Wars of the Three World

in #myanmar6 years ago

Wars of the Three World.
Season.(1)
အပိုင်း(၃)

ပျောက်​ကွယ်​သွား​သောညတည

နေရာ။ ။မြန်​မာနိုင်​ငံရှိ ကချင်​ပြည်​နယ်​ ​ဝေးလံ​ခေါင်​ဖျား​သောရွာတစ်​ရွာ။

"ပဲအဲအဲ.."ဟူ​သောအသံ​ကြောင့်​ ​စောဗထူးတ​ယောက်​ လင့်​စင့်​​ပေါ်မှ ​မှေး​နေစဉ်​. ချက်​ချင်းနိုးကြွားသွားသည်​။ "ဒီကျားကိုငါမိ​အောင်​ဖမ်းရမယ်​.. ငါတို့ရွာထဲကို ဒီ​ကောင်​ကြက်​ဆွဲဝက်​ဆွဲ​နေတာကြာပီ "ဟုစိတ်​ထဲမှ​တွေး​တောမိသည်​။ ဒီကျားကိုဘယ်​လိုမှဖမ်းစီးလို့မရ.. ၊​ထောင်​​ခြောက်​မှန်​သမျှက လွတ်​​မြောက်​သည့်​ §ဖျက်​ပါဖျက်​ဆီးသွားသည်​။ ထူးခြားသည်​ကား အဝင်​သာ​တွေ့၍အထွက်​ကိုလူံးဝမ​တွေ့။ ရွာက နတ်​ဆရာက​တော့ ဒါဟာ နတ်​ကျားမဟုတ်​၊လူကကျားအဖြစ်​​ပြောင်းလဲနိုင်​စွမ်းရှိတဲ့ လူတ​ယောက်​၊ ဒါမှမဟုတ်​ ကျားက​နေ သတ်​ဖူးတဲ့လူအဖြစ်​​ပြောင်းလဲနိုင်​စွမ်းရှိသည့်​မိစ္ဆာဟုဆိုသည်​။ ရွာက ​ခေါင်​သီး​တော့ တစိမ်းဟူ၍မရှိ။ တ​ဘောင်​စကားအများအရ..မိစ္ဆာဖြစ်​ခဲ့ရင်​ ​ခေါင်းဖြတ်​သတ်​မှသာ​သေသည်​။

စောဗထူးက ဒါမျိုးအယုံအကြည်​မရှိ။သူသိသည်​ကား ကျားသည်​ကျားပင်​၊ကြက်​ ဝက်​များကိုစားမည်​၊ ​နောက်​လူကိုပါစားမည်​။ ဒါမျိုး​တော့အဖြစ်​မခံနိုင်​​ပေ။ လပြည့်​​နေ့ဖြစ်​သဖြင့်​ ပတ်​ဝန်းကျင်​သည်​ ထင်​ရှားလျက်​ရှိသည်​။ထို​ကြောင့်​အ​ဝေးမှပင်​.ကျားလာသည်​ကိုမြင်​​တွေ့ရသည်​။
ကျားသည်​ အ​ဝေးမှာပင်​ လှုပ်​လီလှုပ်​လဲ့နှင့်​ သူ​ထောင်​ထားသည့်​ ဆိတ်​ရှိရာသို့လာ​နေသည်​။ ဆိတ်​ခမျာ..ကျားနီးလာ​လေ..​အော်​​လေရုန်း​လေဖြစ်​​နေသည်​။ ​စောဗထူးက လက်​ထဲရှိဒူး​လေးကိုအသင့်​ပြင်​ထားသည်​။. ."ဟင်​."...​စောဗထူးအံသြ သွားသည်​။ ကျားသည်​ လူကဲ့သို့ပင်​ မတ်​တပ်​ရပ်​ကာ ဟိုကြည့်​ဒီကြည့်​လုပ်​​နေ​သော​ကြောင့်​ပင်​။ ​စောဗထူးအံသြချိန်​မရ.၊ချက်​ချင်းပင်​ ဒူး​လေးဖြင့်​လှမ်းပစ်​လိုက်​သည်​။ ကျား၏ လက်​ပြင်​တွင်​ဝင်​မစိုက်​ဘဲ့ ထိုမြှားကို ကျားက လက်​ဖြင့်​ဖမ်းလိုက်​သည်​။ ထို​နောက်​ကျားသည်​ သူ၏​ရှေ့သို့.... တန်းတန်းမတ်​မတ်​လာ​နေသည်​။
...
..
.

