~​ရွှေ​ရောင်​အနာဂတ်​ စာကြည့်​တိုက်​~

in #myanmar6 years ago
  • ​ရွှေ​ရောင်အနာဂတ်

IMG_20180620_092840.jpg

"​အေး...ဟုတ်​တယ်​ ကွ၊ ငါတို့မြို့မှာစာကြည့်​တိုက်​မရှိတာကြာပြီ။"

"အင်း....."

"အရင်​ အရင်​ စာကြည့်​တိုက်​ကလည်း ဘာလိုလို နဲ့. မိသားစု​​တွေတက်​​နေပြီး စာအုပ်​​တွေလည်း ဘယ်​ကုလားဆီ​ရောက်​သွားလည်း မသိပါဘူးကွာ"

နေ့လည်​ ၂နာရီ ခွဲခန့်​တွင်​ဖြစ်​သည်​။ အလုပ်​ကလည်းပါးသဖြင့်​ ​နေလည်​ထမင်းစားပြီး လက်​ဖက်​ရည်​ဆိုင်​တွင်ေ​မာင်​အာလူး(မင်းမင်း) နှင့်​ ​တွေ့ဆုံစကား​ပြောဖြစ်​၏။ လက်​ဖက်​ရည်​ဆိုင်​ပိုင်​ရှင်​၏ တူက​လေးသည်​ သူတို့​ကျောင်းစာကြည့်​တိုက်​တွင်​ ၎င်းတို့ ဖက်​မှတ်​​လေ့လာချင်​​သော စာအုပ်​များမရှိ။ ရှိသည့်​စာအုပ်​တစ်​ချို့မှာလည်း ဘီရိုထဲတွင်​ ​သော့ခတ်​ သိမ်းဆည်းထားသည်​ဟုသိရ၏။

ဤသို့ဖြင့်​ စကားစပ်​၍ ဖြိုး​ဇော်​ဦးနှင့်​​မောင်​အာလူး(မင်းမင်း)တို့သည်​ စာကြည့်​တိုက်​ ပြန်​လည်​ ဖြစ်​တည်​ရန်​ ​ဆွေး​နွေးတိုင်​ပင်​ကြသည်​။ ဦးစွာပြုလုပ်​ရသည်​က ​ငွေ​ကြေး/ရန်​ပုံ​ငွေ။

"ဟုတ်​ပါပြီ ကိုအာလူးရဲ့ စာကြည့်​တိုက်​ဖွင့်​ဖို့ကိစ္စကသိပ်​မလွယ်​....ကျွန်​​တော်​တို့စိုက်​နိုင်​သည်​ထက်​ ​ငွေ​ကြေးက ပိုကုန်​မှာ"

"မပူပါနဲ့ကွာ ရင်​နှီးတဲ့သူ​တွေ ဆီက​နေ ရန်​ပုံ​ငွေ​လေး အလှူခံကြတာ​ပေါ့"

"အင်း အဲ့လိုဆိုရင်​​တော့ ကျွန်​​တော့အဖွဲ့ တစ်​ခု​တော့ရှိတယ်​၊ online မှာဗျာ MSC ဆိုတဲ့ community တစ်​ခု​ပေါ့"

"အင်း.."

"အလှူ အတန်းလဲရက်​​ရောကြတယ်​ဗျ"

သည်​​တော့ ​ငွေ​ရေး​ကြေး​ရေးအား လိုအပ်​လျှင်​လည်း ရန်​ပုံ​ငွေအလျှူခံကြမည်​ဟု ဆုံးဖြတ်​လိုက်ကြ၏။(လိုအပ်​မှာဖြင့်​ အမှန်​ပါ)ဒုတိယ အချက်​မှာ ​နေရာ၊ အ​ဆောက်​အဦး အဘယ်​တွင်​ ဖွင့်​လှစ်​မည်​နည်း။သိပ်​ပြီး မပူလိုက်​ရ အ​ဆောက်​အဦးက အဆင်​သင့်​ပင်​ မားမားမတ်​မတ်​ ရှိ​နေ၏။

"​နေရာအတွက်​​ရော ​အ​ဆောက်​အဦးအတွက်​ပါ မပူရဘူး ဖြိုး​ဇော်​ဦးရဲ့ အခု ငါတို့ ကြက်​​ခြေနီရုံးမှာ ဟိုးအရင်​ကတည်းက စာကြည့်​တိုက်​ဖွင့်​ဖို့ အထက်​လူကြီး​တွေက စကားစ​ပေးဖူးတယ်​"

"ဟုတ်​လား.."

"အဲ့လိုဆို​တော့ ခုရက်​ ရုံးမှာ စာကြည့်​တိုက်​ဖွင့်​ ဖို့ကိစ္စကို စာတင် ​​လိုက်​ရင်​ရပြီ၊ မလိုအပ်​​ပေမဲ့ အသိ​ပေး လိုက်​တာ​ကောင်းတာ​ပေါ့ကွာ.."

