လူသားစား ဦးတုတ်ကြီး အပိုင်း(၁)

in #myanmar6 years ago

အချိန်ကာလ အရ မြန်မာပြည်ကြီး အင်္ဂလိပ်နယ်ချဲ့လက်အောက်ရောက်ရှိနေချိန်........ဖြစ်ရပ်မှန်လေးဆိုပေမဲ့ အတော်တန်ကြာခဲ့ပြီပေါ့........နာမည်ကဦးတုတ်ကြီး တဲ့  နာမည်နဲ့လိုက်အောင်ပင် ခန္ဓာကိုယ်ထွားထွားနှင့် အရပ်မောင်း ၅ပေ၈ကျော်တဲ့ လူကြီးတစ်ယောက်.......

စစ်တွင်းကာလကြီးဖြစ်တဲ့အတွက်.....မြန်မာနိုင်ငံမှာဆန်ရေစပါး ကုန်ဈေးများအလွန်ရှားပါးလှတဲ့ အချိန်ပေါ့......


image
ဒါပေမဲ့ ဦးတုတ်ကြီးတစ်ယောက်အတွက် အစာရေစာမရှားပါးသည့်အတိုင်းပင်....သူ့ပုံစံကလည်းအလွန်ထက်ကိုထူးခြားတယ်....အသားငါးအရမ်းကြိုတ်တက်တဲ့ အပြင်အရက်ပါသောက်တော့........သူနေတဲ့ ခြံဝန်းကြီးက ခြုံနွယ်ပိတ်ပေါင်းထူပြီး တောကြီးသဖွယ် အပင်များကိုပျိုးထားတယ်......သို့ပေမဲ့သီးပင်စားပင်တစ်ပင်မျှမပါ........ကုက္ကိုပင်​ လိုအုပ်စိုင်းစိုင်းပင်ကြီးတွေကိုအထိကထားစိုက်ထားတော့ ဦးတုတ်ကြီးခြံထဲဟာ ဝင်လိုက်တာနဲ့ အေးစိမ့်နေပြီး နေပြောက်ပင်မထိုးနိုင်လောက်အောင် ထူထပ်နေတာပေါ့.........



သူတဦးတည်းသာနေထိုင်တယ်လို့သိရပြီး.....မန်းလေးမြို့ကြီးနဲ့မနီးမဝေးကလို့သိရပါတယ်.......တစ်ရက်တော့ တော်လှန်ရေးသမားတစ်ဦး သေနတ်ဒဏ်ရာနဲ့ ဦးတုတ်ကြီးခြံထဲရောက်လာတယ်.........ဒဏ်ရာကအတော်ပြင်းထန်တော့ သေသွားရှာတယ်.......စစ်ဒဏ်နဲ့ ကျွန်ပြုဒဏ်ကိုအလူးလဲခံနေရတဲ့ မြန်​မာနိုင်​ငံ ဟာ လူသေရင် မြေမြုပ်ပေးရလောက်အောင် အခြေနေမပေးတဲ့ အတွက်ဦးတုတ်ကြီးဟာ တော်လှန်ရေးသမားကို ရင်ခွဲအပိုင်းပိုက်းလှီးဖြတ်ပြီး စဥ့်အိုးထဲထည့်ပြီး ငပိသိပ်သလို့ သိပ်ထားလိုက်တယ်.......ဧရာဝတီတိုင်းမှာ ငါးကိုဆားနယ်ပြီး ငပိလုပ်သလိုမျိုးပေါ့ .........လူကိုအပိုင်းပိုင်း ခုတ်ထစ်ပြီး စဥ့်အိုးကြီးထဲမှာ ဆားသိပ်ထားလိုက်တယ်ပုံပဲ........
image


