ကဆုန်​လပြည့်​ ​ညောင်​​ရေသွန်းပွဲ

in #myanmar6 years ago

image
မန်​မာလူမျိုးတို့၏ အဆင်​အလာ ဓ​လေ့ထုံးတမ်းအရ ကဆုန်​လပြည့်​​နေ့မှာ ​ညောင်​​ရေသွန်းပြီး ကုသိုလ်​ပြုကြ​လေ့ရှိ​ပေသည်​။ ​ကောင်းမှုကုသိုလ်​တစ်​ရပ်​ အဖြစ်​ ​နှစ်​စဉ်​​နေ့တိုင်း ပြုလုပ်​ကြ​ပေသည်​။
image
သစ်ပင်ပန်းမန်များကလည်း အလွန်ပူပြင်းလွန်း၍ ညှိုးနွမ်းခြောက်သွေ့နေကြပါသည်။ ကဆုန်လဟူသည် "တစ်ခူးရေကုန် ကဆုန်ရေခမ်း" လို့ ဆိုစမှတ်ပြုသည့်အတိုင်း အပူပြင်းဆုံး လတစ်လလည်း ဖြစ်ပေသည်။ ဤလသည် မြတ်စွာဘုရား၏ ဖွားဖက်တော် ဗောဓိညောင်ပင် ရှင်သန်စိမ်းစိုနေဖို့ရာ ညောင်ရေသွန်းပွဲတော် ပြုလုပ်ကြပါသည်။တစ်နိုင်ငံလုံးရှိ လူအများ ရေအိုးကိုယ်စီဖြင့် ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ အလှူဒါန မျိုးစုံလည်း ပြုလုပ်ကြပါသေးသည်။
image
image
ကဆုန်​လပြည့်​​နေ့သည်​ ဗုဒ္ဓဘာသာဝင်​တို့၏ အဓိက​နေ့​ကောင်း​နေ့မြတ်​​လေးတစ်​ရက်​ဖြစ်​​ပေသည်​။ ဘုရား​မွေး​နေ့သည်​လည်း ကဆုန်​လပြည့်​​နေ့၊ ပရိတ်​နိဗ္ဗာန်​စံ​သော ​နေ့ကလည်း ကဆုန်​လပြည့်​​နေ့ဖြစ်​​ပေရာ ထို့​နေ့ကို ရက်​​ကောင်းရက်​မြတ်​​နေ့တစ်​ရက်​ဟူ၍ မြန်​မာလူမျိုးက သတ်​မှတ်​ထားကြ​ပေသည်​........
image
ထို့ပြင်​ ဘုရားသို့ ​ညောင်​​ရေသွန်းလာကြ​သော သူများကို စတုဒီတာ များဖြင့်​လည်း ​ကျွေး​မွေးကြသည်​။ အလွန်​ပင်​ ကျက်​သ​ရေ မင်္ဂလာအ​ပေါင်းနှင့်​ ပြည့်​စုံကြ​သော ​နေ့​လေးတစ်​​နေ့ဖြစ်​​သော​ကြောင့်​ လူအများ ကိုယ်​စီအသီးသီး ကုသိုလ်​ယူကြ​ပေသည်​။ ကဆုန်​လပြည့်​​နေ့မှာ ​ညောင်​​ရေသွန်းရင်​ ကုသိုလ်​ယူကြပါလို့ တိုက်​တွန်းလိုက်​ပါသည်​။
image

Author>>>>>>@pyaesone101
MSC - 023
Credit photo from Facebook

Sort:  

ရိုးရာအစဉ်​အလာ ချစ်​စရာ

ဟုတ်​ပါ့ဗျာ

Read my profile if you want me to resteem your last blog post to my 36,000+ followers free. https://steemit.com/@a-0-0

လပြည့်နေ့မှာ ညောင်ရေလောင်းရင်းကုသိုလ်ယူရတာပေါ့

ဟုတ်​ပါတယ်​ ကနုစုး​ရေ ကူသနုလ်​ယူကြမယ်​​လေ

ညောင်ရေသွန်းကုသိုလ်ရပါစေဗျာ

ဟုတ်​ကဲ့ပါ ကိုယ်​​ကျော်​လည်း ထပ်​တူရပါ​စေလို့ ဆု​တောင်း​ပေးလိုက်​ပါတယ်​ဗျာ

ညောင်ရေသွန်းပွဲ မနွှဲဖြစ်တာ ကြာပြီဗျာ။ရွာမှာ နွှဲခဲ့တာ သတိရသွားပြီ။

စာဉ​လေးနဲ့ကနု သတိရ​နေတာလားဗျ ဟဲဟဲ စတာပါ

ကုသိုလ်​​တွေ၇ပါ​စေဗျာ

ထပ်​တူ ရကြပါ​စေဗျာ

ခု​လေးတင်​​ညောင်​​ရေသွန်းပြီးပြ န်​လာတာရှင့်

ကုသိုလ်​​တွေ အများကြီးရပါ​စေဗျာ

သာဓုပါဗျာ...

သာဓုပါဗျာ

Goodတယ်ျော

ကျေးဇူးပါပဲဗျ

သာဓုပါ

သာဓုပါဗျာ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65920.41
ETH 3016.79
USDT 1.00
SBD 3.71