ဥာဏ်ရည် (၈)မျိုးအကြောင်း သိကောင်းစရာ

in #myanmar5 years ago (edited)

Screen Shot 2019-01-14 at 10.14.20 AM.png

ကျွန်တော် မူကြိုဖွင့်ဖို့ အတွက်ပြင်ဆင်ရင်း သင်တန်းသွားတတ်တော့ သိလာရတဲ့ ဥာဏ်ရည် (၈)မျိုးအကြောင်းကို ဒီနေ့ ပြန်လည်ဝေမျှဖို့ ရေးသားရင်း ကျန်တော့်အကောင့်လေးကို အသက်ပြန်သွင်းလိုက်ပါတယ်။ မသုံးတာကြာတော့ ပုံထည့်ရတာတွေက အသစ်ပြန်ဖြစ်သွားသလိုပါပဲ။ ဘာလိုလိုနဲ့ ကျွန်တော်တောင် အဖွဲ့ အပြင်ရောက်နေတာကြာပါပေါ့လား။ ခုတော့ ကျွန်တော်လေ့လာခဲ့ရတာတွေကို ပုံနဲ့ စာလေးနဲ့ တွဲပြီး ပြောပြပါမယ်။

ဒီအကြောင်းအရာကိုDr. Howard Gardner ဆိုသူက ၁၉ ၈၃ မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ Dr. Howard Gardner ဟာ Harvard University က ပရိုဖက်ဆာ တစ်ဦးဖြစ်ပြီး ဒီဆောင်းပါးကိုရေးဖို့ အတွက်ကို နှစ် (၂၀) လောက်ကို သုတေသနပြုလုပ်ပြီး အချိန်ယူရေးသားခဲ့တာပါ။ ဘာတွေကိုရေးသားခဲ့ပြီး ဖော်ပြခဲ့တယ်ဆိုတာကို တစ်ခုခြင်းကျွန်တော်ပြန်လည်း ရှင်းပြထားပေးပါတယ်။ အချိန်လေး ၅ မိနစ်လောက်ပေးပြီး အဆုံးထိဖတ်စေချင်ပါတယ်။

multiple intelligences logo.gif
Image Credit

Professer က ဥာဏ်ရည်တွေကို အမျိုးအစားခွဲပြီး ရှင်းပြခဲ့တာပါ။ လူတိုင်းမှာ ဒီဥာဏ်ရည်တွေရှိကျပါတယ်။

1.Nature Smart
renewable_yin-yang (1).png
Image Credit

သင်ငယ်ရွယ်စဉ်ဘ၀မှာ သဘာဝနဲ့ ဆိုင်တာတွေကို စုဆောင်းဖူးတယ်၊ ဘယ်လိုအရာတွေလည်းလို့ ပြောရမယ်ဆိုရင် အင်းဆက်ပိုးမွှားတွေ၊ ကျောက်တုံး၊ သစ်ရွက်၊ ခရုခွံ စတာတွေပေါ့။ ဒါ့အပြင်ကို သင့်မှာ အိမ်မွေး တိရစ္ဆာန် ကြောင်၊ခွေး ရှိထားတာတောင် ထပ်ပြီး တခြားအကောင်တွေ စုဆောင်းချင်တာဟာ သင့်မှာ nature smart ရှိတယ်လို့ အသေအချာပြောလို့ရပါပြီ။

ဥပမာအနေနဲ့ ထပ်ပြောရမယ်ဆိုရင် ကလေးတစ်ယောက်ဟာ ပတ်ဝန်းကျင်မှာ ရှိတဲ့အရာအားလုံးကိုလေ့လာပါတယ်။ ဒီလိုလေ့လာတဲ့အထဲမှာ ချို၊ ချဉ်၊ စပ်၊ ခါး လည်းအပါအ၀င်ပေါ့။ ကလေးတစ်ယောက် ငရုတ်သီးစပ်တာကို မသိသေးတဲ့ အခါမှာ ငရုတ်သီး နဲနဲကို အရသာသိအောင်ကျွေးလို့ရပါတယ်။ ဒါဟာ ငရုတ်သီး၊ စပ်တယ်လို့ ပြောဆိုကာ ကျွေးတာပေါ့။ ဒါပေမဲ့ စပ်တာသိစေရုံ အနဲငယ်သော ပမာဏပဲဖြစ်ပါစေ။ ဒီလိုကျွေးလို့ ကလေးက စပ်တယ်ဆိုတာကို နားလည်သွားရင် နောက်တစ်ခါ စပ်တယ်လို့ ပြောယုံနဲ့ ကလေးက စပ်တာဖြစ်တဲ့အတွက် သူထပ်ပြီး စမ်းသပ်မှာမဟုတ်ပါဖူး။ ဒါဟာလည်း သဘာဝကို နားလည်အောင် ကလေးကို သင်ကြားခြင်းပါပဲ။

