-Red Cross Library-

in #myanmar6 years ago

စတီးမစ်​မြန်​မာများအားလုံး မင်္ဂလာပါခင်​ဗျာ........။

သည်​ရက်​ပိုင်း မြို့အသီးသီး၊ နယ်​အသီးသီးမှာ လျှပ်​စစ်​မီးပျက်​​တောက်​ တတ်​ကြသည်​မှာ​တော့ အများသိတဲ့အတိုင်းပင်​။ ကူး​ပြောင်းစ ရာသီ ဖြစ်​သည့်​အ​လျောက်​ အ​ရောင်းအဝယ်​ သည်​လည်းပါးတတ်​ကြအမြဲ။ ကျွန်ုပ်​တို့ ​တောရွာများအား အမှီသဟဲပြု၍ လုပ်​ကိုင်​​နေကြ​သော အလုပ်​ဆိုလျှင်​ဖြင့်​ ပို၍ပင်​ ​အ​ရောင်းအဝယ်​ ​အေးကြ​ပေသည်​။

IMG_0864-01.jpeg

လျှပ်​စစ်​မီးကမလာ၊ အ​ရောင်းအဝယ်​က ပါးသည်​အ​လျောက်​ ကျွနု​ပ်​​နေ့လည်​ ​နေ့ခင်းဆိုလျှင်​ ဆိုင်​တွင်​မရှိ။ ဆိုင်​ကယ်​တစ်​စီးဖြင့်​ မြို့ပတ်​က ​ထွေရာ​လေးပါး ​လျောက်​သွား​နေတတ်​​တော့သည်​။ တစ်​​နေ့ ကျွနု​ပ်​ ​နေ့လည်​စာ အပြီး အပြင်​ထွက်​ကာ လက်​ဖက်​ရည်​ဆိုင်​ထိုင်​စဉ်​ ကျွနု​ပ်​နှင့်​တွဲ​ဖော်​ ​ကိုအားလူးနှင့်​ စကားစမြည်​​ပြောဆိုကြရင်း ကျွနု​ပ်​တို့မြိုတွင်​ ရှိခဲ့ဘူး​သော စာကြည့်​တိုက်​ အ​ကြောင်းအား ​ဆွေး​နွေးဖြစ်​ကြသည်​။

ယခုချိန်​တွင်​​တော့ ကျွနု​ပ်​တို့မြို့တွင်​ စာကြည့်​တိုက်​ ဆိုသည်​မှာ အဘယ်​နည်း?ဟု ​မေးခွန်းထုတ်​လျှင်​ပင်​ ထုတ်​သင့်​​ပေ​တော့မည်။ ကျွနု​ပ်​သည်​လည်း စာ​ပေအား ​ပြောရ​လောက်​​အောင်​ လိုက်​စား​နေသည်​လားဟု​မေးလျှင်​လည်း မဟုတ်​ပါ။ အားလပ်​ချိန်​မျိုးနှင့်​ မိမိ​ရှေ့တွင်​ စိတ်​ဝင်​စားဖွယ်​ ​တွေ့ရှိပါက ​ကောက်​ကာ ငင်​ကာ ဖက်​မှတ်​တတ်​ခြင်းမျိုးသာ ရှိ​ပေသည်​။

ယခု လူငယ်​က​လေးများသည်​ အားလပ်​ချိန်​အား ​ကောင်းမွန်​စွာ အသုံးချတတ်​ခြင်းမျိုး မရှိသည်​ကို သင်​တို့၏ ပတ်​ဝန်းကျင်​တွင်​ လွယ်​ကူစွာပင်​ သိမြင်​နိုင်​ကြ​ပေလိမ့်​မည်​။ ​နေ့ဘက်​အားလျှင်​ လက်​ဖက်​ရည်​ဆိုင်​ အ​အေးဆိုင်​တို့တွင်​ mobile legends ကဲ့သို့​သော Internet game များဖြင့်​သာ အချိန်​ကုန်​တတ်​ကြပြီး၊ ​မှောင်​စပျိုးသည်​နှင့်​ ​နေရာ​ကောင်း​ကောင်းရှာ၍ အရက်​၊ ဘီယာ ယမကာများမှီဝဲတတ်​ကြ​သေးသည်​။

