အကြားအမြင်

in #myanmar6 years ago

အကြားအမြင်​...

(မှီးငြမ်း​လေးပါ..ကြာ​တော့ကြာပါပြီ..နိုင်​ငံခြားဝတ္တုကိုဘာသာပြန်​တာလားမသိ..
)

ထို​နေ့က 1962 march 18ရက်​။ ထိုစဉ်​က ကျွန်​​တော့်​အသက်​ ၂၃နှစ်​။ ကိုယ်​ပိုင်​စီးပွား​ရေးလုပ်​ငန်းစလုပ်​​နေသူဖြစ်​သည်​။ ချမ်းသာသည်​ဟုမ​ပြောရ​သော်​လည်း မိဘပိုင်​ကစ္စည်းများကများသည်​။ ဇနီးတ​ယောက်​ရှိသည်​။ သူ့နာမည်​က ​ဒေါ်​အေးမွန်​။ ကျွန်​​တော်​က ထူးဆန်းတာ​တွေ၊စိပညာဒါ​တွေကိုဝါသာနာပါသည်​။ ဇနီးဖြစ်​သူကမတား​ပေ။ကျွန်​​တော်​ကလူတမျိုး။ ဝါသာနာပါ​သော်​လည်းအလွယ်​တကူမယုံကြည်​စမ်းကြည့်​တတ်​သည်​။
ကျွန်​​တော်​လည်း စီးပွား​ရေးလုပ်​လိုက်​ဝါသာနာပါတာထူးဆန်းတငာ​တွေ့ရင်​လိုက်​ကြည့်​ သာယာသည်​။

ကျွန်​​တော်​မနက်​ပိုင်းတွင်​ ထုံးစံအတိုင်း​ရေမိုးချိုး၊ ထမင်းစားသည်​။ ​ဈေးကွက်​စနစ်​ကို​လေ့လာရန်​အတွက်​ ဂျစ်​ကားတစ်​စီးဖြင့်​ မြို့ထဲ​လျှောက်​ပတ်​သည်​။ အမှတ်​မထင်​ မိတ်​​ဆွေတစ်​ဦးမှ သချိုင်းကုန်းနားမာ ဆာဒူး​ရောက်​​နေသည်​ဟုဖုန်းဆက်​သည်​ကိုသတိရသည်​။ ဒါနဲ့ သူဆီကိုသွားသည်​။ နစ်​ဦးသား.သချိုင်းရှိရာသို့ကားဖြင့်​သွားကြသည်​။ ကျွန်​​တော့်​မိတ်​​ဆွေကို ကျွန်​​တော်​က ကား​မောင်းရင်း..
"သူကဘယ်​လိုတုန်း.."
"သူက.ဆာဒူးတ​ယောက်​ဘဲ့..အကြားအမြင်​ဖွငိ့​ပေးတယ်​၊​ရေကြည့်​ပြီး​ဗေဒင်​​ဟောတာ​သွေးထွက်​​အောင်​မှန်​တယ်​."
"ဟုတ်​လား..အစစ်​အမှန်​ဆိုရင်​​ကောင်းတာ​ပေါ့.."
"ဒါ့အပြင်​ ​ရေ​မွှေးအနံ့​တွေလည်း ကြိုက်​တဲ့​နေရာမှာစွဲ​အောင်​လုပ်​နိုင်​တယ်​ဆိုဘဲ့"

"အင်း..စိတ်​စွမ်းအင်​လား.ငါ​တော့သိပ်​မယုံဘူး..အတု​တွေက​ပေါတယ်​​လေ"

