ကျေးဇူးပါ

in #myanmar6 years ago

လိုအပ်နေချိန်တိုင်းမှာတော့ နှုတ်ဖျားက လွယ်လွယ်လေးထွက်တတ်ကြတဲ့ စကားသံတွေဟာ နားထောင်ရသူအဖို့  သိပ်ချိုသာခဲ့တာပေါ့ ……

အလကားရတဲ့လေကိုအားပြုပြီး လျှာအရိုးမရှိတိုင်း ပေါ့ပေါ့လေးပေးခဲ့တဲ့ ကတိတွေဟာလည်း များလွန်လွန်းလို့  တောင်လုံပုံနေခဲ့ပြီ ……

မြေကြီးက ရွှေသီးလောက်တဲ့ မင်းရဲ့ ယုံတမ်းစကားတွေကိုယုံပြီး ဘဝတစ်ခုလုံးပုံအပ်ဖို့  တခနလေးနဲ့ အာရုံတွေပြောင်းပစ်နိုင်တဲ့ မင်းရဲ့ပညာကိုကလဲ အံ့မခန်းချီးကျူးစရာပါ ……

မင်းမျက်ဝန်းအစုံရဲ့ အကြည့်စူးစူးတွေကြားမှာ မဝံ့မရဲဖြစ်ခဲ့ရပြီး မနေတတ်မထိုင်တတ်နဲ့ အရူးတပိုင်းဖြစ်ခဲ့ရတဲ့ အကြောင်းတွေရယ် ……

မင်းထားခဲ့ရစ်ခဲ့လို့  အိပ်မရ စားမရ တမှိုင်မှိုင်နဲ့ အလုပ်ပျက်ခဲ့ရတာတွေရယ် ……

မိသားစုနဲ့ အပေါင်းအသင်းတွေက မင်းအကြောင်း နဲနဲလေးမကောင်းခဲ့လို့  စကားများစိတ်ဆိုးကြတာတွေရယ် ……

စဉ်းစားတိုင်း ရင်နာနေရပါပြီ
တွေးမိတိုင်း ကိုယ့်ကိုယ်ကို ဒေါသထွက်ရတယ်
သို့ သော် … တိုက်ဆိုင်မှုရှိတိုင်းမှာ သတိရပါ၏

အခုတော့ ငါနေတတ်ခဲ့လို့  မင်းကို ကျေးဇူးတောင်တင်နေမိပါတယ် ……

FB_IMG_1515270837844.jpg

photo credit # facebook

@paingheinkyaw

Sort:  

စာအရေးကောင်းပဲဗျ ။ အားပေးနေမယ်။

ဟုတ်ကဲ့ဗျ

မန်းလေး ဗန်းမော်ကားတွေ အခု အရင်လို မဟုတ်တော့ပါဘူး ကိုဟင်ရေ အတော်အတန်ကောင်းနေပါပြီ VIPကားတွေလည်း ရန်ကုန်ကားကို မမီပေမဲ့ သက်တောင့်သက်သာရှိပါတယ်။ တစ်ခေါက်လောက်တော့ အလည်လာခဲ့ပါအုံး ဖိတ်ခေါ်ပါတယ်။

Congratulations @paingheinkyaw, this post is the third most rewarded post (based on pending payouts) in the last 12 hours written by a Dust account holder (accounts that hold between 0 and 0.01 Mega Vests). The total number of posts by Dust account holders during this period was 8267 and the total pending payments to posts in this category was $969.22. To see the full list of highest paid posts across all accounts categories, click here.

If you do not wish to receive these messages in future, please reply stop to this comment.

ကိုယ်တိုင်ခံစားပြီးရေထားတယ်ထင်တယ်အရမ်း feeတယ်

ဟုတ်ကဲ့ဗျ ကျေးဇူးပါ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 61519.90
ETH 2995.96
USDT 1.00
SBD 3.45