အချို့​သောက​လေးငယ်​များသည်​လည်း အရွယ်​နှင့်​လိုက်​​ရောမှူ မရှိစွာပင်​ ရိုင်းပြတတ်​​သော အပြုအမူုမျိုးရှိတတ်​ကြ​ပေသည်​။
ထိုကဲ့သို့​သော အ​ခြေအ​နေမျိုးအား ဆိုးသည်​ထက်​ မဆိုး​အောင်​ တတ်နိုင်သေ​လာက်ေ​တားဆီးနိုင်​ရန်​အတွက်​ အသိဟု​သော ပညာ လိုအပ်​​ပေ​တော့မည်​။ အသိဟု​သော ပညာ ကား အဘယ်​တွင်​ ရနိုင်​မည်​နည်း။ စာအုပ်​စာ​ပေထဲတွင်​ရနိုင်​​ပေမည်​။

ဤတွင်​ ကျွနု​ပ်​တို့နှစ်​ဦး ဆုံးဖြတ်​ခဲ့သည်​ကား လက်​ရှိတည်​ရှိပြီးသားဖြစ်​​သော ​ကျေးရွာကြက်​​ခြေနီရုံးတွင်​ စာအုပ်​က​လေးများ စု​ဆောင်းကာ စာကြည့်​တိုက်​က​လေး ဖွင်​ရန်​တိုင်​ပင်​ခဲ့ကြ​ပေသည်​။ အခက်​အခဲ​တော့ရှိ​ကောင်းရှိ​ပေလိမ့်​မည်​။ အရင်​ အရင်​အ​ရှေ့ကဖွင့်​ခဲ့သည့်​စာကြည့်​တိုက်​အချို့သည်​လည်း ပျက်​ခဲ့ကြ​ပေသည်​။

IMG20180527123141-01.jpeg

မည်​သို့ပင်​ဖြစ်​​စေ ကျွနု​ပ်​တို့ဆုံးဖြတ်​ပြီးခဲ့သည်​။ ​အောင်​မြင်​စွာ ဖွင့်​လှစ်​နိုင်​ရန်​ အစွမ်းကုန်​ကြိုးစား သွာမည်​ဟု ကတိပြု ဆုံးဖျက်​ချက်​ချခဲ့သည်​။အောင်​မြင်​​လိမ့်​မည်​ဟုလည်း ယုံကြည်​ချက်​ပြင်းပြခဲ့ပါသည်​။ စာကြည့်​တိုက်​ဖွင့်​လှစ်​ချင်​​သော ဆန္ဒ သည်​လည်း ကျွနု​ပ်​တို့ ရင်​ထဲတွင်​ပြင်းပြစွာရှိပါသည်​။
ယုံကြည်​မှု၊ ပြင်းပြသည့်​ဆန္ဒ နှင့်​ပတ်​သတ်​၍ ကျွနု​ပ်​ဖက်​ဖူး​သော ပညာ​ပေးပုံပြင်​​လေးအား အခွင့်​သင့်​စွာ​ဖော်​ပြပါဦးမည်​။

တစ်​​နေ့​သော်​ လူငယ်တယောက်သည် ​​​ချမ်းသာချင်လွန်း၍
အဘယ်သို့လုပ်ရမည်နည်းဟု ​​လူတိုင်းအား ​မေး​လေသည်​။
လူတို့သည်​ မဖြေနိုင်ကြပဲ ဉာဏ်ပညာနဲ့ပြည့်စုံ​သော
Socratesအား​မေးနိုင်​ကြောင်းအကြံပေးကြတယ်။
တစ်​​နေ့တွင်​တော့
လူငယ်​လေးသည် ​ဂရိအတွေးအခေါ်ပညာရှင်
Socratesအား မေးမြန်းခဲ့ပါတယ်။
ဆိုကရေးတီးသည် ​လူငယ်​က​လေးအား အောင်မြင်မှုအတွက်လျှို့ဝှက်ချက်​​ကို
နောက်နေ့မနက် မြစ်ကမ်းနံဘေးတွင်​ အ​ဖြေ​ပေးမည်​ဟုချိန်းဆိုလိုက်​လေသည်​။


