Myanmar's motorbike community is finding its own road

in #myanmar5 years ago

Myanmar’s motorbike community is finding its own road
In the last five years Myanmar's motorcycle community has kicked into high gear.
ပြီးခဲ့သော ၅ နှစ်တာကာလကစပြီး မြန်မာနိုင်ငံမှ မော်တော်ဆိုင်ကယ် စီးနင်းသူများ တိုးပွားလာသည်။
By JARED DOWNING | FRONTIER
Jared Downing ရေးသားသည်။
THE BIKER known as Saw Z Eagle is not on a highway to hell.
မော်တော်ဆိုင်ကယ် စီးနင်းသူ Saw Z Eagle သည် ငရဲတွင်းသို့ ခရီးသွားနေခြင်း မဟုတ်ပါ။
With the “John 3:16” Bible verse emblazoned on the fender of his 400cc Honda Steed cruiser, he rides with Myanmar’s clean-living biker gangs spreading the Good News.
John 3:16 သမ္မာကျမ်းစာ စာပိုဒ်ကို သူ၏ 400 cc Honda Steed ဆိုင်ကယ်တွင် ထိုးထားပြီး မြန်မာနိုင်ငံမှ ဆိုင်ကယ်သမားများနှင့်အတူ သတင်းကောင်းများ ဖြန့်ဝေနေသည်။
“I’m a free biker. I’m not a member of any club,” Z Eagle explains from an Insein Township café, where he has arranged a sit-down with the Burmese Red Dragons, one of Yangon’s largest biker groups. Soon the rumble of a half-dozen Harley-Davidson engines grows in the distance, and when the Dragons finally appear, decked out in tattoos, chains and patch-riddled leathers, they look like they should be cruising with the Hells Angels on a California freeway, not the shady streets of Insein.
ကျွန်တော်က လွတ်လွတ်လပ်လပ်ပဲ စီးတယ်။ ဘယ်အဖွဲ့ဝင်မှလည်း မဟုတ်ဘူးဟု အင်းစိန်မြို့နယ်မှ ကဖီးတစ်ခုတွင် Burmese Red Dragons အဖွဲ့သားများနှင့် စကားပြောဆိုရန် စောင့်နေစဥ်တွင် ပြောပြသည်။ Burmese Red Dragons သည် ရန်ကုန်မြို့ရှိ အကြီးဆုံး ဆိုင်ကယ်စီးအဖွဲ့ ဖြစ်သည်။ မကြာမီတွင် Harley-Dividson ဆိုင်ကယ် ၆ စီးခန့်ဖြင့် Dragons အဖွဲ့ဝင်များ ရောက်လာသည်။ သူတို့သည် ဆေးမင်ကြောင်များ ထိုးထားကြပြီး ချိန်းကြိုးများ သားရေများဖြင့် ချုပ်ထားသော အဆင်တန်ဆာများ ဝတ်ထားကြသည်။ ကြည့်ရသည်မှာ အင်းစိန်မြို့နယ် လမ်းမပေါ်တွင် စီးနင်းကြသည့် ဟန်နှင့်မတူဘဲ California အဝေးပြေးလမ်းမမှ Hells Angels အဖွဲ့နှင့် သွားကြမည့် အလားပင်။
Their vice president, U Naing, a 50-year-old man with a slim, weatherbeaten face, long ponytail and sunglasses, orders a round of café lattes.
သူတို့၏ ဒုတိယ အကြီးအကဲ အသက် ၅၀ အရွယ် ဦးနိုင်က အဖွဲ့သားများအတွက် ကော်ဖီမှာသည်။ သူသည် ဆံပင်ရှည်ကို ကျစ်ဆံမြီး ကျစ်ထားပြီး နေကာမျက်မှန် တပ်ထားသည်။
“In the old days, we didn’t have motorcycle clubs, we just rode together,” U Naing says. “Now that we are an official club, we have rules: No guns, no weapons, no politics.”
