-ကဆုန်​လပြည့်​​နေ့ ကုသိုလ်​ယူ-

in #myanmar6 years ago (edited)

စတီးမစ်​ မြန်​မာအားလုံး မင်္ဂလာပါ ခင်​ဗျာ။ယ​နေ့ဟာဖြင့်​ ဗုဒ္ဓ ဘာသာဝင်​တို့ ၏ ​နေ့ထူးရင်​မြတ်​ တစ်​​နေ့ဖြစ်​​သော ကဆုန်​လပြည့်​​နေဖြစ်​ပါသည်​။ ထို့​နေ့အတွက်​ ဘုန်းကြီး​ကျောင်းတွင်​သာ ကျွန်ုပ်​၏ အချိန်​ကို ကုန်​ဆုံး​စေခဲ့ပါသည်​။

အုန်းပင်​ မဟာသကျမုနိ သံတန်​​ဆောင်​​တော်​ကြီးအား ၁၂၆၈ ခုနှစ်​တွင်​ ဒါယကာကြီး ဦးဖက် ဒါယကာမကြီး​​ဒေါ်ရှမ်းမတို့မှ အပြီးသတ်​​ဆောက်​လုပ်​လှူဒါန်းခဲ့​လေသည်​။ မဟာသကျ မုနိဘုရားကြီး၏ ဥာဏ်​​တော်​ အမြင့်​​ပေမှာ ၃၄​ပေရှိပြီး ၄င်း နှစ်​အတွင်း ကိုယ်​​တော်​ကြီးတည်​ထားခဲ့ပါသည်​။

IMG20180429102440-01.jpeg

သံတန်​​စောင်း​​တော်​ကြီးအတွင်း ဘုရားကြီး၏ ​နောင်​ဖက်​ပတ်​ လည်​တွင်​လည်း ရုပ်​ပွား​တော်​များ တည်​ ထားပါ​သေးသည်​။ တန်​​ဆောင်းထဲသို့ဝင်​ ဝင်​ချင်း အဝတွင်​​တော့ ​ထူးဆန်းစွာ ​ရွှေဖား/​ငွေဖားကြီးနှစ်​​ကောင်​ ဖူး​မျှော်​​နေသည်​ ကိုလည်း ​တွေ့နိုင်​ပါသည်​။လစဉ်​ ၁၂ လရာသီပွဲ​တော်​များလည်း လစ်​ဟင်းသည်​မရှိ​အောင်​ ကျင်းပပူ​ဇော်​ကြသည်​။

IMG_20180429_190957.jpg

မဟာသကျမုနိ ဘုရားကြီး (၃၀)ကြိမ်​​မြောက်​ မြို့လုံးဆိုင်​ရာ အသံမစဲ မဟာပဠာန်း ရွတ်​ဖက်​ပူ​ဇော်​ပွဲကြီးနှင့်​ ၁၃၇၉ခု ကဆုန်​လပြည့်​​နေ တိုက်​ဆိုင်​၍ ကျွနု​ပ်​တို့၏ မြို့ကျက်​သ​ရေ​ ဆောင်​တစ်​ခုဖြစ်​​သော အုန်းပင်​မဟာသကျမုနိ သံတန်​​ဆောင်း ​တော်​ကြီး အတွင်း သံဃာ​တော်​များ၊ အလှူရှင်​များနှင့်​ ဧည့်​သည်​​ များစည်​ကားလျက်​။

မတ်​ဗုဒ္ဓ၏ ​မွေး​နေ့ဖြစ်​​သော ကဆုန်​လပြည့်​​နေတွင်​ အလှူရှင်​များ စိတ်​အားထက်​သန်​စွာဖြင့်​ အလှူအတန်းများ အစုစုပြုကြ​ပေသည်​။ ရသာမွန်​ မုန့်​တိုက်​ပိုင်​ရှင်​ ကို​ကျော်​​ကျော်​​အောင်​+မခင်​​လေးမြင့်​တို့မှလည်း မြတ်​ဗုဒ္ဓ ​မွေး​နေ့ကိတ်​ နှင့်​ သစ်​သီးစုံတို့အား ဆပ်​ကပ်​လှူဒါန်းကြ​ပေသည်​။

