B Pyae နှင့်အလွဲလေးများ

in #myanmar6 years ago

received_953938881454272.gif

စိတ်ညစ်ရတာတွေများလို့  ကိုယ့်ဘာသာပျော်စရာကိုရှာကြံ၍ ပျော်ရသော B Pyae တယောက် အလွဲကြီးလွဲပြီး ပိုစိတ်ညစ်ရသလို အဲ့ဒီအလွဲကိုတွေးမိရင်း ရီလဲရီရ ပျော်လဲပျော်ရပါတယ် ။

ကလေးမြို့က မှာလိုက်တဲ့သစ်ခွပန်း ( ဒေသထွက် ) တွေကို လွန်ခဲ့တဲ့၃ရက်လောက်က လာပို့ တော့ ပျိုးချင်တဲ့စိတ်ကမရှိတော့ ပစ်ထားလိုက်တာ စိတ်ကတိုတိုနဲ့ သစ်ခွအမြစ်တွေကို ရေမြုပ်အောင် ခွက်ထဲစိမ်ထားလိုက်တာ တမင်သေအောင်ဆိုပြီးပေါ့ ။

received_915919948587856.jpeg

သစ်ခွပင်အများစုက ရေအဲ့လိုစိမ်ရင် သေတာချည်းပါ ။ ဒီကြားထဲမိုးကရွာတော့ ပိုဆိုးပေါ့ ။ ဒီနေ့ ကျ စိတ်လေးနဲနဲပြေလို့  သေပီလားဆိုပြီး နှမြောစိတ်နဲ့ကြည့်မိတာ အမလေး မသေတဲ့အပြင် အဖူးတွေပါထွက်နေတာ အတော်အံ့ဘြစရာပါ ။ ဒီလိုအလွဲကလည်း ဖြစ်တတ်ပါတယ်လေနော့ ။

နောက်အလွဲကလဲ ရီစရာပါ ။ B Pyae မှာဖုန်း ၃ကဒ်ရှိတော့ အိမ်က wifi လေးကလဲသုံးရတာအဆင်ပြေနေလေတော့ ဖုန်းကဒ် ၂ခုကိုပိတ်ထားလိုက်မိပါတယ် ။ တကဒ်ကတော့ အရေးကြီးကိစ္စအတွက် လူသိများတာလေးချန်ထားပြီး ဖုန်းဖွင့်ထားတာပေါ့ ။

အကြွေးဆပ်မယ့်သူက ဖုန်းဆက်တာ ပိတ်ထားတဲ့ ဖုန်း၂လုံးကိုခေါ်ပြီး ခေါ်မရတာနဲ့ အကြွေးမဆပ်ဖဲ လာရာလမ်းပြန်လှည့်သွားသတဲ့ ။ ဖွင့်ထားတဲ့ဖုန်းကျမဆက်မိဘူးဆိုတော့ အကြွေးမရလိုက်တော့ဘူး ဒီတခါလည်း လွဲပြန်ပီပေါ့ ။

3160749_S.png

crd image source

နောက်ထပ်အလွဲကတော့ စိတ်ထဲမကောင်းဘူး ။ ပြန်တွေးကြည့်တော့လဲ မပျော်ဘူး ။ မပျော်တဲ့အပြင် ဒေါသတွေအလိပ်လိုက်ထွက်တယ်ဆို ။ B Pyae တနေကုန် မိုးကရွာနေတော့ ပျင်းတာနဲ့ A8 ဆော့တာပေါ့ ။ ဒိုင်အလှည့်ကို တနာရီကျော်ကြာအောင်စောင့်ရတယ် ။

B Pyae ဒိုင်အလှည့် ဒီလိုနဲ့ရောက်လာပါရော ။ ပိုက်ဆံလေးတည်ပြီး ဖဲချပ်လေးဝေနေတုန်း လိုင်းကျပြီး ပြန်ထွက်သွားတယ် ။ ဘယ်ဝိုင်းလဲကမမှတ်မိတော့ ပြန်ဝင်ပြီးရှာတော့လဲမတွေ့ ။ ပိုက်ဆံတွေကုန်နေပြီလား ဒါမဟုတ် ဒိုင်မှာပုံလို့  warning ခေါ်နေပြီလား စိတ်တွေပူပြီး တွေးမိရင် ခနစောင့်နေလိုက်တာပေါ့ ။ ထုံးစံအတိုင်း တည်ထားတဲ့ unit 4000 ပြောင်သလင်းခါပါလေရော ။

eecf24a48fcfc520b6baea8992a567b3.jpg

crd image source

B Pyae လို အလွဲလေးတွေလဲ ရှိတတ်ကြမယ်လို့ ထင်ပါတယ် ။ တခါတလေ ဒီအလွဲတွေဟာ ကိုယ့်အတွက်ရီစရာအဖြစ်ဖန်တီးပေးတတ်လို့  ပျော်ရသလို ဝမ်းနည်းဒေါသဖြစ်စရာတွေကို ဖန်တီးပေးနိုင်ပါတယ် ။

@pyaesonekhinkhin

MSC 021

Sort:  

A8လည်း ကျွမ်းတယ်ပေါ့
အစ်ကိုတော့ဆော့တက်ဘူး😁😁
အခုလိုလိုင်းကျနေရင်ကုန်မယ်ထင်တယ်
သစ်ခွပန်းက ရေနစ်လို့မသေပေမယ့်
ဖဲကစားတာကျ လိုင်းကျတော့သေရော😂😂😂

မျက်ရည်တွေ ထန်းသီးလုံးလောက်ကျတာပေါ့ ဗြဲ
ရက်ချက်တယ် A8 ရယ်

အင်း steemitလည်း အရက်ချက်တယ် ဈေးတေတက်လို့မူးနေပီ😂😂😂

လုပ်ပြန်ပီ A8

တခါထဲဘာ ဖီသက်ကပြန်ယူသွားပီလေ သူ့ အကောင့်ခနတောင်းဆော့တာပါဟက်

ဟာ ဆာမ ဒိုးခပေါ့ အ့ဆို

မဟာဒိုးခ :(

အ​ကြွေး​ပေးမည့်​သူဖုန်းမှ ပိတ်​ထားမိရတယ်​😂

ဟုပအေ နာလိုက်တာ ခ်ခ်

ငါများလား

ဟုလောက်မယ်

ဟားဟား လွဲလဲ လွဲတတ်ပလေ ငပြည့်ရာ။ ဒီလိုပါပဲ တစ်ခါတစ်လေ လောကကြီးက ပျော်အောင်စတတ်တယ်။ လွဲလေကောင်းလေသာမှတ်ထားလိုက်။

ဟုကဲ့ ဒီလိုဘဲမှတ်လိုက်ပါတယ်
လွဲရင်လွဲတယ်ပေါ့လေနော့

ဘယ်ကအကြွေးဆပ်မယ့်သူများပါလိမ့်

မာမီမသိတဲ့သူပါ :P

လွဲလွဲလေးဘဲကောင်းပါတယ်

ကောင်းချင်လဲကောင်း
မကောင်းချင်လဲကောင်းကွာ ခ်ခ်

ဟုတ်ပါတေ လွဲလွဲလေးပဲကောင်းပါတေ ဟိဟိ😂😂😂

ဟဟ ချစ်ဆုံးပြောင်ပါနက်အေ

အကြွေးပေးမယ့်သူကလည်း သစ္စာရှိတယ်နော် သတင်းလေးဘာလေးတောင် ဝင်မမေးဘူး

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64344.02
ETH 3142.36
USDT 1.00
SBD 4.01