“ကွီးရွှေနှင့် ယောင်အလုံးသုံးဆယ် လက်ဝှေ့ပွဲ”

in #myanmar6 years ago

“ကွီးရွှေနှင့် ယောင်အလုံးသုံးဆယ် လက်ဝှေ့ပွဲ”

နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားကြသည်။ အချိန်များသည် ပို၍မြန်နေကြသည်လားဟုပင် ယခုအချိန်တွင် တွေးတောနေမိသည်။ ယနေ့ဆိုလျှင် ကျွန်ုပ်ကွီးရွှေ အွန်လိုင်းမဟာပေါ်သို့ တက်ရောက် စနည်းနာခြင်း မပြုနိုင်သည်မှာ ငါးရက်မြောက်ဖြစ်တော့မည်။

လွမ်းရေးထက် ၀မ်းရေးကခက်ဟုဆိုကြသလို၊ “လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေတဲ့” ရှေးလူကြီးများ ပြောစကားများကို ငယ်စဉ်က ပိုပိုသာသာပြောခဲ့ကြသည်ဟု တွေးထင်ခဲ့မိသည်။ ယခုအချိန်တွင်တော့ ထိုစကားများကို လုံးဝလက်ခံရတော့မည်။ ကွက်တိ-ဒက်ထိ မှန်နေပါပေါ့လားဟု ပြန်လည်သုံးသပ်မိသည်။ ကိုယ့်ကိုယ်တိုင် ခံစားတွေ့ကြုံရလေမှ အော်-ဟုတ်ပါလား ဆိုပီး လက်ခံယုံကြည်ကြရသည်။ ကျွန်ုပ်ကွီးရွှေ ထိုအဆိုအမိန့်များကို ယခုအခါတွင်ကား ရာနှုန်းပြည့် လက်ခံလိုက်ပါပီ။


Credit Image Source

လူရယ်လို့ ဖြစ်လာလေတော့ အကြောင်းအရာစုံလှသော လူမှုပတ်ဝန်းကျင် အဖြစ်အပျက်များနှင့် နဖူးတွေ့ ဒူးတွေ့ကြုံရလေမှ အော်ဒီဟာကဒီလို၊ ဟိုဟာကဟိုလို ဆိုပြီး အတွေ့အကြုံများကို နားလည်မှတ်သားလာခဲ့ရသည်။ ငယ်စဉ်ကတည်းက အလုပ်ရယ်လို့ ပင်ပင်ပန်းပန်း မလုပ်ခဲ့ရလေသော ကွီးရွှေ အရွယ်ရောက်လို့ ကျောင်းစာအတန်းစာ သင်ယူပြီးပြန်တော့၊ ဇနီးမယားလေးနဲ့ တစ်အိုးတစ်အိမ် ထူထောင်ရန် အကြောင်းကဖန်လာလေသည်ပေါ့။ သို့နှင့် အိမ်ထောင်ကတစ်ဖက် မိဘများကို လုပ်ကျွေးပြုစုရသည်ကတစ်ဖက်၊ သားသမီးလေးရလာပြန်တော့ သားသမီးရှေ့ရေး အတွက် တွေးတော၊ စီစဉ်၊ ပလန်တွေချ၊ ရည်ရွယ်ချက်တွေများစွာနဲ့ ကြိတ်ပီး အကောင်အထည်ဖော်နေခဲ့တာပေါ့။

သို့သော်လည်း အခွင့်အရေးနှင့် အချိန်အခါများကို လက်လွှတ်ဆုံးရှုံးခဲ့သည်ကများလေတော့ ကျွန်ုပ်ကွီးရွှေ ဒုံရင်းဒုံရင်း ဂျန်နရယ်ဝပ်ကားမင်းဆိုသည့် အဆင့်ကတက်မလာ၊ ယက်ကန်ကန်နှင့် မိသားစုဘ၀ကို ဘေးတိုက်တစ်မျိုး၊ ကန့်လန့်တစ်သွယ်၊ ဒေါင်လိုက်တစ်နည်း ရရာခရီးဖြင့် လျောက်ခဲ့သည်။ ပေါက်မြောက်အောင်မြင်သော အလုပ်များ ရှိခဲ့သလို ၀က်ဝက်ကွဲအောင်ရှုံးသော အကွက်များလည်း ကြုံခဲ့ရသည်။

