ဟာသတပုဒ်​ဟုဆို​သော်​လည်း

in #myanmar6 years ago

ဟာသတပုဒ်​ဟုဆို​သော်​လည်း

အ​မေရိကန်​နိုင်​ငံမှာဖြစ်​သည်​။
ဝန်​ကြီးချုပ်​​တွေ၊စစ်​တပ်​အကြီးအကဲ​တွေသာတတ်​နိုင်​သည့်​အိမ်​သာတွင်​ ဂျွန်​ကာတာတ​ယောက်​ အိမ်​သာ​စောင့်​ရသည်​။ ဂျွန်​ကာတာသည်​ပထမဆုံးအကြိမ်​ဖြစ်​သဖြင့်​သူ၏အစွမ်းကိုပြကာ မျက်​နာရဖို့ကြိုးစားရန်​ဆုံးဖြတ်​လိုက်​သည်​။

သိပ်​မကြာခင်​တွင်​ ကျန်းမာ​ရေးဝန်​ကြီးချုပ်​ အိမ်​သာလာတတ်​သည်​။ ဂျွန်​ကာတာက ကျန်းမာ​ရေးသီချင်း..ဖွင့်​​ပေးလိုက်​သည်​။ ကျန်းမာ​ရေးဝန်​ကြီးချုပ်​က အိမ်​သာကထွက်​လာပြီး ခင်​ဗျားအတွက်​ရာသက်​ပန်​ကျန်းမာ​ရေးအခမဲ့ဖြစ်​​အောင်​လုပ်​​ပေးမည်​ဟူ​ပြောသည်​။ ဂျွန်​ကာတာ​ပျော်​သွားသည်​။
သိပ်​မကြာခင်​ အားကစားဝန်​ကြီးချုပ်​​ရောက်​လာပြီးအိမ်​သာတတ်​သည်​။ ဂျွန်​ကာတာက အားကစားနဲ့ပတ်​သက်​သည့်​သီချင်းကိုဖွင့်​​ပေးလိုက်​သည်​။အားကစားဝန်​ကြီးချုပ်​က အိမ်​သာတတ်​ပြီး​သောအခါ ရာထူးတိုး​ပေးဖို့သမ္မတကို​ပြော​ပေးမည်​ဟု ဂျွန်​ကာတာကို​ပြောသည်​။
မကြာခင်​..ကာကွယ်​​ရေးဝန်​ကြီးချုပ်​ အိမ်​သာလာတတ်​သည်​။ ဂျွန်​ကာတာက​ရှေးကနည်းတူ ကာကွယ်​​ရေးသီချင်းဖွင့်​​ပေးလိုက်​သည်​။ ကာကွယ်​​ရေးဝန်​ကြီးချုပ်​က အိမ်​သာမှထွက်​လာပြီး.သူတ်ု့ငှါနတွင်​ရာထူး​ကောင်း​ကောင်း​ပေးမည်​ဖြစ်​​ကြောင်း​ပြောသည်​။

ဒန်​တန်​တန်​....သမ္မတကိုယ်​တိုင်​အိမ်​သာလာတတ်​သည်​။ ဂျွန်​ကာတာကဒီတခါအပိုင်​ဘဲ့တွက်​ကာ နိုင်​ငံ​တော်​သီချင်းဖွင့်​​ပေးလိုက်​သည်​။ ဒီတခါကထူးဆန်းသည်​၊ တခြားဝန်​ကြီးချူပ်​​တွေကျ..တခါတည်းဖွင့်​​ပေးရုံနဲ့အိမ်​သာတတ်​ပြီးသည်​။ ဂျွန်​ကာတာက ဟာဒါဟာ သမ္မတကြိုက်​လွန်းလို့ နစ်​ခါသုံးခါဖွင့်​ထားလိုက်​သည်​။

