အမေ ……

in #myanmar6 years ago

ခုချိန်မှာတော့ တယောက်ထဲနေတဲ့ အမေ့အိမ်ကလေးနဲ့ အမေ့ကို တမ်းတမိပါတယ် ။ အမေရှိစဉ်ကလို အိမ်ကလေးသာယာပါ့မလား ?
တွေးမိရင်း သတိရလာတဲ့ စိတ်တွေက မထိန်းနိုင် အမေ့ကိုလွမ်းလို့  မျက်ရည်ကျရုံမှတပါး ဘာမှမတတ်နိုင်ခဲ့ဘူး ။

အမေက ကျနော်တို့ ကို အပြီးတိုင် စွန့်ခွားသွားခဲ့ပြီ …
အမေက လောကကြီးထဲမှာ ကျနော်တို့ ကို စိတ်ချလက်ချနှင့် ထားခဲ့လေပြီ …
အမေခွဲသွားသည်မှာ နှစ်အတော်ကြာပင်ရှိခဲ့လေပြီ …

သေသောသူကြာရင်မေ့ဆိုတဲ့ စကားရှိပေမယ့် ကျနော် အချိန်တိုင်းလိုလို သတိမရမိတာ ဝန်ခံပါတယ် ။ သို့ သော် နေ့စဉ်တိုင်းမှာ သတိတရရှိခဲ့တာ ခုချိန်ထိပါ ။

သားမိုးချုပ်လို့  အိမ်ပြန်မရောက်သည့်အချိန်ထိ အိမ်ရှေ့ပေါက်က ထိုင်စောင့်တတ်တဲ့အမေ …
အမေရာ နားပူလိုက်တာဗျာလို့ ပြန်ပြောလိုက်တိုင်း ငါသေမှသိမယ်နော်သား ဆိုသော အမေ့စကားသံတွေ …
ကျနော် အခုစဉ်းစာမိလို့  အမေ့ကို ပိုသတိရမိပါတယ် ။

ကျနော်အလုပ်သွားတိုင်း အမေ့ကိုယ်စား ချိတ်ဆွဲထားတဲ့ အမေ့ရဲ့ဓာတ်ပုံကိုတော့ နေ့စဉ် ခိုးခိုက်ဂါရဝ ပြုလျှက်ပါဘဲ အမေ ။ ညစဉ်တိုင်းမှာလည်း ဘုရားရှိခိုးပြီး မေတ္တာပို့  အမျှဝေတိုင်းမှာလည်း သက်ရှိသက်မဲ့ဟူသမျှ ၃၁ဘုံကျင်လည်နေသမျှတို့ နှင့်အတူ အမေ့နာမည်လေးကို ရွတ်ဆိုလို့  အမျှပေးဝေ မေတ္တာပို့ မပျက်ခဲ့ပါဘူး ။

ဘယ်ဘဝရောက်ရောက် အမေတယောက် ကောင်းကျိုးချမ်းသာ အဖြာဖြာနှင့် နေနိုင်ပါစေ အမေ …

ရောက်လေရာဘဝတိုင်းမှာ သံသရာရဟတ်လည်ပတ်ခြင်းရဲ့ ဒုက္ခတွေကို သိရှိခံစားပြီး လောကနိဗ္ဗာန်သို့  ရောက်ရာရောက်ကြောင်း တရားဘာဝနာများကို ကျင့်ကြံအားထုတ်နာကြားပြီး နိဗ္ဗာန်သို့ ရောက်ရှိနိုင်ပါစေ အမေ ……

အမေတယောက် ကောင်းရာသုဂတိလားပါစေ အမေ ………

FB_IMG_1488551015626.jpg

@paingheinkyaw

Sort:  

တို့လဲ အ​ဝေးောက်​​နေ​ရောက်​​နေ​တော့ အ​မေ့ အိမ်​ကို အရမ်းသတိရပါတယ်​ သတိရစိတ်​​တွေ ဖြစ်​​ပေါ်ပါတယ်

ရှိတဲ့ spနဲ့ vote ပေးပါတယ်ဗျာ အဖော်ရလို့ 

Congratulations @paingheinkyaw, this post is the eighth most rewarded post (based on pending payouts) in the last 12 hours written by a Dust account holder (accounts that hold between 0 and 0.01 Mega Vests). The total number of posts by Dust account holders during this period was 12131 and the total pending payments to posts in this category was $1467.57. To see the full list of highest paid posts across all accounts categories, click here.

If you do not wish to receive these messages in future, please reply stop to this comment.

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64605.91
ETH 3159.61
USDT 1.00
SBD 4.11