ပြန်လည်စတင်ခြင်း :)

in #myanmar6 years ago (edited)

Capture.JPG
ကျန်တော် မင်္ဂလာကိစ္စတစ်ဖက် ကျောင်းစာအုပ်အသစ်ကိစ္စတစ်ဖက်နဲ့ စာမရေးမိတာတောင် တော်တော်လေးကြာပါပြီ။ ဒါပေမဲ့ လာမဲ့ ၁၇ ရက်နေ့ ကျန်တော့် မင်္ဂလာဆောင်ပြီးရင်တော့ အားလုံးပုံမှန်ပြန်သွားနိုင်အောင် ကြိုးစားပါမယ်။ အားလုံးရဲ့ အခန်းဆက်တွေတောင် လိုက်ပြီးရှာဖတ်ရဦးမယ်။

မင်္ဂလာဆောင်တာ အရမ်းမြန်တော့ pre-wedding ပုံတောင်ရိုက်ချိန်မရလိုက်ဖူး။ ဒါပေမဲ့ လည်း ဦးလေးတွေအဒေါ်တွေရဲ့ ဖေးမကူညီမှု့ကြောင့် မင်္ဂလာကိစ္စအတွက်ဘာမှစီစဉ် စရာမလိုပဲ လားရှိးပြန်လာပြီး အလုပ်အေးဆေးလုပ်ရတဲ့အတွက် ဦးလေး အဒေါ်၊ ညီ ညီမလေးများနဲ့ အခြားသော ကူညီသူများအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ။
ဒီနေ့က လုပ်စရာတွေကလည်းများ စာကလည်းရေးချင်ဆိုတော့ ဖြစ်အောင်ရေးမယ်ဆိုပြီး ကွန်ပျူတာရှေ့ထိုင်ကာမှ ရုံးသွားပြီးအခွန်ဆောင်ဖို့ ဖုန်းကလာရော။ ဘာမှမဖြစ်ဖူး ဘာတွေပဲလာလာ ကျန်တော့် ပိုစ့်လေးကို ရေးပြီးမှ ဆက်လုပ်မယ်ဗျာ။ အားလုံးပြင်ဆင်ပြီးသားဆိုတော့ ရုံးကိစ္စက မြန်ပါတယ်။

အခုလက်ရှိ ဖိတ်ရမယ့်စာရင်းကလည်းလုပ်နေသေးဆိုတော့ ကျန်တော့်ဖက်ထပ်ဆောင်မယ့် မင်္ဂလာဆောင်မှာ သူငယ်ချင်းတွေမကျန်ခဲ့ဖို့ အတော်ကိုဂရုစိုက်နေရပါတယ်။ စာလည်းမရေးရတာကြာတော့ ဦးနှောက်က အလုပ်တောင် မလုပ်ချင်ဖူးဖြစ်နေပြီ။ ဒီလိုတာဆက်သွားရင်တော့ သံချေးတွေကိုက်တော့ မှာပဲ။ ဒီနေ့pro တော့ မရမကရေးပြီးတင်မယ်ဆိုတော့ ဘာတင်လို့တင်ရမယ်မှန်းကမသိဖူးဖြစ်နေတယ်။

ဒါနဲ့ ကျန်တော်အခုရက်ပိုင်းမှာ ဖရီးရှာတဲ့နည်းတွေကိုလိုက်ဖတ်ပြီးတော့ စမ်းကြည့်နေတယ်။ တကယ်လို့ရတယ်ဆိုရင်တော့ အားလုံးနဲ့ တူတူလုပ်ဖို့ group တစ်ခုလုပ်ထားပါတယ်။ ကျန်တော့်ဖက်ကသေချာပြီဆိုမှပဲ ချပြမှာပါ။ အားလုံးလည်း ကျန်တော့်နဲ့ တူတူလိုက်လုပ်မယ်လို့ ယုံကြည်ပါတယ်။ ဖရီးဆိုကတည်းက ရတာနဲပါတယ်။ ကြိုပြောထားတာပါ။ ဦးလေး အဒေါ် အဖေ အမေ တွေမုန့်ဖိုးပေးသလို အများကြီးမှတ်နေမှာစိုးလို့ပါ :P ။ အဲ့လိုရတဲ့ နဲနဲကိုပဲစုပြီး ရတာပါ။ အပိုဝင်ငွေတစ်ခုပေါ့။ အချိန်နဲ့ ကြိုးစားအားထုတ်မှု့တော့ပေးရမှာပါ။ တဖြေးဖြေးလေ့လာရင်းနဲ့ ပိုပိုပြီးနားလည်လာမှာပါ။