ကို​ဇော်​နှင့်​ ကိုလင်းထက်​တို့နစ်​​ယောက်​ ​ဆွေး​နေ​နေကြသည်​။
ကို​ဇော်​က "ဒီမိစ္ဆာ​တွေကိုဘယ်​လိုဖမ်းပြီး ဂါထာ​တွေမန္တန်​​တွေဘယ်​လို​တောင်းရမလဲ၊ ​တောင်းဖို့​နေ​နေသာသာသူတို့​နေရာ​တောင်​ ကျွန်​​တော်​တို့မသ်​ဘူး"ဟု ဆိုရင်း ​မေးကိုလက်​နှစ်​ဖက်​ဖြစ်​​ထောက်​ခါ​မေးလိုက်​သည်​။ ကိုလင်းထက်​ "ဒီကိစ္စအတွက်​မပူပါနဲ့.. ငါတို့မှာနည်းလမ်းရှိတယ်​"ဟုဆိုကာကုလားထိုင်​​ပေါ်သို့ထိုင်​၍ "ငါကမ္ဘာတခုလုံးရဲ့တည်​​နေရာ​တွေမှာ ထူးခြားချက်​​တွေ၊အနက်​​ရောင်​​မှော်​တန်​ခိုး​တွေသူံးတဲ့အခါ ဒါမှမဟုတ်​ မိစ္ဆာ​မှော်​လက်​ချက်​နဲ့​သေ သွားရင်​ အဲဒီ​နေရာ​တွေကိုအချက်​ပြတယ်​၊ တိတိကျကျ​ပေါ့​လေ"ဟု​ပြောရင်း လက်​မအချင်းထိ၊လက်​ညိုးအချင်းအထိထိလိုက်​လျှင်​ ကမ္ဘာအ​သေးစားတခု​ပေါ်လာသည်​။ လက်​ကိုတဖြည်းဖြည်းခွာလိုက်​ရာ..ကမ္ဘာအ​သေးစားသည်​တဖြည်းဖြည်းကြီးလာသည်​။ ကိုလင်းထက်​က. "လတ်​တ​လောဖြစ်​ပျက်​သည့်​တည်​​နေရာကိုရှာ​ဖွေပါ"ဟုဆိုလိုက်​​သောအခါ..ထိုကမ္ဘာလုံးတွင်​ အနီ​ရောင်​အစက်​တခု​ပေါ်လာသည်​။ "သတင်းအချက်​အလက်​​ပေးပို့ပါ"ဟုဆိုလိုက်​လျှင်​ ကမ္ဘာလူံးထံမှ.."မြန်​မာနိုင်​ငံ၊ ကချင်​ပြည်​နယ်​၊ လူအနည်းစု​နေ​သော​နေရာ၊ ​စောဗထူး၊ ငရဲတံခါးဝမှလွတ်​လာ​သောသတ္တဝါ.ကျားမိစ္ဆာ၊ အဆင့်​ F" ဟု အသံထွက်​လာသည်​။ ကို​ဇော်​က "ဘာလဲဗျ.အဆင့်​F"က ​မေးလိုက်​ရင်​ ကိုလင်းထက်​.
"​အော်​..အင်း မင်းကို​ပြောပြမယ်​ဆိုတာ​လေ..ဘုရင်​ကြီး​စောမြတ်​ထွန်းက လက်​​ရွေးစင်​သူရဲ​ကောင်း​လေး​ယောက်​လွှတ်​လိုက်​တယ်​​လေ.အဲဒီအထဲမှာ ငါရယ်​သူရယ်​က အတူတူလာတာ၊ ကျန်​တဲ့နစ်​​ယောက်​ကဘယ်​​ရောက်​​နေလဲ​တော့မသိဘူး၊ဆက်​သွယ်​လို့မရဘူး။ သူက သက်​ရှိမဟုတ်​ဘူး၊မင်းတို့အ​ခေါ်AI​ပေါ့။ ဒါ​ပေမယ့်​ အာ့ထက်​အသိဥာဏ်​ပိုရှိတယ်​၊ ဘုရင်​ကြီး​စောမြတ်​ထွန်းကိုယ်​တိုင်​ဖန်​တီးခဲ့တာ။ သူရဲ့လုပ်​​ဆောင်​ချက်​ကအများကြီးဘဲ့..၊ ငါတို့ကမ္ဘာမှာသတ္တဝါ​တွေကို ကြမ်းတမ်းမှုကိုလိုက်​ပီးအဆင့်​​ပေးတယ်​၊ အဆင့်​Aကအငယ်​ဆူံး။ Sအဆင့်​ကအမြင့်​ဆုံး၊ အမျိုးအမည်​မသတ်​မှတ်​ရ​သေးတာက Sထက်​ကြမ်းတာဖြစ်​နိုင်​သလို Aထက်​ငယ်​တာလဲဖစ်​နိုင်​တယ်​။ သူ့နာမည်​က​တော့ God Of Eyesလို့အမည်​ရတယ်​၊ဒါကိုဘုရင်​ကြီး​စောမြတ်​ထွန်း​ပေးခဲ့တာပါ"
ဟုရှင်းပြလိုက်​သည်​။ ထို​နောက်​ကိုလင်းထက်​ "ငါတို့နစ်​​ယောက်​ကိုဒီ​နေရာပို့​ပေးနိုင်​မလား"ဟု​မေးလိုက်​ရာ "Ok"ဟုဆိုပြီး ကမ္ဘာလူံးမှ ​ပေါ်တယ်​ပုံစံအဖြစ်​​ပြောင်းလဲသွားသည်​။ ကိုလင်းထက်​နှင့်​ ကို​ဇော်​တို့..ထို​ပေါ်တယ်​အတွင်းသို့ဝင်​သွားသည်​နှင့်​​ပျောက်​ကွယ်​သွားသည်​။

