Vivo Y15 1018Error အား Nck ဖြင့်​ အနိုင်​ယူခြင်း

in #myanmar6 years ago

သည်​​နေ့ကဖြင့်​ ​နေ​ကောင်းကာစ က​လေးထင်​ကာ ဆိုင်​ဖွင်​ရန်​ ​ဈေးသို့ထွက်​ခဲ့ပါသည်​။ ဆိုင်​မ​ရောက်​မီ လမ်းတွင်​မနက်​စာ က​လေး တစ်​ခုခုအစာ​ပြေစားလိုက်​​သေးသည်​။ ​နေမ​ကောင်း၍ ထမင်းမစားရ​သေးသည့်​ အတွက်​ လူက​သိပ်​ပြီးအားမရှိ​ပေ။ သို​သော်​လည်း ဝင်​​ငွေမရှိ၍ကမဖြစ်​။

မနက်​စာ စားပြီး​သော်​ ဆိုင်​က​လေးအားဖွင်​ကာ ဘုရားမီးပူ​ဇော်​ ​ရေချမ်းကပ်​ စသည်​ဖြင့်​ ပြုလုပ်​ပြီး။ ထိုင်​​နေစဉ်​တွင်​ အစ်​မ အရွယ်​ အမျိုးသမီးနှစ်​​ယောက်​ဝင်​လာ​ချေသည်​။ "ဟုတ်​ကဲ့ အစ်​မ ဘာလိုလဲမသိဘူးခင်​ဗျ" _____ "အင်း​မောင်​​လေး အစ်​မဖုန်းက​လေ vivo ဆိုတဲ့ ​နေရာက မတတ်​ဖြစ်​​နေတယ်​ ဟိုဘက်​ကဆိုင်​ပြ​​တော့ ခဏ​စောင့်​ခိုင်းပြီး၊ ပြီး​တော့ ​နောက်​​နေ့ မှ လာယူလို့​ပြောတယ်​ အစ်​မတို့ကလည်း ​နေ့ခင်းပြန်​ရမှာမို အမြန်​​လေးလိုချင်​တယ်​​မောင်​​လေး ကြည့်​​ပေးပါလား"

"ဟုတ်​ကဲ့ ကျွန်​​တော်​တစ်​ချက်​ကြည့်​​ပေးမယ်​​လေ"
ဖုန်းအား battery ဖြုတ်​ power ပြန်​ဖွင့်​ကြည့်​သည်​။ ဟုတ်​ပါသည်​ vivo ဆိုသည့်​ logo တွင်​သာ လည်​ပတ်​​ နေပြီး ​ရှေ့ဆက်​မတတ်​ပါ​ချေ။ မိမိလည်း Computer နှင့်​ ချိတ်​ဆက်​ပြီး flashtool.exe file အားဖွင့်​ကာ သက်​ဆိုင်​ရာ firmware အားထည့်​သွင်း၍ saftware ​ရေးကြည့်​သည်​။ သို့​သော်​ 1018 flashtool error တတ်​​လေ​တော့သည်​။ ​ခေါင်းနည်းနည်းကြီးသွားသည်​။

IMG_20180517_233456.jpg
Flashtool 1018 ဆိုလျှင်​ ​နောက်​ဆုံးမရပါက EMMC Change ရ​တော့​ပေမည်​။ ထပ်​ကာ ထပ်​ကာ ပြန်​​ရေး ကြည့်​သည်​။ သို​သော်​မရ​ပေ။ Error 1018 ။ခေါင်း​ နောက်​ ပြီ။ G-730 U00 fet မပါ​သော စက်​ပြားများတွင်​ EMMC လဲပြီးသည်​တိုင်​ 1018 error မ​ပျောက်​ပါက 730-U00 data ပါပြီးသား EMMC အား ၎င်းစက်​ပြားတွင်​ တပ်​၍ UFI Android Tool ဖြင့်​ပြန်​​ရေးမှသာ ရတတ်သည်​ မျိုးရှိသည်​။

သည်​​တော့ စကား​ပြောရ​တော့​ချေပြီ။ "အစ်​မ​ရေ ဟုတ်​တယ်​ ခင်​ဗျ ​နောက်​တစ်​ရက်​​လောက်​မှ ရလိမ့်​မယ်​" ____ "ငှယ်​...(ငှယ်​လို့​တော့ မ​ပြောပါ) ​မောင်​​လေးရယ်​ အခုရရင်​ လိုချင်​ တယ်​လုပ်​​ပေးပါ​နော်​။" ___ "အမ်​(အသံ​တော့ မထွက်​) ဟုတ်​ ခဏ​စောင့်​​နော်​" ကြံပြီ​လေး ဘာcreck ၊ ညာcreck ​တွေနက်​။ အရင်​ဆုံး NCK ဖြင့်​ ​software ​ရေးကြည့်​ သည်​။ Error ​တော့ မပြ ​ကောင်း​ကောင်းအလုပ်​ လုပ်​​နေသည်​။ ဟုတ်​ပြီ။ 100% ပြည့်​​အောင်​ ​စောင့်​ကြည့်​ လိုက်​ပါသည်​။