စကားတ​ပြော​ပြောဖြင့်​..သချိုင်းကုန်းသို့​ရောက်​လာသည်​။

ထိုဆာဒူးနား​တွေ လူ​တွေကပုံ​နေသည်​။ ထိုဆာဒူး​ဟော​ပေးသမျှကို ​မေးသူတိုင်းက မှန်​လိုက်​တာဆရာ.၊ဘာညာအသံကြားရသည်​။ ကျွန်​​တော်​တို့နစ်​​ယောက်​လည်း အနီးကပ်​အကဲခတ်​၍..လူရှင်းမည့်​အချိန်​ကို​စောင့်​​နေသည်​။ ထိုဆာဒူးမှ.အချိန်​​စေ့ပြီဖြစ်​​သော​ကြောင့်​လာ​မေးသူ​တွေကိုပြန်​ခိုင်းလိုက်​သည်​။ ကျွန်​​တော်​တို့နစ်​​ယောက်​ကိုမပါဟု သူက​ပြောသည်​။

ကျွန်​​တော်​တို့နစ်​​ယောက်​သူနားကပ်​သွားသည်​။ ထိုဆာဒူးမှ."ငါ့ကိုအတုအစစ်​ခွဲချင်​တာလား.ဘာသိချင်​လဲ"ဟု​မေးသည်​။ ရုတ်​တရက်​​တော့ဖြုံသွားသည်​။သို့​သော်​ဟန်​မပျက်​။ ကျွန်​​တော်​က "ခင်​ဗျားကအကြားအမြင်​ရတယ်​ဆို.​ရေကြည့်​ပြီးလည်း​ဟောနိုင်​တယ်​ဆို"ဟု​မေးသည်​။ထိုဆာဒူးက "ဟုတ်​တယ်​..မယုံရင်​လက်​​တွေ့ပြမယ်​"ဟုဆိုပြီးမျက်​စိမှတ်​လိုက်​သည်​။ တ​အောင့်​ကြာ​သောအခါ..ကျွန်​​တော့်​ကိုကြည့်​ပြီး."သင့်​နာမည်​က.​ကို​ပေါ်ထွန်း..သင့်​မိန်းမနာမည်​က​ဒေါ်​အေးမွန်​ သင်​တို့နစ်​​ယောက်​ယူထားတာမကြာ​သေးဘူး၊ မကြာခင်​သမီးတ​ယောက်​သားတ​ယောက်​​မွေးလိမ့်​မယ်​။ သမီးဖြစ်​တဲ့သူဆယ့်​နစ်​နစ်​မှာ ပုလိပ်​​ရောဂါ​ကြောင့်​​သေလိမ့်​မယ်​။ ဒါ​ကြောင့်​သတိထားပါ၊ပုလိပ်​​ရောဂါရှိတဲ့​နေရာကိုမသွား​စေနဲ့ သားက​တော့ဘာမှမဖြစ်​ဘူး"ဟု ​ဟောလိုက်​သည်​။ ကျွန်​​တော်​ကရီချင်​သွားသလိုစိတ်​ဆိုးသွားသည်​။ ​ရှေ့ပိုင်းမှန်​​သော်​လည်း..မ​မွေး​သေး​သောက​လေးနစ်​​ယောက်​ဆိုဘဲ့...။သမီးက​သေမယ်​ဆိုဘဲ့..။ကျွန်​​တော်​က ခင်​ဗျား​ပြောတာမယုံဘူး။ ထိုဆာဒူးက "သင့်​မှာယုံကြည်​ခွင့်​မယုံကြညိခွင့်​ရှိပါတယ်​။သင်​နဲ့​နောက်​သင့်​သမီး​သေပြီး​နောက်​တစ်
နှစိ​မြောက်​မှာ ပြန်​​တွေ့ဦးမယ်​"ဟုဆိုသည်​။ ကျွန်​​တော်​က "သူငယ်​ချင်းပြန်​ရ​အောင်​."ဟူဆိုကာလှည့်​ထွက်​သွားသည်​။ မိတ်​​ဆွေဖြစ်​သူက​တော့ကျွန်​​တေယ့်​ကိုအားနာသလိုထိုဆာဒူးကိုလည်းအားနာ​နေသည်​။ကြားကသူမ​ကောင်းဖြစ်​တာကိုး။

