ပြည်မြန်မာ သာယာပါစေတော့ရယ်လို့

in #myanmar2 years ago

မြန်မာပြည်ကို ဖေဖဝါရီလ(၁)ရက်နေ့က စပြီးတော့ စစ်တပ်က မတရားအာဏာ သိမ်းပြီးကတည်းက ယခုအချိန်အထိ ဘယ်လိုစာ ဘယ်လိုကဗျာတွေကိုမှ မရေးဖြစ်တာ ကြာပါပြီ။ ငါတို့ချစ်တဲ့ မြန်မာပြည်ကြီး အထွေထွေပျက်သုဉ်းနေရတာ တစ်နှစ်တောင် ပြည့်တော့မယ်။ ပေးလိုက်ရတဲ့ ပြည်သူတွေရဲ့အသက်တွေလည်း အလွန်ကို များပြားနေပါပြီ။
မြန်မာပြည်မှာနေပြီးတော့ ဗုဒ္ဓဘာသာဖြစ်ရတာ အလွန်ကံကောင်းတယ်ဆိုတဲ့ လူတွေက တိုင်းပြည်ကို အမှောင်ထဲ ဆွဲသွင်းနေချိန်မှာ လောကပါလ တရားတွေလည်း အလိုလို ပျက်စီးသွားပါပြီ။ မြန်မာပြည်မှာ လောကပါလတရားတွေကို မရနိုင်လောက်တော့အောင် အလွန်ကို ရှားပါးသွားပြီ။
တိုင်းပြည်နဲ့လူမျိုးအတွက်ဆိုတဲ့ အတ္တသမားတွေက ရှေ့ကပြောတော့တစ်မျိုး နောက်မှာလုပ်တော့တစ်မျိုးနဲ့ ဇာတ်တူသား စားကြတဲ့ သီအိုရီလိုပဲ ကိုယ့်လူမျိုးကို ကိုယ်ပြန်သတ်နေကြပါပြီ။ နောက်ပြီးတော့ အမျိုးဘာသာ သာသနာအတွက်ဆို ငါတို့အရိုး စည်းရိုးထိုးမယ်ဆိုတဲ့ကောင်တွေကလည်း ဘာသာရေးကို ခုတုံးလုပ်ပြီးတော့ လူသတ်နေကြပါပြီ။
မြန်မာပြည်သည်ကား အလွန်ကြောက်မက်ဖွယ်ကောင်းသော လူသတ်ကွင်း ဖြစ်ခဲ့လေပြီ။ မြန်မာပြည်သူ လူထုသည်ကား သားငှက် တိရစ္ဆာန်လေးတွေကဲ့သို့ လွယ်လင့်တကူ သတ်ဖြတ်ခံနေရပါပြီ။
အို-------- လောကကိုစောင့်ရှောက်ကြကုန်သော လောကပါလနတ်မင်းများတို့ သင်တို့သည် ဤသို့သော အခြင်းအရာကို မမြင်လေသလား မကြားလေသလား။ မကောင်းမှုဒုစရိုက်များစွာကို ကျူးလွန်နေသောထိုသူတို့သည် သင်တို့၏ ဆွေမျိုးပေလား။ မကောင်းမှုပြုသော သူများသည် မပျက်စီးတော့လေသလား။ သင်တို့၏ လောကကို စောင့်ရှောက်ပုံသည် အဘယ်ကဲ့သို့နည်း။ မြန်မာပြည် သာယာပါစေတော့ရယ်လို့ သင်တို့ မတတ်စွမ်းနိုင်တော့ပြီလား။
IMG20200813182526.jpg

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 65852.33
ETH 2958.72
USDT 1.00
SBD 3.73