Family

in #myanmar6 years ago

မိဘ
အခုတေလာ facebookကေန ''ကေလးတစ္ေယာက္ကို မိဘေတြက စာေမးပြဲမွာ ရလဒ္မေကာင္းလို႔ဆိုၿပီး
႐ိုက္ႏွက္ကာ ဆံုးမသည္။႐ိုက္ခံရေသာ ဒါဏ္ရာေၾကာင့္ ကေလးငယ္
သည္္ ေနာက္ႏွစ္ရက္တြင္ ဆံုးပါးသြားသည္'' ဆိုတဲ့ သတင္းကို ၾကားရေတာ့
ရင္ထဲမွာ ေနလို႔ မေကာင္း၊ ဝမ္းနည္းလာသည္။

မိဘ
အခုတလော facebookကနေ ''ကလေးတစ်ယောက်ကို မိဘတွေက စာမေးပွဲမှာ ရလဒ်မကောင်းလို့ဆိုပြီး
ရိုက်နှက်ကာ ဆုံးမသည်။ရိုက်ခံရသော ဒါဏ်ရာကြောင့် ကလေးငယ်
သည် နောက်နှစ်ရက်တွင် ဆုံးပါးသွားသည်'' ဆိုတဲ့ သတင်းကို ကြားရတော့
ရင်ထဲမှာ နေလို့ မကောင်း၊ ဝမ်းနည်းလာသည်။

image

ေျသာ္ မိဘေတြ မိဘေတြ
ကိုယ့္သားတစ္ေယာက္ စာေမးပြဲ
ရလဒ္မေကာင္းလို႔ ႐ိုက္ႏွက္ဆံုးမတာ
ရလဒ္ကို ေျပာင္းလဲေစပါသလား?
႐ိုက္ၿပီး ဆံုးမရင္ အဲ့ေလာက္ထိ(ေသသည္ထိ) လိုပါသလား? စာကို ေၾကာက္ေအာင္ နည္းနည္း႐ိုက္ၿပီး ဆံုးမစကား ေျပာသင့္ပါသလား?စာက ဘယ္ေလာက္ အေရးႀကီးေၾကာင္း ေျပာျပၿပီး ဒီထက္ ပိုႀကိဳးစားသင့္ေၾကာင့္ ဆံုးမသင့္ရဲ႕လား?ေမးခြန္းေတြက အလီလီ ရင္ထဲမွာ ႐ွိလာပါတယ္။

သြော် မိဘတွေ မိဘတွေ
ကိုယ့်သားတစ်ယောက် စာမေးပွဲ
ရလဒ်မကောင်းလို့ ရိုက်နှက်ဆုံးမတာ
ရလဒ်ကို ပြောင်းလဲစေပါသလား?
ရိုက်ပြီး ဆုံးမရင် အဲ့လောက်ထိ(သေသည်ထိ) လိုပါသလား? စာကို ကြောက်အောင် နည်းနည်းရိုက်ပြီး ဆုံးမစကား ပြောသင့်ပါသလား?စာက ဘယ်လောက် အရေးကြီးကြောင်း ပြောပြပြီး ဒီထက် ပိုကြိုးစားသင့်ကြောင့် ဆုံးမသင့်ရဲ့လား?မေးခွန်းတွေက အလီလီ ရင်ထဲမှာ ရှိလာပါတယ်။

image

ေအာ္ မိဘေတြ မိဘေတြ မိဘက်င့္ဝတ္ကိုေရာ သိၾကေသးရဲ႕လားလို႔ ေမးခ်င္ပါတယ္။သား/သမီးေတြကို ျပဳစု ပ်ိဳးေထာင္တဲ့ ေနရာမွာ ဘယ္လိုလုပ္သင့္တယ္ ဆိုတာ မသိရင္ စာအုပ္ေတြ ႐ွိပါတယ္ ဖတ္ပါ၊မွတ္ၾကပါ။ စာမဖတ္တတ္ရင္ သူမ်ားဆီမွာ ေလ့လာပါ။ ဒါမွ မဟုတ္ စာဖတ္တဲ့ သူငယ္ခ်င္းကို ဖတ္ေပးဖို႔ အကူအညီေတာင္းပါ။
ကိုယ္မျပဳစုႏိုင္ရင္လည္း အစကတည္းက ကေလးမယူၾကပါနဲ႔။ သင္တို႔ရဲ႕ ဆနၵတစ္ခုတည္းကိုပဲ ၾကည့္ၿပီး ကေလးေတြကို မႏွိပ္စက္ပါနဲ႔။

