Online earning or online tired trying !

in #myanmar6 years ago (edited)

Source


" ဘိုးတူးရေ ... ဘိုးတူး "

မနက်စောစောစီးစီး အိမ်ရှေ့ကနေ လာခေါ်သံကြားလို့ ဘိုးတူးနိုးသွားပါတယ်။ ညက အိပ်ရာထ နောက်ကျတာကြောင့် မနက်နေမြင့်သွားတယ်။ ဖုန်းထဲမှာ ဂိမ်းတစ်ခုကို ဆော့နေကြည့်တာ။ ဦးကုလားပြောတော့ အဲဒီဂိမ်းကို ဆော့ရင် ပိုက်ဆံရမယ်တဲ့။ ဘာလို့ ပေးမှန်းလည်း မသိပါဘူး။ ဂိမ်းလည်း အရင်က မကစားဘူးတာနဲ့ ပိုက်ဆံရမယ်ဆိုတာရော ကစားကြည့်ချင်တာပါ ပေါင်းပြီး နှိပ်နေကြည့်တာ။

" လာပြီဗျို့ "

" သေနာကောင်ရေ ... နင် ငါ့ကို ဆိုက်ကားလာကြိုမယ်လို့ ပြောထားတယ်လေ ... ဘာလို့ မလာတာလဲ ... ငါ့မှာတော့ စောင့်လိုက်ရတာ ...အဲဒီမှာ ဘယ်လောက်အသွားအလာပြတ်လဲ နင် အသိပဲ ... တော်သေးတာပေါ့ ... ဖိုးချစ်ထွန်းဆိုက်ကားကြုံ ရလိုက်လို့ ... မဟုတ်ရင် ငါလည်း နင့်ကို စောင့်နေရင်း လူအဆွဲခံရပြီ "

" ဒုက္ခော ... အခုမှ တကယ်ကို ပျားတုပ်တာ " လို့ ဘိုးတူးစိတ်ထဲကနေ ရေရွတ်မိတယ်။

အပျိုကြီး ဒေါ်ဘုမကို ဆိုက်ကားကြိုဖို့ ပြောထားတာ မေ့နေတယ် ... သူက တကယ့်မလွယ်ကြောပဲ ... စိတ်လည်း အတော်တိုနေပုံရတယ် ... ညက ကိုချစ်ထွန်းပြောသလို လိုက်လုပ်ကြည့်တာ ဒေါ်လာဆိုတာ ဘာဆိုလား 0.01 တက်လာတော့ စိတ်ထဲမှာ လောဘတက်ပြီး လျှောက်နှိပ်နေမိတာ ... သူတောင် တစ်နေကုန်လုပ်တာ 0.22 $ ပဲ ရတယ်တဲ့ ... ဘိုးတူးက ညတစ်ပိုင်းလုပ်တာ 0.15 $ တက်တယ်ဆိုတော့ ကိုယ့်ကိုယ်ကို သဘောကျပြီး ဇောကပ်မိတာ ... ဟုတ်တယ်လေ ... ဘိုးတူးက ဒါတွေ သိပ်နားမလည်ဘူး ... သူများ လုပ်လို့ ရတယ်ဆိုလို့သာ လုပ်ကြည့်တာ ... ဘာမှန်းသိတာ မဟုတ်ဘူး ... ဟိုနှိပ် ဒီနှိပ်နဲ့ ဒီလောက် ရတာပဲ မဆိုးဘူးလို့ ဆိုရမယ် ....

" အပျိုကြီးရယ် ... တောင်းပန်ပါတယ်ဗျာ ... ကျွန်တော် ညက အိပ်တာ ညဉ့်နက်သွားလို့ပါ ... နောက်တစ်ခါ မဖြစ်စေရပါဘူး ... ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော် "