ဖရီးဆိုရင် လူတိုင်းလည်း စိတ်ဝင်စား၊ လိုလည်းလိုချင်ကျပါတယ်။ တော်၂များများက ၀င်လုပ်ပြီး နားမလည်ခင်မှာပဲ ပြန်ထွက်သွားကျပါတယ်။ လုပ်ကြည့်ပါ အသိတစ်ခုတော့ရမှာပါ။ ဘယ်လိုပဲ ဖရီးပြောပြော ဖရီးထဲမှာ စတီးမစ်ကို ဘယ်ဟာမှမမှီပါ။ ဘာလို့ဒီလိုပြောရသလဲဆိုရင် စတီးမစ်မှာ ကျန်တော်တို့စာရေးသားကျရတယ်။ အဲ့ဒီလို ရေးဖို့ အတွက် ကျန်တော်တို့ ပတ်ဝန်းကျင်နဲ့ မိမိဘေးဘီကိုပိုပြီးဂရုစိုက်လာမိတယ်။ ပြီးတော့နောက်တစ်ခုက သူများရေးသားတာကိုလည်းဖတ်ရတော့ သူများအတွေ့အကြုံတွေလည်း သိခွင့်ရတော့ အတွေ့အကြုံ၊ ငွေ၊ ပတ်ဝန်းကျင်က ဖြစ်ပျက်နေတာတွေက ကိုယ့်အတွက်အမြတ်ပဲလေ။ ရတာ နဲတာများတာကတော့ ကိုယ့်အားထုတ်မှု့ပေါ့။ ဘာမှမလုပ်ပဲထိုင်နေရင်တော့ ဘာမှမရဖူးပေါ့။ အရာတိုင်းမှာတော့ ထိုက်တန်တဲ့ပေးဆပ်မှု့ ရှိမှ ရစမြဲပါ။ ဖရီးထဲမှာ စတီးမစ်က ဘုရင်ပါ။ သေချာတဲ့ အပင်စိုက်ချင်ရင် စတီးမစ်မှာလာစိုက်ပါ။ အော် ဒါနဲ့ ပြောဖို့မေ့သွားတာ ဘာသာပြန်တာပဲဖြစ်ဖြစ်၊ သူများပုံယူသုံးတာပဲဖြစ်ဖြစ်၊ သူများအရေးအသား အတွေးအခေါ် အတိုင်း လိုက်ပြီး အီးတီမရွေး ရေးရင်တော့ စတီးမစ်မှာ ကော်ပီဖမ်းတဲ့ အကောင့်တွေက အများကြီးပါ။ အဲ့ဒီတော့ စတီးမစ်ကိုရွေးချယ်ပြီဆိုရင် မူရင်းလင့်ပေးတတ်ဖို့လည်းလေ့လာပါ။ သူများအကြံညဏ် ကိုးကားရေးတယ်ဆိုရင်လည်း ကိုးကားထည့်ပေးပါ။ ဒါမှသာ မိမိ ပိုစ့်က တန်ဖိုးရှိတဲ့ပိုစ့်ဖြစ်လာမှာပါ။

ဒီနေ့တော့ ဒီလောက်နဲ့ ရပ်ပါရစေဗျာ။ ဖရီးစိုက်မယ့်သူတွေလည်း ဖရီးအပင်ကြီးအောင် ရေလောင်းပေါင်းသင်ကျပါလို့ သတိပေး၇င်း ကျန်တော့်စာလေးကိုနိဂုံးချုပ်ပါတယ်ဗျာ။ အားလုံးပဲမင်္ဂလာပါ။

2345 (1).PNG

12.JPG

Author by @saipanpha
Msc-186

Sort:  

အဟေး အေးပါဟာ ခုက အပျော်မွန်ရမည့်အချိန်ကိုး လုပ်ထားပါအေ

couple ပုံ​လေး တွဲတင်​ရင်​ ပိုအဆင်​​ပြေမယ်

ရိုက်ရသေးတာခက်နေတာ ဘဒိုရေ
၁၇ ရက်နေ့ကျမှ ရိုက်ရမှာ။

စိတ်ဝင်စားတယ်ဗျို့ GP ထပ်တိုးပြန်ပြီပေါ့

ဟုတ်ကိုစောရေ
စရင်ဆွဲထည့်ထားလိုက်မယ် :D

အခုတော့ ၂ယောက်ပုံလေးနဲ့ပေါ့ hee hee

ဟီး ကိုမိုး အားကျအောင်လို့ပါ :P

😳😳😵😵😵
ပုံလေးမြင်တော့ အားကျမိတယ်
သို့ပေမယ့်လည်း ကောင်မလေးများထွက်ပြေးနေသည်😢😢😢😢

မင်္ဂလာဆောင်ကျရင်တော့ ဖိတ်ပါအုံးကိုစိုင်း

ဖရီးကိုမျှော်နေတယ်ကိုစိုင်းရေ
ဘေဖိုးပြန်ရရင်တော်ပီ😂😂😂

လိုက်ဖက်တဲ့ စုံတွဲလေးပါပဲဗျာ...

ဖရီးသာ ပြောရတယ် အားစိုက်ထုတ်ရတာတော့ မဖရီးဘူးကွယ်

ဟီး အာ့တော့ အင်တာနက် ဖရီးရတဲ့နေရာမှလုပ်ပါ ဘဒို :P

free ရမယ်ဆို တွယ်မယ်လေ။ ဂုန်းဆင်းဖို့ ready ပဲ။

မင်္ဂလာသတို့သားကြီး စာလဲရေးနိုင်သားပဲ သတို့သမီးနားကပ်နေမယ်ထင်နေတာ။

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 61388.48
ETH 2984.48
USDT 1.00
SBD 3.65