IMG_20180517_233033.jpg

OK ပြီ​လေး All done တဲ့။ ​ကျေးဇူးတင်​ပါသည်​ NCK ကြီး​ရေ။ သို့​ပေမယ့်​ သိပ်​​တေယ့ စိတ်​မချရ​သေး ဖုန်းအား power နှိုးကြည့်​သည်​။ power နိုးမှ စိတ်​သက်​သာယာ ရ​ပေသည်​။ Dead boot ဖြစ်​တတ်​သည်​ကိုး။ ၁မိနစ်​ခန့်​ကြာ​သော်​ welcome ဟု ဖုန်​မှ စာ​ပေါ်လာသည်​။ အစ်​မ​ရေ ရပါပြီခင်​ဗျာ။ လိုအပ်​သည်​ မြန်​မာစာ၊ application ထည့်​သွင်းပြီး ပိုင်​ရှင်​ အမျိုးသမီ ထံအား ကျသင့်​​ငွေ ​တောင်းခံကာ ပြန်​လည်​အပ်​နှံခဲ့ပါ​တော့သည်​။

မိမိလည်း ​နောက်​ဆက်​တွဲ လာ​ရောက်​အပ်​နှံသည့်​ ဖုန်း ၂လုံးအား လက်​ခံပြုပြင်​ခဲ့ ပြီး မနက်​ ၁၀ခန့်​တွင်​ အပူများပြန်တတ်​လာ၍ ​ဆေးခန်းသွားကာ ​ဆေးတစ်​လုံးထပ်​မံ ထိုးခဲ့ရပြန်​ ပါ​သေးသည်​။ ​ဆေးခန်းအပြန်​ လမ်းတွင်​​ခေါက်​ဆွဲပြုတ်​ဝင်​စား ကာ ​ဆေးတစ်​စုံ​သောက်​၍ အိမ်​ပြန်​ကာ အနားယူလိုက်​ ​​တော့​လေသည်​။

2Q==(7).jpg

Image Source

ခင်​မင်​​လေးစားစွာဖြင့်​ ဖြိုး​ဇော်​ဦး ကျုံမ​ငေး။
Writing by phyozawoo
MSC-071

Sort:  

အာ့လိုလေး သင်ပေးပါ😆😆

ကိုယ့်​ဆရာ​တွေ က​ပြော​နေပြန်​ပါပြီ။

နေမကောင်းဘူးပေါ့ bro
ရာသီအကူးအပြောင်းဂရုစိုက်ပါ

ဟုတ်​တယ်​ အစ်​ကို အာသီး​ယောင်​တာ။

ရာသီအကူးပြောင်းမှာဖြစ်တတ်တယ်ဗျ
ဂရုစိုက်ပါဗျာ

ဟုတ်​ကဲ့ အစ်​ကို။

အဟေး ကလုန်းလွန်တာမရား 😒😒နောက်ခါကျ ဂရုစိုက်အေ. မြန်မြန်နေကောင်းပါစေ😍

ကျေးဇူးပါမမ ​ဆုနဲပြည့်​ပါ​စေ။

တစ်နည်းမရရင်နောက် နည်းနဲ့ရအောင် ကျော်ပေးရတာပေါ့
အမကြီးတော့ပျော်သွားပုံရတယ်

ပျော်​ မ​ပျော်​​တော့ မသိဘူးအစ်​ကို software ​ရေး​နေတုန်း အ​နောင်​ခန်​က​နေ အားသွင်းကြိုထ​ပေါက်​တာ ​ညှော်​သွားတာဘဲ။

ကိုယ်‌ပိုင်‌အလုပ်‌‌ကို အားကျတယ်‌ဗျာ။

ဟုတ်​ အစ်​ကို ။

ကျန်းမာရေး ဂရုစိုက်ပါ အစ်ကို

ဟုတ်​ကဲ့ အစ်​ကို။ကျေးဇူးပါ။

နေမကောင်းတဲ့ကြားက အလုပ်လေးတော့ လုပ်ဖြစ်တယ်ပေါ့နော်

အဟဲ မနက်​ပိုင်း ၂ပြားခွဲ​လောက်​​တော့ရလိုက်​တယ်​ အစ်​မရဲ့။

ကျန်းမာရေးကို ဂရုစိုက်ပါ။vivo စက်ကလေး ပြင်ပေးလိုက်တာ အဆင်ပြေသွားတယ်နော်။ချီးကျူးပါတယ်ဗျာ။ကိုယ်က costumer လိုချင်တဲ့အချန်ကို ကြိုးစားလုပ်ပေးတာလေ။အဲဒါ marketing သဘောတရားပါတယ်အစ်ကို။costumer ကို အဲဒီလိုမျိုးတွေနဲ့ ဆွဲဆောင်ပါခင်ဗျာ

ဟုတ်​ကဲ့ အစ်​ကို ကျန်းမာ​ရေးလည်းဂရုစိုက်​ပါပြီ။ vivoစက်​က​လေးက​တော့ ပြင်​​ပေးလိုက်​တာ ​ကောင်းသွားပြီ ခင်​ဗျ။ ချီးကျးစရာမဟုတ်​တာပါ အစ်​ကိုရာ ညီ​တို့က services ဆိုင်​ဖွင့်​ထားတာဘဲ​လေ။ အဆင်​​ပြေ​အောင်​ လုပ်​​ပေးရတာ​ပေါ့ အဲ့အ​ပေါ်​စေတနာ​လေးပါ ထည့်​​ပေးလိုက်​​တော့ အဆင်​​ပြေသွားတယ်​ထင့်​ပါ့။ ​နောက်​ဆုံး မရရင်​ miracle box နဲ့ပါ ကစ်​​ပေးလိုက်​မို့။ ​ကျေးဇူးတင်​ပါတယ်​ အစ်​ကို @uthantzin

ဖုန်းပြင်​တာလည်းမလွယ်​ဘူး​နော့...ကျန်းမာ​ရေး လည်းဂရုစိုက်​ပါ...

Coin Marketplace

STEEM 0.29
TRX 0.13
JST 0.033
BTC 63175.14
ETH 3047.55
USDT 1.00
SBD 3.63