“Super8BallClub Game အကြောင်းသိကောင်းစရာများ-၃”
“Super8BallClub Game အကြောင်းသိကောင်းစရာများ-၃”
မင်္ဂလာပါ စတီးမစ် မိတ်ဆွေအပေါင်းတို့ခင်ဗျား--
ဆက်လက်၍တင်ပြလိုသည်မှာ လူတိုင်း သိရှိလိုကြ မေးမြန်းနေကြသည့် မေးခွန်းတစ်ခု ဖြစ်ပါတယ်။ 8ဘောနှင့်ပတ်သက်ပြီး share များမှ Reward ဘယ်လိုပြန်ရပါသလဲ ဆိုသည့်မေးခွန်းပါ။
ဒီမေးခွန်းကို ကျနော် ကောင်းကောင်းမဖြေနိုင်ခဲ့ပါဘူး အများနည်းတူ ကျနော်လည်း အရမ်းသိချင်နေခဲ့ပါတယ်။ ဒီလိုနဲ့ ကျနော်ဟာ 8BallClub ရဲ့ ဒစ်စကော့ချန်နယ်မှာ အချိန်ရတိုင်း သွားကြည့်ပါတယ်။ သူတို့ပြောနေကြတာတွေကို အပြည့်အစုံ နားမလည် သော်လည်း တစ်စိတ်တစ်ဒေသတော့ တီးခေါက်မိပါတယ်။
ယမန်နေ့က ညနေပိုင်းမှာ ကျနော်လည်း အားလပ်ချိန်လေးရတာနဲ့ 8ဘော ချန်နယ်ကို ၀င်ကြည့်ပါတယ်။ ဒီအချိန်မှာ ချန်နယ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ယောက်နဲ့ 8ဘောမန်ဘာတစ်ယောက်တို့ အမေးအဖြေပြုလုပ်နေကြတာ တွေ့ပါတယ်။ ဒါနဲ့ ကျနော်လဲ သူတို့ပြောတာတွေကို စောင့်ကြည့်ခဲ့တယ်။ ကျနော်တို့သိချင်တဲ့ reward ဘယ်လိုရသလဲ ဆိုတဲ့ အကြောင်းမို့လို့ပေါ့ဗျာ။
မန်ဘာရဲ့ မေးခွန်းက Share တစ်ခုကို ဘယ်လို တန်ကြေးပေးသလဲ/ရှိသလဲ ဆိုတာကိုမေးပါတယ်။ ဒီအခါမှာ ပြန်ဖြေသူက တွက်ချက်ပုံ ဖော်မြူလာကို ပြောပြပါတယ် မူရင်း အဓိပ္ပါယ်များ လွဲမှားမည်စိုးပါ၍ သူတို့ ပြောပြသည့် တွက်နည်းဖော်မြူလာကို မူရင်းအတိုင်း SS ယူခဲ့ပီး အောက်မှာပြပေးလိုက်ပါတယ်။ (တကယ်တော့ ကျနော် ဘာသာမပြန်တတ်လို့ပါ ) ။
[Credit Image Source >> Screen Shoot From super8ballclub Discord Channel)
ကျွန်တော် တတ်သလောက်မှတ်သလောက် မြန်မာမှုပြုကြည့်ပါ့မယ် မှားနေတယ်ဆိုလဲ စာရှုသူများမှ ထောက်ပြကာ အမှားပြင်ပေးကြပါဗျ။
"Share တစ်ခုရဲ့ တန်ဘိုးတွက်ချက်ပုံ"
မိမိက reward ပေးရန်တောင်းဆိုလိုက်သော share အရေအတွက်ကို စုစုပေါင်း reward တောင်းဆိုထားတဲ့ player အရေအတွက်နဲ့ စားပီး 100 နဲ့ မြှောက်ပါမယ်
အဲလိုတွက်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ရရှိမည့် (Reward ရာခိုင်နှုန်း) ရရှိပါမယ်။
