စိတ်​ထွက်​​ပေါက်

in #myanmar6 years ago

image
Credit Photo
လူတစ်ယောက်ရယ် ဖြစ်လာလျှင် စိတ်၏ခံစားမှုနဲ့ ကြုံတွေ့ရလိမ့်မည်----စိတ်သည် လူတစ်ယောက်၏ခံစားမှုအပေါ် အခြေခံထားသည်။ စိတ်ညစ်မှု၊ ဝမ်းနည်းမှု ၊ ပူ​ဆွေးမှု၊ ​ဒေါသဖြစ်​မှု စသည့်​ အမျိုးမျိုး​သော ခံစားချက်​များကို ​ဖော်​ပြ​ပေးသည်​။ စိတ်​သည်​ နားလည်​၇အလွန်​ခက်​​သော အမျိုးစားတစ်​ခုဖြစ်​သည်​။ စိတ်​ခံစားမှု ပြင်းထန်​လျှင်​ လူတစ်​​ယောက်​လုံးကို မတုန်​မလှုပ်​ ငြိမ်​ကျသွား​အောင်​ပင်​ လုပ်​နို​င်​စွမ်းရှိသည်​။
"စိ​တ်​ထွက်​​ပေါက်​ " ဆိုသည့်​ ​ခေါင်းစဉ်​အတိုင်း စိတ်​ညစ်​မှုပြင်းထန်​လာလျှင်​ ထွက်​​ပေါက်​လမ်းတစ်​လမ်း ရှာ​လေ့ရှိသည်​။ စိတ်​ညစ်​မှု ​ပြေ​ပျောက်​​စေ၇န်​ သို့မဟုတ်​ ​ဒေါသ​ပြေ​စေ၇န်​အလို့ငှာ ပထမဆုံးအ​နေဖြင့်​ လူ​တွေနဲ​ဝေး၇ာ ​နေ၇ာတစ်​​နေ၇ာဆီ သွားပြီး စိတ်​​ဒေါသကို​ဖြေသင့့်သည်​။စိတ်​ညစ်​​နေမှုကို ပထမဆုံး​ဖြေနို​င်္င်​မည့်​​နေ၇ာက လူငြိမ်​တိတ်​ဆိတ်​ပီး ​လေ​ကောင်း​လေ့သန့်​ ၇နိုင်​မည့်​ ​နေ​၇ာ​ကောင်းတစ်​ခုလိုအပ်​လိမ့်​မည်​။ စိတ်​ညစ်​မှုကို ထိန်းနိုင်​မှာသာ လူ​တော်​တစ်​​ယောက်​ဖြစ်​​ပေမည်​။တစ်​ချို့လူများသည်​ စိတ်​တိုလာလျှင်​ နီး၇ာလူ​များကို ဆဲဆို ၇ိုက်​နှက်​ ကြိမ်း​မောင်း​လေ့၇ှိသည်​။ ထို့သို့​သော သူများသည်​ကား သူတို့၏ စိတ်​ကို ထိန်းချုပ်​မှုနည်းသည်​ဟု ဆ်ု၇​ပေမည်​။
စိတ်​၏ စွဲလမ်းမှုသည်​ အလွန်​ပင်​​ကြောက်ဖို့ကောင်းသည်။ ဥပမာ ဆေးလိပ်သောက်နှုန်းမှုများခြင်း အရက်သေစာသောက်စားမှုများခြင်းစသည်တို့သည် စိတ်စွဲလမ်းမှုများကြောင့်လည်း တစ်စိတ်တစ်ဒေသက ပါဝင်နေပေသည်။ ထိုအရာများ၌ စိတ်ကိုစွဲလမ်းစေတတ်သော နီကိုဒင်းဓာတ်ပါဝင်သောကြောင့် စွဲလမ်းစေသည်မှာ အမှန်ပင်ဖြစ်သော်ငြားလည်း စိတ်ပိုင်းဆိုင်ရာ ပြတ်သားမှုရှိပါက စွဲလမ်းစေမှုကို လျော့နည်းစေပေမည်။
image
ထို့ကြောင့်စိတ်သည် အမျိုးမျိုးသော ခံစားမှုများ ရှိသည့်အနက် စွဲလမ်းစေမှုသည် လူတစ်ယောက်လုံးကို ပျက်စီးသွားစေနိုင်သည် ။ မည်သို့ပင် စိတ်ခံစားမှု ဖြစ်ပေါ်နေပါစေ မိမိတို့၏ စိတ်ကိုထိန်းချုပ်နိုင်အောင် ကြိုးစားကြသင့်သည်။သို့မှသာ မလိုလားအပ်သော မဖြစ်သင့်သော ပြသာနာများ ရှုပ်ထွေးမှုများ ကိုတားဆီးနိုင်လိမ့်မည်။
ဘယ်လိုအခြေနေ ဘယ်ခံစားမှုကိုပဲ ရောက်နေပါစေ မိမိတို့၏ စိတ်ကို ထိန်းချုပ်နိုင်ပါစေလို့ ဆန္ဒပြုလျက်.........

image

Written by @pyaesone101
MSC - 023

Sort:  

ဟုတ်ပါတယ်ညီရေ လူတိုင်းစိတ်ကို ထန်းချု ပ်သင့်ပါတယ်ဗျ

ဟုတ်တယ်အကိုရေ စိတ်ထိန်းချုပ်နိုင်တာအကောင်းဆုံးပါပဲဗျ

ဟုတ်​ပါတယ်​ရှင်​လူတိုင်းစိတ်​ခံစားချက်​ကိုဦးစားမ​ပေးသင့်​ပါဘူး။emotionကိုထိန်းနိုင်​သမျှထိန်းရပါမယ်​။

received_1455829334545674.jpeg

စိတ်နဲ့ကိုယ်တသားတည်းကျပြီး အပူတွေလည်းကင်းဝေးကြပါစေ

ဟုတ်ကဲ့။မှန်ပါတယ်။စိတ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားကြရပါမယ်။

ထိန်းချုပ်နိုင်အောင် ကြိုးစားကြတာပေါ့ဗျာ

စိတ်ကိုထိမ်းချုပ်သင့်ပါတယ်

ဟုတ်တယ်​ ကို​ကျော်ေ၇

ထိန်းချုပ်​နိုင်​ရင်​​တော့အ​ကောင်းဆုံး​ပေါ့။

ဟုတ်တယ် အကိုရေ လူတိုင်းထိန်းချုပ်သင့်တယ်ဗျို့

ဟုတ်​ကဲ့ထိန်းချုပ်​ပါမယ်

ထိန်းချုပ်​နိုင်​၇င်​အ​ကောင်းဆုံး​ပေါ့ဗျာ

ဟုတ်ကဲ့ပါရှင့်၊ရေးထားတာလေးကောင်းပါတယ်

ကျေးဇူးပါ မမကြီးရေ

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62423.21
ETH 2897.82
USDT 1.00
SBD 3.56