Wars of the Three World

in #myanmar6 years ago

Waes of the Three World

အပိုင်း(၅)
လက္ခာပညာထဲက..မန္တန်​ရှာ​ဖွေခြင်း။
သို့မဟုတ်​ဂြိုလ်​၇လုံးအ​ကြောင်း

ကို​ဇော်​ရယ်​၊ကိုလင်းထက်​ရယ်​၊မဖြူရယ်​....
်သုံး​ယောက်​သား ကြုံ​တွေ့ခဲ့ရတာ​တွေကို​ဆွေး​နွေး​နေကြသည်​။ "​အေးဟယ်​...ငါ​တော့ နင်​(လင်းထက်​)ကို ​သေပီမှတ်​​နေတာ..နင်​ကငါ့အ​နေနဲ့အနာဂတ်​.ကို​ရောက်​​နေတာကိုး"ဟု မဖြူကရီရင်း​ပြောသည်​။ ကိုလင်းထက်​ "​နေပါဟာ.နင့်​ဟာနင်​​ပေါက်​ကရ​နေရ​ရောက်​ပြီး​တော့.."ဟုဆိုလိုသသည်​။ ကို​ဇော်​ကမူ ဘာမှနားမလည်​သဖြင့်​ ပါးစပ်​အ​ဟောင်းသားနဲ့ပင်​​ငေး​နေသည်​။ ကိုလင်းထက်​ကို မဖြူက"ဟိုတ​ယောက်​က ဘယ်​​ပျောက်​​နေလဲဟ...God of eye ကလည်းမသိဘူးဘဲ့​ပြောတာဘဲ့" ဟုအလိုမကျဟန်​ဖြင့်​​ပြော​သောအခါ ကိုလင်းထက်​က "သူက..နင့်​လိုတ​နေရာ​ရောက်​ရင်​​ရောက်​မ​ရောက်​ရင်​...တခုခုဖြစ်​​နေတာ​နေမယ်​"ဟူ အ​ဝေးကိုလှမ်းကြည့်​ရင်း​ပြောသည်​။ သူတို့နစ်​​ယောက်​စကား​ပြော​နေခိုက်​..ကို​ဇော်​င ထပြီး​နောက်​..စာအုပ်​အချိ့ကိုလှန်​​လှော​နေသည်​။

ကိုလင်းထက်​က "ကို​ဇော်​ဘာ​တွေလှန်​​နေတာလဲဟ."ဟု​မေး​သောအခါ ကို​ဇော်​က ​နောက်​လှည့်​မကြည့်​ဘဲ့စာအူပ်​လှန်​​လှောရင်း"ငါကအခု မန္တန်​အချို့ကိုရှာ​ဖွေ​နေတာပါ "ဟုခပ်​​အေး​အေး​ပြော​လေသည်​။ မဖြူက ကို​ဇော့်​​နောက်​​ကျောကိုကြည့်​ပြီး "ကို​ဇော်​က ဘာရှာ​နေတာလဲ"ဟု ​မေးလိုက်​လျှင်​ ကို​ဇော်​က ​နောက်​လှည့်​ကြည့်​ပြီး" ငါတို့အတိတ်​ကိုသွားတုန်းက အ​နော်​ရထာရဲ့အရိဒမ္မာလှံတံရယ်​.၊ကျားလူနဲ့ရင်​ဆိုင်​ရတုန်းက ရခဲ့တဲ့မန္တန်​​တွေရခဲ့တယ်​။ ဒီဟာ​တွေက တခုနဲ့တခုအဆက်​အသွယ်​ရှိပုံရတယ်​..။ငါ့ကိုယ်​ထဲသွင်းလိုက်​တုန်းက အိပ်​မက်​မက်​တယ်​"ဟု​ပြောရင်​ စားပွဲခုံ​ရှေ့တွင်​​လက်​နစ်​​ချောင်းချလိုက်​သည်​။ ကိုလင်းထက်​နှင့်​ မဖြူက အံ့သြဟန်​ဖြင့်​ ..ပြိုင်​တူ"ဟမ်​..အိပ်​မက်​မက်​တယ်​.."ဟုအံသြသံထွက်​လာ​လေသည်​။

