အခြားတစ်ဖက်၌ (ဇာတ်သိမ်း)The other side

in #myanmar6 years ago (edited)

အေးစိမ့်စိမ့်လေအချို့တိုက်ခက်နေခြင်းနဲ့အတူ လေလွင့်ဝိညာဉ်အချို့ကိုလည်းတွေ့နေရတယ်.....မြို့ထဲဝင်ဖို့အတွက် ကြုံရာလိုက်ဖို့အတွက်ရှာမိနေဆဲ.....မြို့ပြင်မှာတင် အတော်တန်အချိန်ကုန်သွားတယ် မြို့ထဲဝင်မရ.......

အချို့ ဘဝတူ လေလွင့်ဝိညာဉ်တွေကလဲ ပုံပန်းသဏ္ဌာန်အမျိုးမျိုး နဲ့တွေ့နေရတယ်....အချို့ဆို ခေါင်းပြတ်ပြီး ခေါင်းကြီးကိုက်ပြီးရှောက်သွားနေတက်တယ်....အချို့ကလဲခန္ဓာကိုယ်အကြီးကြီးနဲ့ အချို့ကလဲမဲမဲချုံပုတ်သဏ္ဌာန်ဖြစ်နေတယ်......လူလောကမှာကြောက်ဖို့ကောင်းတယ်ထင်တဲ့အရာတွေ ယခုမှာတော့ ပုံမှန်အတိုင်းပင်.....
image
မကြာခင်မှာတော့ အလည်ပို့တဲ့ ဘော်ဒါဆောင်ကားထင်တယ်......အစောင့်ရှောက်မတွေ့ရတော့ အတူပါလာတဲ့ ကားသမားနဲ့ ကပ်လိုက်ခဲ့တော့တယ်.....မြို့ထဲအဆင်ပြေပြေရောက်သွားပြီး ကားသမားနဲ့ လမ်းခွဲပြီး အိမ်ကိုသွားတယ် အိမ်တံခါးက အပြင်ကသော့ခက်သွားတယ်.......အထဲလဲဝင်မရတစ်စုံတစ်ခုကတားဆီးထားသလိုဖြစ်နေတယ်......

အိမ်ကမိဘ ညီအကိုမောင်နှမတွေလည်းဘယ်ဆီကိုသွားနေမှန်းမသိ......ခနအကြာရပ်နေတုန်းမှာ တစ်ကိုယ်လုံး ရိပ်ခနဲရိပ်ခနဲဖြစ်လာပြီး ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို မှတ်မိသလိုပြန်မြင်ယောင်သလိုဖြစ်နေတယ်........

အရင်ကလိုပေါ့ပါးသယောင်မဖြစ်တော့.....ခေါင်းတစ်ခုလုံးချာချာလည်ပြီးမီး ပူနဲ့ထိလိုက်သလို ပူသွားပြီး......................
အတိတ်ရဲ့ အရိပ်ဆီသို့....
သင်္ကြန်​ မဏ္ဏဒပ် မှာအကျနေ့ သူငယ်ချင်းတွေစုပေါင်းထိုင်ပြီး ကဲကြတဲ့ သူငယ်ချင်းငါးယောက် မိန်းကလေးနှစ်ယောက်နဲ့ ယောကျာ်လေးသုံးယောက်.....ကဲတာမှမိုးမမြင်လေမမြင် တစ်နေကုန်ကခုန်ပြီး ရေစိုတဲ့ အပြင်မူးရူးတဲ့အထိသောက်စားကြတယ်.....

       ညနေ မိုးမှောင်နေချိန်မပြန်ကြသေးပဲ အဝေးပြေးလမ်းမှာ ကားစီးထွကဖို့ထပ်ထွက်ကြတယ်....အကုန်လုံးမူးဝေဝေနဲ့ သီချင်းလည်းအကျယ်ကြီးဖွင့်ထားတယ်.....

သီချင်းတွေအော်ဆိုရင်း Honda Airwave လေး ဝီှးခနဲ ဝှီးခနဲ အရှိန်နဲ့ပြေးနေဆဲ အသက်ညဏ်စောင့် ဥစ္စာကံစောင့်ဆိုသလို မဆင်မခြင်မောင်းနေတဲ့ ကားငယ်လေး တစ်ဖက်လမ်းထဲကျွံဝင်ပြီး တစ်ဖက်လမ်းပေါ်ကTAXIနဲ့ ကားဘေးခြင်းပွတ်မိပြီးအရှိန်တစ်ဖက်စီနဲ့ မိုင်တိုင်....../......မှာရှိတဲ့ ဘေးလမ်းမှတ်တိုင်နားကသစ်ပင်နဲ့ တိုက်ပြီး အရာအားလုံး အမှောင်တိကျသွားပါတော့တယ်.......