သမ္မတမှာ..နီမြန်း​သောမျကိနာဖြင့်​ထွက်​လာပြီး ဂျွန်​ကာတာကို အလုပ်​ဖြုတ်​မည်​ဟု​ပြောသည်​။ဂျွန်​ကာတာက ဘာ​ကြောင့်​လဲဟုအသနားခံ​သောအခါ...သမ္မတ​ပြောသည်​မှာကား" ငါ့တသက်​တာလူံးမှာ...
ငါတချိန်​လုံးမတ်​တပ်​ရပ်​အီးပါခဲ့ရတာကွ...အီးပါခဲ့ရတာ..."ဟု အကျယ်​ကြီး​အော်​ဟစ်​​ပြောဆိုလိုက်​​လေသတည်း။ ဒါ်​က ဘာသာပြန်​ဟာသတပုဒ်​ဖြစ်​သည်​။ မူရင်းတွင်​ဖြစ်​ရပ်​မှန်​က်ုအ​ခြေခံသည်​ဟုပါသည်​။ ဆက်​စပ်​ပြီး​တွေး​တောမိသည်​က ရုပ်​ရှင်​ရုံတွင်​ ရုပ်​ရှင်​စဖွင့်​အချိန်​ကတည်းက နိုင်​ငံ​တော်​သီချင်းဖွင့်​သည်​။ ဒါကို ထရမှာပျင်းတယ်​...လူ့အခွင့်​အ​ရေးဟု.ဆိုသည်​။ နိုင်​ငံ​တော်​သီချင်းက်ုကျွန်​​တော်​တို့ဘဝတွင်​ စတိတ်​​ကျောင်းသားဘဝမှာသာမတ်​တပ်​ရပ်​အ​လေးပြုခဲ့သည်​။ ကျန်​​သောဘဝတ​လျှောက်​လုံးတွင်​ အာဇာနည်​​နေ့တ​နေ့တည်းသာအ​လေးပြုခဲ့ရသည်​။ ရုပ်​ရှင်​ရုံတွင်​ တမိနစ်​ခန့်​သာကြာ​သောနိုင်​ငံ​တော်​သီချင်းကို.. နို​င်​ငံကြီးသားပီသစွာဖြင့်​.မတ်​တပ်​ရပ်​အ​လေးမပြုနိုင်​သည့်​သူများက.ဒီမိုက​ရေစီ ၊ဒီမိုက​ရေစီဟုဆိုကာ..နိုင်​ငံ​တော်​သီချင်းကို​ပေါ့ပျက်​ပျက်​ပြုကြသည်​ကား.​ကောင်း​သောလက္ခဏာမဟုတ်​​ပေ။ နိုင်​ငံ​တော်​သီချင်းကိုမ​လေးစားရင်​ဖြစ်​ဖြစ်​၊နိုင်​ငံ​တော်​အလံကိုမ​လေးစားရင်​ဖြစ်​ဖြစ်​..နိုင်​ငံ​တော်​ဖြစ်​​ပေါ်ရန်​ကြိုးစားခဲ့ရ​သော.အာဇာနည်​များကိုအားနာသင့်​​ပေသည်​။
အိမ်​သာတတ်​ရင်းနို​င်​ငံ​တော်​သီချင်းသံ​ကြောင့်​မတ်​တပ်​ရပ်​ပီးအီးပါရ​သော.သမ္မတ​လောက်​.အ​ခြေအ​နေမဆိုးပါ။ ထိုသမ္မတ၏စိတ်​ဓာတ်​သည်​.ဒီမိုက​ရေစီ၊လူ့အခွင့်​အ​ရေးနဲ့မပတ်​သက်​ဆိုင်​ဘဲ့..လူတဦးရှိအသိစိတ်​ဓာတ်​နှင့်​သာတိုက်​ရိုက်​တိုက်​ဆိုင်​သည်​။ ဆက်​စပ်​ပြီး..​တွေးမိသည်​က ဒီနိုင်​ငံမှာ​နေရတာမ​ကောင်းဘူး။စိတ်​ပျက်​တယ်​။ မတရားဘူး။ အ​မေရိကန်​မှာ​နေချင်​တယ်​။ဂျပန်​မှာ​နေချင်​တယ်​..။စသဖြင့်​ တခြားနိုင်​ငံတွင်​​နေမည်​.ဒီနိုင်​ငံကိုစွန့်​ခွာမည်​ဟူ​သော စိတ်​ဓာတ်​များမှာ..နိုင်​ငံသားကဒ်​ရရှိထား​သော..နိုင်​ငံသားဖြစ်​​သော.ထိုနိုင်​ငံတွင်​​နေထိုင်​​သောလူများသာဖြစ်​သည်​။ စင်​ကာပူနိုင်​ငံကိုတည်​​ထောင်​သူ လီကွမ်​ယုသည်​..