ကျွန်​​တော်​စဉ်းစားသည်​။ သမီးမ​မွေးရင်​ပြသာနာမရှိဘူမလား။ ပထမဆုံး​မွေးသည်​က သား​လေးပင်​။ ဒါ​ကြောင့်​ဒုတိယက​လေးကို မယူဖို့စိတ်​ကူးမိ​သော​ကြောင့်​ မိန်းမဖြစ်​သူက်ုသား​ကြောဖြတ်​ခိုငိးသည်​။.သိပ်​မကြာ..ကိုယ်​ဝန်​ရှိသည်​။မေး​သောအခါ ​နောက်​ထပ်​က​လေးရချင်​လို့ဟုဆိုသည်​။ သူ့ငကို​တော့အဖြစ်​မှန်​မ​ပြောရက်​​ပေ။ကျွန်​​တော်​ကသား​လေး​မွေးရန်​ဆူ​တောင်းမိသည်​။ ကျွန်​​တော့်​ဆန္ဒမပြည့်​ဝ။ သမီး​လေး​မွေးသည်​။

ဒီလိုနဲ့သမီးအသက်​၁၂နစ်​ပြည့်​ခါနီးတွင်​ ပုလိပ်​​ရောဂါစတင်​​ရောက်​လာသည်​။ သမီးဖြစ်​သူကို စိတ်​မချ​သော​ကြောင့်​ဘယ်​ကိုမှမသွားခိုင်း​ပေ။ သို့​သော်​..ထို​နေ့....တွင်​....။ ကျွန်​​တော်​ကလို​အပ်​တာ​တွေက်ုသွားဝယ်​ဖို့အပြင်​သွားသည်​။ အိမ်​​ရှေ့အိမ်​ကလူ​တွေကသမီး​လေးကိုချစ်​သည်​။ သမီး​လေးကလည်း ထိုအိမ်​​ရှေ့အိမ်​ရှိအဘွားကိုချစိသည်​။ ထိုအဘွား ကျွန်​​တော်​အပြင်​သွားသည့်​အခို​က်​​သေ သွားသည်​။ သမီး​လေးကသးချစ်​​သေယအဘွား​သေသည့်​အတွက်​ထိုအိမ်​ကိုသွားသည်​။ ကျွန်​​တော်​ပြန်​​ရောက်​​ရောက်​ခြင်း သိ​သောအခါအလွန်​စိုးရိမ်​သွားသည်​။ ကျွန်​​တော်​စိတ်​ထစ်​သည့်​အတ်ုင်းဖြစ်​လာသည်​။ သမီး​လေးမှာထိုအဘွားထံမှကူး​သော ပုလိပ်​​ရောဂါဖြစ်​ ၁၂နှစ်ုပြည့်​တွင်​ကွယ်​လွန်​သွားသည်​။ ကျွန်​​တော်​မှာစိတ်​​ထောင်းကိုယ်​​ကြေဖြစ်​သည်​။ ဒီလိုနဲ့ တစ်​နစ်​ပြည့်​​မြောက်​..ဆာဒူးတ​ယောက်​ ကျွန်​​တော့်​အိမ်​​ရှေ့တွင်​ရပ်​​နေသည်​။ ကျွန်​​တော်​အမှတ်​ရသွားသည်​။ လွန်​ခဲ့​သောဆယ့်​သုံးနစ်​က ဆာဒူးပင်​၊ထိုဆာဒူးက့မအို​ပေ၊အရင်အတိုင်းပင်​ဖြစ်​သည်​။ု​ကျွန်​​တော်​ကသာပိုအိုလာသည်​။

