Interview !

in #myanmar6 years ago

images.png

Image creidt - original source


အင်တာဗျူးဆိုတာကို ဘိုးတူး သိနေတာ ကြာပါပြီ ... မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာ ရုပ်ရှင်မင်းသမီးတွေနဲ့ အင်တာဗျူးဆိုပြီး သူတို့ရဲ့အကြောင်းတွေ ရည်းစားရှိ မရှိဆိုတာတွေ၊ သူတို့ ဘာတွေကြိုက်သလဲတို့ သူတို့ ဘာတွေလုပ်နေသလဲတို့ မေးကြတယ် ... ဘိုးတူးစဉ်းစားကြည့်သည် ... အင်တာဗျူးဆိုတာ ကိုယ်လုပ်နေတာကို မေးတာပဲပေါ့ ...

ဒါများ ငါ့ကိုလည်း လာမေးလို့ရတာပဲ ... လာမေးစမ်းပါကွာ ... ငါ အကုန်ပြောပြပေးမယ် ... ငါ့ပုံလှလှလေးလည်း ရိုက်ပေးလိုက်မယ် ... လုပ်ပါကွာ ... နာမည်ကြီးချင်လို့ပါ

.....ဆိုပြီး မဂ္ဂဇင်းမှာ သတင်းထောက်လုပ်နေတယ်ဆိုတဲ့ လမ်းထဲက အသိတစ်ယောက်ကို အကူအညီတောင်းဖူးတယ် ...

ဟာဗျာ ... ကိုဘိုးတူးကလည်း အဲဒီအင်တာဗျူးဆိုတာက နာမည်ကြီးမှ ဗျူးလို့ ရတာ ... ခင်ဗျားက ဆိုက်ကားသမား ... ဘာလို့ မဂ္ဂဇင်းမှာ ထည့်မှာလဲ

... ဆိုပြီး အပြောခံရတယ် ... လဘက်ရည်လည်း တိုက်ရသေး ... အဟောက်လည်း ခံရသေးတာကြောင့် ဘိုးတူးလည်း အင်တာဗျူးဆိုတာကြီးကို ထပ်မစ၀ံ့တော့ဘူး ...


interviews-e1433244493315.jpg

Image credit - original source


နောက်တော့ ဘိုးတူးရဲ့တူက ရောက်လာတော့ ပြောပြန်တယ် ... သူ အလုပ်လျှောက်ထားတာ အင်တာဗျူးပါတယ်ပေါ့ ...

ဟာ ... ငါ့တူရ ... မင်းဟာက အလုပ်လိုချင်လို့ လျှောက်တာ အင်တာဗျူးပါ လုပ်ပေးတာလား ... မင်း နာမည်အတော်ကြီးလို့ ဖြစ်မယ် ... ငါ့ကို ကိုဖိုးအေးက ပြောတယ် ... နာမည်ကြီးမှ အင်တာဗျူးခံရတာတဲ့ ... မင်း ဘာတွေ လုပ်ခဲ့တာလဲ ... ငါ့ကိုလည်း နည်းလမ်းပြောစမ်းပါ ... အင်တာဗျူးခံချင်လို့ပါ ..…

ဦးလေးဘိုးတူးကတော့ လုပ်ပြီ ... ဒါက နာမည်ကြီးမင်းသားမင်းသမီးတွေကို ဗျူးတာမျိုး မဟုတ်ဘူး ... အလုပ်သမားကို အလုပ်ရှင်က သူလိုချင်တဲ့ အရည်အချင်းရှိသလား မရှိဘူးလားဆိုတာ မေးမြန်းတာ ... အင်တာဗျူးဆိုတာ မေးမြန်းတာကို ပြောတာဗျ ...

သူပြောတာလည်း ဟုတ်သလိုလို ရှိသား ... မင်းသား မင်းသမီးတွေကို မေးတာလည်း အင်တာဗျူးသာဆိုတယ် ... မေးမြန်းတာပါပဲ ... ငါ့တူကိုလည်း အလုပ်ရှင်က မေးမြန်းတာပဲ ... ဟုတ်ပြီ ငါလည်း အမေးခံဦးမယ် ... ဦးဘိုးတူး ဆိုက်ကားဆရာ ဘာမဆို အမေးအမြန်းခံသည်လို့ ဆိုင်းဘုတ်ချိတ်ဦးမယ်ပေါ့ ... လုပ်ပြန်တယ် ...

ဆိုင်းဘုတ်ကို သွားရေးခိုင်းတော့ ဆိုင်းဘုတ်ရေးတဲ့ ဦးကုလားက ကိုယ်ပြောတာ ကြားပြီး ခွက်ထိုးခွက်လှန်ရယ်တယ် ...

ဦးဘိုးတူးရယ် ... အမေးမြန်းခံတာများ ဘာလို့ ဆိုင်းဘုတ်ရေးဦးမလဲ ... ဦးဘိုးတူး ငယ်ကတည်းက အမေးခံနေရတဲ့ဟာ ... ကျောင်းမှာ ဦးဘိုးတူးကို ဆရာက စာမမေးဘူးလား ... အဲဒါလည်း မေးမြန်းတာပဲလေ ... ဆရာတော်ကို ဖူးလို့ သာကြောင်း မာကြောင်း မေးတာလည်း ဗျူးတာပဲလေ ... ယုတ်စွအဆုံးနေကောင်းလားမေးတာလည်း ဗျူးတာပဲ .. နေ့တိုင်း ဗျူးခံနေရတာပဲဟာ...

ဟုတ်ပါသကောဗျာ ... နေ့တိုင်းအမေးခံနေရတယ် ...အစစ်ဆေးခံနေရတယ် ... ရုပ်ရှင်မင်းသမီးလို အလုပ်လျှောက်သူလို အောင်မှတ်ရအောင် အခုကတည်းက ပြင်ဆင်ပြီး အကောင်းဆုံးဖြေလိုက်တော့မယ် ...

မိမိအတွေးကို တပြုံးပြုံးကျေနပ်ပြီး ပြန်လာနေတဲ့ ဘိုးတူးကတော့ ခွေးဟောင်တာတောင် သူ့ကို လှမ်းမေးတယ်ထင်ပြီး ဖြေလိုက်ဦးမယ့်ပုံပါပဲ ...


@sawlwin

MSC 176

Sort:  

ကိုဘိုးတူးနေကောင်းလားမေးမလို့တောင် မမေးရဲတော့ဘူး

သူက ဖြေချင်နေတာပါ

အာ့ဆိုလဲ မေးလိုက်ပြီ😁

နေကောင်းတယ် ဘလာ ဘလာ လို့ ပြန်ဖြေပါတယ်ဗျာ

You got a 8.89% upvote from @redlambo courtesy of @sawlwin! Make sure to use tag #redlambo to be considered for the curation post!

You got a 27.35% upvote from @steembloggers courtesy of @sawlwin!

Loading...

ဖြစ်တတ်တာလေးတွေပေါ့ဗျာ

ဟုတ်ပါတယ်ဗျာ

ကိုဗျူးတူးလို့ နာမည်ပြောင်းပေးလိုက်ပါဗျာ

သူက အဗျူးခံချင်တာ

ဗျူးတယ်ဆိုတာ ဖြူးမှကောင်းတာဟုတ်ဖူးလား။

ဟုတ်တာပေါ့ ဆရာ ဖြူးအောင် ကြိုဦးထားရတာတွေရှိတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 62772.18
ETH 3032.07
USDT 1.00
SBD 3.67