လွမ်းစေတီ အပိုင်း ( ၁ )

in #myanmar6 years ago (edited)

image

"ဟဲ့ ကျော်ဆွေ ငါ့ကိုစောင့်အုံး"
"အေးပါဟ
မိခက် ရော့ ငါ့လက်ကိုလှမ်းဆွဲပြီးတက်ခဲ့"
ခက်က ငကျော့်လက်ကိုဆွဲတက်လိုက်သည်။
ရောက်ပါပြီတောင်ထိပ်ကို ဟူးမောလိုက်တာဟာ။ ခက်က လွယ်အိတ်ထဲမှရေဗူးကို ထုတ်ကာ
မော့သောက်လိုက်ရင်း ကျော်ဆွေ့ ဘက်ကို
ကမ်းပေးလိုက်သည်။ဘေးပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ကာ လေအဝှေ့တွင်ကြွေကျသွား
သော သစ်ရွက်ကြွေသံတစ်ချို့ နှင့် ဆည်းလည်းသံ တလွင်လွင်မှတစ်ပါး အခြားမရှိ။
မြိုင်ရွာကလေး၏ တောင်ဘက်တွင် တောင်ကြားတစ်ခုရှိသည်။ ထိုတောင်ကြားကိုလွန်လျှင် ပတ်ခွေစီးဆင်းနေသော ယင်းချောင်းတစ်ခုရှိပြီး
ယင်းချောင်းအလယ်တွင် မြင့်မားလှသော
တောင်တစ်လုံး။ထိုတောင်ထိပ်တွင်တော့
မြိုင်ရွာတစ်ရွာလုံးမှကိုးကွယ်သော ဆုတောင်းပြည့်လွမ်းစေတီရှိလေသည်။
ကျော်ဆွေနှင့်ခက်က ၄တန်းရောက်မှ တွေ့ ခဲ့သောသူငယ်ချင်းများဖြစ်သည်။ကျော်ဆွေကမြိုင်ရွာသား
ဖြစ်ပြီး လေးတန်း၏ အတန်းခေါင်းဆောင်။
ခက်အဖေက မြိုင်ရွာသို့ တာဝန်ကျသော ကျောင်းအုပ်ဖြစ်ကာ ခက်၎တန်းနှစ်တွင် ပြောင်းလာခြင်းဖြစ်သည်။စာတော်သော ကျော်ဆွေ့ ဆီက မမှီသောစာများကိုရှင်းခိုင်းရင်း ခက်နှင့်ကျော်ဆွေ သူငယ်ချင်း
ဖြစ်လာခဲ့သည်မှာ ၄တန်းမှသည် အခု ၉တန်းသို့ 
ရောက်ရှိခဲ့ပေပြီ။ခက်ကော ကျော်ဆွေရော ကလေးကတည်းက ကြိုက်နှစ်သက်သည့်နေရာလေးတစ်ခုရှိသည်။ထိုနေရာကား လွမ်းစေတီပင်။
image
နွကျောင်းပိတ်ရက်သို့ ရောက်ခဲ့ပေပြီ။ အချိန်များလည်းကုန်လွန်ကာ ခက်က ဆံပင် ကုပ်ဝဲနှင့်
အပျိုပေါက်စဖြစ်လာသလို ကျော်ဆွေကလည်း
အရပ်ရှည်လာပြီး ပိုမိုချောမောကာ လူပျိုပေါက်ဖြစ်လာခဲ့ပေပြီ။ နှစ်ဦးသား၏ ရင်ထဲတွင် ငုံ့သျှိုးနေ သော သံယောစဉ် တွယ်တာစိတ် သူငယ်ချင်း
အချစ်မှသည် မရိုးမသားဖြစ်လာခဲ့သည်။အရင်လိုလက်ချင်းတွဲ၍ ဘုရားပေါ်မတက်တော့ ခပ်လှမ်း
လှမ်းမှသာ လမ်းအတူလျှောက်ဖြစ်သည်။ ဘုရား
ကုန်းပေါ်တွင် သစ်ရွက်ကြွေများ တဖြုတ်ဖြုတ်ကြွေကျနေသည်။တောင်လေများကလည်း တဖြူးဖြူး တိုက်ခတ်နေသည်။ခက်၏ ဆံပင်အုပ်အုပ်များက လေအဝှေ့တွင် လွင့်နေကြသည်။ကျော်ဆွေက
သစ်ရွက်အကြွေလေးပေါ်တွင် သူနှင့် ခက်နာမည်ကို ရေးလိုက်သည်။
"ခက်ရော"
ခက်က ကျော်ဆွေပေးသော သစ်ရွက်ခြောက်
ကလေးကို ကြည့်လိုက်သည်။ သစ်ရွက်ကလေး
ပေါ်တွင် ဘောပင်လေးနှင့် ရေးထားသော စာတစ်ကြောင်း။
" ကျော်ဆွေ + ခက် "
"ဘယ်တော့မှ မခွဲကြေးနော်"
ခက်က ကျော်ဆွေ့ ကိုမော့ကြည့်လိုက်
သည်။ မိမိကိုကြည့်နေသော ကျော်ဆွေ့ အကြည့်များကြောင့် မျက်နှာရဲခနဲဖြစ်သွားကာ တစ်ဖက်သို့ လှည့်လိုက်သည်။
"ခက် ငါနင့်ကိုချစ်တယ်"
ကျော်ဆွေ့ စကားကြောင့် ခက် ပျော်လည်းပျော်ကာ ရှက်လည်းရှက်သွားသည်။
"နင်ကလဲငါတို့ဆယ်တန်းတောင်မအောင်သေးပဲနဲ့"
ကျော်ဆွေကခဲလုံးကိုချောက်ထဲသို့ပစ်ချလိုက်ရင်း "ဒါဆို ဆယ်တန်းအောင်တဲ့နေ့ ကြ
နင်ငါ့ကို အဖြေပေးမှာလား"
"အေးပေးမယ်။ဒီနေ့ ကစပြီး ဒို့ လွမ်းစေတီကို
မလာပဲနေရအောင် ဆယ်တန်းနောက်ဆုံးဘာသာ ဖြေပြီးတဲ့နေ့ ကြ တစ်ခါတွေ့ မယ်လေ။
image
အဖြေကတော့ ဆယ်တန်းအောင်တဲ့နေ့  ဒီစေတီကုန်းလေးပေါ်မှာပဲ ပေးမယ်"
ကျော်ဆွေပျော်သွားသည်။ ခက်လွယ်အိတ်ကလေးကို ဆုပ်ကိုင်လိုက်ရင်း
"နင်တစ်ကယ်ပြောတာနော်ခက်"
"တစ်ကယ်ပေါ့"
"ကတိနော်"
"အေးပါဟယ် ကတိကတိ"
နှစ်ဦးသား၏ ရယ်သံလွင်လွင်လေးက
ဆည်းလည်းသံနှင့်အပြိုင် လှုပ်ခတ်နေကြလေတော့
သည်။

