ခိုလှုံရာ ရိပ်မြုံ ( ၅ )
ဒေါ်ကြည်အေးသည် မျက်ရည်တွေတွေစီးကျကာ ငိုနေလေသည်။ မိမိအဖြစ်ကို ရင်နာလွန်းလှသည်ကတစ်ကြောင်း မိမိဘဝတွင် ကြင်ကြင်နာနာစကားပြောသူပင်မရှိခဲ့သည်ကတစ်ကြောင်းကြောင့် ဖြစ်လေသည်။ ယခုကဲ့သို့ ဂရုတစိုက်မေးလာသောအခါ ဝမ်းနည်းအားငယ်၍ ငိုမိလေသည်။ ကျောင်းတိုင် ဘုန်းကြီးမှလည်း
'' ကဲ ဒကာမကြီး အိမ်လိုက်ပြနိုင်တယ် မဟုတ်လား လိုက်သွားလိုက်။ ဒီသူငယ်တွေက ပရဟိတလူငယ်လေးတွေ သားသမီးတွေက စွန့်ပစ်ထားကျတဲ့ အသက်ကြီးရွယ်အို အဘိုးအဘွားတွေကို စောင့်ရှောင့်ပေးကျတာကွယ့်''
ဒေါ်ကြည်အေးသည် ဘုန်းတော်ကြီး စကားဆုံးသည်နှင့် လူရွယ်လေးမျက်နှာကို မော့ကြည့်မိလေသည်။ ကြည်လင်အေးချမ်းပြီး သန်ွှပြန့်လှသော ရုပ်ရည်နှင့် ကြင်နာတက်သော အပြုံးကို တွေ့လိုက်ရလေသည်။ မိမိ ဘဝအကြောင်းကို ပြောသင့် မပြောသင့် အနည်းငယ်ချင့်ချိန်ပြီးနောက် ဒေါ်ကြည်အေးသည် မိမိ လက်ရှိ အခြေအနေကို ပြောပြလိုက်လေသည်။ လူငယ်လေးနှင့် မိန်းမငယ်လေးတို့သည် သေချာစွာနားထောင်ကျပြီးနောက်
'' အမေကြီးက ဘယ်လိုဖြစ်ချင်တဲ့ ဆန္ဒရှိပါသလဲ အမေကြီး သဘောဆန္ဒအတိုင်း သားတို့ ဖြည့်စည်းပေးပါ့မယ်'' ဘုန်းဘုန်းဘုရားမှလည်း
'' အိမ်း နင့် ဘဝက တယ်မလှပါလား ဒကာမကြီး ရိပ်သာလိုက်ချင်သပဆိုလည်း လိုက်သွားပါ ဟိုမှာကတော့ ဘဝကူးကောင်းမဲ့ တရားဘာဝနာတွေကို ပွားများနိုင်သလို စားဖို့လည်း မပူရတော့ဘူးပေါ့ နာမကျန်းဖြစ်ရင်လည်း ဆေးဝါးကအစ ပြုစု စောင့်ရှောက်ပေးကျတာ''
'' တင်ပါ့ ဘုရား တပည့်တော်မ လိုက်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ တပည့်တော်မ ရှိနေလည်း တပည့်တော်မ သားလေး စိတ်ဆင်းရဲရပါတယ် ဘုရား''
'' အေး အေး ဒီသံယောဇဉ်တွေကို တရားနဲ့ယှဉ်ဖြတ်ပါ ဒကာမကြီး ဒါမှ သံသရာအေးချမ်းမယ်''
'' တင်ပါ့ ဘုရား တပည့်တော် နားယူပါ့မယ်''
သို့နှင့် ဒေါ်ကြည်အေးကို ပရဟိတလူငယ်လေးများသည် အိမ်တိုင်ရာရောက်လိုက်လံပို့ဆောင်ပေးကာ အာဟာရဖြစ်သည့် အစားအစာများ ပေးလှူ ကာ ပြန်သွားကျလေသည်။ သားနှင့် ချွေးမအား ဒီည ခွင့်တောင်းပြီးလျှင် မနက်ဖြန် မိမိအား လာခေါ်ကျတော့မည် ဖြစ်သည်။ လှူ ဒါန်းထားသော ကြက်ဥများမှ ၁၀လုံး ခန့်ကို ဒေါ်ကြည်အေး ပြုတ်လိုက်သည်။ ကျက်သော အခါ မြေးလေးများကို ခွဲဝေကျွေးပြီး သားဖြစ်သူနှင့် ချွေးမအတွက်ပါ ချန်ထားလိုက်လေသည်။ ထို့နောက် ၁လုံးကို မိမိစားသည်။ ကြက်ဥတစ်လုံးကို ထမင်းလွတ်စားဖူးခြင်းသည် သည်တစ်ကြိမ် ပထမဆုံး ဖြစ်လေသည်။ ဒေါ်ကြည်အေးသည် အရသာခံကာစားပြီး ရေတစ်ခွက်သောက်ချလိုက်လေသည်။