ကျွန်​​တော်​မှာငိုယိုပြီး သူ့ကိုစကားအများကြီး​ပြောသည်​။မိန်းမဖြစ်​သူမှာအစကအံ့သြ​နေ​သော်​လည်း.အစုံသိ​သော်​အခါသူ(မ)ပါငိုသည်​။ သား​လေးက​တော့​ကျောင်းသွား​နေသဖြင့်​မသိ။ ထိုဆာဒူးကတရားပြသည်​။ ကျွန်​​တော်​တို့လည်းအငိုတိတ်​သွားသည့်​အခါ..ထိုဆာဒူးက ကျွန်​​တော့်​ကို သက်​သက်​လွတ်​စား၍မုသာဝါဒကိုတစ်​နစ်​လုံး​ရှောင်​ကျဉ်​ပါက အကြားအမြင်​ရလာ်​မည်​ဖြစ်​​ကြောင်း​ပြောသည်​။ သင်​၏သားကိုကျင့်​ခိုင်းပါ သူ့ဘဝအတွက်​အ​ရေးကြီး​သောအန္တရာယ်​ဆိုးမှလွတ်​​မြောက်​နိုင်​​ကြောင်း​ပြောသည်​။
ကျွန်​​တော်​က​တော့မှတ်​သာမှတ်​ထားသည်​။.သားဖြစ်​သူကို​ပြောပြသည်​။.

ကျွန်​​တော့်​က ဦး​ပေါ်ထွန်းရဲ့သားဖြစ်​သူ ကိုလင်းဖြစ်​သည်​။ အ​ဖေကသူ့ထံ​ရောက်​လာသည့်​ဆာဒူးကြီး​ပေးခဲ့သည့်​နည်းကိုကျွန်​​တော့်​အား​ပြောပြသည်​။ ကျွန်​​တော်​စီးပွား​ရေး​လောကထဲသို့ဝင်​​သောအခါ အချို့အရာများမှာမလိမ်​၍မရ​သောအဖြစ်​များကြုံရသည်​။ ထိုအချီန်​ထိအဆိုပါကျင့်​စဉ်​က်ုမသုံးဖြစ်​​သေး။ မိန်းမရပီး​နောက်​ပိုင်းမှ.ငါဒီကျင့်​စဉ်​ကိုကျင့်​ရင်​​ကောင်းမှာဘဲ့ဟု စိတ်​တွင်​ဖြစ်​လာသည်​။ အံ့သြစရာပင်​.. လူ​တွေရဲ့အ​တွေး​တွေ..လုပ်​ရပ်​​တွေကိုရုပ်​ရှင်​ပြသည့်​အလားမြင်​လာသည်​။ သို့​သော်​အရမ်းမထင်​ရှား​သေးပါ။ထို​ကြောင့်​သူတပါးကလိမ်​ညာဖို့မဖြစ်​သလိုကိုယ်​ကလည်းမလိမ်​ညာ​ပေ။ တ​နေ့...အဓိဋ္ဌာန်​ပျက်​မည့်​ကာလ..ဒါ​ပေမယ့်​​နောက်​ပိုင်းပြန်​ကျင့်​ရာ​အောင်​မြင်​သွားသည်​။