အရင်တုန်းကဆို မော်တော်ဆိုင်ကယ် အသင်းအဖွဲ့လို့ မရခဲ့ဘူး။ ကိုယ်ဘာသာဘဲ စီးကြရတာ။ အခုတော့ တရားဝင် အဖွဲ့ဖြစ်နေပြီဆိုတော့ ကျွန်တော်တို့မှာ စည်းမျဥ်းရှိတယ်။ သေနတ် လက်နက် မကိုင်ရဘူး။ နိုင်ငံရေးနဲ့ မပတ်သက်ရဘူး။
“We ride for charity, not for guns,” agrees the secretary of the Dragons, who goes by the name “Mr Friday”.(pic)
ကျွန်တော်တို့က အလှူအဖွဲ့အစည်းတွေအတွက် ဆိုင်ကယ်စီးတာ။ သေနတ်အတွက် မဟုတ်ဘူးဟု Dragons အဖွဲ့၏ အတွင်းရေးမှူး Mr Friday က ပြောသည်။
The sentiment isn’t unique. In the last five years Myanmar’s hobby motorcycle community has kicked into high gear, growing from a small handful of organisations to more than 100. New members are swelling the ranks of the Mandalay Knights, Eastern Eagles, Taunggyi Wolves and other clubs across the country, where they meet up for cross-country rides and assemble in their hundreds at bike events in Mandalay, Bago and Tachileik.
ရည်ရွယ်ချက်ကတော့ သီးခြားမရှိပေ။ မြန်မာ မော်တော်ဆိုင်ကယ် လူ့အဖွဲ့အစည်းသည် ပြီးခဲ့သော ၅ နှစ်တာ ကာလအတွင်းမှ စတင်ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ငယ်များ အနေမှ ယခုဆို အဖွဲ့ပေါင်း ၁၀၀ ကျော်အထိ ရှိပြီဖြစ်သည်။ အဖွဲ့ဝင်သစ်များ တိုးလာပြီး Mandalay Knights ၊ Eastern Eagles ၊ Taunggy Wolves အပြင် အခြားသော အဖွဲ့များ တစ်နိုင်ငံလုံး ပေါ်လာသည်။ သူတို့သည် နိုင်ငံအနှံ့ စီးနင်းပွဲများကို မန္တလေး ၊ ပဲခူး ၊ တာချီလိတ်မြို့များတွင် လုပ်ဆောင်ခဲ့သည်။
Although U Naing admits people may draw the curtains and lock the doors when they see a pack of leather-clad bruisers rumble through town, the vast majority of Myanmar’s biker organisations adhere to strict codes of conduct, raise money for orphanages, hospitals and other monasteries, and hit the brakes on anyone who would wreck their reputation for shunning vice.
ဦးနိုင်က ပြောကြားရာတွင် ဆိုင်ကယ်စီးသော သားရေအကျီနှင့် အဖွဲ့များ မြို့ထဲကို ဝင်လာလျှင် လူများသည် တံခါးများကို ပိတ်ကာ ပုန်းနေကြသော်လည်း မြန်မာနိုင်ငံမှ ဆိုင်ကယ်စီး အဖွဲ့အများစုသည် စည်ကမ်းကို လိုက်နာကြပြီး မိဘမဲ့ ဂေဟာများ၊ ဆေးရုံများနှင့် ဘုန်းကြီးကျောင်းများအတွက် ရန်ပုံငွေ ရှာပေးကြသည်ဟု ဆိုသည်။
Grassroots cruisers
The end of US economic sanctions paved the way for Myanmar’s first Harley-Davidson dealership, which opened in Mandalay this year.
အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းသွားသောကြောင့် ပြီးခဲ့သောနှစ်တွင် မန္တလေးမြို့တွင် မြန်မာနိုင်ငံ၏ ပထမဆုံး Harley-Davidson တင်သွင်းမှုကို ဖွင့်လှစ်ခဲ့သည်။
For the dealership’s founder, Ko Lynn Ko Ko Tint, the arrival of the iconic American motorcycle brand was a boyhood fantasy come true.
