ခံကျင့်သုံးနေကြခြင်းဖြစ်သည်။ ကျွန်တော်များ မြန်မာစတီးမစ်ယူဆာများသည်လည်း ၀ါသနာတူရာ၊ ရည်ရွယ်ချက်တူရာ အွန်လိုင်းမှ မိတ်ဆွေများ စုစည်းကြကာ တစ်ဦးကိုတစ်ဦး မမြင်ဖူး၊ မတွေ့ဖူးကြသော်လည်း မိမိတို့ လျောက်လှမ်းနေသော တူညီသည့်လမ်းအား တူညီသော မျှော်မှန်းချက်များဖြင့် အတူတကွ လက်တွဲခဲ့ကြသည်။ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီ ကြခြင်းဖြင့် ခိုင်မြဲသော မိတ်ဆွေစစ်စိတ်ဓါတ်တို့အား ဖွင့်လှစ်ပြနိုင်ခဲ့ကြသည်။ ထိုမှတစ်ဆင့် MSC မည်သော မြန်မာစတီးမစ်ကွန်မြူနတီအား တည်တောင်စုစည်းနိုင်ခဲ့သည်။

အဖွဲ့အစည်းတစ်ခု ဖြစ်လာလျင် တွေ့ကြုံရတတ်သော အခက်အခဲများကိုလည်း ကျွန်တော်တို့ တွေ့ကြုံခဲ့ရသည်။ အဖွဲ့အစည်းဖြစ်လာလျှင် ဖြစ်တတ်သော သဘော သဘာဝများကို ကျွန်တော်တို့အားလုံး တစ်ခုပြီးတစ်ခု ရင်ဆိုင်ကြုံတွေ့ကြရသည်။ ထိုသို့ အခက်အခဲတစ်ခုခု ကြုံတွေ့လာတိုင်း အကြံဥာဏ်များစုဝေးတိုင်ပင် ဝေမျှကြခြင်းဖြင့် လွန်မြောက်ကျော်ဖြတ်နိုင်ခဲ့ကြသည်။ ဤသည်ပင်လျင် အဖွဲ့အစည်း၏ အနှစ်သာရပင် ဖြစ်သည်။

ကျွန်တော်များMSCသည် လျောက်လှမ်းလာသည့်လမ်းတစ်လျောက် လွယ်လွယ်ကူကူတော့ ဖြစ်၍မလာခဲ့ပါ တစ်ခုမဟုတ်တစ်ခု အခက်အခဲအတားအဆီးများကို ကြုံတွေ့ခဲ့ရသည်။ ထိုသို့ အခက်အခဲကြုံလာတိုင်း ယုံကြည်မှု၊ နားလည်သည်းခံမှု၊ ဝေမျှခံစားမှု၊ အားပေးမှု များဖြင့် အဖက်ဖက်က ကူညီဖေးမ၊ သည်းခံလက်တွဲ၊ စည်းလုံးခဲ့ကြသော အဖွဲ့ဝင်များ အားလုံးကိုလည်း လေးစားချစ်ခင်မိသည်။ အဖွဲ့အစည်းကို ချစ်ခင်မြတ်နိုးကြသော မန်ဘာများအားလုံး၏ ချစ်စရာစိတ်ထားလေးများကို လေးစားမိပါသည်။

38454106_448402498992084_4192816536861278208_n.jpg
[Credit Image Source](Myanmar Steemit Community)

ဆက်လက်၍လည်း နောင်နှစ်ပေါင်းများစွာတွင်လည်း အေးအတူပူအမျှ တစ်စိတ်တစ်ဝမ်း တည်းသော စိတ်များဖြင့် စည်းစည်းလုံးလုံးရှိကြကာ တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းကြပြီး MSCမည်သော မြန်မာစတီးမစ်ကွန်မြူနတီကြီးအား ကျွန်တော်တို့ အားလုံးအတူ လက်တွဲကာ ရှေ့ဆက်ကြမည်ဆိုလျင်ဖြင့် နောင်လာဦးမည့် နှစ်ပတ်လည်တွေ့ဆုံပွဲ များသည် တစ်နှစ်ပြီးတစ်နှစ် စည်ကားသိုက်မြိုက်နေဦးမည်ဖြစ်ပါကြောင်း ဆန္ဒပြုရင်း ရောက်လာဦးမည့် “တွေ့ဆုံခြင်း”များကို ကြိုဆိုလိုက်ကြပါစို့။

