“ တန်ဘိုး-၂ ”

in #myanmar6 years ago (edited)

IMG_20171211_182328.jpg

“ တန်ဘိုး-၂ ”

လွန်ခဲ့သည်ရက်က ကျွန်တော်၏ အတွေ့အကြုံ၊ အဖြစ်အပျက်လေးနှင့်အတူ လေ့လာ မှတ်သားဖူးသည့် ပညာရပ်တစ်ခု၏ အသုံးဝင်ပုံကို တင်ပြခဲ့ပါသည်။ ဗဟုသုတနှင့် အတတ်ပညာတစ်ခု၏ တန်ဘိုးအကြောင်းကို လေးလေးနက်နက် စဉ်းစားမိရင်း ယခင်က ကျွန်တော် ဖတ်ခဲ့ဖူးသော ဇာတ်လမ်းလေးတစ်ခုကို အမှတ်ရမိပါသဖြင့် ထိုဇာတ်လမ်း လေးကို ကျွန်တော်မှတ်မိသလောက် တင်ပြပါအုန်းမည်။

တစ်ခါတုန်းက မြို့ကြီးတစ်မြို့ရဲ့ သင်္ဘောဆိပ်မှာ အလွန်ကြီးမားတဲ့ သင်္ဘောကြီးတစ်စီး ဟာ စက်ချို့ယွင်းခြင်း ဖြစ်ပါတယ်။ သင်္ဘောပိုင်ရှင်ဟာ ထိုမြို့မှာရှိသော အကောင်းဆုံး စက်ပြင်ဆရာများကို ခေါ်ကာ သူ၏ သင်္ဘောကြီး၏ အင်ဂျင်ကိုပြုပြင်၊ ပြင်ဆင်ဘို့ ငှားရမ်းခဲ့ပါတယ်။ စက်ပြင်ဆရာများသည် တစ်ယောက်ပြီးတစ်ယောက် လာရောက်ကာ သင်္ဘောကြီး၏ အင်ဂျင်ကို ပြင်ဆင်ရန် စစ်ဆေးကြသော်လည်း မည်သူတစ်ဦး တစ်ယောက် ကမှ အင်ဂျင်၏ပြစ်ချက်ကိုရှာမတွေ့ကြ၊ ပြင်ဆင်နိုင်ခြင်းမရှိ ဖြစ်ကြပါတယ်။

img.jpeg
Credit Image Source

နောက်ဆုံးတွင် သင်္ဘောပိုင်ရှင်မှာ သူ၏ သင်္ဘောအင်ဂျင်ကို ပြုပြင်ပေးနိုင်လျင် ဥာဏ်ပူဇော်ခအားလည်း ပုံမှန်ထက်(3)ဆပိုမိုပေးပါမည် လာရောက်ပြင်ပေးကြပါ ဟုပင် ကြော်ငြာခြင်း ပြုရလေတော့သည်။ ထိုသတင်းကိုကြားသည့်အခါ မြို့၏အစွန်အဖျားတွင် နေထိုင်သော အဘိုးအိုတစ်ဦးမှ သူ၏ ပြုပြင်ရေး လက်နက်တန်ဆာပလာများ နှင့်အတူ ရောက်ရှိလာကာ အင်ဂျင်စက်ကို သူပြုပြင်ရန်လာခြင်း ဖြစ်ကြောင်း ပြောလေသည်။ သင်္ဘောပိုင်ရှင်မှာ ၀မ်းသာအားရပင် အဘိုးအိုအား ကြိုဆိုကာ အင်ဂျင်စက်ရှိရာသို့ ခေါ်ဆောင်ပြသလေသည်။