နောက်တစ်နေ့ မှုခင်းသတင်းမှာ ကားမတော်တဆဖြစ်ပြီး ဘေးခြင်းပွတ်မိတဲ့ကား နှစ်စီးလုံး အသက်မမီကြောင်း တစ်ဖက်ကား TAXI ကကားမောင်းပါအသက်မရှင်ကြောင်း.....စသဖြင့်ခေါင်းစီးပိုင်းမှာနေရာယူပြီး.....မျက်ရည်စတွေအလိုလိုစီးကျလာရင်း ယူကြုံးမရဖြစ်ပေမဲ့ဖြစ်လေပြီးတော့မှနောက်ပြန်မလှည့်နိုင်တော့ပြီး......

ပြန်အမှတ်ရတဲ့အတိတ်နဲ့အတူ အလောင်းကိုမီးသဂြိုလ်တဲ့နေ့မှာပင်.....မတော်တဆမှုလေလော..လုပ်ကြံမှုလေလောစစ်ဆေးချက်အပြင် မိသားစု စုံအောင်စောင့်ပြီး မှအလောင်းပြသမှုပြီးမှ မီးသဂြိုဟ်​ ခြင်းပင်.....
image
ရောက်လေတက်ရာ ဝိညာဉ်လောကရဲ့ ဆန်းကျယ်မှုကတော့ နေရာဒေသကိုမရွေးပဲအကြောင်းကိစ္စတစ်ခုခုလို အပ်ရာကိုရောက်သွားတာပါပဲ......လူ့လောကရဲ့အလှမ်းမဝေးသေးတဲ့ ဝိညာဉ်အသစ်တစ်ခုအတွက် ခက်ခဲတဲ့နေရာတစ်ခုအဖြစ် ဖြစ်တည်နေတက်ပါတယ်......

စကားချပ်။ ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။စုံစမ်းသိရသောအကြောင်းအရာများကို စိတ်ကူးယောင်ဖြင့်ပေါင်းစပ်ပြီးတင်ဆက်ပေးထားသည့်ဖြစ်ပါကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ချင်းမရှိကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
လေးစားလျက်
@saihack
MSC No.152
Photo crd source-

Sort:  

ဒါဆို သေသွားတဲ့သူက သူ့ကိုယ်သူ သေမှန်းမသိပဲလျှောက်သွားနေတာပေါ့။

အိမ်ကိုရောက်တော့ ဘာမှဇာတ်လမ်းမဆက်တော့ဘူးလား ...

နောက်သရဲကလာချင်နေပြီဆိုလို့သိမ်းလိုက်တာ😁

ဒီသရဲတော့ တစ်ခန်းရိပ်ပြီဆိုတော့ နောက်သရဲလာတော့မယ်ထင်တယ် hee hee

ကြိုသိနေပုံရတယ်😂😂

အမာခံပရိတ်သတ်ပါကိုသရဲရေ

ဟာနောက်ပြီဗျာ

အဲသိမ်းသွားပြီလားဘဒို။ လာဦးမှာလား သရဲက 😁😁
ထပ်ဖတ်ချင်သေးတာ

အသစ်လာမယ်broရေ

ပြောတော့ ဒါမျိုးတွေမရေးတော့ဘူးဆိုပီးတော့

ဆောတိဗျာ သရဲတွေက ခနခနလာတောင်းဆျုနေလို့ပါ

ကြောက်စရာကြီးနော်။

ဟီးနေ့ခင်းပဲဖက်နော့😁

ယာဉ်စည်းကမ်း မလိုက်နာလို့ ထင်ပ

ပညာယူတက်တယ်broက

အပုံတွေက အသက်ဝင်ချက်ဗျာ....
အားပေးပါတယ် ညီရေ....
သရဲကြာက်တက်ပါတယ်ဆို

အားပေးလို့ကျေးဇူးပါ

သူရဲ တစ်ခန်းရပ်သွားပီလားဗျာ

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 60732.86
ETH 2906.70
USDT 1.00
SBD 3.57