တင်သွင်းခွင့် ကိုယ်စားလှယ် ရရှိသူ ကိုလင်းကိုကိုတင့်အတွက်မူ အမေရိကန် အမှတ်တံဆိပ် Harley-Davidson ဆိုင်ကယ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းမှာ သူ၏ ကလေးဘဝက အိပ်မက် အကောင်အထည် ပေါ်လာခြင်း ဖြစ်သည်ဟုဆိုသည်။
“This brand is very fantastic. It’s very amazing. Harley-Davidson has been producing motorcycles each and every year since 1903. No other brand has done that,” Lynn Ko Ko Tint gushes.
ဒီအမှတ်တံဆိပ်က တကယ်ထူးခြားပါတယ်။ Harley-Davidson ဆိုင်ကယ်တွေကို ၁၉၀၃ ခုနှစ်ကတည်းက ထုတ်လုပ်လာခဲ့တာပါ။ တခြားဘယ် အမှတ်တံဆိပ်မှ အဲဒီလောက် အချိန်ကြာကြာ မရှိခဲဘူးဟု သူက ဆိုသည်။
He’s speaking to Frontier at his personal garage in Yangon: a riverside warehouse decked out with banners, posters and catalogue pin-ups for vintage brands, and shelves of miniature BMWs, Indians, Triumphs and Bonneville Chiefs.(pic)
သူသည် သူ၏ ရန်ကုန်မြို့ နေအိမ် ဆိုင်ကယ်ဂိုထောင်ခန်းတွင် Frontier နှင့် စကားပြောဆိုနေခြင်း ဖြစ်သည်။ သူ၏ ဂိုထောင်ထဲတွင် ရှေးဟောင်းဆိုင်ကယ် ပိုစတာများ BMWs ၊ Indians ၊ Triumphs နှင့် Bonneville အရုပ်လေးဖြင့် တန်ဆာဆင်ထားသည်။
Lynn Ko Ko Tint’s Harley praise isn’t mere marketing: the 40-year-old entrepreneur, who made his fortune selling gravel and manufacturing barges and tug boats, gained a lifelong passion for motorcycles partly from American rock and roll culture, and partly from his grandfather’s cousin, a tough-as-nails biker who would blast around the country in smuggled American, British and Japanese cruisers.
လင်းကိုကိုတင့်က Harley ဆိုင်ကယ်ကို ချီးမြောက်နေခြင်းသည် အရောင်းမြင့်တင်ရန် သက်သက်မဟုတ်ပေ။ ကျောက်စရစ်ခဲများ ဆွဲသင်းဘောများ ထုတ်လုပ်ရောင်းချပြီး ကြီးပွားလာသော အသက် ၄၀ အရွယ် စီးပွားရေး လုပ်ငန်းရှင် လင်းကိုကိုတင့်သည် မော်တော်ဆိုင်ကယ်များကို ငယ်စဥ်ကတည်းက စွဲလမ်းခဲ့သူ ဖြစ်သည်။ သူသည် အမေရိကန် rock and roll ယဥ်ကျေးမှုနှင့် သူ့အဖိုး၏ ညီဖြစ်သူထံမှ ထိုပိုးကို ရရှိခဲ့ခြင်း ဖြစ်သည်။ သူ့အဖိုး၏ ညီသည် အမေရိကန် ၊ ဗြိတိသျှ နှင့် ဂျပန်နိုင်ငံဖြစ် ဆိုင်ကယ်များဖြင့် မြန်မာနိုင်ငံအနှံ့ သွားလာခဲ့သူ ဖြစ်သည်။
For Lynn Ko Ko Tint, the opening of his Harley dealership (which was attended by US ambassador Scot Marciel and, of course, hundreds of Myanmar bikers) was merely another milestone in a personal mission to bring bikes and biker culture to the highways of Myanmar.