အဲဒီ Reward ရာခိုင်နှုန်းကို ဘယ်နေရာမှာ တွက်ချက်ပီး ဆုကြေးက ဘယ်လိုရမလဲဆိုတာ ကလဲ နောက်တစ်ဆင့် အကြောင်းတစ်ချက်ရှိပါသေးတယ်။ အဲဒါကတော့ ကျွန်တော်တို့ကို ပေးတဲ့ 8ဘောရဲ့ reward ဆုကြေးကို @super8ballclub ဆိုတဲ့ စတီးမစ်အကောင့် https://steemit.com/@super8ballclub ရဲ့ဘလော့မှာ ပိုစ်တခုအမြဲတင်ပီး ထိုပိုစ်အောက်တွင် (Distribution of rewards to the winners. Voting round 1) ယခုလိုကွန်မန့်များ(၁၀)ခုချပါတယ်၊ (အမှတ်စဉ်-၁-မှ-၁၀-ထိပေါ့ဗျာ) ဒီကွန်မန့်တွေကနေ ရရှိလာသော sbd များကို 8ဘောမှ shareများကို reward တောင်းဆိုသူတို့အတွက် Reward Pool အနေနှင့် ပြန်လည် ခွဲဝေပေးခြင်းဖြစ်ပါတယ်။
အပေါ်မှာ တွက်ပြခဲ့တဲ့ (Reward ရာခိုင်နှုန်း) ဟာ ဒီနေရာမှာ ဒါရိုက်သက်ဆိုင်ပါတယ်။ ကျွန်တောတို့ရနိုင်သော receivable rewards ဘယ်လို ရရှိမလဲဆိုတာ တွက်တာက အောက်ပါအတိုင်းပါဖြစ်ပါတယ်-
ရရှိနိုင်သော ဆုကြေး = (Reward ရာခိုင်နှုန်း) X စုစုပေါင်း ပိုစ်ကွန်မန့်မှ ရရှိလာသော sbd reward pool
ဒီလိုရရှိမယ်လို့ တွက်ချက်ပုံ ပုံသေနည်း ဖော်မြူလာကို သိရှိခဲ့ရပါတယ်။
[Credit Image Source >> Screen Shoot From super8ballclub Discord Channel)
ကောင်းပါပီ ဒီနေရာမှာ reward Pool ကို မည်သို့တွက်ချက်လဲဆိုသည်ကို ဆက်လက်ရှင်းပြပြန်ပါတယ်။
စတီးမစ် ဘလော့ချိန်းရဲ့ ပုံသေနည်းအရ ပိုစ်/ကွန်မန့်မှ ရရှိလာသော 100% reward များကို ခွဲဝေရာတွင် 25 % curation reward ခွဲဝေပေးပြီးကျန်သည့် 75%အား SP နှင့် SPD ပြန်ခွဲပါတယ် ဒီအခါ SP 37.5% နှင့် SBD 37.5% စီ ရရှိပါမယ်။ ယခုဖော်မြူလာဟာ ကျနော်တို့ နေ့စဉ်တင်နေသည့် ပိုစ်များတွင်လည်း ဤအတိုင်းပဲ ခွဲခြမ်းစိတ်ဖြာပါတယ်။
ထို့ကြောင့် အထက် ဖော်ပြပါ reward pool နည်းအတိုင်း ဥပမာတွက်ပြရလျင် - အကယ်၍ ကွန်မန့်(၁၀)ခုမှ ရရှိသော SBD သည် 100$ရရှိပြီးလျင် ဆုကြေးရရှိရန် (Reward ရာခိုင်နှုန်း)သည် 10% ဖြစ်သည်ဆိုကြပါစို့ ဒါဆိုရင်ကျနော်တို့ဟာ (Reward ရာခိုင်နှုန်း) ကို 37.5 နဲ့ မြောက်ပေးလိုက်ရင် ရရှိမည့် reward sbd ဟာ $3.75 SBD ဖြစ်ပါတယ်။
အထက်ပါတွက်နည်းသည် ဆုကြေးshare များကို reward တောင်းခံသူတို့အတွက် ပုံသေနည်းပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ share များကို reward ဖြင့် လဲလှယ်သည့်အခါ ဆုကြေးများများ ရလိုပါက 8Ballclub မှ Official အကောင့် ( https://steemit.com/@super8ballclub )မှတင်သော ဆုကြေးအတွက် ရည်ရွယ်သည့် ပိုစ်ကွန်မန့်များကို လူအများက များများဘုတ်ပေးလာကြလျင်ဖြင့် ကျနော်တို့ဆုကြေးများ များစွာရရှိမည်ဖြစ်ပါကြောင်း ထပ်ဆင့်ကာ လက်ဆင့်ကမ်း၍ လမ်းညွှန်အသိပေး လိုက်ပါသည် ခင်ဗျား။
