Ocean သို့  …

in #myanmar6 years ago

ပူလွန်းလို့  အေးရာအေးကြောင်းရှာရတာပေါ့လေ ။

received_222371155011369.jpeg

မီးကပုံမှန်မလာ epc ကိုဖုန်းဆက်မေးတိုင်းက " ဟိုနားကထရန်စဖော်ကဘာဖြစ်လို့ ပြင်နေလို့ ပါခင်ဗျာ " တဲ့ ။

ကိုယ်ကလဲ ယဉ်ယဉ်ကျေးလေးဘဲ " အော် …… ဟုတ်ကဲ့ ဟုတ်ကဲ့ရှင့် " ပေါ့ ဖြေပြီး ဖုန်းချလိုက်တယ် ။

နောက် ၁၀မိနစ်နေတော့ မီးပြန်လာတယ် ။ မန်းလေးထုံးစံအတိုင်း မီးပျက်တာကြုံရတာများတော့ မီးက ဖျက်ကနဲများလာလိုက်ရင် ဟေး …… လို့  ထုံးစံမပျက်ထအော်ရတာ ။ ကိုယ့်စိတ်ထဲကလဲ epc ကလူတွေ ထရန်စဖော်မာပြင်တာ တော်လှချည်လားဆိုပြီး ကျေးဇူးတင်ရသေးတာ ။

ထအော်ပြီး အပြေးအလွှားအခန်းထဲက aircon လေးဖွင့်ပြီး ဖုန်းလေးထုတ်ပြီး လိုင်းလေးသုံးမယ်ပြင်ကာရှိသေး ပြန်ပျက်သွားပြန်ရော ။ ဒုက္ခပါဘဲနော် မီးပြန်လာတာမှ ၁၅မိနစ်မရှိသေးဘူး အခုထပ်ပျက်ပြီ ။

epc ကိုဖုန်းဆက်တာကလဲ သိပ်မကြာသေးတော့ မေးရမှာအားနာမိတယ် ။ ထရန်စဖော်မာပြန်ပျက်ပြီ စိတ်ထဲထင်ရင်း မီးအလာကို စောင့်နေလိုက်တော့တယ် ။

နာရီဝက်လောက်အကြာမှာ မီးပြန်လာတယ် ။ အပြေးအလွှားပေါ့ ထုံးစံအတိုင်း ကိုယ့်အခန်းကိုယ်ပြေးပြီး ဖွင့်ပြန်ရော ။ တကယ်တော်တဲ့ epc တွေဘဲ ခနလေးနဲ့ပြင်နိုင်တယ် ။

အပူရှိန်ကြောင့် အခန်းက တော်တော်နဲ့မအေးဘူး ။ အရှိန်ယူပြီး အေးမယ်ရှိသေး နာရီဝက်လောက်ကြာတော့ တခါထပ်ပျက်ပြန်ရော ။ " ဟင် " တလုံးထဲ ပြောပြီး ဘာမှမပြောလိုတော့ပါ ။

ပျက်နိုင်လွန်းတဲ့ ထရန်စဖော်မာရယ် ပြင်နိုင်လွန်းတဲ့ epc တို့ ကို သတိထားမိလာပြီး မဖြစ်တော့ဘူးတွေးပြီး မီးဘယ်လောက်ပျက်ပျက် အရေးမစိုက် အမြဲအေးနေတဲ့ Ocean Market မှာ အအေးထိုင်သောက်ရင်း ၂နာရီလောက်ထိုင်နေတော့မယ်လေ ။

ဒီလိုနဲ့ လိုက်ချင်တဲ့သူလာကြ Ocean သွားမယ် ။ အအေးဝယ်တိုက်ရမယ်လို့  ဟစ်လိုက်တာ မောင်ဝမ်းကွဲတွေက ၂ခါမခေါ်ရဘူး အိုကေသွားတယ်လေ ။

B Pyae တို့  Ocean မှာ အေးရာအေးကြောင်းရှာပြီး အအေးသောက်နေပြီလေ ။

received_222371395011345.jpeg

@pyaesonekhinkhin

MSC 021

Sort:  

ပြန်လာရင် ဟိုနာဒီနာပြောကြည့်

ဆေးလူးပေးအုံးမလို့ လားဟမ်

ခိခိ ဟုတ်မှာ

ခိခိ ဟုတ်မှာ

နိဘယ်နှစ်ခါမန့်နာလားဟမ်

ငမ့် လူကြီးတေနဲ့တော့ခက်ပီ

အာ့နဲ့ပိုစ့်တင်ပြီးအအေးဖိုးပြန်ရှာတယ်ဆိုပါတော့ 😄

ဘယ်လို ဘယ်လို ကျန်ကျောလက်ချမ်းဘာအဖိုးကြီး

ဟွင့်နော် ခီးနေတာဗျ

ဟဲ့ပလုတ်တုတ်..ကလိုဘေးကြီး မုန့်ညာတီး...အပြုံးတဝေေ၀..ကလေးတွေငို သေးတွေဆို ကလိုဘေးကြီး စိတ်တွေတို...ကလေးတွေဘေး သေးတွေဆေး ..ဟယ်ငါဘာတွေမန့်မိပါလိမ့်။

ဟားးး ဒီခလိန်းတွေက သေးပေါက်တော့ဘူးလေ

အအေးတိုက်မယ်ဆို မှတော့ လိုက်ပီပေါ့လို့ 😋😋

အေ့လေ အေ့လေနော့

ရန်ကုန်ကပိုပူမာပေါ့။ ဘာအံလည်းအတော်ပူတယ်

ဘားအံမှာအေးရမှာကို ပူတယ်လား

ကလေးဗိုလ်ကြီးပေါ့

ကလေးဗိုလ်လုပ်ရတာ မုန့် စားရတယ်အကို ခ်ခ်

ဟေး....မီးလာတာနဲ့အော်သံများ...
ဟေ....မီးပျက်သွားပီ။
ဟေ့...E.P.C သို့..ဆဲသံများ...။

ဟီးး ဟုတ်တယ်အန်တီရေ

အကြံပိုင်​ချက်​😂

ဟီး ကွီးအောင်နည်းသိသွားပီ

မီးကတော့မိုးရိပ်မြင်တာနဲ့ပျက်တာပဲ ညီမလေးရေ😂😂

ဟုပအေ အီးတောင်ကျယ်ကျယ်မျပါက်ရဲပု လေတိုက်တယ်ထင်ပီး ပျက်နေမာစိုးလို့  ခ်ခ်

အုပ်စုတောင့်တေ.. 😂😂😂😂

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63960.62
ETH 3142.95
USDT 1.00
SBD 3.95