ဂူဂဲလ်ရဲ့ အသုံးများတဲ့ app များ

in #myanmar5 years ago

စာမရေးတာလည်း ကြာပြီဆိုတော့ တစ်ခုခုတော့ ရေးတင်ဦးမှပဲလို့ စိတ်ကူးမိတယ်။ ရေးစရာတစ်ခုခု ရဖို့ အတွက် ဖတ်ထားတာလည်း ရှိထားဦးမှ ... အရင်တုန်းက နည်းပညာအကြောင်း ရေးသားမိတာတွေ ပြန်တမ်းတမိတယ်။ အဲဒီတုန်းကတော့ စတီးမစ်အကြောင်းတွေပေါ့။ အခုက Google နည်းပညာအကြောင်း အဓိကထားပြီး ရေးပါဦးမယ်။


source


Google လို့ ဆိုတာနဲ့ မျက်စိထဲမှာ ပြေးမြင်ကြတာကတော့ Gmail ပါပဲ။ ဖွင့်ရတာ လွယ်ကူပြီး အသုံးဝင်တာကြောင့် Google ရဲ့ အီးမေးလ်စနစ် Gmail ကို အသုံးပြုကြတာ များပါတယ်။ ဘယ်သူမဆို ဖွင့်လှစ်သုံးစွဲနိုင်တာကြောင့် gmail အကောင့်တွေ အသုံးပြုကြတာ များလာပါတယ်။


source


နောက်တစ်ခါ အသုံးများတာကတော့ Google drive ပါ။ ကျွန်တော်တို့ရဲ့ file တွေ၊ folder တွေကို အဲဒီမှာ သိမ်းဆည်းလို့ ရပါတယ်။ ဒါပေမဲ့ free အကောင့်အတွက်ကတော့ disk space သိပ်မပေးပါဘူး။ ဒါကြောင့် တစ်ချို့က team drive တွေ အသုံးပြုကြတယ်။ သူ့အထဲမှာကတော့ ကိုယ့် data ကို ကိုယ်ကြိုက်သလောက် ထည့်လို့ ရပေမယ့် မိမိရဲ့ Gmail အကောင့်က free အကောင့်ဆိုရင်တော့ အဲဒီအထဲမှာ disk space အနည်းငယ်ရှိနေဖို့ လိုအပ်ပါတယ်။


source


နောက်တစ်ခါ အသုံးမများပေမယ့် အသုံးဝင်နေတာကတော့ google hangout ပါ။ အရင်တုန်းကတော့ Gtalk အနေနဲ့ အသုံးများပေမယ့် အခုအခါမှာ messenger လို application တွေ အများကြီး ပေါ်လာတာကြောင့် အဲဒါကို အသုံးပြုသူက နည်းပါးနေပါသေးတယ်။ ဒါပေမဲ့လည်း data ကုန်ကျတာ နည်းပါးပြီး ကြည်လင်ပြတ်သားတဲ့အသံနဲ့ အပြန်အလှန် chatting ထိုင်တာ video call ခေါ်တာတွေ လုပ်ချင်ရင်တော့ hangout ကို ရွေးချယ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။


my_picture.jpg


@sawlwin
MSC - 176

Sort:  

Sp 500 ကျော် ရင်ဘာဆိုလား အဲ့အကြောင်းလေး
ရေးတင်ပေးပါအုံး ကိုစော

Minnow ဖြစ်သွားတာ ဦးထွေး

Posted using Partiko Android

နည်းပညာအကြောင်းလေးတွေ များများရေးပေးစမ်းပါကိုစောရာ
ကိုယ်ကဘာမှသိပ်ပြီးမကျွမ်းကျင်တော့ ဗဟုသုတရလို့ပါ။

လာတော့မှာ ကုန်ကြမ်းတွေ စုထားတာ

Posted using Partiko Android

အသုံးအများဆုံးက​တော့ Gmail ​ပေါ့ဗျာ မရှိမဖြစ်​ကိုး

အဲဒါပဲ သိကြတာ နှမျောဖို့ ကောင်းတယ်ဗျ

Posted using Partiko Android

Google အသုံးဝင်​လွန်းပါတယ်​....ခုလိုသိရတာ​ကျေးဇူးပါ...

Posted using Partiko Android

ဟုတ်ကဲ့

Posted using Partiko Android

ဘာပဲရေးရေး ရဲလိုးပေ့ဂ်ျ အဲ ဘာပဲရေးရေး ရေးနေဖို့ပါပဲ ကိုစောရေ

စရေးနေပါပြီဗျာ

Posted using Partiko Android

မိတ်ဆွေရဲ့ ပိုစ့်ကို C2 Myanmar Curation အဖွဲ့မှ ရွေးချယ်လိုက်ပါသည်။

ကျေးဇူးတင်ပါတယ်

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

ဒီခါ​သောက်​ရင်​ လှမ်းချိတ်​လိုက်​ ချီးယားရ​အောင်

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63855.79
ETH 3113.00
USDT 1.00
SBD 4.04