2.People smart
people-smart.jpg
Image Credit

People smart ဥာဏ်ရည်ရှိသောသူဟာ ပေါင်းသင်းဆက်ဆံရေးမှာထူးချွန်ပါတယ်။ ဒါကို ဘယ်အချိန်တွေမှာ ပိုမြင်ရသလည်းဆိုတော့ အဖွဲ့ နဲ့ အလုပ်လုပ်တဲ့ အချိန်နဲ့ လူလူခြင်းဆက်သွယ်တဲ့အချိန်မှာ သိသာပါတယ်။ သင့်မှာ သူငယ်ချင်းအများကြီးပြီး သူတို့တွေရဲ့ အမြင်တွေကိုလည်း မျှဝေခံစားတတ်သူဆိုရင်တော့ သေချာပါတယ် သင်ဟာ people smart ဥာဏ်ရည်ရှိသူပါပဲ။ သင်ဟာ အဲ့လိုမျှဝေခံစားတတ်တဲ့အတွက် အဖွဲ့ နဲ့ လုပ်ဆောင်ရတာပိုသဘောကျပြီး မိမိကိုယ်တိုင်ကလည်း အဖွဲ့ ၀င်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါတယ်။

3.Number smart
marbotic-smart-numbers-apps.jpg
Image Credit

Number smart ဥာဏ်ရည်ရှိသူဟာ ကျွန်တော်တို့ ဘ၀မှာရှိတဲ့ အမျိုးမျိုးသော ပုံစံများကို ကိန်းဂဏန်း၊ အတွက်အချက်၊ ကျိုးကြောင်းပြချက်တွေနဲ့ လေ့လာလေ့ရှိပါတယ်။ ဒီလိုလူတွေဟာ လူတွေရဲ့ အကျင့်တွေနဲ့ အခြေအနေကို သုံးသပ်ရာမှာအလွန်အရေးကြီးတဲ့ မေးခွန်းတွေသုံးပြီး ဆုံးဖြတ်လေ့ရှိကြပါတယ်။ တကယ်လို့ သင်က ဖော်မြူလာတွေ၊ ဂဏန်းတွေ၊ အတွက်အချက်တွေနဲ့ ဘယ်လိုလည်ပတ်တယ်ဆိုတာကို ဖြေရှင်းဖို့ စိတ်ဝင်စားရင် သင်ဟာ ဒီဥာဏ်ရည်ရှိတဲ့သူတစ်ယောက်ပါပဲ။

4.Picture smart
Smart-Intelligent-And-Wise-Baby-Names.jpg
Image Credit
ဒီဥာဏ်ရည်ရှိသူကို ဖော်ပြဖို့ အခက်ဆုံးဖြစ်သလို ၊ အလွယ်ဆုံးလည်းဖြစ်ပါတယ်။ ဖော်ပြဖို့ အခက်ဆုံးဆိုတာက ဒီဟာလေးကော မဟုတ်ဖူးလား။ ဟိုဟာလေးကောမဖြစ်ဖူးလားဆိုပြီး မေးခွန်းတွေ များလွန်းလို့ပါ။ မေးခွန်းများလို့ မဟုတ်ဖူးဆိုလား ဆိုတော့လည်း အမြင်အာရုံနဲ့ မြင်သမျှအကုန်က မှန်နေပါတယ်။ ကျွန်တော်တို့ မျက်လုံးနဲ့ မြင်တွေ့နေရတာတွေပါသလို၊ အာရုံနဲ့ ခံစားပြီး မြင်ရသမျှအကုန် ဒီထဲမှာ အကြုံးဝင်ပါတယ်။ တကယ်လို့ သင်ကဒီ ဥာဏ်ရည်ရှိထားတယ်ဆိုရင်တော့ သင်ဟာ အရာဝတ္ထုတွေ၊ အရောင်တွေ၊ ပုံစံအနေအထားတွေကို အမြဲသတိထားမိနေမှာပါ။ ဒါဆိုရင် သင်ဟာ Picture smartဥာဏ်ရည်ရှိသူပါပဲ။