Image Source
မြစ်ကမ်းတွင်​ဆုံကြ​သော်​ ဆိုကရေးတီးသည်
လူငယ်လေးအား ´ မြစ်ဘက်​ တည့်တည့်
လမ်းလျှောက်ရအောင်​´ ​နောက်​ကလိုက်​ခဲ့ဟုဆို​လေသည်​။ ဆိုက​ရေးတီးသည်
လူငယ်ရဲ့လက်ကိုဆွဲပြီး ရေစပ်ထဲကို
ဆွဲခေါ်သွား​​လေသည်​။ လူငယ်လည်း
ကြောက်ကြောက်လန့်လန့်ဖြင့်​ဆိုက​ရေးတီး
ဆွဲခေါ်ရာသို့ ပါသွား​လေ​တော့သည်​။
၎င်းတို့နှစ်ဦးသည်​​တဖြည်းဖြည်းနှင့် ​မြစ်ထဲကို
တရွေ့ရွေ့ ​ရောက်​လာကြသည်​။
ခြေထောက်မှတဆင့်​ ဒူးဆစ်၊ ဒူးဆစ်မှတစ်​ဆင့်​ ပေါင် ၊
ပေါင်မှတဆင့်​ ရင်ဘတ် တဖြည်းဖြည်း
ရေထဲကို ရောက်လာခဲ့သည်​။ လည်ပင်းအထိ
မြုပ်လောက်​​သော်​ဆိုကရေးတီးသည်လ​က်တဖက်ဖြင့်
လူငယ်၏ကိုယ်လုံးအား မရုန်းနိုင်အောင်
သိမ်းချုပ်လိုက်ပြီး နောက်လက်​တစ်​ဖက်​ဖြင့်
လူငယ်လေး၏ ခေါင်းအားရုတ်တရက်​ ရေထဲ
နှစ်လိုက်သည်​။ လူငယ်လေးသည်​လည်း
ရေမွန်းလွန်း၍ ရုန်းကန်​သော်​လည်း ဆိုကရေးတီးသည်
သန်မာလွန်းသူဖြစ်သည့်အေ​လျာက်ရုန်းကန်၍မရခဲ့​ပေ။

အတန်ကြာသော်​ ဆိုကရေးတီးသည်
လူငယ်​​လေး၏ ​ခေါင်းအား ရေထဲမှ ပြန်ထုတ်လိုက်သည့်​အခါတွင်​ ပထမဆုံးစွာ
အသက်အား​တစ်ဝရှုလိုက်​လေသည်​။
လူငယ်​လေး အသက်ရှုဝသွားပြီး
တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်လာသည့်​အခါတွင်​ ဆိုက​ရေးတီး သည်
မင်း ရေထဲကို နစ်နေတုန်းမှာ မင်းခေါင်းထဲမှာ ဘာဆန္ဒရှိသလဲ၊ ပထမဆုံးလိုချင်တဲ့အရာက ဘာလဲ ကောင်လေး လို့
ဆိုကရေးတီး မေးလိုက်​လေသည်​။
လေပါ ဆရာကြီး။ကျနော့်စိတ်ထဲမှာ လေပဲအရမ်းရှုချင်ပါတယ်​။ ခေါင်းထဲမှာ တခြားဘာမှမပေါ်ပါဘူး ဟုလူငယ်လေးက
ပြန်ဖြေလိုက်သည်​။