ထူးခြားမှု တွေကသူများတွေအသားငါးမစားနိုင်တဲ့အချိန်ဦးတုတ်ကြီး ဘာမှမှု....... ငပိရည်မလုပ်နိုင်တဲ့အချိန် လုပ်လုပ်ငပိကောင်ကို မြိန်မြိန်စားရုံမက ဘူး အသား ဟင်းကလဲမပျက်ဘူး.......အနီးနားကလူငယ်နဲ့ ကလေးအချို့ ပျောက်သွားပေမဲ့ စစ်ကာလဆိုလေတော့ သေတာလား အခြားကိုပဲပုန်းရှောင်နေတာလားစဝေစဝါနဲ့ မစုံစမ်းဖြစ်ကြဘူးပေါ့......လူငယ်နှစ်ဦး ဦးတုတ်ကြီးခြံထဲဝင်သွားမိတယ် ....အကြောင်း ကတော့ အပက်ကြီးတွေ တွေ့တော့ သီးပင်စားပင်ဝင်ဆွတ်တဲ့သဘောပါ လူငယ်သဘာဝ အပင်တွေတွေ့ရင် ခူးချင်ဆွတ်ချင်စိတ်ကတော့ရှိနေတော့ ......နှစ်ယောက်ဝင်လာရင်း ဦးတုတ်ကြီးအိမ်ရှေ့ရောက်တော့ ဦးတုတ်ကြီးတစ်ယောက် အသားတွေခုတ်ထစ်နေတယ်......လူငယ်လေးနှစ်ယောက်ဟာဦးတုတ်ကြီးဆီအသံပြုရင်း
image
ခြံထဲကသီးပင်တွေ အသီးတွေနဲနဲပေးပါ´တောင်းဆိုတဲ့အသံနဲ့ ပြောတော့ ဦးတုတ်ကြီးကလက်ယှတ်ခေါ်လိုက်ပြီး<br>သီးပင်စားပင်တော့မရှိဘူး ဟင်းကောင်းကောင်းတော့ရှိတယ်´ ဝင်စားသွားဖို့ ပြောတော့ လူငယ်နှစ်ယောက်လဲ ဟန်မဆောင်နိုင်လောက်အောင် ဦးတုတ်ကြီးခုတ်ထစ်နေတဲ့ အသားကြီးတွေကြီးကြည့်ပြီးသရေယိုလောက်အောင်သဘောကျနေတော့.........



အသားဟင်းစုံစုံလင်လင် အကြော်အချက် ငပိရည် တို့စရာအစုံနဲ့ ဧည့်ခံတော့ လူငယ်နှစ်ယောက်လဲ အားရပါးရစားတာပေါ့ .......ထူးခြားမှု ကအသား တစ်သက်မှာ တစ်ခါမှမစားဖူးသောအသားအရသာ အလွန်ချိုလှပြီး အရသာရှိနေတော့........ခေါင်းမဖော်တန်းစားရင်း ဟင်းချိုလိုချက်ထားတဲ့ အရာထဲက မျက်လုံးသက္ဌာန်အရာကြီး.........ဦးတုတ်ကြီးကိုယ်တိုင်ကလဲမြိန်ရေယှက်ရေစားနေတော့...........သူတို့နှစ်ယောက်လဲထွေထွေထူးထူးမစဉ်းစား ဘဲ ဆက်စားနေတာပေါ့.......

စားသောက်ပြီး ဗိုက်လေးနေပြီ.....ဦးတုတ်ကြီးကအချိုပွဲပင်းပေးပြီး အခန်းတစ်ခုထဲဓားသွားသွေးနေတယ်အသံတွေကြားနေရတာပေါ့........လူငယ်နှစ်ဦးကတော့ အချိုပွဲစားပြီး အိပ်ချင်သလိုရီဝေသလိုဖြစ်ရင်း လောကကြီးနဲ့ အဆက်သွယ်ပြတ်သွားတော့တယ်.........


image
သတိလည်လာချိန် တစ်ကိုယ်လုံးကြိုးတုတ်ခံထားရပြီး.... ပါးစပ်ကိုလည်းအဝတ်နဲ့ စည်းကာအသံမထွက်အောင် ပြုလုပ်ထားပုံ ကိုယ်လုံးတီးကြီးနဲ့ ကုတင်ကြီးပေါ်မှာနှစ်ယောက်သား တင်ခံထားရတော့ သူတို့တော်တော်လှန့်သွားတဲ့ပုံ.......လှုက်မရအောင်ချည်နှောင်ထားပြီး အသံထွက်မရအောင် လုပ်ထားတော့ရုန်းကန်နေကြတာပေါ့......ခနအကြာတော့ မျက်နှာကို အဝတ်မဲကြီးအုပ်ပြီးဝင်လာတဲ့ လူထွားကြီးတစ်ဦး လက်ထဲလည်း ဓားမကြီးကိုက်လျက်.....လူငယ်နှစ်တဦးထဲကတစ်ဦးကို မျက်လုံး လက်နဲ့ပိတ်ပြီး လည်ပင်းကို ဓားနှင့်တိခနဲလှီးချလိုက်တယ်.....အလှီးခံရတဲ့လူငယ်လေးကအသားတွေတဆက်ဆက်တုန်းရင်း ဘာမှ တုန့်ပြန်မှုမပြတော့.....