ဘယ်လိုပဲ ဖြစ်ပါစေ ... ကိုယ့်ဘက်ကနေ မှားတာဆိုတော့လည်း တောင်းပန်ရတာပေါ့ဗျာ .. အပျိုကြီးဒေါ်ဘုမက ဒါကြောင့်ပဲ လင် မရတာ ဖြစ်မယ် ... ရစ်နေတာ မပြီးတော့ဘူး ... သူ ရစ်သမျှ သည်းညဉ်းခံပြီး နားထောင် ... လိုက်တောင်းပန်နေတော့မှ ကျေနပ်ပြီး ထွက်သွားတယ် ... မနက်စောစောစီးစီး အိပ်ရေးမ၀တဲ့ကြားထဲ နားလည်း အတော်ပူသွားတယ် ... နာရီကြည့်လိုက်တော့ ရှစ်နာရီခွဲနေပြီ ... တော်တော်ပြောနိုင်တဲ့ သူပဲ ... တစ်နာရီနီးပါးကြာအောင် မကျေနပ်တဲ့ စကားတစ်ခွန်းတည်းကို ပုံစံအမျိုးမျိုးပြောင်းပြီး ပြောသွားလိုက်တာ ... သြချရတယ် ...

ကမန်းကတန်းပဲ ရှိတဲ့ မနက်စာ ထမင်းကြမ်းကို ညက ကျန်တဲ့  ဟင်းနဲ့ နယ်ဖတ်စားပြီး ဆိုက်ကားဂိတ်ထိုးဖို့ ထွက်လာခဲ့တယ်။ နေမြင့်နေပြီဖြစ်လို့ ဈေးကလည်း ကွဲနေပြီ ... ပါဆင်ဂျာက သိပ်မရှိတော့ဘူး တစ်နေ့လုံးလိုလိုမှ သုံးဦးလောက်ပဲ ခရီးတို ရလိုက်တယ်။ ညက အိပ်ရေးမ၀တာကြောင့် လူကလည်း သိပ်နေလို့ မကောင်းတော့ဘူး။ နေအပူရှိန်ကလည်း ပြင်းတယ်လေ။ ခေါင်းမူးသလို ချွေးစေပြန်သလိုလို ဖြစ်နေတာနဲ့ အသေးလေးရောင်းတဲ့ သံပုရာရည်ကို မှာသောက်ရသေးတယ်။

ညနေစောင်းတော့ ဆိုက်ကားဂိတ်မှာ ကျားထိုးဖို့ ကိုချစ်ထွန်းရောက်လာတယ်။ ဒါနဲ့ လက်လှမ်းဆွဲပြီး သူ ညက ရထားတာလေး ပြကြည့်တယ်။ မြန်မာငွေ ဘယ်လောက်ရပြီလဲလို့လည်း မေးကြည့်တယ်။ သူ့စိတ်ထဲမှာက ပိုက်ဆံတွေ အထပ်လိုက်ပဲ မြင်တယ်။ ဒါပေမယ့် ဟိုက ပြန်ပြောတဲ့စကားကြောင့် သူလက်လန်သွားတယ်။

" ကိုဘိုးတူးရေ ... တစ်ဒေါ်လာမှ မြန်မာငွေ ၁၃၀၀ ၀န်းကျင်ရှိတာ အခုက 0.15 ဆိုတော့ ၂၀၀ ၀န်းကျင်လောက်တော့ ရပြီ "

" ဒါဆို ဘယ်လောက်ရမှ ထုတ်လို့ ရလဲ "

" တစ်ဆယ့်တစ်ဒေါ်လာလောက်တော့ အနည်းဆုံးရရမယ် "

" အောင်မယ်လေး ... ကိုချစ်ထွန်းရယ် ... ဒီလောက်ရဖို့တောင် ကျုပ်မှာ ဖုန်းဘေလ် ဘယ်လောက်ကုန်သွားတယ် ထင်သလဲ ... တစ်ထောင်ကျော်ဗျ ... တစ်ထောင်ကျော် ... ဒါကို လုပ်နေလို့ ဖောက်သည်လည်း ပျက်တဲ့အပြင် လူကလည်း အိပ်ရေး မ၀တာနဲ့ ကြောင်တောင်တောင် ဖြစ်နေတယ် ... တော်ပြီဗျာ ... အခုရတာလည်း မမက်တော့ဘူး ... application ကိုလည်း ဖျက်လိုက်တော့မယ် ... နောက်တစ်ခါလည်း အဲဒီအွန်လိုင်းလား ... ဖွန်လိုင်းလား ... ငွေရှာတာကို ထပ်မပြောနဲ့တော့ ... ကျုပ်ဘာသာကျုပ်ပဲ ဆိုက်ကားနင်းပြီး ငွေရှာတော့မယ် "

