အခြားတစ်ဖက်၌ အပိုင်း(၂)the other side

in #myanmar6 years ago (edited)

နာကျင်အထိတွေ့မရှိတဲ့ ဘဝခြားကိုရောက်နေပြီဆိုတာ သိပေသော်ညားလည်းလက်မခံခြင်ခဲ့......ခုလိုဖြစ်သွားတော့ မိဘတွေနဲ့တောင် နှုတ်ဆက်ခွင့်မရ....ပြီးတော့လမ်းလယ်ကြီးမှာ အဝေးပြေးတစ်နေရာပဲ.......မိဘတွေရဲ့အဝေးမှာ လာနေပြီး ဘယ်လိုသေ သွားလည်းစဉ်းစားမရ TAXIနဲ့ဘာလို့အဝေးပြေးထိရောက်လာလဲစဉ်းစားလေ ခေါင်းတစ်ခုလုံးပေါက်ထွက်မတက်ခံစားရတယ်.....ဘာဆိုဘာမှမမှတ်မိ.....

အချိန်ကာလ ရယ်ဘယ်သို့ဘယ်ဆီကြာသွားသည်မသိ အဝေးပြေးလမ်းဘေးနားမှနေနေရစမြဲ အစားအ​သောက်​ လည်းမစားရတာကြာလေရော.....ထူးထူးခြားခြား ဆာလောင်တာလဲသိပ်မရှိ....ခေါင်းထဲတွေးမိသည့်ကား ရှမ်းပြည်ကမိဘတွေဆီပြန်နှုတ်ဆက်မယ်ဆိုတဲ့အစွဲတစ်ခုပင်......
image
ဒီတိုင်းထွက်သွားလို့မရနိုင် အပင်ကြီးကိုလည်းစောင့်ကြပ်ရသေးလေတော့.....စောင့်ရင်း တစ်နှစ်ပင်ပြည့်နီးနီး ဒီဇင်ဘာကုန်လောက်မှာ Expressတစ်စီး ကားလာပျက်တာနဲ့ ရယ် ကားရဲ့ဆိုင်ရာပိုင်ရာတွေကိုခွင့်တောင်းပြီ ကားနဲ့ ရှမ်းပြည်တောင်ပိုင်းကိုလိုက်ခဲ့ရော.....(သရဲသာဖြစ်တာ တယ်လီပေါ့တယ်မသုံးတက်).....အကြောင်းကတော့ နယ်မြေသတ်မှတ်ချက်တွေမှာဆိုင်ရာပိုင်ရာ အစောင့်ရှောက်တွေကို ဖုံးကွယ်သွားနိုင်ဖို့ ပါ.....

အရေးထဲကအရာဝင် ဘွားတော်တစ်ယောက်က သူနားသွားရပ်နေမိတာကို စိတ်မသန့်လို့နဲ့တူတယ် ပွစိပွစိနဲ့ ဘုရားစာတွေရွတ်လွတ်တာ ကားပေါ်ကလွင့်မကျရုံတစ်မယ်ဆွဲထားရတယ်......သရဲဘဝကလဲမလွယ်ပါလား.....တစ်ညလုံးမတ်တပ်ကားစီးပြီး မနက်ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့ အဝင်အေးသာယာမှာကားရပ်တော့ တောင်ပေါ်တက်ပြီး အဖေတို့အမေတို့အိမ်သွားဖို့က အခက်တွေ့ပြန်ရော.....တောင်ပေါ်လမ်းက နတ်ကောင်းဒေဝါတွေ သီတင်းသုံးပျော်မွှေ့တဲ့အဲပြင်တောတောင် ရာသီဥတု ကောင်းတော့ နတ်ကောင်းနတ်မြတ်တွေက အတော်များတော့ တောင်ပေါ်တက်ဖို့ လမ်းမှာတင် နာနာဘာဝကို ရိုတ်လွှတ်မှာ အမှန်......စဉ်းစားမိရင်း တစ်စုံတစ်ဦးနဲ့ ပစ္စည်းတွေနားတွယ်ကပ်လိုက်သွားဖို့ စဉ်းစားမိလိုက်တယ် အကြံမဆိုးဘူး ညဖက် ကိုတောင်ခြေကစောင့်ရင်း.......တောင်တက်လမ်းလေးကိုလမ်းလျှောက်ရင်း အရင်က သွားလာဖူးတာတွေကိုလွမ်းဆွတ်ရင်း တစ်ခုသာ ဘယ်လိုအကြောင်းအရာတွေနဲ့ ဘာကြောင့်သေခဲ့ရတာလဲမသိတာပင်.......

