ဘယ်​သူ့ကိုအချစ်​ဆုံးလဲ

in #myanmar6 years ago (edited)

လူဖြစ်​လာရင်​ အချစ်​ဆိုတာရှိတယ်​ မိဘကသားသမီးကိုချစ်​တာရှိသလို သမီးရည်းစားအချစ်​လည်းရှိကြတယ်​ ကိုယ်​ကိုကိုယ်​ချစ်​တဲ့အချစ်​ဆိုတာ ကလည်းလူတိုင်းမှာရှိကြတယ်​ အဲ့်ဒီအချစ်​​တွေထဲမှာမှ ဘယ်​အချစ်​က အများဆုံးလဲဆို​တော့ ကို့ကိုယ်​ကိုအချစ်​က အများဆုံးဖြစ်​လို အ​ရေးကြီ်းဆုံးလည်းဖြစ်တယ်​ဒါ​ပေမဲ့ မချစ်​တတ်​ကြဘူးဖြစ်​​နေတယ်​ image
‌ဘာ​ကြောင့်​ ကို့ကိုယ်​ကို အချစိဆုံးလို​ပြောရတာလည်းဆိုရင်​ ဘုရားအ​လောင်းပါရမီ ဖြည့်​စဉ်​ကာလ မ​ဟော်​သဓာသုခမိန်​ ဘ၀မှာ သက်​​သေပြခဲ့တဲ့ အ​ကြောင်းအရာ​လေးကို​ပြောပြပါ့မယ်
ဘုရင်​ကြီးမှာ သားရတနာ​လေးရလာတဲ့အခါ သားကိုအရမ်းချစ်​​တော့ မှူးမတ်​​တွေ နန်းရင်းဝန်​​တွေ​ရှေ့မှာ သူသားကိုသူအသက်​ထက်​ပိုချစ်​တယ်​လို့ တဖွဖွ​ပြော​နေ​တော့ မ​ဟော်​သဓာသုခမိန်​ ဟာ ဘုရင်​ကြီး စကားကျွံမှာကို စိုးရိမ်​မိတယ်​ ဘာ​ကြောင့်​လဲဆို​တော့ လူမှာကတိ မင်းမှာသစ္စာ ကြမ်းကျွံရင်​နှုတ်​ရလွယ်​သလိုစကားကျွံရင်​နှုတ်​ရခက်​လို့ပါပဲ ဒါ​ကြောင့်​ အရှင်​မင်းကြီးလူ​တွေဟာကို့ကိုယ်​ကို အချစ်​ဆုံးပါ လို့​ပြော​တော့ ဘုရင်​ကြီးအမြတ်​ထွက်​ပါ​လေ​ရော ဒါဆိုရင်​ မင်းသက်​​သေပြလို့​ပြောလိုက်​တယ်​ image
မ​ဟော်​သဓာသုခမိန်​က အရှင်​မင်းကြီး မိဘ​တွေဟာသားသမီးကိုချစ်​ကြပါတယ်​ ဒါ​ကြောင့်​ ​မျောက်​​တွေဟာလည်း သားသမီးကိုချစ်​မှာ​ပေါ့ လို့​ပြော​တော ဘုရင်​ကြီးကချစ်​တာ​ပေါ့လို့ပြန်​​ဖြေလိုက်​တယ်​ ဒါဆို အရှင်​မင်းကြီးကိုသက်​​သေပြဖို့်ကျွန်​​တော်​မျိုးကို​ ​မွေးခါစ​မျောက်​သားအမိ နဲသက်​​သေပြပါ့မယ်​လို့​ပြောလိုက်​သတဲ့
မ​ဟော်​သဓာသုခမိန်​ဟာ​ပေ ၂၀ ​လောက်​ကျင်းကိုတူးခိုင်းပီး ​မျောက်​သားအမိကိုကျင်းထဲထည့်​လိုက်​တယ်​ ပြီ​တော့ အ​ပေါ်က​နေ​ရေကိုဖြည်းဖြည်းချင်​​လောင်းထည့်​ခိုင်းလိုက်​တယ်​ ​မျောက်​အ​မေကြီးဟာ သူသား​ရေနစ်​မှာစိုးလို့ ​ကျော​ပေါ်တင်​ပြီးကျင်း​ပေါ် တက်​တာ​ပေါ့ ​ရောက်​ခါနီးလိုက်​ပြုတ်​ကျလိုက်​​ပေါ့ ​ရေကခါး​လောက်​​ရောက်​လာလည်း ​ကျော်​​ပေါ်တင်​ထားပြီးကုတ်​တက်​တုန်း ရင်​စို့နား​ရောက်​လည်း​ကျော​ပေါ်တင်​ထားတုန်းပဲ ​ရေဟာလည်​ပင်းနားလည်း​ရောက်​​ကော သားကိုပစ်​ချ ပြီး တကိုယ်​တည်း အ​ပေါ်ကိုတက်​ခဲ့တာကိုရှင်​ဘုရင်​​တွေ့ လိုက်​​တော့ သူ​ပြောခဲ့တဲ့စကားအတွက်​​နောင်​တရသွားတယ်​ image
ဒီလိုပဲလူ​တွေဟာ ကို့ကိုယ်​ကိုအချစ်​ဆုံးပါ ဒါ​ပေမဲ့ မချစ်​တတ်​ကြဘူး ဘာ​ကြောင်​လည်းဆို​တော့ လူ့ဘ၀ဟာဆင်းရဲကျိုး ဒုက္ခသစ္စာဆိုတာကိုသိ​အောင်​လည်းမလုပ်​ကြ သိပြန်​​တော့လည်း လွတ်​​အောင်​ လုပ်​တဲ့သူကနည်းနည်း ဒါ​ကြောင့်​ လူ​တွေဟာ ချစ်​တယ်​ ဆိုတဲ့စကားကို​တော့ ​ပြောတ်​ကြပြီးမချစ်​တတ်​ကြလို့ ချစ်​တတ်​​အောင်​သင်​ကြပါလို့ သတိ​ပေး​လိုက်​ရပါတယ်
Msc 236
@soeyan
Photo credit facebook


Sort:  

ရေးထားတာလေးကောင်းပါတယ်

လူဆိုတာ ကိုယ့်ကို ကိုယ်အချစ်ဆုံးပါ

ဟုတ်တယ်နော်။ ကိုယ့်ကိုကိုယ် အကောင်းဆုံးနည်းနဲ့ ချစ်တတ်တဲ့လူနည်းတယ်။

ဟုတ်​ပါတယ်​ဗျာ

သူများကိုဘယ်​​လောက်​ချစ်​တယ်​​ပြော​ပြောကို​ယ့်​ကို​ယ်​ကိုအချစ်​ဆုံးပါ

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.031
BTC 61665.59
ETH 2884.57
USDT 1.00
SBD 3.62