အရိပ်
in #myanmar6 years ago
Steemit အဖွဲ့ဝင်​အားလုံးမင်္ဂလာပါဗျ........
ပြောပြချင်​တဲ့ အ​ကြောင်းအရာ​လေးတစ်​ခု ကျွန်​​တော့်သူငယ်​ချင်း Tour guideအလုပ်​လုပ်​​နေတဲ့သူတစ်​​ယောက်​ဖြစ်​ပျက်​ခဲ့တဲ့ အ​ကြောင်း​လေးပါ......မြန်​မာနိုင်​ငံဟာ နိုင်​ငံခြား သား​တွေရဲ့ စိတ်​ဝင်​စားမှု လာ​ရောက်​လည်​ပတ်​မှုမှာ အလွန်​တရာများပြားလှပါတယ်​........
ဒေသတစ်​ခုရဲ့ အ​ကြောင်းအရာ အ​သေးစိတ်​ကို လာ​ရောက်​လည်​ပတ်​တဲ့နိုင်​ငံခြားသား များကိုရှင်းပြခြင်းဖြင့်​ နိုင်​ငံခြားဝင်​​ငွေအပြင်​ နိုင်​ငံရဲ့ သမိုင်း​ကြောင်းကိုထိန်းသိမ်း ထားနိုင်​တဲ့တာဝန်​တစ်​ခုဖြစ်​​စေပါတယ်​......အ​ဖြစ်​ပျက်​​လေးက​တော့ ​ဖောင်​​တော်​ဦး အင်း​လေးလို့ လူသိများတဲ့ အင်း​လေးကန်​မှာ ဖြစ်​ပျက်​ခဲ့အ​ကြောင်းအရာ​လေးပါ.......တစ်​ရက်​ကျွန်​​တော့်​သူငယ်​ချင်း စိုင်းစံကသူ့ပုံမှန်​လုပ်​​နေကြ နိုင်​ငံခြား သားguideမှာ ​ဌာနမှာ အလုပ်​ဆင်းရင်း ဌာနကို အ​မေရိက စုံတွဲတစ်​တစ်​တွဲ စကားပြန်​လာဌားတယ်​​ပေါ့ဗျာ.....
image
ဘုရားဖူး ခြင်းနဲ့ ​ဒေသ​တွေသွား​ရောက်​လည်​ပတ်​ရင်း guide ​ကြေးက​ဒေါ်လာနဲ့ရ​တော့ ဝင်​​ငွေကမနည်းလှ.......အင်း​လေး​ဒေသရဲ့ ဘုရားတင်​မဟုတ်​ပဲ ​နေရာအနံ့လည်​ပတ်​ပြီး အဲ့​ဒေသရဲ့ အ​သေးစိတ်​ကိုရှင်းပြဖို့ ကျွန်​​တော်​သူငယ်​ချင်းစိုင်းစံကိုဌားခဲ့တယ်​.......ကျွန်​​တော့သူငယ်​ချင်းလဲပုံမှန်​လုပ်​ရိုးစဉ်​အတိုင်း ဘုရားနဲ့ အထင်​ကရ​နေရာ​တွေ လိုက်​ပို့ပြီး ည​နေ​နေဝင်​ရီတ​ရောအချိန်​မှာ ရက်​ကန်း ခက်​တဲ့​နေရာအဝင်​မှာစဖြစ်​တာပါ.....ရက်​ကန်းစင်​က ​​လှေစီးပြီး​မြေသားအနည်းငယ်​ရှိတဲ့ ​နေရာကိုဝင်​သွားရ​တော့ စိုင်းစံက​ရှေ့ကလမ်းပြ​ခေါ်သွားတာ​ပေါ့.......လမ်းခုလတ်​က ချုံခို လို့​ကောင်းတဲ့ ​နေရာအပြင်​ ချုံနွယ်​ပိတ်​​ပေါင်း​တွေက လူတစ်​ရပ်​မကထူထပ်​​နေတဲ့​နေရာ ​ပေါ့.......အ​မေရိကစုံတွဲက နတ်​ကွန်းတစ်​ခုအပျက်​ကို ဓာတ်​ပုံရိုတ်​ရင်း ကျန်​ခဲ့တာကိုစိုင်းစံသတိမထားမိလိုက်​​ပေ.......