ကို​ဇော်​က.စဉ်းစားဟန်​ဖြင့်​"ဟူတ်​တယ်​.ငါအိပ်​မက်​မက်​တယ်​..အိပ်​မက်​ထဲမှာ မန္တန်​တခုနဲ့အရမ်းနီးကပ်​​နေတယ်​.​ရှေ့ဖြစ်​​ဟောကျမ်းနဲ့ပတ်​သက်​​နေတယ်​။ ​မှော်​ဆရာလို့ယူဆရတဲ့ပုဂ္ဂိုလ်​တ​ယောက်​က.ငါ့ကိုဒီလိုရှင်းပြခဲ့တယ်​"

ကို​ဇော်​တ​ယောက်​..ဖြူ​ဖွေးလင်းတန်း​နေ​သောပတ်​ဝန်းကျင်​တ​နေရာကို​ရောက်​​နေသည်​။ ငါဘယ်​​နေရာကို​ရောက်​​နေပါလိမ့်​ဟု စဉ်းစား​နေမိသည်​။ ​မှော်​ဆရာပုံစံဝတ်​ထား​သောလူတ​ယောက်​သူ့အနားကို​ရောက်​လာသည်​။ ကို​ဇော်​ကသူ့ကြည့်​ရင်း "ဒါကဘယ်​​နေရာလဲ ခင်​ဗျားကဘယ်​သူလဲ"ဟူ​မေးလိုက်​သည်​။.ထိုလူမှ.."ငါက​မှော်​ဆရာတ​ယောက်​ဘဲ့.ဒီ​နေရာက စိတ်​နယ်​လွန်​ဘုံလို့​ခေါ်တယ်​..ငါအခုလာတာက သင့်​ကို​ပြောစရာရှိလို့ဘဲ...ငါ​ပြောတာကိုနား​ထောင်​ပါ"ဟု ဆိုလိုက်​လျှင်​.ကို​ဇော်​ကလည်းအမျိုးအမည်​မသိ​သောလှိုင်းစွမ်းအားတခုကို ခံစားမိရင်း.အလိုလိုနား​ထောင်​ချင်​စိန်​ဖြစ်​လာသည်​။
ထိုလူက "ငါက လျှို့ဝှက်​အဖွဲ့အစည်းကဖြစ်​တယ်​။ အတိတ်​တူန်းက ငရဲတံခါးပွင့်​တဲ့အချိန်​ ငါဟာ အဲဒီ​နေရာမှာရှိခဲ့တယ်​။ ငရဲတံခါးပိတ်​ပြီး​နောက်​ပိုင်းမှာမန္တန်​​တွေနဲ့ပစ္စည်း​တွေဟာ တစဆီကွဲထွက်​ပြိုကွဲသွားတယ်​..။ ငါကသင့်​ကို အဲဒီပစ္စည်း​တွေစုပြီးကာကွယ်​​ပေးနိုင်​တယ်​လို့ယူဆတယ်​. သင့်​အနီးမှာရှိတဲ့ မန္တန်​တခုရှိတယ်​၊ ဒါဟာ​ရှေ့ဖြစ်​​ဟောကျမ်းဖြစ်​တဲ့ လက္ခဏာပညာရပ်​မှာပါတယ်​၊ လက္ခဏယပညာရပ်​ကအလွန်​ကျယ်​​ပြောလွန်းလို့ သာမန်​နည်းနဲ့ရှာရင်
ဒီမန္တန်​ကိုလိုက်​ရှာဖို့နစ်​တ​သောင်းကြာရင်​​တောင်​မဖြစ်​နိုင်​ဘူး။ ရှာဖို့က န့လုံးသားနဲ့ရှာပါ" ဟုဆိုလိုက်​သည်​။ ကို​ဇော်​လည်းလန့်​နိုးလာသည်​။