ညသည် ပို၍ တိတ်ဆိတ်မဲမှောင်သည်ဟု ထင်ရသည်။ ထမင်းစားသောက်ပြီးသောအခါ ဒေါ်ကြည်အေးသည် သားဖြစ်သူအား စကားပြောရန် ခေါ်လိုက်လေသည်။
'' သားနဲ့ သမီး အမေ စကားနည်းနည်းလောက် ပြောစရာရှိလို့ပါကွယ်''
''မနက်မှ ပြောပါလား အမေ သားတို့ ပင်ပန်းလာလို့ အိပ်ချင်ပြီ''
'' အခု ပြောမှ ဖြစ်မှာမို့ပါ သားရယ် သားတို့ ပင်ပန်းလာတာ အမေသိပါတယ်''
'' ကဲ ဒါဆိုလည်း ပြော အမေ''
'' အမေ ဘိုးဘွားရိပ်သာမှာ လိုက်နေတော့မယ် သား မနက်ဖြန် အမေ့ကို လာခေါ်ကျတော့မယ် ဒါကြောင့် သားနဲ့ သမီးက အလုပ်မသွားဘဲ တစ်ရက်လောက်တော့ အမေ့ကို လာခေါ်မဲ့သူတွေကို သဘောတူကြောင်း ပြောပေးကျပါလား''
သားဖြစ်သူမှာ အံ့သြသွားပြီး ဒေါ်ကြည်အေးကို ငေးစိုက်ကြည့်နေလေသည်။ ထို့နောက်
ဇာတ်သိမ်းပိုင်း မျှော်...
@suhlaing
msc 175
Posted using Partiko Android
ကြက်ဥ တစ်လုံးကို ထမင်းမပါဘဲ စားဖူးတာ....
ငါးသန်သေးနုပ်ရေလုံပြုတ်ကို တစ်လုပ်ကယ် ဝဝ စားလိုက်ရရင်ဖြင့် ဆိုသလို...ဘဝဘဝတွေ...
Posted using Partiko Android
အာဂပါးစပ် လူဖြစ်ကြိုးနပ်ပြီ
Posted using Partiko Android
ရင့်နင့်စေပါလား မတ်မတ်စု
ဒီထက်စိုးတဲ့ တကယ့်ဖြစ်ရပ်တွေလည်း ရှိတယ် ဘထွေးရေ
အစ်မရေ ဝမ်းနည်းစရာကောင်းပြီး အရေးအသားဟန်ချက်လေးကိုလည်း သဘောကျပါတယ်။နောက်အပိုင်း ဆက်အားပေးမယ်အစ်မ။
သေချာလေးဖတ်ပေးတဲ့ အတွက် ကျေးဇူးပါရှင့် အားပေးတဲ့သူရှိတော့ အားရှိသွားပြီ
စိတ်မကောင်းစရာပါလားနော် ။
သံဝေဂရစရာပါ ဦးမဟော်ရေ
သားသမီးတွေရှိရင် ဘိုးဘွားရိပ်သာတွေကလက်မခံဘူးလို့ကြားဖူးတယ်။
ကျမတို့ မြို့က လက်ခံပါတယ် တခြားတော့ မသိ
ကိုယ့်ပြုခဲ့ဖူးတဲ့ကံကိုပဲ အပြစ်တင်ရတော့မှာပဲ
ကံ ကံ ၏ အကျိုးပေါ့ ကိုစိုးရေ
မတ်မတ်စု စာရေးတအားတော်တယ်နော်
ဦးယုလည်း အတူတူပါဘဲရှင်
ဇာတ်သိမ်းလေး စောင့်မျှော်နေမယ် မစုရေ
တင်ထားပါပြီ မောင်လေးရေ
ကိုဟိန်း ရေသည်ပြဇာတ်ကိုအလွတ်ရွတ်နေပါလားနော်။