ပတ်​ဝန်းကျင်​ကိုကို​ဇော်​ကြည့်​လိုက်​​တော့ ရွာတရွာထဲ​ရောက်​​နေသည်​။ ထိုရွာကလူ​တွေက ဝိုင်းပြီးကြည့်​​နေကြသည်​။ သူတို့​ပြောတာကိုနားမလည်​​ပေ၊ ဒါ​ကြောင့်​ ကို​ဇော်​က "@$%11)(ဘာသာစကားတိုင်းနားလည်​​စေပြီး ​ပြောနိုင်​သည့်​ဂါထာ) ရွတ်​လိုက်​လျှင်​ တဖြည်းဖြည်းနားထဲတွင်​ရှင်းလာသည်​။ "နတ်​ဘုရား​တွေလားမသိဘူး၊ ရုတ်​တရက်​​ပေါ်လာတယ်​။.မဖြစ်​ဖချဘူး နတ်​ဆရာကိုသွား​မေးရမယ်​"ဟုသူတို့အချင်းချင်း​ပြော​နေသည်​။ ကို​ဇော်​ကို ကိုလင်းထက်​က"ဟိုGod Of eyes ကငါတို့ကိုရွာလယ်​ကိုပို့လိုက်​တာနဲ့တူတယ်​"ဟု.တီးတိုး​လေး​ပြောလိုက်​သည်​။