တိုတို​ပြောရရင်​ သူတို့လည်းနားလည်​ပုံ​မရ....
ဓာတ်​ပုံရိုတ်​ရင်း သူတို့ ဓ​လေ့အရနမ်း တာဘာ​တွေလုပ်​မိတယ်​​ပေါ့.......စိုင်းစံပြန်​​ခေါ်​တော့ သူတို့နှစ်​​ယောက်​ တစ်​​ယောက်​ကိုတစ်​​ယောက်​ ညားစလင်​မယား​ဆို​တော့ နမ်းရှုံ့​နေတာ​တွေ့ ​တော့တားမိတာကို စိုင်းစံကို ထပ်​မဌား​တော့​ကြောင်း ရိုင်းပျတဲ့ စကားလုံး​တွေနဲ့ အ​မေရိကသားက ဆဲဆိုပါ​သွား​သေးတယ်​ဆိုပဲ.......စိုင်းစံလည်းတက်​နိုင်​သမျှ ရှင်းပြတာ​ပေါ့ ခုလိုအရပ်​​ဒေသ​နေရာမှာ မဖွယ်​မရာမလုပ်​သင့်​​ကြောင်း​ပေါ့......ထိုအရာကို သူတို့ လက်​မခံခဲ့ကြ.......
image
အဲကိစ္စပြသနာတက်​ပြီး နှစ်​ရက်​​လောက်​အကြာ​တော့ နိုင်​ငံခြား guideဌာနကို ဖုန်းဝင်​လာပါတယ်​........အ​မေရိက ကစုံတွဲနှစ်​ဦး မ​ကောင်းဆိုးဝါးအ​ကောင်​တစ်​​ကောင်​က ညတိုင်း​ခြောက်​လှန့်​​နေ​ကြောင်း နဲ့ ကူညီ​ဖြေရှင်း​ပေးဖို့​ပေါ့......စိုင်းစံကိုလည်း​တောင်းပန်​စကားပြန်​​ပြောပါတယ်​....သူတို့တည်းတဲ့ Hotelကိုစိုင်းစံ​ရောက်​​တော့နှစ်​​ယောက်​လုံးက ​ကြောက်​လန့်​​နေတဲ့ပုံပင်​....စိုင်းစံ​ရောက်​​ရောက်​ခြင်း ဒူး​ထောက်​မတက်​ ​ကြောက်​လန့်​ပြီး ​ပြောပြ​နေတယ်​ ညဖက်​ ​ရေချိုးခန်းထဲမှာ တက်​​ခေါက်​သံ​တွေ.....နံရံမျက်​နှာကြပ်​​တွေ​ပေါ်မှာ တီးတိုးစကား​ပြောသံ​တွေနဲ့ တစ်​​ယောက်​ထဲရှိ​နေချိန်​ဆို အရိပ်​​တွေဖြတ်​​ပြေးတာ​တွေအကုန်​​ပြောပြရင်း အ​မေရိကအမျိုးသမီးက​တော့ ငိုယိုလျက်​.......
Hotelဝန်​ထမ်း​တွေလည်း သရဲ​ခြောက်​တယ်​အထင်​နဲ့ အခန်း​တွေ​ပြောင်း​ပေးခဲ့​သော်​လည်း အခန်းတိုင်း အရိပ်​​တွေ ထိုကဲ့သို့ပဲကြုံ​နေရတယ်​....
သရဲတ​စ္တေနဲ့ပတ်​သတ်​တဲ့ အ​နှောက်​ယှက်​များ ကြုံ ​နေရတယ်​ထင်​နဲ့ ပရိပ်​ကြိုး နဲ့ အခြားအန္တာယ်​ကင်း ပစ္စည်းများလုပ်​​ပေး​သော်​လည်း အ​နှောက်​ယှက်​က​ပျောက်​မသွား.......အဲညတစ်​ည စိုင်းစံညအိပ်​​စောင့်​ကြည့်​ဖို့်​ အိပ်​​စောင့်​ခဲ့တယ်​......
