ဝမ်းချုပ်​ခြင်း အန္တရာယ်

in #myanmar6 years ago (edited)

image
ဝမ်းချုပ်​ခြင်းသည်​ ​ရောဂါတစ်​ခုမဟုတ်​ဘူးဆို​ပေမယ့်​ ၀မ်းချုပ်​ခြင်း​ကြောင့်​ စိတ်မသက်​မသာဖြစ်​ခြင်း၊ ​ဝေဒနာပြင်းစွာ ခံစားရတတ်​ခြင်း များဖြစ်​​ပေါ်တတ်​သည်​။ဝမ်းချုပ်​ခြင်း ဖြစ်​​ပေါ်ခြင်းသည်​ အစားအ​သောက်​ လွဲမှားခြင်း​ကြောင့်​ အဓိကဖြစ်​​စေတတ်​သည်​။
ခေတ်​ပေါ်နည်းပညာများ မြင့်​မားလာမှု​ကြောင့်​ လူများသည်​ ဘယ်​​နေရာကို သွားချင်​လဲ ၊ ဘာလုပ်​ချင်​လဲ စသည်​တို့သည်​ စက်​ကရိယာများဖြင့်​ လုပ်​​ဆောင်​​နေမှု​ကြောင့်​ အ​ညောင်းညာမိခြင်း၊ ကိုယ်​လက်​လှုပ်​ရှားမှုများ နည်းပါးခြင်းဖြစ်​​စေသည်​။ထိုအရာများ​ကြောင့်​ ၀မ်းချုပ်​မှု ပြသနာကလည်း ဖြစ်​​ပေါ်​စေသည်​။ဝမ်းချုပ်​ခြင်း ​ဝေဒနာသည်​ အလွန်​ပင်​ ခံစားရသည်​။
အစားအ​သောက်​ မှားယွင်းမှု​ကြောင့်​ ၀မ်းချုပ်​ခြင်းဖြစ်​​စေသည်​မှာ ရိုးရှင်းပါသည်​။ တွဲဖက်​စားသုံးသင့်​သည့်​ အစားအစာများကို မစားသုံးခြင်း၊ ထူးဆန်းအစားစာများ စားခြင်း၊ စသည်​တို့​ကြောင့်​ အစာအဆိပ်​သင့်​ခြင်းကို ဖြစ်​​ပေါ်​စေသည်​။ထိုမှတစ်​ဆင့်​ ၀မ်းချုပ်မှု ​ဝေဒနာကို ဖြစ်​​ပေါ်​စေသည်​။ဒါ့အပြင်​ ​ရေ​သောက်​နည်းပါးခြင်းကလည်း ဖြစ်​​စေတတ်​သည်​။ တစ်​​နေ့တာ ​သောက်​သင့်​သည့်​ ​ရေပမာဏအ​လျောက်​ ​မ​သောက်​ခြင်းကလည်း ဖြစ်​​စေသည်​။ ​ရေကို တတ်​နိုင်​သ​လောက်​ စိတ်​ကြိုက်​​သောက်​နိုင်​သည်​။
တစ်​ချို့ လု​တော်​​တော်​များများဟာ ၀မ်းချုပ်​ခြင်း ​ဝေဒနာကို နှစ်​ရှည်​လများ ​ခံစား​နေကြတာ ​တွေ့ဖူးပါတယ်​။ သုံး​​လေးရက်​ တစ်​ခါ၊ တစ်​ပတ်​တစ်​ခါ ​လောက်​မှသွားတတ်​ကြသည်​။ ထို့သို့အချိန်​ကြာမြင့်​စွာ ၀မ်းချုပ်​ခြင်း​ကြောင့်​ မ​ကောင်းတဲ့ ​ကိစ္စများဖြစ်​​ပေါ်တတ်​​ပေသည်​.....
ဝမ်းချုပ်​ခြင်းကို ကာကွယ်​ရမည့်​ နည်းလမ်းများက​တော့ အစား​သောက်​စားရမှာ အရည်​ပါ​သော အစားစာများ၊ အသီးရွက်​များ အဓိကထားစားသုံး​ပေးရမည်​။နံနက်​စာကို အ၀စား​ပေးပါ။ မနက်​​စော​စောအိပ်​ယာထပါက ​ရေကို ​သောက်​နိုင်​သ​လောက်​အ၀​သောက်​ပါ။ အိမ်​သာတက်​ခြင်းကို အိပ်ယာထခါစ အချိန်​မျိုးမှာ အကျင့်​လုပ်​ထား​ပေးပါ။ ရာသီ​ပေါ်အစားစာများ စား​ပေးပါ။ ကိုယ်​ကာယ ​လေ့ကျင့်​ခန်း၊ လမ်းများများ ​လျှောက်​ခြင်းစသည်​တို့ကို ပြုလုပ်​​ပေးရမည်​။ ဒါမှသာ ဓာတ်​ကြီး​လေးပါး ညီမျှကာ အဆင်​​ပြေ​ချော​မွေ့နိုင်​မည်​ဖြစ်​​ပေသည်​....
image

Author>>>>>>>@pyaesone101

MSC - 024

Sort:  

ရှေးလူကြီးတွေကတော့ ဝမ်းတလုံးကောင်းရင်ခေါင်းမခဲဘူးတဲ့

ဟုတ်​ပါ့ဗျာ မှန်​တယ်​ ကိုမြင့်​​ရေ

ဝမ်းမ​ကောင်းရင်​ ဘာမှလုပ်​လို့မရ

တော်​​တော်​​နေရထိုင်​ရ ခက်​တယ်​ဗျ ဂရုစိုက်​ကြပါ

ဘယ်​လို​ပြော၇မလဲဟင်

ချုပ်​​နေပီလား ​သေချာဂရုစိုက်​​တော့😁😁😁

မုံရွာဆရာမိုးလဲ မဆိုးဘူး 😁😁 မြန်မာ့နည်း မြန်မာ့ဟန်

ဟုတ်​တယ်​ အဲ့​ကောင်​မဆိုးဘူးဗျ

မနက်​​စော​စော​ရေ အဝ​သောက်​တယ်

အ​ကောင်းဆုံး​ပေါ့ဗျာ

အမှန်ပဲဗျာ အထိုင်များတော့ ခနခနချုပ်တယ်

မချုပ်​​စေနဲ့ဗျို့ စိတ်​ညစ်​မှုလိုလို ဘာလိုလို ဖြစ်​​စေတယ်

ဟုတ်တယ် နေရထိုင်ရ တအာကြပပ်တာ

ဂရုစို​က်​ကြပါဗျာ

ဟုတ်​ပါ့​နေလို့ကိုမရဘူး

အဲ့ဒါ​ကြောင့်​ ဂရုစိုက်​​စေချင်​တာ​ပေါ့ဗျာ

ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ။

အဲ့ဒါ​ကြောင့်​ ဂရုစိုက်​​စေချင်​တာ​ပေါ့ဗျာ

Congratulations @pyaesone101! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 66256.11
ETH 3036.39
USDT 1.00
SBD 3.73