နတ်​ဆရာက "ကျွန်​​တော်​တို့အကူအညီ​တောင်းတာကို​ဖြေရှင်းဖို့လာတာလား"
ကိုလင်းထက်​က "အမှန်​ဘဲ့ဗျ။ ကျားမိစ္ဆာကို ရှင်းပစ်​ဖို့​ရောက်​လာတာ၊ မရှင်းခင်​လုပ်​စရာရှိ​သေးတယ်​"
နတ်​ဆရာက "သင်​တို့ဘာလုပ်​လုပ်​ဂရုမစိုက်​ပါဘူး၊ အမြန်​ဆုံးရှင်းပစ်​ဖို့ ဆန္ဒပြုပါတယ်​"

ကို​ဇော်​ကနားမလည်​ဟန်​ဖြင့်​ ကိုလင်းထက်​ကို "သူတို့ကဘယ်​လိုသိတာလဲဗျ၊ ၊ ကျွန်​​တေ်​တို့လာမယ်​ဆိုတာ..."ဟု​မေးလိုက်​လျှင်​ ကိုလင်းထက်​က ပြုံးကား "God of Eyes လက်​ချက်​​ပေါ့ကွာ..သူရဲ့လုပ်​​ဆောင်​ရချင်​ထဲကတခုဘဲ့.လူအများကြီး​တော့မရ​ပေမယ့်​ အဲဒီ​နေရာမှာရှိတဲ့ အကြီးအကဲသြဇာ​ကောင်းတဲ့သူတ​ယောက်​ကို အိပ်​မက်​လိုလိုလိုဘာလိုလို​ပေးလိုက်​တာ​ပေါ့ကွာ..ငါ့ကိုလည်းအာ့လိုနည်းတမျိုးနဲ့ဆက်​သွယ်​ခဲ့တာ"ဟု​ပြောလိုက်​​လေသည်​။

နတ်​ဆရာအခန်းထဲကိုသွားကာ ကို​ဇော်​က "သိလိုတာ​တွေ​မေးလို့ရမလား"ဟုနတ်​ဆရာကို​မေးလိုက်​လျှင်​ နတ်​ဆရာက "​မေးပါ"ဟုခွင့်​ပြုလိုက်​သည်​။ ကို​ဇော်​က ထိုင်​ခုံမရှိ​သော​ကြောင့်​​မြေကြီး​ပေါ်ထိုင်​ရင်း "​စောဗထူးဆိုတာရှိလား"ဟူ​မေးလျှင်​ နတ်​ဆရာက"ကျားမိစ္ဆာကိုဖမ်းဆိုပြီးထွက်​သွားတာဘဲ့ဒါ​ပေမယ့်​ပြန်​မလာတာနစ်​လ​ကျော်​​နေပီ"ဟုဆိုသည်​။ ကို​ဇော်​က က်ုလင်းထက်​ကိုလှည့်​ကြည့်​ကာ "ရှာရမလား၊မျှား​ခေါ်ရမလား"ဟု​မေးလျှင်​ ကိုလင်းထက်​က ပခုံးတွန့်​ပြပီး "ရှာရင်​ကို့ဖက်​ကတပန်းရှုံးတယ်​၊ မျှား​ခေါ်တာပို​ကောင်းတယ်​၊ သူရဲ့အားနည်းချက်​က​ခေါင်းဖြတ်​သတ်​ဖို့ဘဲ့ပါတယ်​။ ဖမ့းပီး​မေးမြန်းဖို့အချိန်​မရှိဘူး"ဟုဆိုလိုက်​သည်​။ထိုစဉ်​ နတ်​ဆရာက "စကားဖြတ်​​ပြောရတာစိတ်​မ​ကောင်းပါဘူး၊ ​ပြောစရာရှိတယ်​၊ တ​ဘောင်​နမိတ်​စကား​တွေအရ. ဖမ်းဖို့လုပ်​ဖူးပါတယ်​၊ ဒါ​ပေမယ့်​မိတာမရှိဘဲ့သူကဖျက်​ဆီးသွားတာချည်းဘဲ့။ ဒါက​နောက်​ဆုံးကျန်​တဲ့​ဆေးမှုန့်​​တွေဘဲ့။.ဒီ​ဆေးမှုန့်​​တွေထွက်​တဲ့​နေရာကိုလည်းကျားမိစ္ဆာကဖျက်​ဆီးလိုက်​လို့ဒီ​နေရာမှာမရှိ​တော့ဘူး"ဟုဆိုသည်​။ ကိုလင်းထက်​နှင့်​ကို​ဇော်​တို့ တ​ယောက်​မျက်​နာတ​ယောက်​ကြည့်​ပြီးပြူံးလိုက်​သည်​။