ကြာကြာမ​စောင့်​လိုက်​ရပါဘူး......​ရေချိုးခန်း ထဲက​နေတက်​​ခေါက်​သံ အကြီးကြီး ကြားလိုက်​ရတယ်​...... မျက်​နှာကြပ်​​တွေ​ပေါ်ကလဲ့ လူ​တွေတစ်​ဦးနဲ့တစ်​ဦးတီးတိုးစကား​ပြောသံ​တွေ.......
ဟို အ​မေရိကသားက လင်​မယားက​တော့ လန့်​​နေကြပြီ........အချိန်​ကည ၉နာရီ​ကျော်​​ကျော်​သာရှိ​သေးတယ်​.......ခန်းစီးလိုက်​ကာ​နောက်​​တွေက​နေ အရိပ်​​တွေလိုလို အခန်းကအလုံဖြစ်​​နေ​သော်​လည်း ​လေစိမ်း​အေး​အေး​တွေတိုက်​​နေသလို......အချို့​သောပစ္စည်း​တွေကလည်းတိုက်​မချပဲပြုတ်​ကျသံ​တွေနဲ့.....​ကျောချမ်းစရာပင်​ဒါ​တောင်​အခန်းထဲလူ၃​ယောက်​ထိုင်​​နေတာ.......
image
ဘုရားစာရွတ်​ဖက်​​သော်​လည်း ရွတ်​ဖက်​စဉ်​ငြိမ်​​နေ​ပေမဲ့ ဘုရားစာဆုံးတာနဲ့ ဆက်​​သောင်းကျန်း​နေဆဲ........​နောက်​​နေ့​တော့တက်​နားလည်​တဲ့ ဆရာ​တွေနား​မေးကြည့်​​တော့ လာ​နှောက်​ယှက်​​နေတာမ​ကောင်းဆိုးဝါးမဟုတ်​ပဲ နတ်​​ကောင်း​တွေဆိုပဲ.....သူတို့်​မ​ကျေနပ်​တာတစ်​ခုခုရှိလို့ လုပ်​​နေကြခြင်းဖြစ်​​ကြောင်းသိရ​တော့မှ သူတို့ အမှားကို​သိ​တော့တယ်​ .......နတ်​ကွန်းအပျက်​နားကို ဆိုင်​ရာပိုင်​ရာ​တွေနဲ့ ပင့်​ပြီး ​တောင်းပန်​​တော့မှ ​နောက်​ရက်​​တွေဘာသံမှမကြားရ​တော့......အရိပ်​​တွေ လည်းမ​တွေ့ရ​တော့.......
ဒါ​ကြောင့်​​နေရာ​ဒေသအလိုက်​ ဆန္ဒအရာကိုသိက္ခာနဲ့ထိန်းပြီး ထိန်းထိန်းသိမ်းသိမ်း ​နေတက်​​စေဖို့တင်​ပြလိုက်​ရပါတယ်​......သိက္ခာမထိန်းလို့ အသက်​​တောင်​​ပျောက်​တဲ့ အ​ကြောင်းကို​နောက်​တစ်​ပတ်​တင်​​ပေးပါ့မယ်​.......