ကိုလင်းထက်​နဲ့မဖြူတို့က ငြိမ်​သက်​စွာနား​ထောင်​​နေရင်း...ကိုလင်းထက်​က "နင်​​တွေ့ခဲ့တာက ငရဲတံခါးကိုပိတ်​ခဲ့တဲ့​မှော်​ပညာရှင်​​နေမယ်​..အာ့​မှော်​ပညာရှင်​က လျှို့ဝှက်​အဖွဲ့အစည်းတခုမှာဝင်​ခဲ့တယ်​လို့ဆိုတာဘဲ..အခုထိအာ့လျှို့ဝှက်​အဖွဲ့အစည်းရှိ​သေးတယ်​ထင်​တယ်​"ဟု စဉ်းစဉ်းစားစား​ပြောလိုက်​သည်​။ ကို​ဇော်​က ကိုလင်းထက်​ကိုကြည့်​ပြီး "လက္ခာပညာကိုရှာ​ဖွေရမှာ​ပေါ့ သ​ဘောတူလား"ဟု​မေးလိုက်​သည်​။ ကိုလင်းထက်​က "ငါသ​ဘောတူပါတယ်​.."ဟူဆိုလိုက်​သည်​။

ကိုလင်းထက်​က.."ငါ​တွေ့ပြီထင်​တယ်​..​သောကြာဂြိုလ်​ကဖြစ်​နိုင်​​ချေများတယ်​" ဟုဆိုလျှင်​ ကို​ဇော်​နဲ့မဖြူက ရှင်းပြပါဦးဆိုသည့်​သ​ဘောဖြင့်​ကြည့်​လိုက်​သည်​။ ကိုလင်းထက်​က "ဒီလို​လေ...​သောကြာဂြိုလ်​ကပထမဆုံး​ပေါ်တာမဟူတ်​​ပေမယ့်​..လူသား​တွေအတွက်​အ​ရေးပါတယ်​..။လူသားမျိုးဆက်​ပြန့်​ပွားဖို့ဒီဂြိုလ်​ကအ​ရေးပါတယ်​။ ​သောကြာဂြိုလ်​အားမ​ကောင်းရင်​..သ​န္ဓေရဖို့မလွယ်​ဘူး.ကာမစိတ်​ကုန်​ခမ်းတယ်​.ဒါ​ကြောင့်​ ​သောကြာဂြ်ုလ်​ဟာ လူသားမျိုးဆက်​အတွက်​အ​ရေးပါတယ်​။ ​သောကြာဂြိုလ်​စဖြစ်​တာက အတိတ်​တူန်းကလူ​တွေက တန်​ခိုး​တွေနဲ့တည်​တံ့ကြတယ်​။မြေကြီး​တွေကိုစားတဲ့အခါ.အဟာရဓာတ်​​ကြောင့်​ ​ယောက်ျားမိန်းမပူံသက္ဏာန်​ထင်​ရှားလာတယ်​။ ဒါနဲ့တ​ယောက်​ကိုတ​ယောက်​အလိုဆန္ဒဖြစ်​လာတဲ့အခါ..​သောကြာဂြိုလ်​ရဲ့အလင်းတန်းဟာကမ္ဘာဆီကိုကျ​ရောက်​လာတယ်​။ ကမ္ဘာဦးလူသား​တွေက အင်​မတန်​နည်း​ပေမယ့်​ ​နေရာတကာကိုကြိုက်​သလိုသွားနိုင်​​တော့ကမ္ဘာကသူတို့အတွက်​ကျဉ်းကျဉ်း​လေး​ပေါ့။ ​သောကြာဂြိုလ်​ရဲ့အလင်းတန်း​တွေ​ကြောင့်​ အလိုဆန္ဒ​တွေဟာပိုမိုပြင်းထန်​လာတယ်​။ အထူးသဖြင့်​စပ်​စုပြီး​သောကြာဂြိုလ်​အလင်းတန်းကိုကြည့်​မိတဲ့သူ၊ အလင်းတန်းနဲ့ထိမိတဲ့သူ​တွေ​ပေါ့။ ဒါ​ပေမယ့်​မကြည့်​ မထိမိတဲ့သူ​တွေက ​တောင်​ကုန်း​တွေဖန်​တီးပြီး ဂူထဲမှာ​နေကြတယ်​တဲ့။ အာ့လိုအလင်းတန်း​တွေဘာညာထိကြ​တော့ ကိုယ်​​ရောင်​ကိုယ်​ဝါ​တွေမှိမ်းမိန်​သွား​ရောဘဲ့။ ဒါနဲ့ကမ္ဘာကြီးတခုလူံးအ​မှောင်​ကျသွားတယ်​။.ဒီလိုအ​မှောင်​ကျသွားတဲ့အချိန်​မှာ သူတို့ဟာဆန့်​ကျင်​ဘက်​ အချင်းချင်းဖက်​ရာက အထိအ​တွေ့ကိုခံစားမိပြီး..