ထို​နေ့ကား လပြည့်​ညဖြစ်​သည်​။.ကျားမိစ္ဆာအဖို့အစွမ်းဆုံးအချိန်​ဟုလည်းဆိုနိုင်​သည်​။ ကျားမိစ္ဆာသည်​ လှုပ်​လီလှုပ်​လဲ့ဖြင့်​ထိုရွာသို့တဖန်​ပြန်​​ရောက်​လာသည်​။ ရွာသားအားလူံးကိုနတ်​ဆရာကတစ်​စုတည်းထား​စေသဖြင့်​ အိမ်​တိုင်းတွင်​လူတ​ယောက်​မှမရှိ​ပေ။ ကျားမိစ္ဆာသည်​ မသင်္ကာဟန်​ဖြင့်​ ​လျှောက်​လတ်​ပတ်​ကြည့်​​နေသည်​။ ထိုစဉ်​ကျွဲ ကြီးတ​ကောင်​သည်​..ထိုကျားမိစ္ဆာရှိရာသို့ နှုာမှုတ်​ဟာတရှိန်​ထိုး​ပြေးလာသည်​။ ကျားမိစ္ဆာသည်​ သူ့နားအ​ရောက်​ ကျားခန္ဓာကိုယ်​နှငိ့လူပုံစံဖြစ်​ကာ ​နောက်​ကျွမ်းပစ်​​ရှောင်​လိုက်​သည်​။ ထို​နောက်​ကျွဲ​ခေါင်းကို​မြေကြီး​ပေါ်ပြန်​မကျခင်​​လေ​ပေါ်မှာတင်​ ရိုက်​ချလိုက်​​လေရာ၊ ကျွဲ​ခေါင်းမှာအစိပ်​စိပ်​အမြွာမြွာဖြစ်​ကာ ရွံ​စေးများဖြစ်​ကုန်​သည်။ ထိုရွံများသည်​.ကျားမိစ္ဆာ၏ခန္ဓာကိုယ်​​ပေါ်သ်ု့တတ်​ကုန်​သည်​။ကျားမိစ္ဆာတကိုယ်​လုံးဖူံးလွမ်းသွား​သောအခါ လှုပ်​လို့မရ​တော့​ပေ။ ထိုအခါ ကျားမိစ္ဆာသည်​ တဖြည်းဖြည်းလူပူံစံဖြစ်​လာသည်​။

ရွာသားများဝိုင်းဝန်းကြည့်​​သောအခါ...​စောဗထူးဖြစ်​​နေသည်​။ သို့​သော်​အသက်​ကားမရှိ​တော့​ပေ။ "ဟားဟား...ငါ့ကိုဒီလိုဖမ်းလို့ဘယ်​ရမလဲ..​စောဗထူး​တောင်​ဘငါ့လက်​ချက်​နဲ့​သေသွားပြီ၊ အစက​တော့တ​နေ့တ​ယောက်​သတ်​ဖို့စိတ်​ကူး​ပေမယ့်​ဒီ​နေ့​တော့ အကုန်​သတ်​ပစ်​မယ်​."ဟုကြိမ်းဝါးသံကြီးကိုကြားလိုက်​ရသဖြင့်​ရွာသားများအားလူံးဒူးချင်းရိုက်​ကုန်​ကြ​လေသည်​။