ကိုလင်းကိုကိုတင့်၏ Harley ကိုယ်စားလှယ် ဖွင့်ပွဲကို အမေရိကန် သံအမတ်ကြီး Scot Marciel နှင့် မြန်မာနိုင်ငံမှ ဆိုင်ကယ်စီးနင်းသူ ရာချီပြီး တက်ရောက်ကြသည်။ ၎င်းသည် မြန်မာနိုင်ငံ၏ အဝေးပြေး လမ်းမများပေါ် ဆိုင်ကယ်စီးနင်းသူများ ပေါများလာစေရန်နှင့် ဆိုင်ကယ်ယဥ်ကျေးမှု ထွန်းကားလာစေရန် လင်းကိုကိုတင့်၏ အိပ်မက်အတွက် မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။
This mission began with a 2014 pilgrimage to the Harley-Davidson Museum in the American state of Wisconsin. In a burst of inspiration, he came home with a container of used American motorcycles and then invited Myanmar’s motorcycle clubs to his garage to produce a video series encouraging young people to mount up and hit the road.
သူသည် ၂၀၁၄ ခုနှစ်တွင် အမေရိကန် Wisconsin ပြည်နယ်ရှိ Harley-Davidson Museum ပြတိုက်သို့ သွားရောက်ခဲ့အပြီးတွင် ထိုအိပ်မက် ရရှိလာခဲ့ခြင်း ဖြစ်သည်။ သူမြန်မာနိုင်ငံသို့ ပြန်လာသောအခါတွင် သုံးပြီးသား အမေရိကန် ဆိုင်ကယ်အဟောင်းများကို ကွန်တိန်နာဖြင့် ဝယ်ယူလာခဲ့သည်။ ထို့နောက်တွင် မြန်မာနိုင်ငံမှ မော်တော်ဆိုင်ကယ် အသင်းများကို သူ၏ ဆိုင်ကယ်ဂိုထောင်သို့ ဖိတ်ကြားပြီး ဗီဒီယိုများ ရိုက်ကူးစေခဲ့သည်။ မြန်မာနိုင်ငံမှ လူငယ်များ ဆိုင်ကယ် စီးတတ်လာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
Most of those young people, of course, cannot afford brand-new Harleys. Instead, they turn to small-time dealers like Ko Zin Kyaw, who keeps a handful of used motorcycles for sale in a tiny garage in Insein and works with a roster of agents to bring in headlights, decals, saddlebags, helmets, handlebars and other accessories from abroad.
မြန်မာနိုင်ငံမှ လူငယ်အများအပြားသည် Harley-Davidson ဆိုင်ကယ်အသစ်များကို မတတ်နိုင်ကြပေ။ သူတို့သည် အင်းစိန်မြို့နယ်တွင် ဖွင့်ထားသော ကိုဇင်ကျော်၏ ဆိုင်သို့ လာရောက်ကြခြင်း ဖြစ်သည်။ ကိုဇင်ကျော်သည် ပွဲစားတစ်ချို့ဖြင့် နိုင်ငံခြားမှ ဆိုင်ကယ်အဟောင်းများ မီးလုံးများ ဆိုင်ကယ်အပိုပစ္စည်းများ မှာယူရောင်းချပေးနေခြင်း ဖြစ်သည်။
He attributes the growth of hobby biking first and foremost to social media, with bikers and clubs using Facebook to exchange information, deal motorcycles and parts and organise rides and meetups.
မြန်မာနိုင်ငံတွင် ဆိုင်ကယ်စီးနင်းခြင်း ယဥ်ကျေးမှုသည် လူမှုကွန်ယက်များကြောင့် ထွန်းကားလာခြင်း ဖြစ်သည်ဟု ဆိုသည်။ ဆိုင်ကယ်စီးနင်းသူများနှင့် အသင်းများသည် Facebook ပေါ်တွင် သတင်းအချက်လက်များ မျှဝေခြင်း၊ ဆိုင်ကယ်များ အပိုပစ္စည်းများ ရောင်းချခြင်း တွေ့ဆုံပွဲများ ဖန်တီးကြခြင်းကို လုပ်ဆောင်ကြသည်။
“The social network is very popular with people who ride bikes,” Zin Kyaw says. “Online, it is not difficult to find bikes and information.”(pic)
လူမှုကွန်ယက်က ဆိုင်ကယ်စီးသူများကြား ရေပန်းစားတယ်။ ဆိုင်ကယ်တွေ အပိုပစ္စည်းတွေ အချက်အလက်တွေကို အွန်လိုင်းမှာ အလွယ်တကူ ရှာလို့ရတယ်ဟု ဇင်ကျော်က ဆိုသည်။
Riding the straight and narrow
Lynn Ko Ko Tint agrees that (as with many foreign hobbies that have taken root in Myanmar in recent years) social media is critical, not only for increasing the number of new members, but also galvanising their reputation.
