-မ​ရောင်းသင့်​​သော ကုန်​စည်​ ၅မျိုး-

in #myanmar6 years ago

၁။
မောင်​ငယ်​ဟာ ဇီးယိုလှည်းတွန်းရင်း အငြိမ်းစားအရာရှိကြီး တစ်ဦးရဲ ခြံ​ရှေ့​ရောက်​လာ​လေရဲ့။

"​ဟောသည်​က ဇီးယိုရမယ်​....ဇီးယို..."

"​ဟေး ​မောင်​ငယ်​ ဇီးယို နှစ်​ရာဖိုး​လောက်​ကွာ၊ ​ရေ​နွေးကြမ်းနဲ့ မြည်းရ​အောင်​ အ​တော်​ဘဲ"

"ရပြီဦး​လေး.."
"​အေး​..​မောင်​ငယ်​ ထိုင်​ပါဦး ​မောတယ်​ကွ ခဏနားဦး"

"ဟုတ်​ကဲ့...."
"​မင်းဇီးယို​လေးက စား​ကောင်းသကွ..ဘယ်​လိုလဲ ​ရောင်း​ကောင်းရဲ့လား..."

"ဟုတ်​ကဲ့ မဆိုးပါဘူး ဦး​လေး"
"​အေးကွာ မင်းခုလို​ကောင်း​ရောင်း​ကောင်းဝယ်​လုပ်​စားတာ အပြစ်​ကင်းတယ်​ကွ"

"ဒါ​ပေမယ့်​ ဘုရားရှင်​က ​ဟောကြားခဲ့တဲ့ မ​ရောင်း​ကောင်းတဲ့ ပစ္စည်း​တွေ​တော့ မ​​​ရောင်းမိ​စေနဲ့.."
"ဗျာ....မ​​ရောင်း​ကောင်းတဲ့ ပစ္စည်းဟုတ်​လား ဦး​လေး.."

"​အေးကွ ဘုရားရှင်​က ဗုဒ္ဓဘာသာ တစ်​ဦးအ​နေနဲ့ မ​ရောင်းသင့်​ မ​ရောင်းအပ်​တဲ့ ပစ္စည်းငါးမျိုးကို ​ဟောကြားခဲ့တယ်​.."

"အဲ့တာဘာ​တွေလဲဟင်​ ကျ​တော့ကို့ ​ပြောပြပါလား"
"​ကောင်းပြီ...​ပြောပြမယ်​၊ ဘာလို့မ​ရောင်းသင့်​တာလဲဆိုတာပါ ​ပြောပြမယ်​။"

ရှေးအခါက.....ရွာ​လေးတစ်​ရွာမှာ ဒတ္တဆိုတဲ့ ပန်းဘဲသမား​လေး​တစ်​​ယောက်​ရှိတယ်​။ သူရဲ့ပန်းပဲဖိုမှာ သံစိမ်း​တွေကို မီးဖုတ်​ပြီး ဓား​ကောင်းတစ်​လက်​ ထုလုပ်​​ရောင်းချရာမှာ ကျွမ်းကျင်​လှသတဲ့။ သူ့ရဲ့ပန်းပဲဖိုကထွက်​တဲ့ ဓားမှန်​သမျှ လူကြိုက်​များသတဲ့။ ဓားရွက်​​ပေါ်မှာ ​ဖော်​ထားတဲ့ ပန်းကနတြ်​​တွေကလည်း လက်​ရာ​မြောက်​လွန်းလို့ လူကြိုက်​များပြန်​​ရော။ သည်​​တော့ ဒတ္တထုလုပ်​​ရောင်းချတဲ့ ဓား​တွေက လူကြိုက်​များပြီး ​ရောင်း​ကောင်းတာ​ပေါ့။

Image source

တစ်​​နေ့မှာ​တော့ ဒတ္တဟာ ပင်​လယ်​ပိုင်းကရွာတစ်​ရွာမှာ​နေတဲ့ အမျိုးအရင်းချာ တစ်​​ယောက်​ဆုံးတဲ့ သတင်းကြားရပါ​လေ​ရော။ သည်​လိုနဲ့​လှေတစ်​စင်းနဲ့ သူ့အမျိုးဘကြီးဆုံးတဲ့ဆီကိုသွား
တော့တယ်​။ ဘကြီးရွာ​ရောက်​​တော့ အသုဘ ကိစ္စအစ စ၊အရာ ရာကိုတာဝန်​ယူ​ဆောင်​ရွက်​​ပေးလိုက်​တယ်​။ ရက်​လည်​ပြီ ​နောက်​ပိုင်းမှာ​တော့ ရွာလူကြီးဟာ သူ့ဘကြီးပိုင်​တဲ့ အ​မွေ​တွေကိုလွှဲ​ပေးသတဲ့။ သည်​လိုနဲ့ ရက်​အနည်းငယ်​ကြာ​တော့ ဒတ္တဟာ ​လှေတစ်​စင်းငှါးပြီး ရွာလူကြီး ထည့်​​ပေးလိုက်​တဲ့ လူယုံတစ်​ချို့နဲ့ပြန်​လာ​လေတယ်​။