စောဗထူး.သည်​"ဟိုက်​.ငါ့မြှားကိုဖမ်းနိုင်​သဟ..မဖြစ်​ဘူး"ဟူ​ရေရွတ်​ရင်း.အကျီင်္အဝတ်​အစားအားလုံးချွတ်​ပစ်​လိုက်​သည်​။ ထို​နောက်​ လင့်​စင်​​ပေါ်မှ ​နောက်​ကျွမ်းပစ်​ပီး​မြေ​ပေါ်ပြန်​ကျ​သောအခါ ၉​တောင်​ကျားဖြစ်​သွားသည်​။ ထိုလာ​နေ​သောကျားမိစ္ဆာသည်​ တချက်​​တွေခနဲဖစ်​ပီူ​နောက်​ ကျားခန္ဓာကိုယ်​နှင့်​လူပုံစံဖြစ်​သွားသည်​။ ထို​နောက်​ကျားခန္ဓာကိုယ်​နှင့်​ သမန်းကျားတိုက်​ပွဲပြင်းထန်​စွာဖြစ်​​လေသည်​။ ရက်​သတ္တပတ်​များစွာကြာ​သောအခါသမန်းကျားဖြစ်​​သော​စောဗထူးမှာလူပြန်​​ပြောင်းလို့မရ​အောင်​ပင်​စိတ်​ရိုင်းဝင်​​နေသည်​၊ လူပြန်​​ပြောင်း​​​လည်းအသတ်​ခံရဖို့များသည်​ကိုး..။.ထို​နောင်​လူ့ဘဝကိုစွန့်​လွတ်​ကာ ကျားခန္ဓာကိုယ်​လူပုံစံကို အ​သေအ​ကြေတိုက်​ရာ​နောက်​ဆုံး ကျားခန္ဓာကိုယ်​နှင့်​လူပုံစံ၏ လက်​သီးနှင့်​လည်​မြိုကိုထိုးလိုက်​ရာ..​သေဆူံးသွား​လေ​တော့သည်​။

"sorryဘဲ့တား​လေး.မင်းဘယ်​မှာလဲဆိုတာငါသိတယ်​"ဟုကို​ဇော်​က​ပြောရရင်း ​မှောမန္တန်​တခုကိုရွတ်​လိုက်​ရာ.ကျားမိစ္ဆာသည်​ ချက်​ချင်းပင်​ကို့​ဇော်​​ရှေ့သို့​ရောက်​ကာ."မင်းအဆင့်​နဲ့ဖမ်းချင်​​သေးတယ်​"ဟုဆိုပြီး လက်​သည်းနှင့်​အခြစ်​..လှုပ်​မရဘဲ့ရသွား​လေသည်​။ "ငါဘာဖြစ်​သွားတာလဲဟ"ဟုကျားမိစ္ဆာ​တွေး​နေစဉ်​..ကိုလင်းထက်​က "ငါ့တို့မှာဒီး​ဆေးမှုန့်​ရှိ​သေးတယ်​​လေ၊မင်း​ပေါ်လိုက်​​ပျောက်​လိုက်​လုပ်​မယ့်​​နေရာက်ုတွက်​ချက်​ပြီး.​ဆေးမှုန့်​​လေးဝိုင်းထားတာ၊ လှုပ်​လို့ကိုရမယ်​မထင်​"ဟု.​လှောင်​ပြူံးပြူံးလိုက်​သည်​။ "ကဲကို​ဇော်​​ရေလုပ်​စရာရှိတာလုပ်​​တော့"ဟူဆိုလိုက်​​သောအခါ ကို​ဇော်​က ထိုကျားမိစ္ဆာ၏​ခေါင်းကိုကိုင်​ပြီးမန္တန်​တခုရွတ်​ပြီး​ခေါင်းမှတခုခုဆွဲထုတ်​လိုက်​​သောအခါ..ဝိညာဉ်​​ပေါင်းများစွာလွတ်​ထွက်​သွားပြီး.​နောက်​ဆူံးတွင်​ မန္တန်​စာတလုံးအဖြူ​ရောင်​အ​ငွေ့အဖြစ်​ထွက်​​ပေါ်လာသည်​။ ထို​နောက်​ကို​ဇော်​က ထိုစာလုံးကို စိုက်​ကြည့်​​သောအခါ.ထိုမန္တာန်​စာလုံးသည်​.ကို​ဇော့်​အတွင်းဝင်​​ရောက်​ကာ​ပျောက်​သွား​လေသည်​။ ကိုလင်းထက်​က ကျားမိစ္ဆာကို ​ခေါင်းဖြတ်​လိုက်​ပြီး ​မြေမြှုပ်​လိုက်​​လေသည်း။

