ကီလို ၁၃၀သို့ ​ဈေးဝယ်​ထွက်​ခြင်း

in #myanmar6 years ago (edited)

စတီးမစ်​မြန်​မာများအားလုံး မင်္ဂလာပါခင်​ဗျာ။ ယ​နေ့ ကျွနု​ပ်​ ကီလို ၁၃၀သို့ ​ဈေးဝယ်​ထွက်​​ခြင်း post အား​ရေးသားပါရ​စေ။

1493px-Honda_Logo.svg.png

Image Source
ယ​နေ့ဟာ ကြိုတင်​စီစဉ်​ ထားခြင်းမရှိဘဲေ​ဈးဝယ်​ထွက်​ဖြစ်​ရ တဲ့​နေ့ က​လေး​ပေါ့။ မိမိဖုန်းများ ဝယ်​​ရောင်းလုပ်​၍ အချိန်​​တော်​ကြာစု​ဆောင်းထား​ ​သော​ငွေ​ကြေး အပိုင်းအစ​လေးကို တွက်​ကြည့်​ရင်း တစ်​ခုခုကို ​တော့လိုချင်​​နေမိပါပြီ။ အနည်းငယ်​​သော ​ငွေ​ကြေးက​လေးက တစ်​ခုကို လိုချင်​လျှင်​ တစ်​ခုကိုစွန့်​လွှတ်​ပါလို့လည်း ပြတ်​သား စွာ ဆုံးဖြတ်​​ပေး​နေပြီ။

မိမိကိုင်​​နေ​သော i-phone 6 က​လေး​ရောင်းပြီးသကာလ iပိုးက မ​သေ ​သေး​ပေ၊ I-Phone X က​လေးအား တမ်းတ​ ​နေမိပြီ။သို့​သော်​လည်း ဝယ်​ဖို့ရန်​ တွန့်​​နေပြီး ​ရောင်းချပြီးရထာ​သော ​ငွေက​လေးအား ဘဏ်​စာအုတ်​ထဲ ​ပြေးထည့်​လိုက်​​တော့သည်​။ တစ်​ခု​တော့စဉ်​စားမိသည်​ Motocycle။

မိမိအ​ပေါင်းသင်းများထဲတွင်​ ဆိုင်​ကယ်​ပြင်​ဆိုင်​ရှိသူ၊ ဆိုင်​ကယ်​ပွဲစား လုပ်​သူ၊ စက်​ပြင်​သူ ဟု၍ အသီးသီးရှိသည်​နှင့်​ ၄င်းတို့စီးနင်း​နေကြ​သော ဆိုင်​ကယ်​များမှာ မိမိစီး​နေကျ တရုတ်​ဆိုင်​ကယ်​ချင်းအတူတူ ပို၍​ဟောင်းနွမ်း​နေ​ချေပြီ။ ကျွနု​ပ်​အ​နေဖြင့်​လည်း ကိုယ့်​​ခြေ​ထောက်​​ပေါ်ကိုယ်​ရပ်
တည်​နိုင်​ပြီထင်​၍ အိမ်​​ထောင်​ပြုပြီး ဖြစ်​​သော​ကြောင့်​ မိဘထံ နားပူနားဆာ လုပ်​​နေ၍လည်း မသင့်​​တော်​လှ​ပေ။

ချစ်​ဇနီး​ချောက​လေး၏ လစာနှင့်​ မိမိဆိုင်​ဝင်​​ငွေ တို့မှ လည်း​ရှေ့​ရေးအတွက်​ ကြို​တွေး၍ မထိရက်​မကိုင်​ရက်​၊
ရှိပါ​စေ​တော့ လူလည်​လုပ်​ပြီး ဝယ်​/​ရောင်း ပြုထား​သော ​ငွေပိုက​လေးဖြင့်​သာ ​ဟောင်းနွမ်း​နေ​သော ဆိုင်​ကယ်​​လေးအား အ​ရောင်​​တောက်​​လာ​ပေ​အောင်​ ရင်းနှီးရ​ပေ​တော့မည်​။

နေ့သစ်​​ရောက်​၍ မနက်​ခင်းသာတွင်​ ဆိုင်​ထွက်​ရန်​ပြင်​ဆင်​ပြီး အိမ်​မှ ​ခြေလှမ်းစခဲ့​ချေသည်​။ ဦးစွာ ​ရောက်​နှင့်​သွားသည်​က ဝမ်းဖြည့်​ဖို့ရန်​ ကဖီးဆိုင်​က​လေးသို့။ ပြသနာက စပါပြီး ဆိုင်​ကယ်​ပွဲစား ကို​ဇော်​။

`ညီ​လေး မင်းဆိုင်​ကယ်​က ​ဟောင်း​နေပြီ မလဲ​သေးဘူးလားကွ၊ ငါသည်​​မနက်​ ပုသိမ်​တတ်​မှာ၊ တစ်​ခါထဲ လိုက်​ဆွဲလိုက်​ပါလား´
IMG20180503113623-01.jpeg

