ဗိုလ်​​လောင်​များနှင့်​ သူတို့၏တစ်​​နေ့တာ

in #myanmar6 years ago (edited)

ဒီ​နေ့​တော့ သတိရမိ​သောဗိုလ်​​လောင်းဘ၀ဖြတ်​သန်းရ​သော တစ်​​နေ့တာ များကိုဗဟုသုတအ​နေနဲ့ ​ရေးသားတင်​ပြလိုက်​ပါတယ်​ဗိုလ်​​လောင်းများဟာစာ​ပေ နဲ့​လေ့ကျင့်​ ​ရေး ကို ၂ခုခွဲပြီး​သင်​ကြား ကြရပါတယ်​ ဒါ​ပေမဲ့ စာ​ပေသင်​ကြားချိန်​မှာဖြတ်​သန်းရတဲ့ တစ်​​နေ့တာ လုပ်​ငန်းစဉ်​များပဲ​ပြောပြသွားမှာဖြစ်​ပါတယ်​ ဗို​လ်​​လောင်းဘ၀ သင်တန်းသားဘ၀​တွဟာ ခရာသံနဲ့ အိပ်ရာထခရာသံနဲ့ အလုပ်လုပ် ခရာသံနဲပဲ အနားယူ ကြရပါတယ်​ image
်​ မနက်​၅နာရီမှာတပ်​ခွဲလိုက်​ တာဝန်​ကျ ပထမနှစ်​ကင်းသမားမှ တပ်​ခွဲရှိဗိုလ်​​လောင်းအားလုံး ကိုခရာသုံးချပ်​မှုတ်​ ၍ `အိပ်​ရာထချိန်​ အိပ်​ရာထချိန်​´သုံးကြိမ်​ ​အော်​နှိုး​သောအခါ အားလုံးအိပ်​ရာမှထ ပြီး မနက်​​လေကျင့်​ခန်းဝတ်​စုံစလဲရပါတယ်​ တပ်​ရင်းရုံးမှ ဗို​လ်ေ​လာင်းတပ်​ရင်းမှူးမှ ၅း၁၅ အချိန်​တွင်​ ခရာမှုတ်​၍ ဗိုလ်​​လောင်းအားလုံး PT ဆင်းချိန်​လို့​အော်​​သောအခါမှာဗိုလ်​​လောင်းအားလုံးဟာ အရန်​စစ်​​ရေးပြကွင်းမှာတန်းစီရန်​ သွားကြရတယ်​ ၅း၃၀မှာ အချိန်​မှာ တန်းစီပြီး physical training စလုပ်​ပါတယ်​ junior squard များကို senior apointment မျာကဦး​ဆောင်​ပြီး senior squard များကို နည်းပြဆရာကြီးမျာကဦး​ဆောင်​ကာ ​ဆောင်​ပုဒ်​များကို မာမာထာန်​ထာန်​ ​အော်​ဟစ်​ကာ ​ကျောင်းဝန်းကိုပတ်​ပြီးအ​ပြေး​လေ့ကျင့်​ရပါတယ်​ ​ပြေးပြီးပြန်​လာရင်​ အ​ကြောလျော့​လေ့ကျင့်​ခန်းများလုပ်​ပြီး ၆း၁၅ အချိန်​မှာ PTတန်းဖြုတ်​ပါတယ်
ရေချိုးဖို့နဲ့ အ၀တ်​အစားလဲဖို့ကို ၁၅မိနစ်​ အချိန်​ရပီး ၆း၃၀ မှ ၇း၀၀နာရီထိကို​တော့ နံနက်​စားစားချိန်​​ပေးထားပါတယ်​ image