ဆက်လက်တင်ပြပါမည်--
ဘိလိယက် ၀ါသနာပါသူမြန်မာစတီးမစ်မိတ်ဆွေများ ကျွန်တော်၏ Discord Channel သို့ ဆက်သွယ် ဆွေးနွေးနိုင်ပါတယ်။ https://discord.gg/7TqFXs
စာရှုသူများအားလုံး Super8BallClub ဆိုသည့် ကစားနည်းအား ကစားကြ၍ steem rewards များ ပိုင်ဆိုင်နိုင်ကြပါစေ။
Writer >>>@nyinyiwin(Steemit) MSC-006
Writing End Time >>> 1:30 AM (13.5.2018)
စိတ်ဝင်စားတယ်ဗျာ လုပ်ကြည့်ဦးမယ်
ဟုတ်ကဲ့ စိတ်ဝင်စားရင် စမ်းကြည့်ပါ။ မသိတာရှိရင် ကျနော့် လာမေးပါဗျ။
ရှင်းပြထားတာကောင်းမွန်ပြည့်စုံပါတယ်ကွီးရွှေ။
ဟုတ်ဗျ ကျနော်လဲ နားလည်သလောက် ရေးပြရတာ ဘာသာပြန်က လုပ်တတ်ဘူးလေ လုပ်တတ်သလို ရေးလိုက်တယ်။ နားလည်ကြတာ တော်ပါသေးရဲ့။
စိတ်ဝင်စားတယ်။ခုချိန်ထိမလုပ်ကြည့်ရသေးဘူးရှင်။
ယောက်ကျားလေးတွေ အကြိုက် Game တစ်ခုပါကွယ်။ ၀ါသနာပါရင်တော့ လေ့လာကြည့် ကစားကြည့်ပေါ့။
စိတ်ဝင်တစားပဲလေ…
ဒါကိုသိချင်နေတာမို့လား ကိုရှိန်းသူရေ။ ကျနော်လဲ နားလည်သလောက် ပြန်ရေးပြထားတာ အဆင်ပြေလားတော့မသိဘူး။
မလုပ်ကြည့်ရသေးဘူး
ဘိလိယက်ထိုးတာ ၀ါသနာပါရင် သင်ရတာ လွယ်ပါတယ်ဗျာ။ အစမ်းကစားကြည့်ပေါ့ဗျ။
ဝါသနာပါတယ် မလုပ်ရဲတာ
ဘဘ. စမီး. နာလည်ပု.. အ့ က . ဘာလုပ်ရဘဘ🙄
အဲဒါ လူကြီးတွေကစားတဲ့ဟာ စမီးနားလည်မှာဟုတ်ဘူး ။
Sneaky Ninja Attack! You have just been defended with a 8.91% upvote!
I was summoned by @nyinyiwin. I have done their bidding and now I will vanish...
woosh
A portion of the proceeds from your bid was used in support of youarehope and tarc.
Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?
အစမ်းတော့ ကစားနေပီလေ😂😂
စမ်းထားဗျာ များမာျးလေ့ကျင့်ဗျာ ။ မခက်ခဲပါဘူး
ရှင်းပြထားတာလေးကောင်းမွန်ပါတယ်ခင်ဗျာ။super8ballclub game ကို install လုပ်ပြီး အစမ်းလေ့ကျင့်နေတဲ့အဆင့်ပဲလုပ်သေးတယ်။ဦးညီကတော့ Top one player in myanmar ဖြစ်နေပြီနဲ့တူတယ်နော်။
ဟား အဲလောက်ကြီးတော့ ဟုတ်သေးပါဘူးဗျာ ကျနော့်ထက်သာတဲ့ မြန်မာပလေယာတွေ အများကြီးပါ။
ဂိမ်းဆော့ကြည့်ချင်တယ် 😂
ဆော့ကြည့်ဗျာ နိုင်ငံခြားမိန်းကလေးတွေလဲအများကြီးဆော့နေကြတာပဲ။