ဟုတ်တယ်ဗျာ ... ရတာကို မြင်ပြီး လောဘတက်မိတာ ... အခုတော့ ကိုယ့်အိတ်ထဲက စိုက်ရတဲ့အပြင် ... အခြားဆုံးရှုံးမှုတွေကလည်း ပါလာသေးတယ် ... နောက်ဆိုရင် ဘိုးတူးလည်း အွန်လိုင်းငွေရှာတာလို့ ဘယ်သူပဲ စကားစစ .. အစမခံတော့ပါဘူး ... တစ်ခါတည်းနဲ့ သင်ခန်းစာယူလိုက်ပါပြီ ...

ဟုတ်ကဲ့ ... ဘိုးတူး စမ်းကြည့်တဲ့ apk က ဘာလဲရော သိချင်ကြလားဗျ ... google playstore မှာ Whaff လို့သာ ရိုက်ပြီး ရှာကြည့်လိုက်ပါ ... wifi free ရတဲ့သူကတော့ အသုံးဝင်မှာပါ ... ကိုယ့်ဘေလ် ကိုယ်သုံးရရင်တော့ မကိုက်ဘူးပေါ့ဗျာ ...


Source


@sawlwin

MSC - 176

Sort:  

သားကတော့ ဘေဖိုးတောင်မနည်းစုနေရတာပေါ့
ကိုကြီးစော hehe

တူတူပါပဲဗျာ

😁ဂိမ်းဆော့တာ ငွေရတယ်ဆိုပြီး ဘေကုန်တာ မကာမိရင် ခက်ပြီပေါ့😁

ဟုတ်ပါ့ဗျာ အဲဒါတွေ စိတ်ပိန်တာ ရတာနဲ့ ထွက်တာ မကာမိဘူး

ဘေလ်​ဖိုးနဲ့​တောင်​ မကာမိဘူး😁

ဟုတ်ပါ့

wifi နဲ့ဆော့ပါတယ်ဗျ။ myanmarnet တစ်လစာ ၅၀၀၀ အဝသုံးဝယ်ဆော့ပါတယ်။ လိုင်းကတော့ သာမာန်ပေါ့ဗျာ။ ကျူထိုးရင် ကျကျသွားတယ် ဟီးဟီး

ကောင်းပါ့ဗျာ

ဟီး ကျန်တော်လည်း ၃ ရက်လုပ်နေတာ ခုမှ .33$ ပဲရသေးတယ်။
မကိုက်ပါဖူး :D
ဆော့ဝဲဒေါင်းတာနဲ့တင်ကို တော်၂ကုန်နေပြီရယ်။

အမှန်ပါပဲ

😂😂😂
ဒါဆို ဖျက်လိုက်ပြီပေါ့ ကိုဘိုးတူး😁😁😁
ဂိမ်းပြောတာ😁😁

ဘိုးတူးဖျက်တာ ကွီးစော မဖျက်ဘူး

Wi-Fi လေး ဖရီးသုံးလို့ရရင် သေိပ်အဆင်ပြေမှာပဲ

စိတ်ကူးလေးပါပဲ အိပ်မက်လေးပါပဲ ... ( သီချင်းဆိုကြည့်တာ )

တကယ်ရှာရမှာလား playstore မှာ hee hee

ရှာကြည့်

ဘေဖိုးမကာမိဘဲ ကြိတ်မိတ် လုပ်နေပါသည်

ဒါကြောင့် ခေါင်းပြောင်သွားတာလားဗျာ

ရတာမရတာအပထား လုပ်တော့လုပ်ကြည့်နေတာပဲ။

ရတော့အမြတ်ပေါ့ဗျာ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 61691.46
ETH 3047.50
USDT 1.00
SBD 3.88