ကျွန်​​တော့်​ငယ်​သူချင်း​ကျောင်း​နေဘက်​​ရောက်​လာသည်​။ကျွန်​​တော့်​ကို..ညစာလိုက်​​ကျွေးဖို့​ပြောသည်​။ ထိုစဉ်​ခန.အာရုံတွငိတဖြတ်​ဖြတ်​မြင်​လာသည်​။ သူကကျွန်​​တော့်​ကိုညစာလိုက်​​ကျွေးမည်​။ အရက်​ကိုပါအချိုရည်​ထဲကိုထည့်​ပြီးတိုက်​မည်​။ အနည်းငယ်​မူး​သောအခါကျွန်​​တော့်​ကိုလတ်​မှတ်​ထိုးခိုင်းမည်​။ ကျွန်​​တော့်​လတ်​မှတိကို​အလွဲသုံးစားလုပ်​မည်​။သူ​ကြောင့်​ကျွန်​​တော်​​ထောင်​ကျမည်​။အိမ်​​ထောင်​ကွဲမည်​။ လူံးဝနာလှန်​မထူနိုင်​​သောအဖြစိ​ရောက်​မည်​။ရုပ်​ရှင်​ပြသလိုအစီအရီမြင်​ရသည်​။ ကျွန်​​တော်​မှ ကိစ္စတခုရှိလို့မလိုက်​နိင်​​ကြောင်း၊ခရီးထွက်​ရမည်​ဖြစ်​​ကြောင်းလိမ်​ညာလိုက်​သည်​။ ထိုစဉ်​ခန..အကြားအမြင်​လည်း​ပျောက်​ကွယ်​သွားသည်​။ သူလည်းယုံပြီးကျွန်​​တော့်​က်ုမ​ခေါ်​ပေ။ ​နောင်​ဝယ်​သိရသည်​ကားသူသည်​လူလိမ်​လူညာ.အလွဲသုံးစားလုပ်​သူမှန်းသိရသည်​။ ဒီကားဘဝတွင်​အကြားအမြင်​ဖြင့်​ကျွန်​​တော့်​ဘဝပျက်​မည့်​​ဘေးမှကယ်​လိုက်​သည်​။ မဟုတ်​ရင်​ကားမ​တွေးရဲစရာပင်​။

အကျဉ်းချုပ်​သင်​ဘာကိုသင်​ခန်းစာရပါသလဲ။

@sawmyat
Msc088
Writer Saw Myat Tun
Photo. Me
Form myanmar
image

Sort:  

အကြားအမြင် ရချင်ထာ

မလိမ်​မညာဘဲ့တနစ်​​လောင်​​နေတဲ့။ အရဟံြု့တီးစိပ်​လည်းရပါတယ်

မျှ​ဝေ​ပေးတာ​ကျေးဇူးပါ

ဟုဟူ

ကြားလည်း ကြားနေဆဲ မြင်လည်းမြင်နေဆဲပါဗျာ

ဟုတ်​တယ်

ဝါသနာပါတယ်။လိုက်စမ်းကြည့်ချင်တယ်

အာ့အတွက်နည်​​ရေ​ပေးပါ့မာ်

သီလ သမာဓိသာထူထောင်ရင် ရှေ့ဖြစ်နောက်ဖြစ်ကို မြင်နိုင်တဲ့ အသိဥာဏ်မျိုးရရှိတာတော့ အမှန်ပါပဲ ဒါပေမဲ့ ထင်သလောက်တော့မလွယ်ဘူးနော်

အမှ်​လ
ဘဲ့

သမာဓိအား‌ကောင်းရင်‌ အကြားအ မြင်‌ရပါတယ်‌။

ဟုတယ်​ဈဈဈ!

အကြားအမြင်ရလို့ အန္တရာယ်က လွတ်မြောက်သွားတာပဲ။

ပေါ့..ပထမ​ယောက်​ကမတဆီးနိုင်​ဘူ​လေ

ကျင့်ချင်လိုက်တာ အဲ့ဒီကျင့်စဉ်။

မုသားစကားမပြောပဲနေနိုင်ဖို့ဆိုတာ တစ်ကယ်မလွယ်တဲ့ကိစ္စပါပဲ။ အကြားအမြင်ရမယ်ဆိုလည်းရထိုက်ပါတယ်။
ကျင့်စဉ်က ကျင့်ဖို့သာခက်တာ ပျက်ဖို့ကလွယ်တယ်။
ဒါနဲ့ကိုစောမြတ် စာအမြန်ရိုက်ပုံရတယ်။ သတ်ပုံအမှားတွေ တွေ့တယ်ဗျနော့။ ပြင်လိုက်ရင် အားလုံးGoodပဲ။

ကြားနိင်​ မြင်​နိင်​ရင်​ကောင်းတာ​ပေါ့ဗျာ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 65955.88
ETH 3055.54
USDT 1.00
SBD 3.69