စခန်းပြန်​​ရောက်​​တော့ ကို​ဇော့်​ကို ကိုလင်းထက်​က "မင်းထဲက​နေလည်း ဆွဲထုတ်​မခံ​စေနဲ့​နော်​..အခုငါဘုရင်​ကြီး​စောမြတ်​ထွန်းက်ူသတင်း​ပေးလိုက်​ဦးမယ်​"ဟု​ပြောလိုက်​သည်​။ ကို​ဇော်​က "ဒါပထမဆုံး.ကျားမိစ္ဆာကိုဖမ်းတာဒီ​လောက်​လွယ်​ကူမယ်​လို့မထင်​ဘူး..."ဟု​ပျော်​မြူးသည့်​အသံဖြင့်​​ပြော​လေရာ..ကိုလင်းထက်​ "ဒါကကျားမိစ္ဆာအစစ်မဟုတ်​​သေးဘူး..တကယ့်​အစစ်​က ​သေသွားပြီ၊မျိုးဆက်​လက်​ဆင့်​ကမ်းတာမျိုး​ပေါ့။.သူရဲ့စွမ်းအားအစစ်​အမှန်​ကို​သေချာသိရင်​ငါတို့အတွက်​အရမ်းခက်​ခဲလိမ့်​မယ်​..ဒီ​လောက်​နဲ့ရတာ​တော်​​သေးတာ​ပေါ့"ဟုဆိုလိုက်​သည်​။

"ဘုရင်​ကြီး​စောမြတ်​ထွန်း ကျွန်​​တော်​တို့အကျဉ်း​ထောင်​အ​ဖောက်​ခံရတယ်​.."ဟုဗိုလ်​ချုပ်​တစ်​ဦးလာ​ပြောသည်​။ ဘုရင်​ကြီး​စောမြတ်​ထွန်းက လိုက်​ကြည့်​​သောအခါ လူပုံစံမိစ္ဆာမရှိ​တော့​ပေ။ ဘုရင်​ကြီး​စောမြတ်​ထွန်းက "ငါတို့အကာအကွယ်​​တွေအများကြီးလိုတယ်​..ငါ့အထင်​​တော့ ငါတို့စခန်းကို လာ​လေ့တာဖြစ်​ဖို့များတယ်​၊ ဒါ​ကြောင့်​ငါ ပုံစံတုလုပ်​ခဲ့တာ​တော်​​သေးတာ​ပေါ့"ဟုတီးတိုး​ရေရွတ်​လိုက်​သတည်း။
image
msc 088
Smt:
https://m.facebook.com/story.php?story_fbid=394037117788275&id=100015459700683

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 65955.88
ETH 3055.54
USDT 1.00
SBD 3.69