ဘ၀ဆိုသော ကြိုးဝိုင်းအတွင်းတွင် ခံစစ်ဖြင့်ကစားနေသော ကျွန်ုပ်ကွီးရွှေ ဒဏ်ရာပေါင်းစုံဖြင့် ကြံ့ကြံ့ခံကာ ဘ၀ထဲက လက်ဝှေ့ထိုးဘက်များကို အပြန်အလှန် ပြန်လည်ထိုးသတ်နေခဲ့ပါသည်။ ကျွန်ုပ်ကွီးရွှေ၏ ကြိုးဝိုင်းတွင်းမှ အကောင်းဆုံး ပြိုင်ဘက်ကြီးကား ကုန်ဈေးနှုန်းမည်သော ငတိကြီးဖြစ်သည်။ ကွီးရွှေက တစ်ချက်ထိုးလိုက် ငတိကြီးကုန်ဈေးနှုန်းက ဆယ်ချက်လောက် ၀င်ကာထိုးသွားသည်။ ထူးဆန်းသည်ကား ကုန်ဈေးနှုန်းကြီးကို မြင်နေပါလျက်နှင့် ထိအောင်မထိုးနိုင်သော ကျွန်ုပ်ပါပေ။ နောက်ဆုံးတွင်တော့ အပေါက်အပြဲများနှင့် ဖူးယောင်ကာကျန်ခဲ့သူက ကျွန်ုပ်ကွီးရွှေ ပင်ဖြစ်၏။


Credit Image Source

တစ်ခါတွင်ကား- ကုန်ပစ္စည်းလေးတစ်ခုကို အတတ်ကြီးလုပ်ကာ ၀ယ်လှောင်ကာ ထားလိုက်သည်၊ ဈေးကွက်အခြေအနေလေးကောင်းနေမှ ကွီးရွှေတော့ ပွပီဟလို့တွေးနေတုန်း ရာသီဥတု နတ်ဆိုးက မပြောမဆို ကြိုးဝိုင်းထဲဝင်လာကာ ခြေဖြင့်ခတ်သွားသည်။ ကွဲပြန်ပီ ပြဲပြန်ပီ ခြေစွမ်းထက်သော ကိုလူဆိုးကြောင့် လှောင်ထားသော ပစ္စည်းလေး ရေစုန်မြောရှာလေတော့သည်။ ရာသီဥတုနတ်ဆိုးရယ် ခြေကန်ချက်ပြင်းလိုက်ပုံများ ၀မ်ချိုင်းတို့၊ ရွှေဓူဝံတို့လောက်တော့ စကားထဲတွင် ထည့်မပြော လောက်အောင်ပင်။ ယခု ကျွန်ုပ်ကွီးရွှေအား ခြေဖြင့်ခတ်သွားသည်မှာ ကန်ချက်ပြင်းပုံကဖြင့် ရက်သတ္တ နှစ်ပတ်ခန့် အစားမစားနိုင်၊ မအိပ်နိုင်ဖြစ်ကာ အလူးအလိမ့်ခံခဲ့ရသည်။ ဆိုးပါ့ ကိုနတ်ဆိုးရယ် --

သို့နှင့် သို့နှင့်ပေါ့ဗျာ ကွီးရွှေခမြာ ဘ၀ကြိုးဝိုင်းထဲမှာ အလေ့ကျင့်ခံ အရုပ်ကလေးတစ်ရုပ်အလား စူပါဖိုက်တာများ၏ လက်သွေးခြင်း၊ ခြေစမ်းခြင်းများကို အလူးအလိမ့်ခံကာ အထုခံ၊ အထောင်းခံကာ နေသားကျလာသည်။ ယခုဆိုလျင် ကုန်ဈေးနှုန်း၏ ထိုးနှက်ချက်များကို အေးအေးသက်သာ ခုခံနိုင်နေပြီဖြစ်သည်။ ယခင်လို ဖူးယောင်၊ ညိုမဲကာမနေတော့ အသားမာတက်နေသော ကွီးရွှေ၏ဘ၀မျက်နှာပြင်က အတော်အသင့် လောကဓံကို ခံနိုင်ရည်ရှိနေပါပီ။


Credit Image Source

ကျွန်ုပ်ကွီးရွှေလို ခုခေတ်လူငယ်လေးတွေ မမှားကြလေနှင့် ငယ်စဉ်က အတန်းပညာကို ထူးချွန်အောင်မသင်၊ အတတ်ပညာကို မရှာဖွေ လွယ်လွယ်နေလွယ်လွယ်စားခဲ့၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘ၀ကို ဖြစ်သလိုကျော်ဖြတ်ခဲ့လေတော့ အခုလို အသက်လေးကြီး အရွယ်လေးရလာချိန်မှာ နောင်တများစွာပွေ့ပိုက်လျက် ဟိုယောင်ယောင် ဒီယောင်ယောင်ဘ၀ကို ပျော်ပိုက်ခဲ့သည်များကို မျက်ရည်ဝဲကာ ပြန်လည်မြင်ယောင်နေမိသည်။ နောင်တဆိုသည် နောင်မှရသည့်အမျိုးပေကိုး။

