Manga ကို အလွယ် Creation လုပ်နည်း Software - ComiPo (Introduction to ComiPo) - Manga အပိုင်း (၁) - ကြည်ပြာလွင်ဦး

in #myanmar6 years ago

Software - ComiPo (Introduction to ComiPo) - Manga အပိုင်း (၁) - ကြည်ပြာလွင်ဦး

Trailer link


ပုံမဆွဲတတ်ပေမယ့် Comic များပြုလုပ်ချင်သူများတွက် Web Technology Corp. မှ အပျော်တမ်း Manga Maker Comipo Software ကို ထုတ်လုပ်လိုက်ပါတယ်။

ကလေးငယ်များအတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်တာကြောင့် အသုံးပြုရလွယ်ကူအောင် ပြုလုပ်ပေးထားပါတယ်။

Character အတွက်ကတော့ Software မှာ အဆင်သင့်ပါဝင်တဲ့ မျက်နှာပုံစံ၊ ဆံပင်ပုံစံ၊ အဝတ်အစား စတာတွေကို ရွေးချယ်ပြီးတော့ အသုံးပြုရမှာပါ။

Preset Character များလည်းအဆင်သင့်ပါဝင်ပါတယ်။

Fully randered 3D character များဖြစ်တဲ့အတွက် 3D နဲ့ပတ်သက်တဲ့ အတတ်ပညာတွေ တစ်ခုမှမတတ်လည်း လွယ်လွယ်ကူကူအသုံးပြုနိုင်ပါတယ်။

Character ဖန်တီးပြီးပြီဆိုရင်တော့ ရွေးချယ်ထားတဲ့ Preset Panel ထဲကို Drag & Drop လုပ်ရမှာပါ။ ပြီးရင် Character ကို ကိုယ်စိတ်တိုင်းကျ ရွေ့လျားနိုင်ပြီး Size လည်းချိန်နိုင်ပါတယ်။
Camera Angle လည်းကိုယ်စိတ်တိုင်းကျ ပြောင်းလဲနိုင်ပါတယ်။

အားနည်းတဲ့အချက်ကတော့ pose တွေကို အပြင်မှာကိုယ်တိုင်ရေးဆွဲသလို စိတ်တိုင်းကျရေးဆွဲသလိုတော့ မရပါဘူး။
သူတို့ပေးထားတဲ့ Preset Pose များကိုပဲ အသုံးပြုလို့ရမှာပါ။

Background ကိုတော့ Software မှာပါတဲ့ Background အပြင် မိမိ Computer ထဲမှာရှိတဲ့ ပုံများကို ထည့်သွင်းအသုံးပြုလို့ရပါတယ်။

Comipo ရဲ့အားသာချက်ကတော့ ပုံဆွဲကျွမ်းကျင်စရာမလိုပဲ အသုံးပြုနိုင်တဲ့ အချက်တစ်ချက်သာရှိတဲ့ပါတယ်။

အားနည်းချက်များကတော့ Software မှာပါဝင်တဲ့ အစိတ်အပိုင်းများနဲ့သာ Character ဖန်တီးနိုင်ခြင်း၊ Movement များကို Preset Pose များနဲ့သာ ပြုလုပ်နိုင်ခြင်းတို့ကြောင့် အခြားသော Comipo အသုံးပြုသူများနှင့် ထူးမခြားနား Character များနှင့် Pose များအပြင် လက်နှင့်ရေးဆွဲထားခြင်းမဟုတ်ဘဲ 3D ရုပ်လုံးတွေဆိုတာ အရမ်းသိသာတဲ့အတွက် အပျော်တမ်း Comic ပြုလုပ်တဲ့ Software တစ်ခုသာဖြစ်တယ်လို့ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

For Detail Info :http://www.comipo.com/en/

Online Stores to Buy Full Version
http://store.steampowered.com/app/262490/

http://comradz.com/graphics-2/comipo-2/

Free Trial Download Link
http://download.cnet.com/ComiPO/3000-2191_4-75613983.html

Offical ComiPo Trailer
Trailer link

Thanks for Reading

နည်းပညာနဲ့အတူ မြန်မာနိုင်ငံက သားသားမီးမီးလေးတွေ Creation ART ပညာ တိုးတက်ကြပါစေ

ဆောင်းပါးရေးသားသူ Myanmar Anime Release မှ ကူးယူတင်ပြ စုစည်းသိမ်းဆည်းသည်/

https://www.facebook.com/mmanimere/photos/a.1697009763883913.1073741850.1553714154880142/1697010460550510/?type=3&theater

2018-07-06 (2).png

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61293.86
ETH 2930.90
USDT 1.00
SBD 3.65