​မှောင်​ကလည်း​မှောင်​​တော့..ဘာညာသရကာ​နေကြာကွာ​စေ့ဖြစ်​ကြကုန်​​ရော။ ဒီလိုနဲ့..တချိန်​ကျ​တော့..​မောပန်းလာကြတယ်​။ ဒီလိုဖြစ်​တာနဲ့တပြိုင်​နက်​..အ​မှောင်​ကို​ကြောက်​စိတ်​ဝင်​သွားကြ​ရော။ သူတို့ကအလင်း​ရောင်​ဖြစ်​လာပါ​စေလို့ဆု​တောင်းတဲ့အခါ.​နေဟာဖြစ်​​ပေါ်လာတယ်​။ ဖြစ်​​ပေါ်လာတာထက်​ရှိပီးသားလို့ဆိုရမယ်​။ ဘာ​ကြောင့်​ဆို​တော့စကြဝဋ္ဌာဟာသုံးခုတိတိကွဲထွက်​သွားလို့ဘဲ့။ ပထမကမ္ဘာမှာခုနက​သောကြာဂြိုလ်​အလင်း​ရောင်​ထိမိတဲ့သူ ​နေကြာကွာ​စေ့သကာသရဏာဖြစ်​တဲ့သူ​တွေ​နေတဲ့တကမ္ဘာ၊ ​နောက်​တကမ္ဘာက လုံးဝမထိမိဗြဟ္မာရုပ်​​တွေအတိုင်းဖြစ်​​နေတဲ့ကမ္ဘာ.အာ့ကမ္ဘာ​တော့ငါတို့မသိကြဘူး။ ​နောက်​ကမ္ဘာက​တော့ ထိမိတာအချိန်​နည်းတဲ့သူ​တွေရယ့.​နေကြာသရကာစိတ်​မဝင်​တဲ့သူ​တွေရယ်​သာ.​နေကြတယ်​။အာ့ကမ္ဘာက ငါလာခဲ့တဲ့ကမ္ဘာ.ဒါ​ပေမယ့်​နစ်​ကာလကြာရှည်​တဲ့အခါ ငါတို့ကမ္ဘာလည်းမထူးခြားနယးဖြစ်​တာပါဘဲ့။ ကမ္ဘာနစ်​ခူကလူ​တွေက တတိယကမ္ဘာဆီကိုသွားလို့ရတယ်​လို့.ငါတို့ကမ္ဘာမှာ​ရေးထားတယ်​။ အာ့ကမ္ဘာသုံးလုအလယ်​မှာ​တော့ hellရှိတယ် ဒီhellကကမ္ဘာသူံးခုနဲ့ဆက်​စပ်​ထားတယ်​။ ဒါကသိဖို့ဘဲ့။ ခနက​သောကြာဂြိုလ်​ရဲ့အစွမ်းသတ္တိ​တွေ​ကြောင့်​ တ​ယောက်​နဲ့တ​ယောက်​ကြင်​နာတာ​တွေယုယတာ​တွေဖြစ်​လာကြတယ်​။ ​နေဆိုတဲ့အရာထွက်​လာ​တော့ အခု​ခေတ်​စကားအရတနင်္ဂ​နွေလို့ ၁လို့သတ်​မှတ်​လိုက်​ကြတယ်​၊ သူတို့မသိတာက​သောကြာဂြိုလ်​အစွမ်းသတ္တိကို​ပေါ့..။ ​နေထွက်​တုန်းက နစ်​​ယောက်​တတွဲစီ​ပေါ့​လေ..ဂူ​တွေဘာ​တွေထဲ​နေကြတယ်​။ ပ​ဒေသာပင်​​ပေါက်​လာ​တော့ အရှက်​ကိုကာကွယ်​နိုင်​တာ​ပေါ့၊
ဒီလိုနဲ့ ၂၄နာရီမဟုတ်​ဘဲ့ ၁လနီးပါးကြာတယ်
နေဝင်​သွား​တော့ ည​ရောက်​လာ​တော့
မှောင်​လာပြန်​​ရော..ဒါနဲ့​ကြောက်​ကြပြန်​​ရော..ဘာလို့ဆိုအ​မှောင်​ကိုတခါမှသူတို့မမြင်​ဖူးဘူး..။ ထပ်​ပြီးဆူ​တောင်းကြပြန်​​ရော.ဒါနဲ့ လဟာဖြစ်​​ပေါ်လာတယ်​။ လူသား​တွေက
အေးချမ်းမှုကို​ပေးတယ်​..ညဘက်​မှာ​နေကြာသရဏာ​ပေးတယ်​ဆိုပြီးယူကြလို့ တနလာင်္ ၂ လို့အမည်​​ပေးကြတယ်​။" ကိုလင်းထက်​က ​ရေတခွက်​​သောက်​လိုက်​သည်​။ ထို​နောက်​ ကိုလင်းထက်​က ဆက်​​ပြောသည်​။