အဘိုးအိုမှာ ငယ်စဉ်ကတည်းက သင်္ဘောအင်ဂျင်စက်အမျိုမျိးကို ပြုပြင်လာခဲ့သူဖြစ်သည်။ သူသည် သင်္ဘောအင်ဂျင်ကို မြင်တွေ့ရသည်နှင့် အထက်အောက်စုန်ဆန် သေသေချာချာ စစ်ဆေးခြင်းပြုလေသည်။ သင်္ဘောပိုင်ရှင်မှာလည်း ဤအဘိုးအိုသည် ယခင်စက်ပြင်ဆရာ များနည်းတူ မပြင်နိုင်ပဲ ပြန်သွားမည်ဟုပင် အထင်သေးကာ မနီးမဝေးမှ စောင့်ကြည့် အကဲခတ်နေလေသည်။

img.jpeg
Credit Image Source

စက်ပြင်ဆရာအဘိုးအိုသည် သင်္ဘောအင်ဂျင်ကြီးအား စိတ်တိုင်ကျ စစ်ဆေးပြီးသည့်နောက် သူ၏ လက်နက်တန်ဆာပလာများထဲမှ တူငယ်လေးတစ်လက်ကို ထုတ်ယူကာ အင်ဂျင်စက်၏ တစ်နေရာသို့ တူလေးဖြင့် သာသာယာယာ သုံးချက်ခန့် ခေါက်လိုက်လေသည်။ ထို့နောက်တွင်တော့ သင်္ဘောပိုင်ရှင်၏ အင်ဂျင်စက်သည် အကောင်းပကတိအတိုင်း ပြန်လည်နိုးထ လာလေတော့သည်။

စက်ပြင်ဆရာအဘိုးအိုသည် သူ၏တူလေးနှင့် လက်နက်ပစ္စည်းတို့ကို ပြန်လည်သိမ်းဆည်း လိုက်ကာ သင်္ဘောပိုင်ရှင်ထံသို့ စက်ပြင်ဆင်ခြင်းအတွက် ယခင်စက်ပြင်ဆရာတို့အား သတ်မှတ်သည့် စက်ပြင်ဆင်ခထက် ပိုမို၍တောင်းကာ ဥာဏ်ပူဇော်ခသုံးဆကိုလည်း တောင်းခံလေတော့သည်။ ထိုအခါ သင်္ဘောပိုင်ရှင်သည် အဘိုးအိုက အင်ဂျင်ကို တူငယ်လေးဖြင့်ခေါက်ကာ မပင်မပန်းပဲပြင်ဆင်ခြင်းဖြစ်၍ ပြင်ဆင်ခသုံးဆ ပေးရမည်ကို မပေးလိုပဲ တွန့်တိုနေကာ အဘိုးအို၏ လုပ်အားခကို ဈေးဆစ်လေ တော့သည်။

img.jpeg
Credit Image Source

ဤတွင် အဘိုးအိုမှ မိမိသည် နှစ်ပေါင်းများစွာ လေ့လာခဲ့ရသည့် အသိပညာများကြောင့် အင်ဂျင်ကို လွယ်လွယ်ကူကူ ပြင်ဆင်နိုင်ခြင်းဖြစ်ကြောင်းနှင့် တူငယ်လေးနှင့်ခေါက်ကာ ပြင်ဆင်ခြင်းပြုသည်ဆိုရာ၌လည်း မည်သည့်နေရာကို တူဖြင့်ခေါက်ရမည်ကို သိရှိသည့် ပညာဗဟုသုတက ပို၍တန်ဖိုးရှိကြောင်း ရှင်းပြလေရာ သင်္ဘောပိုင်ရှင်မှာလည်း နားလည်သဘောပေါက်ကာ အဘိုးအိုတောင်းသော ဥာဏ်ပူဇော်ခကို လေးလေးစားစား ပေးအပ်လေတော့သည်။

အထက်ပါ ဇာတ်လမ်းပုံပြင်လေးအား ဖတ်ရှုပြီးသည့်နောက် အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတ ပြည့်စုံခြင်းသည် လွန်စွာအရေးပါသော သက်ဆိုင်ရာ နယ်ပယ်၊ ကဏ္ဍအလိုက် လွန်စွာတန်ဘိုးကြီးမားကြောင်းကို သိရှိနားလည်လိုက်ရပါတော့သည်။