ပြောင်​သလိုလိုနှင့်​ လူကြားထဲ ချဲခံလိုက်​ရသည်​မှာ မိမိစိတ်​ကို မခံသာ။ ကျွနု​ပ်​ကလဲ နှစ်​ခွန်းအ​ပြောခံသည့်​​ကောင်​မဟုတ်​။ ကြိုက်​ပြီ​လေ လဲလိုက်​ကြစို့။ပြော​ပြောဆိုဆိုနှင့်​ အိမ်​မှ စီးထွက်​လာ​သော တရုတ်​ဆိုင်​ကယ်​ အ​ဟောင်း​လေးကို အိမ်​ပြန်​ထားပြီး ပိုက်​ဆံယူကာ ပုသိမ်​သို့ နှစ်​ဦး ထိုသူ့ဆိုင်​ကယ်​ဖြင့်​ ချီတတ်​ခဲ့ကြ​တော့သည်​။

ပုသိမ်​သို့ ​မနက်​ ၉နာရီခန့်​​ရောက်​ကြပြီး တစ်​ဆိုင်​ဝင် ​​တစ်​ ​ဆိုင်​ထွက်​ မိမိစိတ်​ကြိုက်​လိုက်​ရှိုးလိုက်​​ပေသည်​။ သို့​သော်​လည်း အဆင်​မ​ပြေပါ။မိမိပါလာ​သော ပိုက်​ဆံဖြင့်​ လိုချင်​သည်​က မ​လောက်​နိုင်​။ မိမိ လိုချင်​သည်​က Honda Click။ ပါလာသည့်ပိုက်​ဆံက တစ်​ဝက်​ပင်​ မပြည့်​​ချေ။

IMG_20180504_000138.jpg

Image source

မဝယ်​​တော့ဘူဗျာဆိုကာ ဆိုင်​​ကောင်း​ကောင်းရှာ၍ ​သောက်​ပစ်​လိုက်​​ပေသည်​။ ​ရေကလည်းဆာတတ်​သည်​ကိုး။
ရီ​ဝေ​ဝေက​လေးဖြင့်​ ဆိုင်​ကယ်​ ပွဲစားကို​ဇော်​က ထပ်​​မြောက်​ ပြန်​သည်​။ Honda 100ဘီး​လေးလည်းမစိုးပါဘူးကွာ
တဲ့​လေ။ မထူး​တော့ ​ရောက်​မှ​တော့ မှီရာဘဲ ဆွဲပြန်​ကြရ​အောင်​ ဆိုကာ ၄င်း​ပြောသည့်​ ဆိုင်​ကယ်​အား ရှာပြန်​သည်​။ သို့​သော်​ မိမိလိုချင်​သည့်​ color က မ​တွေ့​သေး။စိတ်​ကဖြင့်​ မစိုသ​လောက်​ပိန်​လာ​ချေပြီ။ ​နောက်​ဆုံးတစ်​ဆိုင်
ဝင်​ကြည့်​သည်​။ ထိုဆိုင်​ကလည်း အား​ပေးစကား​ပြောလိုက်​ ​ပုံက။

`အစ်​ကိုလိုချင်​တဲ့ Honda 100ဘီး(ncx) ညီတို့ဆိုင်​က မ​ရောင်းဘူးအစ်​ကို၊ ဘယ်​လမ်းက​နေသွား ဘယ်​နား​ရောက်​ရင်​ Honda Show Room ရှိတယ်​​မေးကြည့်​ပါလားအစ်​ကို´

ဆို​တော့ကာ ထပ်​​ပြေးရပြန်​​ချေပြီ။ဆိုင်​ကယ်​ပွဲစားဒါမျိုး
ကျ​​ယောင်​​တောင်​​တောင်​လုပ်​​ချေပြီ။ ဝယ်​​ရောင်း ​လောက်​သာ စိတ်​ဝင်​စားသည်​ကိုး။ Show Room ​ရောက်​သည့်​နှင့်​ ​တန်း၍ မြင်​လိုက်​ရသည့်​က မိမိဝယ်နိုင်မည့် ​​​​အမျိုးအစား၊ မိမိလိချင်​​သော color။ ဟုတ်​ပြီ​လေ ဟိုကြည့်သည်​ကြည့်​ ဝန်​ထမ်း​တွေနဲ့စကား​ပြော ညှိနှိုင်းပြီး ထိုဆိုင်​ကယ်​က​​လေးသာ ဝယ်​ချလာလိုက်​​တော့​ချေသည်​။