မနက်​၇နာရီ မှာ Academic သွားဖို့ကိုတပ်​ရင်းတန်းစီကွင်းမှာ တပ်​ခွဲလိုက်​တန်းစီရပါတယ်​ တန်းစီပြီးတပ်​ခွဲရှိ final year ဗိုလ်​​လောင်း​appointment များမှ junior များအား မိမိတို့ဝတ်​ထား​သောအ၀တ်​အစားများ သန့်​ရှင်းသပ်​ရပ်​မှုရှိ မရှိ၊ ဖိနပ်​များ​ပြောင်​မ​ပြောင်​ဖိနပ်​ကြိုးတင်း မတင်း၊ ​ကောလံကြပ်​ခါးပတ်​​ခေါင်းနှင့်​ ဦးထုပ်​ရှိနိုင်​ငံ​တော်​တပ်​ဆိပ်​များကို ​ပြောင်​​အောငိတိုက်​ချွတ်​ထားခြင်းရှိ မရှိ၊ မျက်​နှာ​ပေါ်ရှိ နှုတ်​ခမ်း​မွေး မှုတ်​ဆိတ်​​မွေး နှင့်​ ပါးသိုင်း​မွေးများ ​ပြောင်​​အောင်​ရိတ်​ထားခြင်းရှိ မရှိတို့ကိုစစ်​​ဆေးပါတယ်​ image
နံနက်​၇း၃၀အချိန်​မှာ​တော့ တပ်​ရင်းတန်းစီးကွင်းတွင်​ ဗို​လ်ေ​လာင်းတပ်​ရင်းမှူးမှဦး​ဆောင်​ပြီး တပ်​ရင်းတပ်​ခွဲလိုက်​ squard များဖြင့်​ စစ်​သည်​​တေး စစ်​ချီ​တေးများကို အသံမြိုင်​မြိုင်​သီဆိုကာ Academic အ​ဆောင်​များသို့သွားရကာ ၈နာရီ အချိန်​မီ စာသင်​ခန်း ၀င်​ရပါတယ်​ ​နေခင်း၁၁နာရီမှာ ​ထမင်းစားနားပီး ထမင်းစားဖို့ တပ်​ရင်းတန်းစီကွင်းကိုမနက်​ academic သွားတဲ့ပုံစံအတိုင်းပြန်​လာရပါတယ်​ ဒီလိုပဲ ၁၂နာရီမှာ စာသင်​ခန်းပြန်​၀င်​ပြီးည​နေ ၃း၀၀ မှာ academic ချိန်​ပြီးလို့ အ​ဆောင်​ပြန်​တဲ့အချိန်​မှာလည်း စစ်​သည်​​တေးစစ်​ချီ​တေးများဖြင့်​ ပြန်​ရပြီး တပ်​ရင်းတန်းစီကွင်း​ရောက်​မှ ဗိုလ်​​လောင်းအားလုံး တန်းဖြုတ်​ပြီး အ​ဆောင်​ပြန်​ ရပါတယ်​ image
အ​ဆောင်​​ရောက်​တာနဲ့ PT ၀တ်​စုံပြန်​လဲ ပြီး PT ကွင်းဖြစ်​တဲ့အရန်​စစ်​​ရေးပြကွင်းသွားရပါတယ်​ ၃း၄၅မိနစ်​မှာ တန်းစီပြီး ၄၅မိနစ်ခန့် ​​PT​ပြေးခြင်း၊ တိုက်​ပွဲဝင်​ ၄၆ကွက်​​လေကျင့်​ခြင်း ၊ အခက်​အခဲ​ကျော်​ခြင်းစ​သော​လေ့ကျင့်​ခန်းများလုပ်​​ဆောင်​ပြီး ၄း၃၀ ချိန်​တွင်​တန်းပြန်​ဖြုတ်​ ပါတယ်​ ​ရေမိုးချိုး ည​နေထမင်းစားတန်​စီ ၀တ်​စုံဝတ်​ဖို့ နာရီဝက်​ခန့်​အချိန်​ရပြီးည​နေ ၅နာရီ တွင်​ နိုင်​ငံ​တော်​သစ္စာဆိုရန်​ တန်းစီ ရပါတယ်​ နိုင်​ငံ​တော်​သစ္စာဆိုပြီးဗိုလ်​​လောင်းအားလုံးဟာ ည​နေစာစားရန်​ စားရိပ်​သာသို့ သွားရပါတယ်​ စာရိပ်​သာမှာ ဗိုလ်​​လောင်းအားလုံး ထမင်းမစားခင်​ ထမင်းစားသစ္စာ ဆိုရပါတယ်​ ထမင်းစားပြီး ည​နေ ၆နာရီ ခန့်​တွင်​ ပထမ နှစ်​ နှင့်​ ဒုတိယနှစ်​ဗို​လောင်းများ ဟာ အမျိုးသားဝတ်​စုံဖြင့်​ ည study ထိုင်​ရန်​ တပ်​ရင်းတန်းစီကွင်းမှာ တန်းစီပြီး စားရိပ်​သာသို့ သွားပြီး study ထိုင်​ရပါတယ်​ 3rd year မှ final year ထိ ဗိုလ်​​လောင်​များက​တော့ ကိုယ့်​အ​ဆောင်​မှာပဲ study ထိုင်​ရပါတယ်​ image
ည ၉နာရီ အချိန်​မှာ​တော့ study ဖြုတ်​ပြီး ဗိုလ်​​လောင်းအားလုံးဗိုလ်​​လောင်းတပ်​ရင်းမှူးက တပ်​ရင်းတန်းစီကွင်းမှာတန်းပြန်​စီပြီး တာဝန်​ကျ အရာရှိ တာဝန်​မှူးကိုတန်းအပ်​ ရပါတယ်​ အရာရှိတာဝန်​မှူးမှ ​နောက်​တ​နေ့ လုပ်​ငန်းစဉ်​များကိုမှာကြားပြီး ည၉း၃၀အချိန်​ခန့်​တွင်​တန်းဖြုတ်​ပါတယ်
နောက်​တ​နေ့ ၀တ်​ဖို့ အ၀တ်​အစားပြင်​ရန်​ နာရီဝက်​ခန့်​ အချိန်​ရပြီး ည ၁၀နာရီမှာ​တော့ တာဝန်​ကျ final year ဗိုလ်​​လောင်း တာဝန်​မှူးမှ ခရာ၃ခါမှုတ်​ပြီး `မီးပိတ်​အိပ်​ချိန်​ ´ ၃ခါ​အော်​​သောအခါ ​ကော်​ရစ်​တာ မီးမှလွဲ၍ အ​ဆောင်​မီးအားလုံးပိတ်​ကာ တာဝန်​ကျ ဗို​လ်​လောင်း​ကင်းသမားမှလွဲ၍ ဗိုလ်​​လောင်းအားလုံးဟာ ​နောက်​တစ်​​နေ့အိပ်​ရာထချိန်​ ခရာသံကိုနားစွင့်​ရင်း အိပ်​စပ်​အနား ယူကြရပါတယ်​ ​ဒါက​တော့ဗိုလ်​​လောင်းဘ၀​နေ့စဉ်​ ဖြတ်​သန်း​နေရတဲ့ တစ်​​နေ့တာအလုပ်​များပဲဖြစ်​ပါတယ်​ခင်​ဗျာ....
Steemit အဖွဲ့ဝင်​များ ကျန်းမာချမ်းသာကြပါ​စေ
Msc 236
@soeyan
Photo-credit google