IMG20180429102400-01.jpeg

ပဠာန်းရွက်​ဆိုပွားများကြ​သော သံဃာ​တော်​များအား အလှူရှင်​ မြို့သူမြို့သားအ​ပေါင်းတို့မှ လိုအပ်​သည်​မရှိ​အောင်​ လှူဖွယ်​ ​ဝထ္ထုအစုစု တို့ကို လှူဒါန်းကြ​သည်​။ ကျွနု​ပ်​တို့​ကျောင်းသားများ ကလည်း ပဠာန်းရွက်​ဆိုကြ​သော သံဃာ​တော်​များ၏ ​ဝေယျာ ဝစ္စအား ညလုံး​ပေါက်​​စောင့်​၍ ပြုခဲ့ကြသည်​။

နှစ်​စဉ်​ နှစ်​တို်​င်း ပြုလုပ်​ကြမြဲ ဖြစ်​​သော ကဆုန်​လပြည့်​​နေ့ (ယ​နေ့)တွင်​လည်း​ဘေးအန္တရာယ်​များကင်း​စေကူမူ မြိုးအတွင်း မြို့အပြင်​ လည်​လယ်​၍ သံဃာ​တော်​များဦး​ဆောင်​၍ ရွက်​ဖက်​ပူ​ဇော်​ခဲ့ကြပါ​သေးသည်​။ လမ်းတစ်​​လျောက်​ မြို့သူ မြို့သားများမှလည်း အ​အေးများ ဝထ္ထု​ငွေများ ကပ်​လှူပူ​ဇော်
ကြ​ပေသည်​။

IMG_20180429_191202.jpg

ကျွန်ု​ပ်​လည်း ကဆုန်​လပြည့်​​နေ့ ​ဈေးပိတ်​သည်​နယ်​ အလုပ်​နားရက်​ဖြစ်​​သော​ကြောင့်​ ​ကျောင်း​ဝေယျာဝစ္စများ ဝိုင်းကူလုပ်​​ပေးရင်း မြို့ပတ်​ ပဌာန်းရွက်​ဆိုကြရာတွင်​ လိုက်​ပါ အလှူခံ​ပေးခြင်းတို့ဖြင့်​ ယ​နေ့တစ်​​နေတာအား အလုပ်​​ပေးလိုက်​ပါ​တော့သည်​။

ခင်​မင်​​လေးစားစွာဖြင့်ဖြို​ဇော်​ဦး ကျုံမ​ငေး

Writing by phyozawoo
@phyozawooburmes
MSC-071

Sort:  

သာဓုပါဗျာ အခါကြီး ရက်​ကြီးမှာ သာဓု​ခေါ်ပါတယ်

သာဓု သာဓု သာဓု

ချိတက်ကလည်း လာနောက်နေတယ်ဝေ သာဓုပါဗျာ 😄😄

Sorry မမ flag က cheeath ပြတာ သားမှားတာပြန် လုပ်ခဲ့တယ်😊

Cheetah ကနောက်နေတာ

ဟုတ်​ပါ့။

ငါညီအတွက်တန်ဖိုးရှိသောနေ့လေးတစ်နေ့ပါ
သာဓုပါဗျာ

မွန်‌မြတ်‌‌သော အလုပ်‌တစ်‌ခုပါ။သာဓု သာဓု သာဓု ညီ။

ဟုတ်​ကဲ့ အစ်​ကို ​ကျေးဇူးပါ။

ချိတက်တော့ flag ပြလိုက်ပြီ။ကောင်းတဲ့အလုပ်တွေနဲ့ကုသိုလ်ယူခဲ့တာလေးဖတ်ပြီး ဒီနေရာကနေပဲ သာဓု သုံးကြိမ်ခေါ်ဆိုလိုက်ပါတယ်ခင်ဗျာ။

ဟုတ်​ကဲ့ပါ အစ်​ကို။

စိတ်လေ သူများ အခါကြီး ရက်ကြီးမှာအေ အံ့ သြဘ သားသားရယ်😒အာ့ @cheetah you are so bad robot😒

ဟုတ်​ပါ့ မမရယ်​ သည်​​ကောင်​​တော့။

ဒီ​နေ့လပြည့်​​နေ့ကုသိုလ်​ယူတာ...​ကောင်းပါတယ်​...

ညောင်​​ရေ သွန်းပွဲနဲ့လည်​ကြုံ​သေးတယ်​။

ကုသိုလ်​​တွေအများကြီးရတာ​ပေါ့ဗျာ ​သာဓု​ခေါ်ပါတယ်​ဗျ

ခေါ်​စေဗျာ။

သာဓု သာဓု သာဓုပါ ကိုဖြိုးရယ်

ဟုတ်​ကဲ့ အစ်​ကို။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60913.71
ETH 2919.21
USDT 1.00
SBD 3.71