တစ်ရက်ပြီးရင် တစ်လ၊တစ်လပြီးရင် တစ်နှစ်ဟူ
သည့်အတိုင်း ရာသီအလီလီက အကုန်မြန်လှ
သည်။နွေမှသည်မိုး ၊မိုးမှသည် ဆောင်း၊ ဆောင်းမှသည် တစ်ပတ်ပြန်၍ နွေရောက်ခဲ့ပေပြီ။ဆယ်တန်းတစ်နှစ်လုံး ကျော်ဆွေကော ခက်ကော စာကို
အသည်းအသန်ကြိုးစားကြသည်။
ဆယ်တန်းအောင်ရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကြိုးစားလာခဲ့သည်မှာ ယနေ့ စာမေးပွဲနောက်ဆုံးဘာသာကို ဖြေဆိုပြီးလေပြီ။ခက်က လွယ်အိတ်ကို ဘုတ်ခနဲချကာဖိနပ်စီးလိုက်သည်။ထိုအချိန်တွင်ပင် အိမ်ထဲသို့ ကားတစ်စီးဝင်လာလေသည်။ဖေဖေက ကားပေါ်က ဆင်းပြီး ကဲသမီးရေ သွားကြစို့  ။
ဖေဖေတို့ ဒီရွာကလေးနဲ့ မိုင် ၃၀၀လောက်ဝေးတဲ့ ချင်းတောင်တန်းဘက်က ရွာကလေးကို
ပြောင်းဖို့ တာဝန်ကျလာပြီ။ အခုသွားရတော့မယ် သမီး။ ခက်ထိတ်ခနဲဖြစ်သွားသည်။
ဒီနေ့ ကျော်ဆွေနဲ့ ချိန်းထားသည်လေ။
ကိုယ့်ဇောနဲ့ ကိုယ်မို့ သတိမထားမိ။အိမ်ထဲတွင်
ပစ္စည်းအားလုံး သိမ်းပြီးပါပေါ့လား။ကားသမားက
ပစ္စည်းများကို ကားပေါ်တင်နေသည်။ဖေဖေသမီး သူငယ်ချင်းတွေကို သွားနှုတ်ဆက်ချင်တယ်။သမီးသူငယ်ချင်းတွေသိပြီးဖြစ်မှာပါ။ ဖေဖေ ရွာထဲကို
အကုန်လိုက်နှုတ်ဆက်ပြီးပြီ။ ခက်ထပ်ပြီး အတွန့် 
မတက်ရဲတော့ ခက်၏ ဖေဖေဦးခင်အောင်က
ကျောင်းအုပ်ပီပီ ပြတ်သားသည်။ ငေါက်စရာရှိလျှင်လည်း ချက်ချင်းငေါက်သည့်သူမျိုး ခက်ကြောက်ရပါသည်။ ဖေဖေချပေးသော နေရာတွင်ထိုင်လိုက်
ရင်း ခက် မျက်ဝန်းမှ မျက်ရည်တစ်စက်ကြွေကျသွားသည်။ ကျော်ဆွေ စောင့်နေရှာရော့မည်။
နေလုံးက အနောက်ဘက်တောတန်းအတွင်းသို့ 
ငုံ့သျိုးပျောက်ကွယ်သွားပေပြီ။ ကျော်ဆွေထိုင်ရာမှထလိုက်သည်။ခက်လာမည်ဟု ပြောထားသော်
လည်း ရောက်မလာခဲ့။ ခြေလှမ်းများက ယိုင်နဲ့နဲ့နှင့်အိမ်သို့ ပြန်လာခဲ့လေတော့သည်......
image