Image Source

အ​မွေဆက်​ခံပြီးပြန်​လာတဲ့ ဒတ္တသီတင်းကြား​တော့ ဓားပြအဖွဲ့ဟာလည်း လမ်းတွင်​ ကြို၍ ​စောင့်​​နေသတဲ့။ သည့်​အခါ ရွာသား​တွေနဲ့ ဓားပြအဖွဲ့ဟာ ဓား​တွေ တစ်​ချွင်​ချွင်​နဲ့ တိုက်​ခိုက်​ကြတယ်​။ သို့​သော်​ ဓားပြအဖွဲ့ဟာ လူအင်​အား​တောင်​သည်​ခါ ဒတ္တတို့အဖွဲ့ဟာ မရှူ့မလှ ခံရ​ပေ​တော့တယ်​။ ​နောက်​ဆုံး​တော့ ဒတ္တလည်း ဓားပြ​တွေ ဓားချက်​နဲ့ ဝမ်းဗိုက်​သို့ ထိုးမိ​လေ​တော့သည်​။

ဒတ္တသည်​ ဝမ်းဗိုက်​သို့ ထိုးဝင်​​နေ​သောဓားအား မြင်​​လေရာ...
"အို သည်​ဓားဟာ ငါ့ပန်းပဲဖိုက ထုလုပ်​တဲ့ဓားဘဲ သည်​အတွက်​​ကြောင့်​ ရွာသား​တွေ ဓားဟာ ကျိုးပျက်​ကုန်​တာဘဲ။မှားပြီ..ငါဓား​ကောင်း​တွေ ထုလုပ်​​ရောင်းချမိတာ မှပြီ။..ခု​တော့ ငါထုလုပ်​​ရောင်းချတဲ့ဓား​ကြောင့်​ရွာသား​တွေ​ရော ငါပါုပန်​အသတ်​ခံရပြီ။" ဆိုကာ ဓားပြ​တွေဓားချက်​​ကြောင့်​ ဒတ္တဟာလည်း ရွာသား​တွေနဲ့ အတူ ​သေပွဲဝင်​သွားရရှာ​လေ​တော့သည်​...။

၂။
"​နောက်​တစ်​မျိုးက​တော့ လူ​တွေရဲ့ အခိုင်းအ​စေခံ ကျွဲ၊နွား၊ မြင်း၊ လူ တို့ဘဲကွဲ့.."ဟုဆိုကာ ဇီးယို​လေးမြည်း ​ရေ​နွေး​လေး​သောက်​ရင်း ​ပြော​လေရဲ့.....

ဆက်​ရန်​.......

ခင်​မင်​​လေးစားစွာဖြင့်​ ဖြိုး​ဇော်​ဦး ကျုံမ​ငေး
Writing by phyozawoo
@phyozawooburmes
MSC-071

Sort:  

ညီ့‌ဆောင်းပါး‌တွေ ‌မျှော်‌‌နေတာကြာပြီ။ဝမ်းသာတယ်‌ညီ။Postကလည်း‌ကောင်းပါ့ဗျာ။အား‌ပေး‌နေပါတယ်‌ညီ။

ပျောက်နေတာကြာပြီ ပေါ်လာတော့လည်းပွဲဦးထွက်က ရှယ်ပဲ ဆက်အားပေးနေတယ် Bro

ဖတ်​ရတာ အားရှိတယ်​ဗျာ ☺

စိတ်​၀င်​စားဖို့​ကောင်းလို့ဆက်​အား​ပေးပါ့မယ်​...

ဆက်​ဖတ်​ပါ့မယ်​ဗျ

ခေါင်းစဉ်လေးနဲ့ပင် တော်တော်လေးစိတ်ဝင်စားစရာကောင်းနေပါပြီ။ဖတ်ကြည့်တော့လည်း အဆုံးထိဖတ်ချင်မိပါသော်လည်း စာရေးသူမှ ဆက်ရန်ဟုရေးထားသောအခါ ဟိုမရောက်ဒီမရောက် လှည့်ပြန်ခဲ့ရပါတော့သည်။ကောင်းလိုက်တာဗျာ။စာဖတ်သူကို ဆွဲဆောင်ထားနိုင်ပါတယ်။နောက်အပိုင်းမျှော်နေပါ့မယ်။

ဟုတ်။ခုလိုအသိပညာလေးကိုမှတ်ထားပါမယ်

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 63055.19
ETH 3036.28
USDT 1.00
SBD 3.71