Supported Plan for Myanmar newbies

in #myanmar6 years ago

မင်္ဂလာပါ မိတ်ဆွေတို့

ကျွန်တော်တို့ @steempowergroup1 ကနေ နေ့စဉ် promotion ပေးနေခဲ့တာ အခုဆိုရင် ရက်ပေါင်း ( 26 ) ရက် ရှိခဲ့ပါပြီ။ sp နည်းတာကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့သလို ဆုကြေးငွေကလည်း သိပ်မပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာ newbies တွေကို ဘယ်လိုကူညီနိုင်မလဲဆိုတာ အဖွဲ့သားတွေ တိုင်ပင်ဆွေးနွေးရင်း အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ပြိုင်ပွဲသဘောမျိုးလုပ်ပြီး အနိုင်ရရှိသူကို အနည်းဆုံးပမာဏ 0.2 STU တန်ဖိုးရှိတဲ့ upvote ပေးဖို့ပဲ ဖြစ်ပါတယ်။ အဆင်ပြေမယ်ဆိုရင် ဒီထက် ပိုမိုပေးနိုင်မှာ ဖြစ်ပါတယ်။


ပြိုင်ပွဲဝင်သူတွေဘက်ကနေ လုပ်ပေးရမှာက -

  • သတ်မှတ်ထားတဲ့စည်းကမ်းချက်များနဲ့အညီ ရေးသားထားတဲ့ post များရဲ့ link ကို comment မှာ လာမန့်ပေးဖို့ပဲ ဖြစ်ပါတယ်။
  • တစ်ရက်ခြားတစ်ခါ ပြိုင်ပွဲကျင်းပပေးမှာ ဖြစ်တာကြောင့် စာရေးသားဖို့ အချိန်လည်း ရမယ် မျှော်လင့်ပါတယ်။

ကျွန်တော်တို့ဘက်ကနေတော့ -

  • စည်းကမ်းနဲ့ညီပြီး အကောင်းမွန်ဆုံးဖြစ်သူ ၃ ဦးကို ရွေးချယ်ပြီး upvote ပေးမှာ ဖြစ်ပါတယ်။
  • အရင်ပေးတဲ့ ပမာဏထက် အဆ ၂၀ ကျော်နီးပါး ပိုမိုလာမှာ အာမခံပေးပါမယ်။
  • ရွေးချယ်ခြင်းခံရသူတွေရဲ့ post တွေကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုး လုပ်ပေးမှာ ဖြစ်ပါတယ်။

သို့သော်လည်း တစ်ခုတော့ ၀န်ခံပါရစေ။ ပြိုင်ပွဲဝင်သူတွေထဲကနေ စည်းကမ်းနဲ့ မညီညွတ်တဲ့ post များကို စစ်ဆေးပေးမှာ မဟုတ်ပါဘူး။ ဆုရတဲ့သူ မရှိရင်တော့ ဘာကြောင့် ဆု မပေးတာလဲဆိုတာ ပြောပြပေးပါ့မယ်။

ဝေဖန်ထားတဲ့ နမူနာပုံစံများကို အောက်ပါ Link များမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။


ပြိုင်ပွဲဝင်သူတွေအတွက် ဘယ်လိုအကျိုးရရှိစေမလဲ ?

  • steemit က သတ်မှတ်ထားတဲ့ စည်းကမ်းများကို ပိုမိုသဘောပေါက်လာပါမယ်။
  • မိမိစာမှာ လိုအပ်တာများကိုလည်း သိရှိလာပါမယ်။
  • မိမိအားထုတ်မှုအတွက် ထိုက်တန်တဲ့ ဆုလာဘ်ကို ရရှိပါမယ်။
  • မိမိတို့ရဲ့ sp ပြည့်အောင် ကြိုးစားရာမှာ အထောက်အကူတစ်ခုဖြစ်လာပါမယ်။

ဘာလိုသေးလဲဗျာ ... ဆုလည်း ရမယ် ... ကိုယ့်စာကို သေချာဖတ်ပြီး ထောက်ပြပေးမှုလည်း ရရှိမယ် ... ကိုယ့်အခြေအနေတိုးတက်ဖို့ အထောက်အပံ့တစ်ခုဖြစ်သွားမယ် ...