ကွီးရွှေလို မယောင်ကြလေနဲ့ ကွီးရွှေယောင်ချက်က ယောင်လုံးပေါင်း အလုံးသုံးဆယ်ကို စကေးကြမ်းကြမ်းဖြင့် ကျော်ဖြတ်ခဲ့သည်။ ထိုယောင်သုံးဆယ်စကေးများဖြင့် ဘ၀ကို လွယ်လွယ်နေထိုင်ခဲ့လေတော့ အသက်ကြီးမှ ဒုက္ခတွေ့ ရသည်။ ဒါ့ကြောင့် စကားလက်ဆောင်ပါးလိုက်ချင်တာက ကွီးရွှေလိုမယောင်ကြနဲ့ အချိန်ရှိခိုက် လုံ့လစိုက်ထားကြပါလို့ ဘ၀နှင့်ရင်းကာရလိုက်သော အဖိုးတန်စကားကို ကမ်းလိုက်ပါတယ်ဗျား။ လူငယ်အပေါင်း ကြီးပွားတိုးတက်ကာ ယောင်လုံးများနှင့် နပမ်းမလုံးမိကြစေရန် သတိပေးလိုက်ပါကြောင်း။---။

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 05:30 PM (15.9.2018)

#Myanmar #Literature #Writing #Blog #Life

Sort:  

စေ သူကြီးရေ
ကြိုက်လို့ ဗုတ်ခဲ့သတော်

အားပေးမှုကို ကျေးဇူးအထူးတင်လျက်ပါ အားပေးသူကြီးရေ ။

ပေါ်တော်မူလာသေးတယ်...
ဝမ်းသာပါတယ် ကွီးရွှေရေ...

ကျနော်လား အလုပ်ကလေးတွေ ရှုတ်နေလို့ ဗျာ ပိုစ်မတင်ဖြစ်တာ နဲနဲကြာသွားတယ်။

ဘဘစမီးကနှစ်ရောင်ခြယ်ဘဘ. ဟိဟိ😋😋😋

ယောင်မနေနဲ့ သမီးရေ တခုပဲ ကြိုးစားလုပ်။

မှတ်သားထားပါ့မယ် ကွီးရွှေ ရေ

မှတ်ထားပါ ကိုမြန်မာကိုကိုရေ ဘဝအတွက် အရေးကြီးပါတယ်ဗျ။

ကိုယ်တွေ့ တွေ မျှဝေပေးနေတာ

အမှန်ပဲဗျ ကိုယ်တွေ့လေးတွေ မျဝေနေတာပါ။

ကိုယ်တွေ့နဲ့ယှဉ်ပြီး ဥပမာပေးထားတာလေး အရမ်းကောင်းပါတယ် ဥရွှေ နောက်တစ်ခါ ကုန်လှောင်မယ်ဆို ပြက္ခဒိန်တို့လို ဟာမျိုးတွေလှောင်ထားပါ ။

အမှန်ပဲ ဒိုမီရေ ကိုယ်တွေ့ကြုံမှ ရလာတဲ့အသိက တန်ဘိုးအရမ်းကြီးပါတယ်။

ကောင်းချက်ပါကွှီးရွှေရေ

ကျေးဇူးကိုစိုးရေ ။ ကိုယ့်လို နောက်လူငယ်တွေမဖြစ်ရလေအောင် ချပြထားတာ။

အဖိုးတန်‌ ဘဝသင်‌ခန်းစာ‌တွေပါ။ကျွန်‌‌တော်‌လည်းအတူတူပါဘဲ။

ဟုတ်ကိုမဟော်ရေ ဘဝ ကိုကိုယ်တွေ့ဖြတ်သန်းချိန်မှာ အသိနောက်ကျ အမြင်နောက်ကျ ဖြစ်ခဲ့လို့ အရွယ်လွန်မှ နောင်တရနေရတဲ့ ကျတော်လို့ အဖြစ်မျိုး ခုခေတ်ကလေးတွေ မဖြစ်ရလေအောင် ရေးသားတင်ပြထားတာဗျာ။ ယူတတ်သူတွေရကြမှာပါ။

စမိက ယောင်လေးဆယ်ပါ ဥရွှေ😁

ယောင်လေးဆယ် နဲတယ်ကွယ် ခြောက်ဆယ်လောက်ဖြစ်အောင် လုပ်ထား။

ဟိုက်​....​ယောင်​​တွေများလှခြည်​လား ဟို​ယောင်​​ယောင်ဒီ​ယောင်​​ယောင်​​တွေလား အဟီး

ယောင်တွေ မများပါဘူး ကိုကြီးယုရေ တဘဝလုံး ယောင်လာတာလေးတွေပါ နဲနဲလေးပါဗျာ။ အဟက်ဟက်--- ယောင်သုံးဆယ် ခြောက်ဆယ် တစ်ရာ့နှစ်ဆယ် ---

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64058.80
ETH 3150.15
USDT 1.00
SBD 3.99