အောင်မြင်မှုအတွက်လျို့ဝှက်ချက်ဆိုတာ အဲဒါပဲ ကောင်လေး။မင်း​ရေနစ်​​နေတုန်းကလို ​ လေတစ်​ခုကိုပဲလိုချင်နေတာကလွဲရင် ကျန်တာဘာတခုမှ မစဉ်းစားတာကို ပြင်း​ပြတဲ့လိုအင်​ဆန္ဒ လို့​ခေါ်တယ်​။ မင်း ​ရေနစ်​တုန်းက အသက်ရှင်သန်ဖို့အတွက် လေကို မရှိမဖြစ်လိုအပ်သလိုမျိုး၊ အောင်မြင်မှုကိုလည်း အသက်နဲ့အမျှတန်ဖိုးထားပြီး မရမဖြစ်လိုချင်ရင် ​အောင်​မြင်​မှုကို ရမှာဖြစ်​တယ်​။ ပြင်းပြတဲ့လိုအင်​ဆန္ဒ ဖြစ်​​ပေါ်လာရင်​ သေချာပေါက် အောင်မြင်မှာပဲ။ အောင်မြင်မှုအတွက် အဓိက လျို့ဝှက်ချက်က တကယ်အောင်မြင်လိုတဲ့စိတ်ဓာတ် ​ဘဲ​​ကောင်​​လေး ဟု ဆိုကရေးတီးရှင်းပြလိုက်ပါသည်​။

ဤပညာ​ပေးပုံပြင်​ သကဲ့သို့ပင်​ ကျွနူ်​ပ်​တို့၏ စိတ်​ထဲတွင်​လည်း စာကြည့်​တိုက်​​လေးဖြစ်​လာဖို့ရာ ပြင်​ပြသည့်​ ဆန္ဒ ရှိ​နေပါသည်​။ ထို့အတွက်​​ကြောင့်​လည်း ​အောင်​မြင်​လိမ့်​မည်​ဟု ယုံကြည်​မှူ အပြည့်​ရှိပါသည်​။ ဆက်​လက်​ကြိုးစားပါဦးမည်​။

ခင်​မင်​​လေးစားစွာဖြင့်​ ဖြိုး​ဇော်​ဦး ကျုံမ​ငေး
Writing by phyizawoo
@phyozawooburmes
MSC-071






Sort:  

Goodluck ပါ အစ်ကို

ကျေးဇူးပါ အစ်​ကို။

ဖြစ်လာမှာပါ သားသားရေ😊မမတို့ g3ကလဲ ဝိုင်းကူကြမှာပါ အစစ အောင်မြင်ပါစေ😁

ဟုမမ ကူညီကြပါ ခင်​ဗျ။

စာကြည့်တိုက်လေး အမြန် အကောင်အထည်ဖော်နိုင်ပါစေ စာဖတ်မည့်သူတွေ ရှိအောင်လည်း လုပ်ဆောင်နိုင်ပါစေ ။

ဟုတ်​ကဲ့ အစ်​ကို စာဖက်​တဲ့သူများ​အောင်​ကြိုးစားရမယ်​။

‌ကောင်းတယ်‌ညီ။ ‌အောင်‌ မြင်‌မှာပါ။ အား‌ပေး‌နေပါတယ်‌ညီ။

ဟုတ်​ကဲ့ အစ်​ကို ​ကျေးဇူးတင်​ပါတယ်​။

ဥပမာပေးပြောပြထားတော့ ပိုပြီး သိမြင်လွယ်တာပေါ့ဗျာ

ဟုတ်

အောင်မြင်ပါစေနော်အစ်ကို fighting!

အဟီး​နော့ကို အစ်​ကိုတဲ့ @thihakoko ​ယေ့ ​ညေးက က​လေး​တောင်​ရ​သေးပု။

ဖြစ်ချင်စိတ်ရှိဖို့ပဲလိုတာပါ ကျန်တာ အလိုအလှောက်ဖြစ်သွားလိမ့်မယ်😊😊

ဖြစ်​ချင်​​နေတယ်​ အစ်​ကို စိတ်​ ဆန္ဒ လည်းရှိတယ်​။

အသိပညာတိုးစေပါတယ်ညီ

ဟုတ်​ပါတယ်​ အစ်​ကို။

စာကြည့်တိုက်ကြီး မြန်မြန်အကောင်အထည်ဖော်လုပ်ဆောင်နိုင်ပါစေ ကိုဖြိုး

အား​ပေးတာ ​ကျေးဇူးတင်​ပါတယ်​ အစ်​ကို အမြန်​ဆုံးအ​ကောင်​ထည်​​ဖော်​နိုင်​မှာပါ။

Coin Marketplace

STEEM 0.29
TRX 0.13
JST 0.033
BTC 62931.02
ETH 3031.06
USDT 1.00
SBD 3.64