5.Self-smart
clipart-smart-1.png
Image Credit
Self smart ရှိတဲ့ ကလေးတွေဟာ များသောအားဖြင့် ကိုယ်ဟာကိုယ်နေပြီး ကိုယ့်အတွေးတွေကို မေးခွန်းပြန်ထုတ်နေသူတွေပါ။ ဒီဥာဏ်ရည်ထဲမှာဘာတွေပါဝင်လည်းဆိုတော့ ခံစားချက်တွေ၊ တန်ဖိုးထားခြင်းတွေ၊ ယုံကြည်မှု့တွေနဲ့ အမျိုးမျိုးသော ခံယူမှု့တွေပါဝင်ပါတယ်။ သင့်ဟာ ဒီဥာဏ်ရည်ရှိတဲ့သူဆိုရင်တော့ သင်ဟာ အဖွဲ့လိုက် လုပ်ဆောင်ရတာကို မနှစ်သက်ပဲ၊ တစ်ဦးတည်းလုပ်ရတာကို ပိုနှစ်သက်မှာပါ။ ဒါပေမဲ့လည်း သူများတွေနဲ့ ဝေးနေလို့ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်ရှက်နေတတ်တာလည်း ဒီဥာဏ်ရည်ရှိသူပါပဲ။ ကိုယ်အတွေးနဲ့ ကိုယ်တိုင်ပတ်နေသူပေါ့ဗျာ။ ဒီဥာဏ်ရည်ရှိသူတွေရဲ့ အားသာချက်တွေကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု့ ရှိတာ၊ သေချာမှု့ရှိတာ၊ ပြသနာတိုင်းအတွက် အကြံဥာဏ်ကောင်းတွေ ထွက်တာပါပဲ။ ဒါကြောင့်လည်း ဒီဥာဏ်ရည်ရှိတဲ့သူတွေက အကြံပေးပုဂ္ဂိုလ်၊ counseller တွေ ဖြစ်လာကျတာများပါတယ်။ သူတို့ ကိုဘယ်အချိန်မေးလိုက် မေးလိုက် သူတို့မှာက ပေးစရာ အကြံတစ်ခုမဟုတ် တစ်ခုရှိနေတာကိုးဗျာ့။

6.Body smart
body-smart.jpg
Image Credit

ကျွန်တော်တို့ ပြောလေ့ရှိတာက လုပ်ရင်းတတ်သွားမယ်ဆိုတဲ့စကားပါပဲ။ ဒီလိုတတ်ဖို့ဆိုတာက တကယ်တော့ ကိုယ့်ခန္ဓာကိုယ်အကြောင်း သေချာနားလည်မှရမှာပါ။ ဥပမာ ထမင်းစားသလိုပေါ့။ ထမင်းဇွန်းနဲ့ ပါးစပ်နဲ့ ငယ်တုန်းက ချက်ခြင်းမှ မတည့်ခဲ့ပဲ။ နောက်ပိုင်းကျင့်သားရလာမှသာ ပါးစပ်ပေါက်ရှာစရာမလိုပဲ အော်တိုမစ်တစ် ပါးစပ်ပေါက်ထဲဝင်တာလေ။

ဒီလို Body smart ဖြစ်တဲ့ကလေးတွေကို ဘယ်လိုသိနိုင်လည်းဆိုတော့ သူတို့တွေဟာ ဆော့ကစား ပြေးလွားရာမှာ သူများတွေထက်မြန်ဆန်သလို၊ ကဗျာလွတ်ကရာမှာလည်း အတတ်မြန်ကျတယ်၊ ပြီးတော့ ဘောလုံးကို ဘယ်လိုပစ်ရမယ်၊ ဖမ်းရမယ်မယ်ဆိုတာ ကောင်းကောင်းနားလည်ပါတယ်။ တနည်းပြောရရင် သူတို့ ခန္ဓာကိုယ် ဟန်ချက်ကို ကောင်းကောင်းထိန်းနိုင်ကျသူတွေပေါ့။ ဒီလိုဥာဏ်ရည်ရှိတဲ့သူတွေဟာ သူတို့ တွေကို ငြိမ်၂နေခိုင်းရင် ခဏလေးနဲ့ ပျင်းလာကျပါတယ်။

7.Music smart
14950465-little-girl-and-mouse-listening-to-music-from-smart-phone.jpg
Image Credit

