မေမေ ……

in #myanmar5 years ago (edited)

မိုးတဖွဲဖွဲကျပြီး ရပ်လိုက်ရွာလိုက် ရွာလိုက် ပြန်ရပ်လိုက်နဲ့ ၂ရက်ရှိပြီ ……

အရင်အတူနေစဉ်က ခုလို မိုးဖွဲဖွဲကျနေချိန်မှာ " သမီးရေ … ဘဲဥနဲ့မန်ချည်းသီးချက်ပြီး ငရုပ်သီးထောင်းမယ် ။ မိုးကလဲတဖွဲဖွဲဆိုတော့ ရွာကို သတိရလွန်းလို့ ကန်စွန်းရွက်ကြော်မယ် " လို့  ပြောခဲ့တာ မှတ်မိပါသေးတယ် ။

စားချင်စိတ်ရှိပေမယ့် အခုတော့ ဝေးနေခဲ့လို့  သတိတရရှိရုံမှ မေမေ့လက်ရာနဲ့ဝေးခဲ့တာ ကြာခဲ့ပြီပေါ့ ။

လွမ်းတယ်မေမေ ……
မိုးမရွာလဲ လွမ်းတယ် ……
မိုးရွာလဲလွမ်းတယ် ……
အဆင်မပြေချိန်တွေဆို ပိုလို့တောင်လွမ်းမိပါတယ် ……
အဆင်ပြေတော့ရော မေ့နေလားလို့  မမေးပါနဲ့မေမေ ……
အချိန်တိုင်း လွမ်းနေပါတယ် ………

မိုးကျရင် မေမေညည်းတတ်တဲ့ တမ်းချင်းလေးတွေအပါအဝင် အားလုံးကို ပြန်ကြားမိနေပါတယ် ……

မေမေကျန်းမာပြီး စိတ်ချမ်းသာပါစေလို့  ဆုတောင်းပေးရုံသာ တတ်နိုင်သေးတဲ့အတွက် ဝမ်းနည်းရင်း ထပ်လွမ်းမိလာပြီမေမေရယ် ……

08c14de9d855371feab2caa5a85114d5.jpg

photo credit to facebook

@pyaesonekhinkhin

Sort:  

😢

‌နေ‌ကောင်းလား ညီမ၊သတိရပါတယ်‌ညီမ‌ရေ၊

ဟုတ်အကို me too bro
5tin !

Where are u now sis?
How are u?

at My Dad's home bro.
I'm fine and TQ .
I miss all of my brothers & sisters .

ဘယ်နေရာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် မေမေ့ကိုလွမ်းသည်ပေါ့.....

လွမ်းတာပေါ့ဗျာ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 63282.43
ETH 3083.92
USDT 1.00
SBD 3.85