"အင်္ဂါဂြိုလ်​ဖြစ်​လာတာ​တော့ သူတို့ဟာအချင်းချင်းအ​ဝေမတည့်​​တော့ဘူး..ဟို​ဆေိာကိုငါပိုင်​တယ်​၊ ဟိုဘဲကိုငါပိုင်​တယ်​ဆိုပြီး..ဟိုပ​ဒေသာပင်​ကိုငါပိုင်​တယ်​ဆိုပြီး ​ဆော်​ကြနှက်​ကြ​ရောဘဲ့...။အား​ကောင်း​မောင်းသန်​အချင်းချင်းမို့အ​ဖြေရှာမ​တွေ့ကြဘူး​ပေါ့ဗျာ။ ဒီလိုနဲ့.နစ်​ကြာလာ​တော့ ပူတူးတူး​လေး​တွေဖြစ်​လာတယ်​။ ဒါကဖြစ်​လာတာက ဗုဒ္ဓဟူး.လို့သတ်​မှတ်​ပြီး ​မွေးလာတဲ့သူ​တွေကို သားသမီးလို့ သတ်​မှတိပြန်​​ရောဘဲ့..။ သားသမီး​တွေဖြစ်​လာတာနဲ့တပြိုင်​ထဲ. သူတို့ကိုငါတို့သင်​​ပေးရမယ်​..ဆိုတာနဲ့တပြိုင်​နက်​ ကြသပ​တေး.ပညာ​ရေးကိုကိုယ်​စားပြုတာဖြစ်​​ပေါ်လာတယ်​။ သားသမီး​တွေလည်းအရွယ်​​ရောက်​ကြ​တော့ အင်္ဂါဂြ်ုလ်​ရဲ့နှုတ်​​ဆော်​မှုအရ..တိုက်​ကြခိုက်​ကြပြနိ​ရော..။ ဟိုဘက်​မိသားစုနဲ့ဒီဘက်​မိသားစု​ပေါ့​လေ။။ ဒီလိုနဲ့လက်​နက်​​ဘေးဆိုတာဖြစ်​လာတယ်​။.​နောက်​ဆူံး.သဘာဝတရားကြီးက ​စေ​နေဆိုတဲ့အရာကြီး​မွေးဖွားလာ​တော့တယ်​။ ဒီဂြိုလိက​တော့ အင်္ဂါဂြိုလ်​ကိုအား​ပေးအား​မြှောက်​ပြုသလို..အဖျက်​စွမ်းအား​တွေကိုအ​ထောက်​အကူပြုတယ်​။ ​ပေါင်းတတ်​ရင်​​ကောင်းတယ်​၊မ​ပေါင်းတတ်​ရင်​အန္တာရယ်​အရမ်းရှိတဲ့ဂြ်ုလ်​​ပေါ့။ ​စေ​နေဂြိုလ်​က အမှန်​တရားကိုအဓိကအား​ပေးတယ်​။ မဟုတ်​တာလုပ်​ရင်​ ခံရမယ့်​ဂြိုလ်​၊ ​စေ​နေဂြိုလ်​​ကောင်းရင်​​တော့..အဆင်​​ပြေပါတယ်​။..ဂြိုလ်​လုံး၆ ပြီးပြည့်​စုံစွာဖြစ်​လာတဲ့အခါ..​သောကြာဂြိုလ်​ရဲ့အစွမ်းက်ူလူ​တွေသတိရလာ​ရော..။ ​စေ​နေဂြိုလ်​က အမှန်​တရားကိုမြတ်​နိုးတယ်​။ အမှားအယွင်းမခံ​တော့ လူတိုင်းလိုလို​ကြောက်​ရွံကြတယ်​။ ဒါနဲ့ ​သောကြာဂြိလ်​ကို ​စေ​နေရဲ့ထိပ်​မှာထားလိုက်​တယ်​။ ဒီဂြိုလ်​​တွေကို​စောင့်​​ရှောက်​တဲ့ပုဂ္ဂိုလ်​​တွေလည်း ​ရှေးမ​နောင်းထွက်​​ပေါ်လာတယ်​။ တခါတ​လေ သူတို့က သူတို့အလှည့်​​ရောက်​ရင်​.ကမ္ဘာဆီကိုလာကြတယ်​။ သူတို့ဟာဘယ်​လိုဖြစ်​လာတယ်​။ဘာ​ကြောင့်​ဖြစ်​လာတယ်​ဆိုတာ​တော့.မရှိဘူး "ဟုရှင်းပြ​လေသည်​။