စာရှုသူအပေါင်း တန်ဘိုးကြီးမားသည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ တိုးပွားနိုင်ကြပါစေ။

steemit last photo.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 01:00 AM (9.6.2018)

#Myanmar #Writing #knowledge #Literature

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဒါကြောင့် အတွေ့အကြုံတွေက အရေးကြီးတယ်နော် အစ်ကို

ဟုတ်တယ်ကိုသိန်းဇော်လင်းရေ ဘဝအတွေ့အကြုံတွေက တန်ဘိုးကြီးမားပါတယ်။

ငယ်ငယ်လေးတုန်းက အမေပြောပြခဲ့တဲ့ပုံပြင်လေးထဲကလိုပဲ အရေးကြုံတော့ ပညာကသာအရာရာကိုဖြေရှင်းနိုင်တာပါ

ဟုတ်တယ် ကိုကြီးစိုးရေ အတတ်ပညာ ဗဟုသုတရဲ့ အရေးပါမှုဟာ အတိုင်းအတာ ကြီးမားပါတယ်ဗျာ။

အသိပညာ၊အ​တွေ့ကြုံကအချိန်​​တွေအများကြီးရင်း​နှီး​လေ့လာရတာတန်​ဖိုးကြီးမားပါတယ်​...

မှန်ပါတယ်ဗျ တန်ဖြတ်မရနိုင်လောက်အောင် ကျေးဇူးတရားကြီးမားပါတယ်။

သေချာတာပေါ့ ခင်ဗျာ ။သူသင်ယူလာတဲ့အချိန် ပညာ ဗဟုသုတ အတွေအကြုံ စတာတွေဟာ သူပေးဆပ်ခဲ့ပြီးမှ ရရှိလာခဲ့တဲ့ တန်ဖိုးကြီးသောအရာတွေပါ။ကောင်းလိုက်တာဦးညီရေ

ဟုတ်တယ် ကိုသန့်ဇင်ရေ တန်ဘိုးရှိတဲ့ ပညာ၊ အတွေ့အကြုံများဟာ ပြန်မရတော့တဲ့အချိန်ကို ဖြတ်သန်းပီးမှ ရရှိလာခဲ့ကြတာဆိုတော့ တန်ဘိုးဖြတ်မရပါဘူးဗျာ။

ဘယ်နေရာကို ဘယ်လိုခေါက်ရမယ်ဆိုတာသိဖို့ အတွေ့အကြုံတွေများစွာလိုပါတယ် ဒါပေမယ့် လူအများစုက အဲဒီအတွေ့အကြုံဆိုတာအတွက် ပိုက်ဆံမပေးလိုကြပါဘူး ကွှီးရွေရေ ဘာမှလဲ မလုပ်ပဲနဲ့ဆိုတတ်ကြတယ်ဗျို့

ဟုတ်တယ်ကိုစိုးရေ ပညာနဲ့ အတွေ့အကြုံတို့ရဲ့ တန်ဘိုးကို နားမလည်သူတွေအတွက်ကတော့ ခက်လှပါတယ်။

ဘယ်နေရာကို ထုရမယ်ဆိုတာ သိရမယ် သူ့ ပညာ့နဲသူ လူတိုင်း တန်ဖိုးရှိကြပါတယ်။

ဟုတ်တာပေါ့ မယ်ကြည်ရေ ပညာရပ်တိုင်းမှာ တန်ဘိုးကြီးမားကြပါတယ်။

အတွေ့အကြုံဟာအရေးပါလှပါတယ်ရှင်

ဟုတ်ပါတယ် အန်တီ အတွေ့အကြုံ ဗဟုသုတများမှ ဘဝလမ်းကို လျောက်လှမ်းတာ အနေတော်ပဲနေမှာဗျ။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63475.77
ETH 3117.23
USDT 1.00
SBD 3.94