Author by Pyae Sone Aung
MSC No - 023
Credit Photo from Google

Sort:  

အဲ့skillနဲ့ဆို ဝတ္ထု​ရေးလို့ရပြီ ကွီး​ရေ.....။

ဟဲ ဟဲ အာ့လောက်တော့ ဟုတ်သေးပါဘူးဗျာ
ကျေးဇူးပါလို့

Hr1 ရော good- kamer ရောကိုယ့်လူတွေကိုလာ vote ထားကြပြီး ကိုယ်ကြလာဘူးဘာ့လို့လည်း

၇ုပ်ဆိုးလို့ လာဘုတ်သွားတာ ထင်တယ် ဟဲ ဟဲ

အရေးအသားကောင်းပါတယ်ဗျာ

very nice post ..

Good skill !

လွမ်းစရာpost ​လေးပါဗျာ

ဟုတ်ပါ့ ကွီးရေ

အ​ရေးအသားကGood.

ကျေးဇူး ပါ မအိရေ......

အလွမ်းတွေများနေတယ်

ဟုတ်ပါ့ အလွမ်းလေးတွေ ဝေနေတယ်

အရေးအသား မိုက်တယ် bro

ရေးတတ်​တယ်​ဗျာ။good bro.

ကျေးဇူးကွီးရေ

Coin Marketplace

STEEM 0.24
TRX 0.12
JST 0.029
BTC 67447.76
ETH 3523.98
USDT 1.00
SBD 3.11