တစ်ခုပဲ လိုပါတယ် ... ပြိုင်ပွဲဝင်ပြိုင်ဖို့ပါ ... ဒါကြောင့် ပြိုင်ပွဲဝင်လိုသူတွေအနေနဲ့ ပြိုင်ပွဲဝင်မယ့်အကြောင်း အခု post ရဲ့ comment မှာ ရေးသားပေးကြပါလားဗျာ ... မိတ်ဆွေတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိတာဟာ ကျွန်တော်တို့ ရှေ့ဆက်မယ့် ခရီးအတွက် အထောက်အပံ့တစ်ခုဖြစ်ပါတယ်။


ဒါ့အပြင် newbies တွေကို အထောက်အပံ့ပေးချင်ကြတဲ့ အခြားသူတွေလည်း ရှိကြမှာပါ ... ကျွန်တော်တို့နဲ့ လက်တွဲပါဝင်ဖို့ ဖိတ်ခေါ်ပါတယ် ... ဘာမှ အထွေအထူးလုပ်စရာ မလိုပါဘူး ... တစ်နေ့ကို 0.01$ တန်ဖိုးရှိတဲ့ upvote ပမာဏ ၃ ခုကို အားဖြည့်ပေးဖို့ပါ ... အခု ဆုကြေးပေးတာကလည်း 0.01 တွေကို စုစည်းပြီး ပေးတာ ဖြစ်ပါတယ် ... မိုးရေတစ်စက်ချင်းက မထိရောက်ပေမယ့် မိုးရေစက်တွေ ပေါင်းစုလိုက်ရင်တော့ ရေချိုရေအေးတစ်ခွက်ရရှိပြီး လိုအပ်သူအတွက် အားဆေးတစ်ခွက်ဖြစ်စေမှာ ဖြစ်ပါတယ် ... အားဖြည့်ပေးဖို့ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော် @sawlwin ကို ဆက်သွယ်ပေးပါ ... facebook chat box ကနေ သိချင်တာ လာရောက်မေးမြန်းနိုင်ပါတယ် ...

အားလုံးကို ကျေးဇူးတင်ပါတယ် ...

@steempowergroup1

Sort:  

ဟုတ်ကဲ့အရမ်းကောင်းတဲ့အစီစဉ်လေးပါဗျာ။ပြိုင်ပွဲကိုလဲစိတ်ဝင်စားပါတယ်။ပါဝင်ချင်ပါတယ်ခင်ဗျာ။အင်အားလဲဖြည့်ပေးပါ့မယ်။
MSC-210
https://steemit.com/@zarmanizawlinn
Group - 4

ကျေးဇးတင်ပါတယ်ဗျာ

ငထွေးလဲ ပါဝင်အားဖြည့်ချင်ပါတယ်

ready ဖြစ်ရင် ဦးထွေးကို ဆက်သွယ်လိုက်မယ်ဗျို့

ပြိုင်ပွဲ မစရသေးပါဘူးဗျာ မကြာခင် ပြုလုပ်ပေးပါ့မယ်

စိတ်ဝင်စားမိတယ် ကိုစောရေ ပြိုင်ပွဲဝင်ပိုစ့်တွေထဲက ကိုယ်နှစ်သက်တဲ့ ပိုစ့်တွေကို vote အားဖြည့်ပေးမယ် ကိုယ်တိုင်လည်း ဝင်ပြိုင်ဖြစ်အောင် အားထုတ်ပါ့မယ်ဗျာ

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62726.22
ETH 2961.65
USDT 1.00
SBD 3.60