အော် မိဘတွေ မိဘတွေ မိဘကျင့်ဝတ်ကိုရော သိကြသေးရဲ့လားလို့ မေးချင်ပါတယ်။သား/သမီးတွေကို ပြုစု ပျိုးထောင်တဲ့ နေရာမှာ ဘယ်လိုလုပ်သင့်တယ် ဆိုတာ မသိရင် စာအုပ်တွေ ရှိပါတယ် ဖတ်ပါ၊မှတ်ကြပါ။ စာမဖတ်တတ်ရင် သူများဆီမှာ လေ့လာပါ။ ဒါမှ မဟုတ် စာဖတ်တဲ့ သူငယ်ချင်းကို ဖတ်ပေးဖို့ အကူအညီတောင်းပါ။
ကိုယ်မပြုစုနိုင်ရင်လည်း အစကတည်းက ကလေးမယူကြပါနဲ့။ သင်တို့ရဲ့ ဆန္ဒတစ်ခုတည်းကိုပဲ ကြည့်ပြီး ကလေးတွေကို မနှိပ်စက်ပါနဲ့။

image

ကေလးဆိုတာ အလြန္အင္မတန္မွ ျဖဴစင္တဲ့ ႏွလံုးသား ပိုင္႐ွင္ေတြပါ။ အဲ့ ျဖဴစင္တဲ့ ႏွလံုးသားကို ေကာင္းေသာ အေရာင္ဆိုးဖို႔ မိဘေတြရဲ႕ တာဝန္ျဖစ္ပါတယ္။ မိဘတာဝန္ မေၾကတဲ့ မိဘေတြဟာ ေမြးမိဘလို႔ ဆိုယံုပါပဲ။ ေမြးဖြားေပးတဲ့ မိဘေပါ့။ တကယ့္ မိဘေတြ မဟုတ္ပါဘူး။ လမ္းေဘးက သြားလာတဲ့ လူတစ္ေယာက္က ကေလးတစ္ေယာက္ကို မိဘကဲ့သို႔ လမ္းမွန္ၫႊန္ျပႏိုင္ရင္ အဲ့ဒီလူဟာ ထိုကေလးအတြက္ မိဘအစစ္အမွန္ပါပဲ။ ဒါေၾကာင့္ မိဘတိုင္း မိဘတိုင္း ကိုယ့္သားသမီးရဲ႕
မိဘအစစ္ေတြ ျဖစ္ဖို႔ မိဘက်င့္ဝတ္ကို လိုက္ၾကပါလို႔ တိုက္တြန္းပါရေစ။
#ကေလးတိုင္း ကေလးတိုင္း အဲ့လို မိဘနဲ႔ ကင္းေဝးၾကပါေစ။

ကလေးဆိုတာ အလွန်အင်မတန်မှ ဖြူစင်တဲ့ နှလုံးသား ပိုင်ရှင်တွေပါ။ အဲ့ ဖြူစင်တဲ့ နှလုံးသားကို ကောင်းသော အရောင်ဆိုးဖို့ မိဘတွေရဲ့ တာဝန်ဖြစ်ပါတယ်။ မိဘတာဝန် မကြေတဲ့ မိဘတွေဟာ မွေးမိဘလို့ ဆိုယုံပါပဲ။ မွေးဖွားပေးတဲ့ မိဘပေါ့။ တကယ့် မိဘတွေ မဟုတ်ပါဘူး။ လမ်းဘေးက သွားလာတဲ့ လူတစ်ယောက်က ကလေးတစ်ယောက်ကို မိဘကဲ့သို့ လမ်းမှန်ညွှန်ပြနိုင်ရင် အဲ့ဒီလူဟာ ထိုကလေးအတွက် မိဘအစစ်အမှန်ပါပဲ။ ဒါကြောင့် မိဘတိုင်း မိဘတိုင်း ကိုယ့်သားသမီးရဲ့
မိဘအစစ်တွေ ဖြစ်ဖို့ မိဘကျင့်ဝတ်ကို လိုက်ကြပါလို့ တိုက်တွန်းပါရစေ။
#ကလေးတိုင်း ကလေးတိုင်း အဲ့လို မိဘနဲ့ ကင်းဝေးကြပါစေ။

image

                    မိဘဝတ္

မေကာင္းျမစ္တား ၊
ေကာင္းရာၫႊန္လတ္၊
အတတ္သင္ေစ၊
ေပးေဝႏွီးရင္း၊
ထိမ္းျမားျခင္းလ်ွင္၊
ဝတ္ငါးအင္၊
ဖခင္မယ္တို႔တာ။

                    မိဘဝတ်

မကောင်းမြစ်တား ၊
ကောင်းရာညွှန်လတ်၊
အတတ်သင်စေ၊
ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊
ဝတ်ငါးအင်၊
ဖခင်မယ်တို့တာ။

image

Coin Marketplace

STEEM 0.24
TRX 0.12
JST 0.029
BTC 69344.75
ETH 3687.94
USDT 1.00
SBD 3.27