ဘေးကတွေ့ရတဲ့တစ်ဦးကတော့သွေးပျက်ပြီး အရမ်းကြောက်လှန့်နေမိနေတာပေါ့........
image


ဦးတုတ်ကြီးတစ်ယောက် သူရှေ့မှာပင် သူ့သူငယ်ချင်းကိုပိုင်နိုင်စွာ ရင်ခွဲခုတ်ထစ်နေတာကိုရင်နာနာတွေ့နေရတာပေါ့.......ရင်ဘက်ကိုခွဲပြီး အူအသဲ နှလုံးတွေထုတ်ပြီးရေနွေးထဲ ထည့်ပြီး ကျန်လူငယ်လေးတစ်ဦး ကိုကြည့်ပြီးရီပြနေလေရဲ့......အသားတွေတစ်ပိုင်းတစ်ပိုင်းခုတ်ပြီး လူခန္ဓာကိုယ်အစိတ်အပိုင်းမှန်းမသိတော့အောင်ပင်သေသပ်ပြီး  ပိုင်နိုင်တဲ့ပုံပင် လူဦးခေါင်းကြီးကို ဆံပင်များကို ဓားနဲ့ခြစ်ပြီး ရေနွေးထဲထည့်ပြုတ်ပြီး ဦးနှောက်၊မျက်လုံးများကိုဖောက်ထုတ်ပြီး သူတို့ကိုကျွေးခဲ့တဲ့ ဟင်းချို ပုံထပ်ချက်နေလေရဲ့ .....ခုနက ခန္ဓာကိုယ် ကြီးခုဘာမှမကျန်အောင် ခုတ်ထစ်ပြီး ဟင်းအိုးထဲရောက်သွားတာမြင်ရတော့ မြင်ရသူအဖို့လိပ်ပြာလွင့်မတက်ကြောက်စရာပင်.....ခနအကြာတော့ ထမင်းဝိုင်းကြီးကိုလူငယ်အနီးနားမှာချထာြး့ပီးစားပြနေလေရဲ့........အသားစိုင်ကြီးများကို ပလုပ်ပလောင်းနဲ့ စားသောက်နေလေတော့....ကျန်တစ်ယောက် သွေးပျက်လောက်အောင် ခံစားနေရမှာအသေချာပင်........

ကျန်ရှိနေတဲ့ အဖြစ်ပျက်များကိုနောက်အပိုင်းမှာတင်ဆက်ပေးသွားမှာပါ....

စကားချပ်။   ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။စုံစမ်းသိရသောအကြောင်းအရာများကို စိတ်ကူးယောင်ဖြင့်ပေါင်းစပ်ပြီးတင်ဆက်ပေးထားသည့်ဖြစ်ပါကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ချင်းမရှိကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

                                                       လေးစားလျက်

                                                 MSC no.152

                                                 @saihack

                                     Photo crd from Google


Sort:  

Woo! ကြောက်တတ်ပါတယ်ဆိုမှ လာခြောက်ပြနေတယ်နော် ဟိဟိ အရေးသားကောင်းတယ်bro

အားပေးလို့ကျေးဇူးပါ ဗျ ကြိုးစားဆက်တင်ပေးပါ့မယ်

Láska vidět nový příspěvek od vás.

ကြက်သီးတောင်ထတယ်ဗျာ ဖတ်ရတာ ဆက်ပါဦး

ဟုတ်ကဲ့ဗျဖက်ပေးလို့ကျေးဇူးပါဗျ

နောက်တစ်မျိုးပေါ့

အကို့အတွက် ပြောင်းရေးပေးတာ

အရမ်းကောင်းတယ်အကို

ဖက်ပေးလို့ကျေးဇူးပါဗျ

ကြောက်ဆြာကြီးကွယ်

ဆက်အားပေးပါဦးဗျ

မဖတ်အားတော့လို့ ခွင့်လွှတ်ပေးကြပါဗျား vote ခဲ့ပါတယ်

ရပါတယ်ဗျကျေးဇုးပါ

ဖက်​ရင်း ကြက်​သီးပါထတယ်

ဖတ်ရတာ မထိတ်သာမလန့်သာ ရှိလိုက်တာ အရေးအသားကောင်းတယ်။

ဆက်ကြိုးစားပါ့မယ် ဗျ

ပုံတွေကြည့်ရတာနဲ့တင် ပေါ်လွင်တယ်ဗျာ

ကြောက်ကြောက်နဲ့ရှာထားတာတွေ😁😁

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61143.11
ETH 2928.78
USDT 1.00
SBD 3.56