စကားချပ်​။ ။သူငယ်​ချင်းတစ်​​ယောက်​၏အဖြစ်​ပျက်​ကိုပြန်​လည်​​ရေးသား​ဖော်​ပြ​ပေးခြင်းဖြစ်​ပါသည်​။မည်​သူတစ်​ဦးတစ်​​ယောက်​ကိုမျှ​ရည်​ညွှန်းခြင်းမရှိ​ကြောင်း ကြိုတင်​အသိ​ပေးအပ်​ပါသည်​။မမြင်​အပ်​မြင်​အပ်​သတ္တဝါ​အ​ပေါင်း ​မေတ္တာပို့သအပ်​ပါသည်​။
                             @saihack
                       MSC No.152
Photos crd source-
Sort:  
အတွေ့အကြုံ ကုန်ကြမ်းတွေ စုံတာပဲ
ဟုတ်​​လေ့လာ​မေးမြန်းထား​တာ​လေး​တွေပါဗျ
နာနာဘာဝ ဝိနာဘာဝ အတွေ့အကြုံ တော်တော်ပေါပေတာကိုး
စုံစမ်းတာပါအကို​ရေ ကိယ်​တိုင်​ကိုကျမ​တွေ့ဖူး​သေးပါ😂😂😂
ဒါတွေက..မယုံကြည်လို့မရဘူးကွယ့်။တချို့ကထင်နေတာက၊ငါကသရဏဂုဏ်ဆောက်တည်ထားတာဘဲ၊ဘုရားတရားမြဲတာဘဲ..ဘာညာပေါ့။သိရမှာက..ကိုယ်က..အချိန်ပြည့်တရားအားထုတ်နေတဲ့ပုဂ္ဂိုလ်မဟုတ်ဖူး။တရားသိတယ်
တရားရှိတယ်ဆိုပေမဲ့လည်း၊အချိန်ပြည့်စိတ်ကစဉ်ကြယ်နေတာမဟုတ်ဖူး။လောဘ၊ဒေါသ၊မောဟကိုမပယ်သတ်နိုင်သေးဖူး။နောက်တခုက..ဘယ်သူမဆို၊ပရလောကမှာလည်း၊သူနေရာနဲ့သူပိုင်ဆိုင်မူ့ဆိုတာရှိတယ်။ဒါကိုသိပီး..နားလည်ပီး..Respectဆိုတဲ့..လေးစားသမူ့၊နေရာထားမူ့ဆိုတာလုပ်ရင်၊အားလုံးအဆင်ပြေတယ်။
ဟုတ်​မှန်​ပါတယ်​​နေရ​ဒေသလိုက်​ပြီ​နေသင့်​ထိုင်​သင့်​တာ​ကောင်းဆုံးပါ
တကယ့်အဖြစ်အပျက်လား။
ဒါ​ပေါ့ ကို​ထွေးရ
အင်း ဒါမျိုးဆိုတာ မယုံလို့မရဘူးဗျ
ရှိတာ​ပေါ့ဗျာ
ညီ.. ​ ​​  ​​​​​​​... ​​​​​...
Sorry bro​ရေးတဲ့စာ​တွေerrorတက်​​နေတယ်​ မမြင်​ရဘူးဗျ
နေ့ဘက်ဖတ်တာကိုပဲညဘက်အိပ်မက်တွေတောင်မက်ဖြစ်တယ်ဗျာ
ဟိ စွဲလမ်းသွားတာ​နေမယ်
သူ့နေရာနဲ့သူ ဆောင်သင့်တာဆောင် ရှောင်သင့်တာရှောင်ရမှာပေါ့ ဟုတ်လား ညီလေးရေ
ဒါ​ပေါ့ကိုမိုး​နေရ​ဒေသလိုက်​ပြီ​နေသင့်​ထိုင်​သင့်​သ​နေတာ​​ကောင်းဆုံးပါဗျ
မှတ်လောက်သားလောက်ဖြစ်သွားတာပေါ့
အာ့လိုဖြစ်မှလဲမှတ်မှာ
ဟဟ​နောက်​လာရဲ​တော့ပါ့မလား
မလာရဲလောက်တော့ဖူး မှတ်ကရော
တကယ်လည်းရေးနိုင်ပါတယ်ဗျာ
ဟုတ်​ကဲ့ဖက်​​ပေးလို့​ကျေးဇူးပါ
Coin Marketplace
STEEM 0.30
TRX 0.11
JST 0.033
BTC 64243.42
ETH 3152.93
USDT 1.00
SBD 4.28