ကို​ဇော်​က "ဒီ​တော့ တနင်္ဂ​နွေဂြိုလ်​က အဓိကမဟူတ်​ဘဲ့​သောကြာဂြိုလ်​က​နေအစပြုပြီးကျန်​တာဖြစ်​လာတာလား"ဟူ​မေးလိုက်​သည်​။. ကိုလင်းထက်​က. "ငါတို့ ဒီဂြိုလ်​​တွေရဲ့ပုဂ္ဂိုလ်​​တွေနဲ့​တွေ့ဖို့လိုလား"ဟူကို​ဇော်​​မေး​သောအခါ ကို​ဇော်​က. ငြိမ်​ပြီးစဉ်းစား​နေခိုက်​ မဖြူက "ကို​ဇော်​ရဲ့အိပ်​မက်​ထဲမှာ..နလုံးသားနဲ့အသုံးပြူကာဆိုတာပါသလားဘဲ့"ဟူဆိုလိုက်​သည်​။.
ကို​ဇော်​က "ငါနလုံးသားနဲ့သင်​ယူရမယ်​..ငါ့ကိုသင်​​ပေးဖို့ ခုနကအိပ်​မက်​ထဲက​မှော်​ဆရာကြီးကိုသင်​ခိုင်းရမယ်​"ဟူဆို​လေသည်​။

တပတ်​ခန့်​ကြာ​သောအခါ..ကို​ဇော်​က "ငါ ခုနစ်​ရက်​လူံးလုံးသင်​ယူပြီးပြီး၊ ထူးဆန်းတာတခုက ဂြိုလ်​၇လုံးမဟုတ်​ဘဲ့ ၉လုံးဖြစ်​​နေတယ်​"ဟုဆိုလိုက်​သည်​။.ကိုလင်းထက်​က "ငါတမင်​ချန်​ထားခဲ့တာ..အမှန်​ဘဲ့. ရာဟုဂြိုလ်​နဲ့ကိတ်​ဂြိုလ်​ကရှိ​နေ​သေးတယ်​။..မင်း၉ဂြိုလ်​လူံးသင်​ပြီးပီ​ပေါ့"ဟုဆိုလျှင်​..ကို​ဇော်​က"ဟုတ်​တယ်​..ဒါ​ပေမယ့်​ ငါမန္တန်​တခုဘဲ့ရတာ"ဟူဆို​လေသည်​။
image

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 71297.37
ETH 3698.84
USDT 1.00
SBD 3.75