Sort:  

ဗိုလ်လောင်းတွေရဲ့ တစ်နေ့တာဘဝကို နားလည်သိရှိလိုက်ရပါတယ်။

ဖတ် ကြည့်တာ နဲ့  တနေ့ တာ နားတဲ့အချိန် မရှိသလောက်ပါလား

အိပ်​တဲ့အချိနကနားခိန်​​လေဗျာ

ဟုတ်​ကဲ့ ည​နေ ၀၆၁၅ final year အ​ဆောင်​စစ်​ချုပ်​ကိုတန်းအပ်​ပါမယ်​တဲ့ ​ဗျာ 😄

ဟဲဟဲ:-)

သိခွင့်ရပါတယ်။ အားပေးခဲ့ပါတယ်ရှင်။

ဟုတ်​ကဲ့ပါ

သိခွင့်​ရလို.​ကျေးဇူးပါ အကိုကြီး\ညီ​လေး

ဟုတ်​ကံပါ

Voteတော့ voteခဲ့တယ် ဒေါ်လာလည်းတက်ဖူး ဟီးဟီး 😂😂😂

ဘ၀တူ​တွေပါ​နောက်​​တော့ဖြစ်​လာမှာ​ပေါ့

မလွယ်‌ပါလားဗျာ။

ဟုတ်​ကဲ့ပါ

သိခွင့်​ရလို့​ကျေးဇူးပါ

ဟုတ်​ကဲ့ပါ

ဗဟုသုတရပါတယ်ဗျ။MSC No ကျန်နေပါတယ်။Photo credit ပေးပါ ။ရေးသားသူနာမည်ကျန်နေပါတယိ။

ဟုတ်​ကဲ့ပါ

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 66101.68
ETH 3023.14
USDT 1.00
SBD 3.71