ရောက်တတ်ရာရာများ .... ၁ (ခ)
ရောက်တတ်ရာရာများကို ဆက်ပြီး ရေးသားပါမယ်။ အပိုင်းဆက်တွေဖြစ်ပြီး ရေးသားမှာတွေကလည်း ခေါင်းစဉ်နဲ့ အတော်လေးကိုက်နေတာကြောင့် ရောက်တတ်ရာရာများနဲ့ဆိုင်တဲ့ post များကို pro မတင်တော့ပါဘူး။
အရင်တစ်နေ့က ရေးသားထားတာက အတိတ်နဲ့ကိုက်ညီအောင် ဖြစ်ပြီးတာလေး တစ်ခုကို ချရေးလိုက်တာပါ။ ဒီတစ်ခါတော့ ပစ္စုပ္ပာန်အကြောင်းကို ရေးပါမယ်။
ပစ္စုပ္ပာန်ဆိုတာက အများကြီးပါ။ အလျဉ်မပြတ်စီးဆင်းနေတဲ့ ဘဝရေစီးထဲမှာ ကျွန်တော်တို့တွေရဲ့ ပစ္စုပ္ပာန်ဆိုတာက မတည်မြဲပါဘူး။ အခြေအနေနဲ့ အချိန်အခါအပေါ်မှာ မူတည်နေပြီး အမြဲတစေ ပြောင်းလဲနေပါတယ်။ ဒါဆို ဘာတွေက တည်မြဲလဲ။ ကိုင်တွယ်လို့ မရနိုင်တဲ့ စိတ္တဇနာမ်တွေကသာ ကျန်ရစ်ခဲ့တာပါ။
- ၁၅၀၀ မေတ္တာဆိုတဲ့ ဖြူစင်တဲ့ အရာ
- ၅၂၈ မေတ္တာဆိုတဲ့ အတ္တနည်းနည်းစွက်ထားတဲ့ အရာ
- မုန်းတီးမှုဆိုတဲ့ အနက်ရောင်နာမ်ပစ္စည်း
- သစ္စာတည်ခြင်းဆိုတဲ့ အရောင်ကင်းမဲ့တဲ့အရာ
ဒါတွေဟာ လက်နဲ့ ထိတွေ့မရပေမယ့် တော်ရုံတန်ရုံတော့ ဆေးမကျွတ်ပါဘူး။
ဒါပေမဲ့ ကိုယ်တွေက ဘာမှန်းမသိဘဲ မတည်မြဲတဲ့အရာကို မတည်မြဲတဲ့အချိန်အတွင်း တည်မြဲနေအောင် လုပ်နေကြတယ်။
ဥပမာအားဖြင့် လောလောဆယ် ကျွန်တော့်မှာ ဘာသာပြန်စရာ ဇာတ်ကားတစ်ကားက urgent ဖြစ်နေတယ်။ Deadline အမီ ရေးနေရတယ်။ ဒါ့အပြင် အွန်လိုင်းသင်တန်းအတွက် assignment ကလည်း ရေးနေတုန်း မပြီးသေးဘူး။ မနက်ဖြန် နောက်ဆုံးပို့ပေးရတော့မှာ ... ဒီညတောင် နည်းနည်းအိပ်ရေးပျက်လောက်တယ်။
ဒီကြားထဲက စတီးမစ်အတွက် ပို့စ်တင်ပြီး ရေးနေသေးတယ်။ ဒါတွေက တစ်ချိန်မှာ ပြီးဆုံးပြီး ကျော်သွားမယ့်အရာတွေပါ။ ဒါပေမဲ့လည်း လက်ရှိမှာတော့ ကိုယ့်အတွက် စိတ္တဇနာမ်တွေထက် ပိုပြီး အရေးကြီးနေပြီ။
ဒီတော့ ပို့စ်တင်တာ လက်စသတ်ပြီး အနာဂတ်မှာ အခက်မတွေ့ရအောင် ပစ္စုပ္ပာန်ကို နည်းနည်းအာရုံစိုက်လိုက်ပါဦးမယ်။
အားပေးဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ်။
sawlwin
MSC - 176
၁၅၀၀ မေတ္တာဆိုတဲ့ ဖြူစင်တဲ့ အရာ
ဒါလေး မရှင်းသလိုပဲ😁
Posted using Partiko Android
ကြိုးစားတယ်နော် အားကျမိ😁
ကျေးဇူး မကြည် ... auto မဗုတ်ရင် manual ဗုတ်ပစ်မယ်
e လေ့လာနည်းလေးမျှဝေပါဦး။လုပ်နေပေမယ့် အားမရလို့။
လုပ်နေဖို့ပဲ လိုတာလို့ ထင်ပါတယ်ဗျာ
၂၀၂၈မေတ္တာရော မပါဘူးလား ကိုစော
Posted using Partiko Android
အဲဒါကို မသိဘူးဗျ
ဟုတ်တယ် ကိုစော ၁၅၀၀ နဲ့ ၅၂၈ ကိစ္စ မရှင်းဘူး ရှင်းပေးပါလို့ 😁
ကြိုးစားထားပါ အားပေးနေမယ် 😁😁
Posted using Partiko Android
အားပေးတာ ကျေးဇူးပါ
Congratulations @sawlwin! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Do not miss the last post from @steemitboard:
Thanks.
Congratulations,
you just received a 13.53% upvote from @steemhq - Community Bot!
Wanna join and receive free upvotes yourself?
Vote for
steemhq.witness
on Steemit or directly on SteemConnect and join the Community Witness.This service was brought to you by SteemHQ.com
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
အချိန်သိပ်မရလို့နောက်မှဖတ်တော့မယ်ဘရို။ အခုတော့ vote လိုက်ပေးလိုက်ဦးမယ်။
Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.
Vote အတွက် ကျေးဇူးပါ ဘရို