IMG_20180504_000518.jpg

ကို​ဇော်​လည်း သူ့၏အလုပ်​ပြီးသည့်​နှင့်​ ဆိုင်​ကယ်​ အသစ်​က​ လေးကျွန်​​တော်​ဖြင့်​ ​ရေထပ်​ဆာပြန်​သည်​။ ည​နေကဖြင့်​​ စောင်း ​ချေပြီ။ G-3 Pro လည်းရှိ​သေးသည်​။ခုထိလည်းစာမ​ရေး ရ​သေး၊ ​စော​စောအိမ်​ပြန်​​ရောက်​မှဖြစ်​​ချေ​တော့မည်​။ သို့​သော်​လည်း စားပြီး​သောက်​ပြီး ပုသိမ်​မှ စအထွက်​ကပင်​ မိုးက ချုပ်​​လေပြီ။ ​တော်​​တော်​ဆိုးတဲ့ အချိန်​ လူကိုမ​စောင့်​ ဘူးရယ်​လို။

အသွားကဖြင့်​ ဆိုင်​ကယ်​ တစ်​စီးတည်း နှစ်​​ယောက်​​မောင်းကာ အပြန်​တွင်​ နှစ်​စီးဖြင့်​ ​မှောင်​​နေသည့်​က တစ်​​ကြောင်း တစ်​နာရီ ကီလို ၄၀သာသာ သာ ​မောင်းနှင်​ကြပြီး မိမိတို့​မွေးရပ်​​မြေ ကျုံမ​ငေးသို့ ည ၁၀နာကီ ခန့်​မှသာ ဆိုက်​ဆိုက်​မြိုက်​မြိုက်
ရောက်​​ချေ​တော့သည်​။ အိမ်​​ရောက်​သည်​နှင့်​ ခဏနား ကိုယ်​လက်​သန့်​စင်​ကာ မိမိဖုန်းက​လေးဖွင့်​ Pro အတွက်​ မမှီ မကမ်း post က​လေး​ရေးတင်​ရ​ချေ​တော့သည်​။

ခင်​မင်​​လေးစားစွာဖြင့်​ ဖြိုး​ဇော်​ဦး ကျုံမ​ငေး
Writing by phyozawoo
@phyozawooburmes
MSC-071

မှတ်​ချက်​ - အကြွားpost ပါလို့။

Sort:  

ရိုးသားကြိုးစား ဧရာဝတီသား ဆိုင်ကယ် အသစ်ဘယ်လောက်ပေးရလဲ။သူများတွေတော့ အသစ်တွေတောင်ဝယ်စီးနေကြပြီဟေ့။

ရိုးသားကြိုးစား ဧရာဝတီသား ဆိုင်​ကယ်​​လေးက ၁၁သိန်း၅​သောင်း ဝယ်​လိုက်​ပြီဗျာ။☺☺

ဆိုင်ကယ်အသစ်ဝယ်ခက်တာ အကြွား ပိုစ့်ပါဗျို့😋😋

အဟီး အကြွားpost ပါ။ကြွားစိန်​။

Honda ဆိုင်ကယ် အသစ် အကြွားပိုလ့်ပါဗျို့😂😂

ဟုတ်​တယ်​ အစ်​ကိုဟီး။ အ​လောသုံးဆယ်​ ​ရေးစရာ စိတ်​မကူးထားရ​သေးလို့ပါ။

ကိုင်း ဆိုင်‌ကယ်‌ဖွင့်‌ပွဲအတွက်‌ တစ်‌ခွက်‌တစ်‌ဖလား ချကြတာ‌ပေါ့။

အဟီး ချကြတာ​ပေါ့​လေ။

ရေဆာတဲ့ လူတစ်ယောက်အကြောင်းလို့ ပဲနာမည်ပေးလိုက်ပါတော့ဗျာ

ဟုတ်​ပ အဲ့လိုဖြစ်​​နေပြီ။

ဘာဘဲ​ပြော​ပြောဆိုင်​ကယ်​တစ်​စီး​တော့ရသွားပြီ​လေဗျာ

ဟုတ်​တယ်​ bro

ဆိုင်ကယ်အသစ်ဝယ်မယ်ဆိုရင်
အကောင်းဖြစ်ဖို့လိုပါတယ်
နောက်တာ

😂 အ​ကောင်း​တော့ဝယ်​ချင်​ပါရဲ့ မတတ်​နိုင်​။

အားကျတယ်ကွာ

မ​နောက်​ပါနဲ့ မမရယ်​ bank ဝန်​ထမ်း​တွေက ​ဘောစိ​တွေပါရယ်​။

ဝယ်ပီလားညေး

ဟုတ်​ကဲ့ အစ်​ကို ဝယ်​လိုက်​ပြီ။

ပျော်​စရာကြီး ဆိုင်​ကယ်​အသစ်​​လေးဝယ်​ဖြစ်​သွားတာ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60913.71
ETH 2919.21
USDT 1.00
SBD 3.71