ဒီဥာဏ်ရည်ရှိသူဟာ အသံနဲ့ တုန်ခါနူန်းတွေကို ပိုသတိပြုကြသူတွေပါ။ အသံပိုင်းဆိုင်ရာ ထူးချွန်သူတွေပေါ့။ သူတို့တွေဟာ အသံတွေ၊ အသံအတိမ်အနက်တွေ၊ ရိုက်ချက်တွေ၊ တုန်ခါမှု့ အမျိုးမျိုးနဲ့ သီချင်းဂီတမှာ ထူးချွန်ကျသူတွေပါ။ ဒီလိုဥာဏ်ရည်ရှိသူတွေဟာ ဂီတသီချင်းတစ်ပုဒ်ကို တစ်ခါကြားရုံနဲ့ ပြန်လည်ပြီးတီးပြတာ၊ ဆိုပြတာတွေ လုပ်နိုင်စွမ်းရှိကြသူတွေပါ။ သူတို့တွေဟာ သီချင်းဖန်တီးရတာတွေ၊ အမျိုးမျိုးသော သီချင်းတွေကို နားထောင်ရတာကိုကြိုက်နှစ်သက်ကြပါတယ်။ လူအများစုမှာ ပါတဲ့ ဥာဏ်ရည်ပေါ့ဗျာ။

8.Word smart
images.png
Image Credit

Word smart ဥာဏ်ရည်ရှိသူတစ်ယောက်ဟာ ဘာသာစကား အရေး၊ အဖတ်၊ အပြော တွေမှာကျွမ်းကျင်သူတွေပေါ့။ သဒ္ဒါတွေ၊ စာကြောင်းတည်ဆောက်မှု့တွေ၊ စာလုံးအဓိပ္ဗါယ်တွေ၊ ဘာသာစကားတစ်ခုကို ဘယ်လိုအသုံးချရမလည်း နားလည်တဲ့သူတွေလို့လည်းဆိုနိုင်ပါသေးတယ်။ ဒီဥာဏ်ရည်ရှိသူတစ်ယောက်ဟာ စာလုံးတစ်လုံးကိုဘယ်နေရာမှာ သုံးရမယ်၊ ဘယ်လိုဟာသပြောမလဲ၊ ဆိုတာတွေအပြင် စာဖတ်၊ စာရေးမှာ အတော်ကျွမ်းကျင်ပြီး ကဗျာတွေ၊ ပုံပြင်တွေနဲ့ သူများကို မိတ်ဆက်တဲ့အချိန်မှာ ကောင်းကောင်း မိတ်ဆက်နိုင်တာတွေရယ်၊ ဘာသာစကားအသစ်လေ့လာရနှစ်သက်သူ၊ အဆိုင်းမန့် ကိုကောင်းကောင်း ရေးနိုင်သူနဲ့ ကိုယ်ဖတ်တဲ့စာတွေကို ကောင်းစွာနားလည်သူတို့ပါဝင်ပါတယ်။

ဥာဏ်ရည်တွေကတော့ ဒါလေးတွေပါပဲ။ ထပ်ပြီးတော့ ပြောပြချင်တာကတော့ ဒီဥာဏ်ရည်တွေက ပုံမှန်လူတိုင်းမှာ (၈)မျိုးလုံးရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အနဲအများကွာသွားတာလေးတစ်ခုပါပဲ။ ဒီဥာဏ်ရည်တွေကို ကလေးဘ၀မှာ (၅)မျိုးအောက် လျော့နည်းနေပြီဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန် ဒါမှမဟုတ် တတ်ကျွမ်းသူနဲ့ ပြပြီး စစ်ဆေးကာ အထူးသင်ကြားမှု့ ပေးသင့်ပါတယ်။

Image Credit

Sort:  

ကလေးချစ်တဲ့သူ အဖို့ ဗဟုသုတရစေတယ်ဗျာ

ဟုတ်ကဲ့ပါဦးထွေး 😊😊

လူတိုင်းမှာရှိတဲ့ ညဏ်ရည်(၈)မျိုးကို ဗဟုသုတအဖြစ်သိရှိရပါတယ်ခင်ဗျာ။တစ်မျိုးချင်းစီကို ရှင်းပြပေးထားတာ ပိုပြီးထင်ရှားပြီး စာဖတ်သူတွေအတွက် မှတ်မိလွယ်စေပါတယ်အစ်ကို။မှတ်သားစရာကောင်းပြီး တန်ဖိုးရှိသော post တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။

ဟုတ် ကျေးဇူးပါ ဦးသန့် 😊😊

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62559.43
ETH 3092.10
USDT 1.00
SBD 3.86