လင်းကိုကိုတင့်က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် အမြစ်တွယ်လာသော နိုင်ငံခြား ယဥ်ကျေးမှု ဝါသနာများအတွက် လူမှုကွန်ယက်သည် အရေးပါကြောင်း လူမှုကွန်ယက်ကြောင့် အဖွဲ့ဝင်များ တိုးလာသည့်အပြင် လူများ၏ အထင်အမြင်လည်း ပိုမိုတိုးတက်လာသည်ဟု ဆိုသည်။
“We are very connected now,” he explains. “If somebody is doing crime or acting like an outlaw, we know everywhere. If someone in another city is doing drugs or drinking a lot of alcohol, we know.”
ကျွန်တော်တို့က အခုဆို စုစုစည်းစည်း ရှိတယ်။ တစ်ယောက်ယောက်က ရာဇဝတ်မှု ကျူးလွန်ရင် မူးယစ်ဆေး သုံးနေရင် အရက်အလွန်အကျွံ သောက်နေရင် ကျွန်တော်တို့ အရင်သိတာပဲ။ ကျွန်တော်တို့ သိပြီးမှ နိုင်ငံရဲ့ တာဝန်ရှိသူတွေ သိကြတာဟု ဦးနိုင်က ဆိုသည်။
Yet the country at large is slow to see past the tattoos and leather, U Naing says.
A 2014 survey by the Japan International Cooperation Agency found that 58 percent of Yangon residents surveyed are still in favour of the longstanding ban on motorcycles, which began in 2003 when (according to the most common version of the story) motorbike-mounted members of the Scorpions street gang made threatening gestures at a military official.
Japan International Cooperation Agency က ၂၀၁၄ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော စစ်တမ်းတွင် ရန်ကုန်မြို့ နေထိုင်သူ ၅၈ ရာခိုင်နှုန်းသည် ကာလတာရှည်စွာ ရှိနေပြီးသော မော်တော်ဆိုင်ကယ် တားမြစ်ရေး ဥပဒေကို ထောက်ခံကြသည်ဟု ဖော်ပြထားသည်။ ယင်းဥပဒေသည် ၂၀၀၃ ခုနှစ်တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ်စီးသော Scorpions လမ်းသရဲအဖွဲ့က စစ်တပ်အရာရှိ တစ်ဦးကို ခြိမ်းခြောက်သော အပြုအမူ တစ်ခု လုပ်ဆောင်ခဲ့သောကြောင့် ဥပဒေ ပြဌာန်းခဲ့ခြင်း ဖြစ်သည်ဟု အများက ယုံကြည်ကြသည်။
The Scorpions have since disbanded – their leader, Ko Yan Naing, now leads a reformed life as a Christian pastor. But at least in Yangon, disdain for bikers persists, with motorcycles viewed as dirty, dangerous threats to peace and security by both the authorities and population at large.
ထိုအချိန်ကစပြီး Scorpions အဖွဲ့သည် ကွဲသွားခဲ့သည်။ ၎င်းတို့၏ ခေါင်းဆောင် ကိုရန်နိုင်သည် ခရစ်ယာန် တရားဟောဆရာအဖြစ် ဘဝကို ပြုပြင်ပြောင်းလဲခဲ့သည်။ သို့သော် ဆိုင်ကယ်စီးသူများကို အမြင်စောင်းသူများသည် ရန်ကုန်တွင် ရှိနေဆဲ ဖြစ်သည်။ ဆိုင်ကယ်များကို အာဏာပိုင်များသာမက ပြည်သူများကပါ ငြိမ်းချမ်းရေးနှင်း လုံခြုံရေးကို ထိခိုက်စေသော ခြိမ်းခြောက်မှုအဖြစ် မြင်ကြသည်။
“Some people are afraid of us,” Z Eagle explains. “But we aren’t outlaws. We don’t go against the government.”
