စာရေးခြင်း စာဖတ်ခြင်း Writing and Reading

in #myanmar6 years ago

image
steemit မှာ စိတ်ထဲရှိတာ စာရေးပြီး diary သဘောမျိုး ပဲ
ဖြစ်ဖြစ် ချပြလို့ရ ပြီး ကံကောင်းရင် steem $တွေ ပိုင်ဆိုင်ရမှာဆိုတော့ ပိုကောင်းတာပေါ့ ။ ဘာပဲဖြစ်ဖြစ် စိတ်ထဲရှိတာ ရေးသားရတာကိုက လွတ်လပ်ခြင်း တစ်မျိုးလို့ ယူဆမိတဲ့အခါ စာရေးဆရာတွေရဲ့ လွတ်လပ်ခြင်း အရသာကို တို့ထိ ခံစားမိ သလို အရသာထူးကို ရရှိစေတယ် ။ စာရေးခြင်းရဲ့အရသာလို့ ဆိုရမှာပေါ့ ။
ဟိုအရင်တုန်းကတော့ ညညဆို ဗလာစာအုပ် တစ်အုပ်နဲ့
စိတ်ထဲရှိတာတွေ ရေးခွင့်ရခဲ့တယ် ။ မရေးဖြစ်တဲ့အခါ ရေးထားတာတွေ ပြန်ဖတ်ရင် အခန်းဆက်တွေလို ထပ်တွေးလိုက်
ဆက်ရေးလိုက်ပေါ့ အဲကတည်းက စာရေးခြင်းရဲ့ အရသာကို ထူးထူးခြားခြား မခံစားခဲ့ရဘူး။ ပြီးတော့ မဂ္ဂဇင်းတွေမှာ
စာတွေ အများကြီး ရေးတာတွေ့ရင် ဒီစာရေးဆရာတွေ မပျင်းဘူးလား မသိဘူး လို့ အတွေးတွေ ဝင်ခဲ့ဘူးတယ် ။ ဒါတောင် ခုခေတ်လို စာရေး လွယ်ကူခဲ့တာ မဟုတ်ဘူး ။ ခုချိန်မှာ
ကျတော့ ဖြတ်သန်းရတာတွေ များလာတာနဲ့အမျှ လူတွေရဲ့  ဘဝမှာ နည်းအမျိုးမျိုးနဲ့ဘဝအမောတွေ ဖြေ လာတတ်ကြတယ် ။ အဲဒါကျမှ သြော် စာရေးခြင်း ဟာလည်း ဘဝ အမောဖြေနည်း တမျိုးဆိုတာ သိလာခဲ့ရတယ် ။ ရေးနေရေးသား ကျသွားရင်
ရေးစရာ အတွေးတွေက အများအပြားဝင်လာတော့တာပါပဲ ကုန်ကြမ်းတွေဖြစ်တဲ့ ဘဝ အခက်အခဲတွေ အတွေ့အကြုံတွေ စာဖတ်အားတွေဟာ အတွေးကို ပြန်လည်နိုးထလာစေတယ် ။ အဲဒီအခါ စာရေးဖြစ်တော့တာပါပဲ။ ကမ္ဘာကျော် စာရေးဆရာကြီးတွေ ဇာတ်ညွှန်းရေးဆရာကြီးတွေ ပါရမီ ဓါတ်ခံကောင်းတဲ့သူတွေဆို ဘယ်နေရာမှာ ဖြစ်ဖြစ် မိမိတို့အလုပ်ကို
အပျက်မခံကြဘူးလို့ ကြားဖူးတာပါပဲ အရင်ခေတ်က ဆိုတော့
ရထားပေါ်မှာ သင်္ဘောကုန်းပတ်ပေါ်မှာ ကြုံရာ နေရာမှာ
အာရုံဝင်စားနိုင်ကြတယ် ။စိတ်ကိုစူးစိုက်ထားနိုင်ခြင်းနဲ့ အာရုံစုစည်းအား ကောင်းကြတာပေါ့ ။ မြန်မာနိုင်ငံမှာကျတော့ အဲလိုလေ့ကျင့်လို့က မရပြန်ဘူး ။ တခါတလေမှာ သူများကို
ဆုံးမချင်ဇောနဲ့ ဆုံးမတဲ့အခါ ကိုယ့်ရှူး
ကိုယ်ပတ် ခံရတာတွေလည်း ဖြစ်တတ်တယ်။ စာရေးတဲ့အခါ အာရုံလို့ခေါ်တဲ့ ဈာန်ဝင်စားဖို့လည်း လိုအပ်တယ် ။ အများစုကတော့ ညအခါမှ ရေးလေ့ရှိကြတယ် ။ စိတ်ကူးကောင်းတဲ့သူကတော့ သစ်ပင်လေးအောက် ထိုင်ခုံလေးကျ သက်သောင့်သက်သာ ပုံစံနဲ့ အနှောက်အယှက် ကင်းကင်း ရေးရတဲ့ အရသာကလည်း လူတိုင်းကြိုက်တဲ့ စာရေးနည်းပါပဲ ။ ညကျတော့ တိတ်ဆိတ်တယ် အာရုံဝင်စားလို့တော့ ကောင်းတယ် ။ ဒါပေမဲ့ လူခန္ဓာကိုယ်ရဲ့ အနားယူချိန်ကို ချောဆွဲခံထားရ
သလို Over time ဖြစ်တတ်ပါတယ် ။ ခြင်ကိုက်တဲ့ အရပ်ဆို သက်သောင့်သက်သာ မရှိတတ်ကြပါဘူး ။
ရေးချင်စိတ်များလာတဲ့အခါမှာတော့ အိပ်မပျော်ပဲ အတွေးတွေနဲ့ ချာချာလည်နေပြန်ပါတော့တယ်။ ဒါဟာလည်း မိမိရဲ့
အတွေးတွေ ကွန်မြူးချိန်လို့ ဆိုရမှာပါပဲ ။
စာရေးတဲ့အခါ ရှု့ထောင့် အသီးသီးကနေ ကိုယ်ပေးချင်တဲ့ massage ကို တပါးသူသိအောင် ပုံဖော်ကြသလို မိမိရဲ့
ခံစားချက်ကို ရေးသားတင်ပြတာ ဗဟုသုတ ရစရာ
အကြောင်းအရာ ကဗျာ ဘာသာရေး နိုင်ငံရေး စည်းပွားရေး
ဘဝအတွေ့အကြုံ အစုံစုံသော အကြောင်းအရာတွေက
များပြားလှပါတယ် ။
ရေးနေကျသွားရင် အသားကျလာမှာပါ
အားလုံး အောင်မြင်ကြပါစေ Goodluck!
image

Writing by @soppyman
google image
@good-karma

Sort:  

စာရေးခြင်းနဲ့ စာဖတ်ခြင်း ဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်လေ အဲဒါကြောင့် အတွေးအခေါ်တွေလည်း ပြောင်းလဲလာမှာပါပဲ

ကျေးဇူးပါ ခုလို အားပေးတဲ့အတွက်

ကြိုးစားပါ့မယ် ရှင်

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.031
BTC 62177.56
ETH 2918.14
USDT 1.00
SBD 3.66