ရဲယိုသီးအစွမ်း

in #myanmar8 years ago

FB_IMG_1521588858673.jpg

ဒါက ဘာအသီးလဲဆိုတာ ကြည့်ရုံဖြင့် လူအများသိပြီးသား ဖြစ်ပါလိမ့်မယ်။

အင်္ဂလိပ်လိုဆိုရင်တော့(Noni Fruit)မြန်မာလိုဆိုရင်တော့(ရဲယိုသီး)ဖြစ်ပါတယ်။

ဒီအသီးကို ကျေးလက်နေပြည်သူအချို့က ဆေးဖက်ဝင်မှန်းသိပေမဲ့ စားသုံးသူအလွန်းနည်းသလို ကြိုက်နှစ်သက်သူလည်းအလွန်ရှားပါတယ်။

သူ့အနံ့က အရမ်စူးရှပြီး ပြင်းလွန်းနေတယ်။အသီးအမှည့်ကို ဆားနဲ့တို့ပြီး အစေ့ပါတပါတည်း ဝါးစားလိုက်ရုံဖြင့် အာခံတွင်းထဲ၌ စပ်ဖျင်းဖျင်းနဲ့ဆက်စားချင်စိတ်မရှိအောင် ဖြစ်သွားစေတယ်။

ဒါ့ကြောင့်လည်း မြေ၌ကြွေကျပေမဲ့ ဆေးမဖြစ်ပဲ အမှိုက်ဖြစ်သွားတယ်။

ဒါ့ကြောင့် ကျွန်တော်အကြံပေးချင်တာက ဒီအတိုင်းမစားချင်ပါက ရဲယိုသီးကို ရေကျက်အေး၊ပျားရည်စစ်စစ် နှင့် ဆားအနည်းငယ်ဖြင့်ရောစပ်ပြီး ဖန်ပုလင်းထဲ၌ထည့်၍ နေပြင်းပြင်း၌အပုပ်ခံထားပါ။

ရဲယိုသီးဟာ ပုပ်ရိပြီးအရည်ထွက်လာပါက ၄င်းအရည်ကို မိမိတို့ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။

ဘာတွေပျောက်သလဲ..ဘာတွေကောင်းသလဲဆိုရင်တော့..

သွေးလေမှန်ကန်ခြင်း
အစာစားခြင်းစိတ်ဖြစ်ပေါ်စေခြင်း
အူနဲ့ပတ်သက်တဲ့ရောဂါအမျိုးမျိုး
အစာအိမ်ရောဂါ
အရေပြားရောဂါ
ဒူးနာ၊ခါးနာ၊ကိုယ်လက်နာ
ခေါင်းမူး၊ခေါင်းကိုက်ဝေဒနာ
အဆုပ်သန့်စင်ခြင်း
အမြစ်တွယ်နာ၊အကျိတ်၊အဖု
နို့ကင်ဆာ
အမျိုးသမီးများ ရာသီသွေးမှန်ကန်ခြင်း
နှလုံးနဲ့ပတ်သက်တဲ့ရောဂါ
အဆီပိုများလျော့ကျခြင်း
ဆီးချိုကြောင့်ဖြစ်ပေါ်လာသောအနာများ
အဆိပ်အတောက်ပြေတယ်
ပိုးမွှားများသေစေတယ်

ဒါတွေက ကျွန်တော် ရမ်းပြောနေတာမဟုတ်ပါဘူး..အောက်မှာ သူ့ရဲ့ Benefits တွေကို ဖော်ပြထားပါတယ်။

သေချာတာကတော့ လူကိုဒုက္ခမပေးဘူး..အိမ်တိုင်းမှာဆောင်ထားရင် ဆေးဖြစ်စေတယ်။

လေးစားစွာဖြင့်....

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.092
BTC 63435.65
ETH 1784.66
USDT 1.00
SBD 0.39