ခနနေတော့ လမ်းကွေ့ချောက်ထဲ က သရဲတစ်ကောင်တက်လာတယ်.....အဖော်ရသွားတာပေါ့.......သူကကားမှောက်ပြီး ဂန့်တဲ့ကောင်တဲ့......သူလည်း တောင်ကြီး(တောင်ပေါ်)ကမိဘတွေဆီ နှုတ်ဆက်ချင်တယ်ပြောတာနဲ့ ညလယ် လောက် လူတွေနားကပ်ပြီး ခိုလိုက်ဖို့နှစ်ဦးသား သဘောတူလိုက်တယ်.......ညအတော်နက်ပြီ......လာတဲ့ ကားနဲ့ဆိုင်ကယ်တွေမှာလည်း အစောင့်ရှောက်တွေနဲ့ ဘယ်လိုမှကပ်တွယ်လို့ အဆင်မပြေတော့...

ဆက်စောင့်ရင်းည ၁၂ ကျော်ကျော် လောက်လူငယ်လေး ၆ယောက် မူးမူးရူးရူး ဖြစ်နေပုံရတယ် သူတို့နား မှာဘာအစောင့်ရှောက်မှမရှိ.....တော်တော်ဝမ်းသာမိသွားတယ်....(အဲဒါကြောင့်ပြောတာ မူးရူးနေတဲ့သူတွေအနားဆို နတ်ကောင်းဒေဝါတွေ မနေဘူးဆိုတာ) အဲကောင်ဒေ အပေါ့သွားနေပုံပဲ ပြီးတော့ ဟိုကားသမားမှောက်တဲ့ လမ်းကွေ့ချောက်နားမှာ ......

ကားသမားကိုခေါ်ပြီး တွယ်လိုက်ဖို့ တိုင်ပင်ရင်း ကောင်လေး၆ယောက်အပေါ့သွားပြီးဆိုင်ကယ်ပေါ်အတက် ချောင်ချိမဲ့ ဆိုင်ကယ် နောက်ကခပ်တည်တည်တက်ထိုင်ပြီး ခါးတောင်ဖက်လိုက်သေးတယ်.....(သရဲလည်းပြုတ်ကျမှာကြောက်တယ်လေ)
image
ဟိုလဒကားသမားက မဆန့်လိုတဲ့ ဆိုင်ကယ်နောက်ရမ်းလက်တံကိုကိုင် ပြီးလိုက်မယ်တဲ့.....အေ့လေ့သူအဆင်ပြေသလိုပေါ့....လူမှမဟုတ်တာ အဓိက တောင်ကြီးကိုရောက်ဖို့ပဲလေ........သွားရင်း အသံစူးစူးဝါးဝါးတစ်ခုကြားလိုက်ရတယ်....`မင်းတို့ ဆိုင်ကယ်နောက်မှာ သရဲကပ်ပါလာတယ်´တဲ့.....အမလေးသရဲတဲ့ လန့်ဖြန့်သွားပြီး
မျက်လုံးတောင်ပြူးသွားတယ် ဘယ်မလဲသရဲ လိုက်ရှာနေမိတယ် ဟိုကောင်ကားသမားဆီကော ဒီဘက်ကိုကော လက်ညိုးထိုးပြီးပြောနေတဲ့ ငနဲသား တွေ့သွားပုံရတယ်.........ဘာမှန်းတော့မသိဘူး ဆိုင်ကယ်တွေလွတ်ချပြီး ဝေးဝေးမှာ လူငယ်ခြောက်ယောက်ပြေးရပ်နေတယ်.....အေ့လေ့ရှင်းပြမှဖြစ်မယ်ဆိုပြီး အနားကိုတိုးအလာ ငနဲတစ်ကောင်ဘယ်က ဝါးခြမ်းပြားရလာမှန်းမသိ......ဝှေ့ယမ်းနေတယ်......သေရောဘယ်လိုအနားကပ်မလဲ......ဟိုကောင်ကားသမားကလဲကြောင်တောင်တောင်ရပ်ကြည့်နေဆဲ......ပြောရင်းဆိုရင်းသူတို့ တွေ ဆိုင်ကယ်ဘက်ဆီတိုးလာတယ်....