38683797_275993696510449_791972921202442240_n.jpg

စာကြွင်း ။ ။ ကျွန်တော်တို့ မြန်မာစတီးမစ်ကွန်မြူနတီအား အထူးသဖြင့် ထောက်ပံ့မှုပေးနေသော Mr.@donkeypong ကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ်ဗျာ။ (Special thanks to @donkeypong)

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 9:30 AM (7.8.2018)

#Myanmar #Community #Unity #Gathering

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Sort:  

နှုတ်ခွန်းဆက်သပါ၏
ပြန်လည်ဆုံတွေ့ကြပါစို့

ဟုတ်ကဲ့ အန်တီညိုခင်ဗျာ တွေ့ဆုံရင်းနှီးလိုက်ရတာ ပျော်စရာကြီးပါဗျ။

နောက်နှစ်ထပ်ဆုံကြမယ်😁😁

တွေ့ကြမယ် ကိုမိုးဇော်ရေ နောက်နှစ်ဆို ပါဝါတွေများကြီးနဲ့ ဆုံကြမယ် ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Next year😁

မယ်ကြည်မလာလို့ သရပါတံခါးကြီးငိုနေတယ်သိလားဗျ။ နောက်နှစ်ကြလာခဲ့ဗျာ။

နောက်နှစ်ကျရင် တောင်ကြီးမှာ ထပ်ဆုံအုံးမယ် ကွီးရွှေ ရေ...

ဆုံကြမယ် ကိုမြန်မာကိုကိုရေ အားခဲထားတယ်။

လာရမှာပေါ့ မလာရင် အိမ်လိုက်ခေါ်မှာ ဟွင်းဟွင်း

နားလည်ပေးတာ ကျေးဇူးပါကွီးရွှေရေ နောက်နှစ်တော့ ရာသီဥတု ကိုယ့်ဘက်ပါပါစေလို့ ဆုတောင်းရမှာဘဲ

ဟုတ်တယ် အးမစုလှိုင်ရေ မမျော်လင့်ပဲ ရာသီဥတု အခက်အခဲကြောင့် မလာရောက်နိုင်သူများကို ကိုယ်ချင်းစာပါတယ်ဗျာ။ နောက်နှစ်မှာ ဆုံဖြစ်အောင် ဆုံကြမယ်နော။

‌တွေ့ဆုံခွင့်‌ရ ခြင်းဟာ ယုံကြည်‌ချက်‌ကို တိုးတတ်‌‌စေပါတယ်‌။ဆက်‌လက်‌ လုပ်‌ကိုင်‌ဘို့ တွန်းအားလည်း‌ ဖြစ်‌‌စေသလို member အချင်းချင်း ချစ်‌ခင်‌ရင်းနှီးမှု ရ‌စေပါတယ်‌။နှစ်‌ပတ်‌လည်‌ထက်‌ အစည်းအ‌ဝေး ‌ပွဲ‌တွေကို ၆လ တစ်‌ကြိမ်‌ ကျင်းပနိုင်‌ရင်‌ ပိုရင်းနှီးကြမယ်‌ ထင်‌ပါတယ်‌။ကျွန်‌‌တော်‌က‌တော့ ပွဲတိုင်း တက်‌‌ရောက်‌မှာပါ။

ဟုတ်ကဲ့ကိုမဟော်ရေ MSC အတွင်း အစည်းအဝေးများကို ၃လတကြိမ် ၆လ တကြိမ် ပြုလုပ်သွားမည်လို့ အစီစဉ်ရှိပါတယ်ဗျ။

ပြန်လည် ဆုံဆည်းဖို့မျှော်လင့်ရင်း

မျော်မနေနဲ့ သေချာပေါက် ရောက်လာမှာ။

တောင်​ကြီးကြလည်း လာနိုင်​​အောင်​ကြိုးစား ပါ့မယ်

ဒါပေါ့ ကိုအောင်ကြီးရေ လာနိုင်အောင်ကြိုးစားရတာပေါ့။ ကိုယ့်ဘော်ဒါတွေကို နှစ်တိုင်းတွေ့ချင်တာ။

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63464.16
ETH 3111.33
USDT 1.00
SBD 3.98