လူတစ်ချို့က ကျွန်တော်တို့ကို ကြောက်လန့်ကြတယ်။ ကျွန်တော်တို့က ဥပဒေ ချိုးဖောက်နေသူတွေ မဟုတ်ပါဘူး။ အစိုးရကိုလည်း မဆန့်ကျင်ပါဘူးဟု Z Eagle က ပြောပြသည်။
Nevertheless, a little outlaw-hood is often unavoidable for Myanmar’s new bikers. Although Yangon’s motorcyclists usually keep to suburbs where the motorcycle ban isn’t enforced, it still technically applies in those places.(pic)
သို့သော် မြန်မာနိုင်ငံမှ ဆိုင်ကယ်စီးသူများသည် ဥပဒေကို အနည်းငယ်တော့ ချိုးဖောက်နေရဆဲ ဖြစ်သည်။ ရန်ကုန်မှ ဆိုင်ကယ်စီးသူများသည် ဆိုင်ကယ် ပိတ်ပင်မှုမရှိသော မြို့ပြင်များတွင် အများဆုံး စီးရသည်။ မြို့ထဲနေရာ အများစုတွင် ဆိုင်ကယ်စီးနင်းခြင်းသည် တရားမဝင်ပေ။
Many longtime bikers like U Naing have official registrations for their bikes, but the government has since banned the import of used motorcycles, and motorcycle enthusiasts (barring the few who can afford to purchase new) often have no choice but to ride unlicensed Hondas, Suzukis, or Kawasakis smuggled from Japan. Acquiring papers for an unregistered bike often costs as much as the vehicle itself.
ဆိုင်ကယ်စီးလာသည်မှာ ကြာပြီဖြစ်သော ဦးနိုင်ကဲ့သို့ လူများတွင် ဆိုင်ကယ်လိုင်စင် ရှိသည်။ သို့သော် အစိုးရသည် ထိုအချိန်ကစပြီး သုံးပြီးသား ဆိုင်ကယ် တင်သွင်းမှုကို ပိတ်ပင်ခဲ့သည်။ အသစ်ဝယ်စီးနိုင်သော လူများသာ လိုင်စင်ရရှိကြသည်။ တခြားသော ဆိုင်ကယ်စီးသူများသည် ဂျပန်နိုင်ငံမှ တရားမဝင် ခိုးသွင်းလာသော Hondas ၊ Suzukis သို့မဟုတ် Kawasakis ဆိုင်ကယ်များကို လိုင်စင်မပါဘဲ စီးနင်းကြရသည်။ လိုင်စင်မရှိသော ဆိုင်ကယ်ကို မှတ်ပုံတင်ရခြင်းသည် ဆိုင်ကယ်တန်ဖိုးလောက်ပင် ကုန်ကျသည်။
U Zaw Min, who owns a lumber mill in Insein, has been importing and selling grey market bikes for 15 years. Like Lynn Ko Ko Tint, his bike business arose from a personal interest, and he agrees that hobby motorcycling has become more mainstream and that the motorcycle community is overwhelmingly benign.
အင်းစိန်မြို့နယ်တွင် သစ်စက်တစ်ခု ပိုင်ဆိုင်သော ဦးဇော်မင်းသည် ခိုးသွင်းလာသော လိုင်စင်မဲ့ ဆိုင်ကယ်များကို ရောင်းချလာသည်မှာ ၁၅ နှစ်ကြာပြီ ဖြစ်သည်။ သူသည်လည်း လင်းကိုကိုတင့်ကဲ့သို့ပင် ဆိုင်ကယ်ကို ဝါသနာပါသောကြောင့် ထိုအလုပ်ကို လုပ်ကိုင်ခြင်း ဖြစ်သည်။ သူက ပြောကြားရာတွင် မော်တော်ဆိုင်ကယ် စီးနင်းသော ဝါသနာကို လူအများ လက်ခံလာကြပြီး မော်တော်ဆိုင်ကယ် လူ့အဖွဲ့အစည်းသည် တိုးပွားလာဖွယ် ရှိသည်ဟု ဆိုသည်။
Nevertheless, the process of acquiring affordable, used bikes is distinctly mafia-esque.