ပြေးတာပေါ့ ဒီက ဝါးခြမ်းပြားနဲ့ထိရင် အရမ်းစပ်ပြီးနေရခက်တာကိုး.......နှစ်ကောင်သား မတ်တပ်ရပ်ကြည့်ရင်း သူတို့တွေသူတို့ ဆိုင်ကယ်ကိုပြန် မပြီးစက်နိုးနေကြတယ်.......ငနဲသားတစ်ကောင်လက်ထဲကဝါးခြမ်းပြက ယိမ်းကနေဆဲ......ပြောပြရအောင်လည်းသူတို့က မြင်ရလားမမြင်ရလားမသိ........ခနနေတော့ ဟိုလူငယ်လက်ထဲက တုတ်ကလွင့်သွားပါလေရော....ဘာကိုကြောက်တာလဲဟ ဆိုင်ကယ်စက်နိုးတာနဲ့ အသေထွက်ပြေးကြတာ....ဒီကလည်း စောင့်ဦး ဘာညာပေါ့ သူတို့နောက်ကလိုက်ရင်း မြို့ဝင်ထင်ပါရဲ့ အုန်းခနဲနောက်ပြန်လွှင့်မစင်ရရုံတမယ် ဆက်လိုက်လို့မရတော့ .....စိတ်ထဲမှာလဲဟိုကောင်တွေကို ဘာညာသရကာ နေကြာကွာစိနဲ့ ဆဲနေမိတယ်......ခုတော့မြို့ပြင်နားကျန်ခဲ့ရတော့......
အပိုင်းဆက် (ထိုညတစ်ည(၁))နှင့်တွဲဖက်ပါရန်.....ဖက်ရန်-https://steemit.com/myanmar/@saihack/taonytsny-s-saundefined-72b0c5a90ffc
ဆက်လတ်ကြိုးစားအပိုင်းဆက်သွားပါမည်..........
ဆက်လျက်ရေးသားပါဦးမည်........
စကားချပ်။ ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။စုံစမ်းသိရသောအကြောင်းအရာများကို စိတ်ကူးယောင်ဖြင့်ပေါင်းစပ်ပြီးတင်ဆက်ပေးထားသည့်ဖြစ်ပါကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ချင်းမရှိကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
လေးစားလျက်
@saihack
MSC No.152
Photo crd source-

Sort:  

သရဲကို ချီတက်ကတောင် ကြောက်သွားတယ် ... ပေါက်ကရတွေ လာမန့်တယ်နော်

ခင်ဗျာ

ဒါကြောင့် ဒီစာကိုဖတ်ဖူးတယ်ထင်နေတာ
သရဲနေရာကနေတကျော့ပြန်ရေးထားတာကိုး😁😁😁

Versionအပြောင်းအလဲလေး😁😁😁😁

အင်း သရဲဘဝကလည်း မလွယ်ပါလားနော်
ဒါနဲ့ရေးတက်လိုက်တာ ညီရေ😁😁😁

ကျေးဇူးပါပဲ ဗျဆက်ကြိုးစားရေးပါ့မယ်

အယ် ချီတာကဘာလာလုပ်တာတုန်း

ဘာမေးတာလဲနားမလည်ဘူးbro

ငင့် နီကသရဲလား။

Versionပြောင်းထားတာ😂

ပို့စ်ကို နေ့ခင်းပိုင်း တင်တာ ကောင်းမယ်ထင်တယ်။
ညမှ တတ်လာတော့ လန့်တန့်တန့်😁😁😁

Sorryအကိုရေ ကျနော်လည်းနောက်ကျမှာစိုးတာနဲ့တင်လိုက်မိတာ

သရဲအ​ကြောင်း​တွေ များများ​ရေး​ပေးပါ အရမ်းစိတ်​ဝင်​စားပါတယ်

ဟုတ်ကြိုးစားရေးပေးပါ့မယိbro

အပိုင်းဆက်တွေစောင့်နေမယ် အစ်ကို

ဟုတ်ကဲ့ဖက်ပေးလို့ကျေးဇူးပါဗျ

ကြိုးစားပါညီ အားပေးနေပါမယ်

ကျေးဇူးပါပဲ အကို

Game Reviewsကနေသရဲအကြောင်းရောက်သွားပြန်ပေါ့

ဟုတ်ကဲ့backပြန်ဆုတ်နေတာ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61143.11
ETH 2928.78
USDT 1.00
SBD 3.56