ဟုတ်​တာ​ပေါ့ ကိုယ့်​အိမ်​ကိုယ့်​ယာ မှ မဟုတ်​ အဖွဲ့အစည်းနဲ့ သတ်​ဆိုင်​တဲ့ အရာဆိုသည့်​ကာ အထက်​ကို​တော့ အရင်​အသိ​ပေးရမည်​ဖြစ်​၏။ ခွင့်​ပြုလိုက်​ကြ၏။ လုပ်​ငန်း​တော့စရပြီ၊ စစချင်းပင်​ အကြီးအကဲများကိုယ်​တိုင်​ဆင်းလာပြီး စည်း​ဝေးပွဲ​လေးလုပ်​ကြသည်​။ တိုင်​ပင်​ကြသည်​။ ​ဆွေး​နွေးကြ၏။

ဖြိုး​ဇော်​ဦးသည်​လည်း ၎င်း၏ msc အဖွဲ့စည်းတွင်​ ရန်​ပုံ​ငွေ ​ကောက်​ခံ၏။ အဖွဲ့ဝင်​များကလည်း အတတ်​သ​ရော အား​ပေး​ထောက်​ခံ အလှူ​ငွေများ ထည့်​ကြ၏။ သည်​လိုဖြင့်​ စာကြည့်​တိုက်​က​လေးအား ကြိုးစားလုံးပန်း၍ ၉.၆.၂၀၁၈ စ​နေ​နေ့ မနက်​ ၉နာရီတွင်​ ​အောင်​မြင်​စွာ ဖြဲကိုးဖျက်​ဖွင့်​လှစ်​ ပြီးဆီးကြသည်​။

IMG20180609092412-01.jpeg

အလှူရှင်​များအားလည်း ​ရွှေ​ရောင်​အနာဂတ်​ စာကြည့်​တိုက်​မှ ဂုဏ်​ပြု မှတ်​တမ်းလွှာများပြုလုပ်​ကာ ဂုဏ်​ပြု ချီးကျူးခဲ့၏။ စာကြည့်​တိုက်​ဖွင့်​သည့်​ ရက်​မှာပင်​ က​လေးသူငယ်​များ ​ကျောင်းသားများ ဆရာမများနှင့်​ ရက်​ကွက်​သူ ရက်​ကွက်​သား တို့က လာ​ရောက်​ ငှါးရမ်း ဖက်​မှတ်​ကြသည်​။

လိုအပ်​သည့်​ စာအုပ်​စဉ်​များ စာအုပ်​များအားလည်း အလှူအသီးသီးမှ ထပ်​မံလှူဒါန်း ကြ​ပေသည်​။ ဤသို့ဖြင့်​ ​ပုလဲ​အောင်​​မြေရက်​ကွက်​ ကျုံမ​ငေးမြို့တွင်​ ဖွင့်​လှစ်​သည့်​ ​ရွှေ​ရောင်​ အနာဂတ်​ စာကြည့်​တိုက်​က​လေးသည်​ ဖြစ်​တည်​ ​အောင်​မြင်​ခဲ့​လေ​တော့သည်​။

IMG_20180620_092325.jpg

ခင်​မင်​​လေးစားစွာဖြင့်​ ဖြိုး​ဇော်​ဦး ကျုံမ​ငေး
Writing by phyozawoo
@phyozawooburmes
MSC~071

Sort:  

စာကြည့်​တိုက်ရှိ​​တော့အသိပညာတိုးပါတယ်...အားလပ်​ချိန်​မှာအကျိုးရှိ​တာ​ပေါ.

ဟုတ်​ကဲ့ အားလပ်​ချိန်​​လေး​တွေ လာဖက်​ကြပါတယ်​ မမ

ဒိုရွာမှာလဲ ဖွင့်​တယ်
ဖုန်း​တွေ​ပေါ်လာ​တော့ လူသိပ်​​မလာဘူး
ကောင်းပါတယ်​ စာအုပ်​ကြိုက်​သူအတွက်

ဒါ​ပေါ့ အစ်​ကို စာအုပ်​ကြိုက်​သူ​တွေ အတွက်​ပါ။

ငွေနဲ့လဲပီး မှတ်တမ်းတင်လိုက်ပေါက်ဈေး အတိုင်း ခုလိုဆိုတော့ သူများက ဘယ်လောက်ဆိုတာသိတော့မလဲ ဟီး ကိုယ်လည်း မသိဘူး 😆😆

ဟုတ်​ကဲ့ အစ်​ကို

ချီးကျူးပါတယ်‌ညီ။ကိုယ့်‌ရပ်‌ရွာကိုအကျိုးပြု လုပ်‌‌ဆောင်‌ချက်‌‌တွေပါ။

ကျေးဇူးပါ အစ်​ကို။

ကုသိုလ်​ အများကြီး ရပါတယ်​ဗျာ

ဟုတ်

အဲလယ် ရေးတတ်လိုက်တာ

ဟီး။

စာအုပ်စာပေလူ့မိတ်ဆွေပါ
ကုသိုလ်လည်းရ ပြီးအသိပညာတွေတိုးစေပါတယ်

ဟုတ်​ကဲ့ လူကြီးလူငယ်​ မ​ရွေး စာအုပ်​​ကောင်း​လေး​တွေဖက်​နိုင်​​အောင်​ကြိုးစာ​နေပါတယ်​ အစ်​ကို။

အလှူငွေက မြန်မာငွေဆို နဲ့ ဆို ခန့် မှန်းခြေ ဘယ်လောက်ရှိလဲခင်ဗျ

၉​သောင်း​ကျော်​ပါတယ်​ အစ်​ကို။

ဝမ်းသာဂုဏ်ယူမိပါသည်

ကျေးဇူးပါ။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 62199.58
ETH 3014.60
USDT 1.00
SBD 3.57