သို့သော် သုံးပြီးသား ဆိုင်ကယ်အဟောင်းကို ဝယ်ယူရသော အလုပ်သည် မှောင်ခိုအလုပ် ဖြစ်နေသည်။
First, brokers purchase containers of motorcycles in Japan, Singapore and Malaysia and then smuggle them into Thailand, where they are trucked to the town of Mae Sot on the Myanmar border and auctioned. Zaw Min’s agents float his monthly order across the shallow Moei River and then slip them past customs officials and highway police on narrow backroads under cover of night. The cost of anything seized by the authorities falls on the head of the driver.
ပွဲစားများသည် မော်တော်ဆိုင်ကယ်များ ပါဝင်သော ကွန်တိန်နာကို ဂျပန် ၊ စင်ကာပူ ၊ မလေးရှား နိုင်ငံများတွင် ဝယ်ယူရသည်။ ထို့နောက် ထိုင်းနိုင်ငံသို့ မှောင်ခိုသွင်းရသည်။ ထို့နောက်တွင် ထိုင်းမြန်မာနယ်စပ် မဲစောက်မြို့သို့ ထရပ်ကားများဖြင့် ပို့ဆောင်ပြီး လေလံပစ်ကြသည်။ မင်းဇော်၏ ပွဲစားသည် လစဥ် မှာယူထားသော ဆိုင်ကယ်များကို Moei မြစ်ကို ဖြတ်ကူးပြီး အခွန်အရာရှိများ အဝေးပြေးလမ်းပေါ်မှ ရဲများ မသိရလေအောင် ညအချိန်တွင် တောလမ်းမှ မောင်းသယ်လာသည်။ ရဲများက ဖမ်းမိသွားသောအခါ ယာဥ်မောင်းက အားလုံးတာဝန်ယူရသည်။
“It’s fine,” Zaw Min says confidently. “We know all the routes to avoid the police.”(pic)
အဆင်ပြေပါတယ်။ ရဲတွေကို ရှောင်ရှားနိုင်မယ့် တောလမ်းတွေအားလုံး ကျွန်တော်တို့ သိတယ်ဟု မင်းဇော်က ဆိုသည်။
Biking, Myanmar style
In a way, Myanmar’s biker community has no choice but to ride the straight and narrow path. Strong codes of personal conduct and active community service may be a simple necessity for its survival, given how they are viewed by both the public and government.
မြန်မာနိုင်ငံမှ ဆိုင်ကယ်စီးသော လူ့အဖွဲ့အစည်းသည် ရိုးရှင်းသော လမ်းကို လျှောက်ရန်သာ ရှိသည်။ စည်းကမ်းများ ထားရှိပြီး လူ့အဖွဲ့အစည်းကို ကူညီပေးခြင်းဖြင့်သာ ဆိုင်ကယ်လူ့အဖွဲ့အစည်း၏ ရှင်သန်မှုကို ထောက်ပံ့ပေးနိုင်မည်။ သို့မှသာ လူအများနှင့် အစိုးရတို့က ထားရှိသော အမြင်ကို ပြောင်းလဲပေးနိုင်မည်။
Yet Z Eagle and U Naing argue that their hobby could be something much more beneficial to society if only laws and restrictions that are, in their eyes, backwards and outdated could be scrapped for parts.
သို့သော် Z Eagle နှင့် ဦးနိုင်တို့က ပြောကြားရာတွင် နောက်ပြန်ဆွဲနေသော ခေတ်နောက်ကျနေသည့် ဆိုင်ကယ်ပိတ်ပင်သည့် ဥပဒေကို ပြောင်းလဲပေးပါက သူတို့၏ ဝါသနာသည် လူ့အဖွဲ့အစည်းအတွက် ပိုမိုအကျိုးရှိနိုင်မည်ဟု ဆိုသည်။
Lynn Ko Ko Tin agrees that the laws should be changed, but perhaps not all of them – at least, not until the roads at large are ready for a sudden influx of new and inexperienced bikers. “We need to prepare the roads and fix the rules, wearing helmets, motorcycle licences, rules about used motorcycles,” he argues.