စင်​ကာပူနိုင်​ငံက ဓားပြ​တွေ​ဝေစုခွဲတဲ့ကျွန်း၊ ဖာ​တွေ၊သူခိုး၊ဓားပြ​တွေ၊တံငါသည်​​တွေသာ ​နေတဲ့ကျွန်း..​စောင်​ရမ်းစိတ်​ပျက်​တယ်​။အာ့လိုနိုင်​ငံမှာမ​နေချင်​ဘူး။မြန်​မာနိုင်​ငံမှာဘဲ့​နေမယ်​(ထိုစဉ်​ကမြန်​မာနိုင်​ငံ​ကောင်းစားချိန်​)အ​မေရိကန်​မှာဘဲ့​နေမယ်​...ဆိုသည့်​စိတ်​ဓာတ်​ပိုင်​ရှင်​ဖြစ်​ပါက..ယ​နေ့စင်​ကာပူနိုင်​ငံမျိုးကိုမြင်​ရမည်​မဟုတ်​​ပေ။ ကျွန်​​တော်​တို့လူတိုင်း နိုင်​ငံ​ခေါင်း​ဆောင်​ဖြစ်​နိုင်​သည်​။သို့​သော်​နိုင်​ငံ​ခေါင်း​ဆောင်​ဖြစ်​ထိုက်​​သောစိတ်​ဓာတ်​များကားမရှိ​ပေ။ အ​ခြေခံ တိုင်းပြည်​လူမျိုးကိုချစ်​စိတ်​မရှိဘဲ..တရားမျှတမှု၊ ဒီမိုက​ရေစီ၊လူ့အခွင့်​အ​ရေး.ကို​ဘောင်​​ကျော်​ပြီးဆုံးဖြတ်​ရန်​မသင့်​​ပေ။ အ​ခြေခံ တိုင်းပြည်​လူမ်ျုးချစ်​စိတ်​ရှိမှ နို​င်​ငံသား​ကောင်းရတနာဖြစ်​နိုင်​သည်​။ တဖက်​ကကျိလျှင်
စိတ်​​ပျော်​ရွင်​ဖို့အတွက်​ရုပ်​ရှင်​လာကြည့်​တာ နို​ငံ​တော်​သီချင်းကိုနား​ထောင်​အ​လေးပြုဖို့မဟုတ်​ဘူး...ဒါလည်းမှန်​သည်​။ ဆက်​​ပြောသင့်​သည်​ကား ​ဘောလုံးပွဲလာကြည့်​တာ၊လာကန်​တာ..နိုင်​ငံ​တော်​သီချင်းဆိုဖို့မဟုတ်​.၊အ​လေးပြုဖို့မဟုတ်​။ အားကစားအိုလံပစ်​ပွဲကြည့်​ချင်​တာ..နိုင်​ငံ​တော်​သီချငိးဆိုဖို့အ​လေးပြုဖို့မဟူတ်​ဟု​စောဒကတတ်​သင့်​သည်​။ ဂျွန်​ကာတာလို အိမ်​သာတတ်​ချိန်​မှ နိုင်​ငံ​တော်​သီချင်းမဖွင့်​လျှင်​​တော်​ပါ​သေးသည်​။ သို့​သော်​သမ္မတဖြစ်​ချင်​တဲ့သူ နိုင်​ငံ​ခေါင်း​ဆောင်​ဖြစ်​ချင်​သူများသည်​ကား ဂျွန်​ကာတာလိုလူမျိုးက အိမ်​သာတတ်​တုန်း နို​င်​ငံ​တော်​သီချင်းဖွင့်​လျှင်​​တောင်​ မတ်​တပ်​ရပ်​အီးပါနိုင်​ရမည်​ဟူ..နိဂုံးချုပ်​ရင်း..........
image
@sawmyat
Msc088
From myanmar

Sort:  

အခြား Promotion post တွေကိုလည်း vote, comment ပေးပါ။ ဒါမှလည်း အခြားသူများက လာကြပါလိမ့်မယ်။

ဟုတ်​အ​ပေ့းပါဘဲ့

‌ရေးသားချက်‌က ပြတ်‌သားတယ်‌။ထို့‌ကြောင့်‌ကြိုက်‌သည်‌။

ဟုဟု

ဟီး မက်တက်ရပ် အီးအီးပါရတဲ့ ဟာသဆိုပေမဲ့
အဓိပ္ပာယ်ကထိမိတယ်ဗျ။
အကို့အရေးသားကြိုက်တယ်

ကျေ​ကျေး

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 66739.81
ETH 3087.19
USDT 1.00
SBD 3.73