လင်းကိုကိုတင့်က ပြောကြားရာတွင် ဥပဒေများကို ပြောင်းလဲသင့်သည်ဟု ဆိုသည်။ သို့ရာတွင် အားလုံးကို ပြောင်းလဲရန် မလိုအပ်ကြောင်း ရန်ကုန်မြို့ရှိ လမ်းများက တိုးပွားလာသော ဆိုင်ကယ်စီးနင်းသူများအတွက် အဆင်သင့်ဖြစ်သည်အထိ စောင့်ရမည်ဟု ဆိုသည်။ ကျွန်တော်တို့က လမ်းတွေကို အရင်ပြင်ဆင်ရမယ်။ ထို့နောက်မှာ ဆိုင်ကယ်ဦးထုပ် ဆောင်းလာအောင် လုပ်ဆောင်တာတွေ ဆိုင်ကယ်လိုင်စင်တွေ ချပေးတာတွေ ဆိုင်ကယ်ဥပဒေတွေကို ပြင်ဆင်ရမယ်ဟု ဆိုသည်။
He doesn’t care how long it takes for these things to develop, as long as Myanmar’s bikers stay true to their own path.
မြန်မာနိုင်ငံက ဆိုင်ကယ်သမားတွေ စည်းကမ်းရှိနေသရွေ့ ဒီလိုပြုပြင်ပြောင်းလဲမှုတွေ ကြာမြင့်နေလည်း အရေးမကြီးဘူးဟု သူကဆိုသည်။
“Myanmar [motorcycle culture] is still developing. But Thailand is very developed, and in Thailand there is outside influence from foreign gangs like Hells Angels and Bandidos, which have chapters there,” argues Lynn Ko Ko Tint, who recently attended a Harley-Davidson dealers’ conference in full Myanmar formalwear. “People being interested in motorbiking and motorcycles is good, but I don’t want influence from other cultures.”
မြန်မာနိုင်ငံ၏ ဆိုင်ကယ်ယဥ်ကျေးမှုသည် ဖွံ့ဖြိုးနေဆဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် အတော်ဖွံ့ဖြိုးပြီး ဖြစ်နေသည်ဟု သူက ဆိုသည်။ သို့သော် ထိုင်းနိုင်ငံတွင် နိုင်ငံခြားမှ ဆိုင်ကယ် ဂိုဏ်းများဖြစ်သည့် Hells Angels နှင့် Bandidos တို့၏ ယဥ်ကျေးမှုများ လွှမ်းမိုးနေသည်ဟု လင်းကိုကိုတင့်က ဆိုသည်။ သူသည် Harley-Davidson ကိုယ်စားလှယ် ဆွေးနွေးပွဲသို့ မြန်မာဝတ်စုံ အပြည့်ဖြင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ လူတွေက မော်တော်ဆိုင်ကယ်ကို စိတ်ဝင်စားလာတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံခြား ယဥ်ကျေးမှုတွေ လွှမ်းမိုးလာတာတော့ မကောင်းဘူးဟု သူက ဆိုသည်။
That argument, made in a garage full of foreign-made bikes and covered in memorabilia from foreign brands, is somewhat ironic. But whatever road Myanmar’s biker culture chooses, one thing is certain: it’ll be on two wheels.
နိုင်ငံခြားဖြစ် ဆိုင်ကယ်များနှင့် ပိုစတာများကို ချိတ်ဆွဲထားသော သူ၏ ဆိုင်ကယ်ဂိုထောင်ထဲတွင် ထိုစကားပြောခြင်းသည် သိပ်ပြီး ရှေ့နောက်ညီပုံ မရပေ။ သို့သော် မြန်မာနိုင်ငံမှ ဆိုင်ကယ်စီးသူများက ဘယ်လမ်းကို ရွေးချယ်သည်ဖြစ်စေ တစ်ခုတော့ သေချာသည်။ ၎င်းမှာ ဘီး နှစ်ဘီးဖြင့်သာ စီးကြလိမ့်မည်။

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63571.79
ETH 3068.45
USDT 1.00
SBD 3.97