အချစ်=ဘဝ, ဘဝ=အချစ် ( ၂ )

in #myanmar6 years ago

မင်္ဂလာပါ Steemit ( msc )မိသားစုကြီးရေ။ ဒီနေ့တော့ မနေ့ ဆွေးနွေးလက်စ ကျန်ရှိနေသေးတဲ့ အချစ်နဲ့ ပတ်သက်လို့ လူတွေမှာ ခံယူချက်အမျိုးမျိုးရှိကျတယ်ဆိုတဲ့ အကြောင်းလေး ဆက်ကျရအောင်လား။ မနေ့က ဆွေးနွေးကျတဲ့ အကြောင်းအရာတွေကို reviewပြန်လုပ်ရမယ်ဆိုရင်တော့ အချစ်ကို ကိုးကွယ်သူရယ် အချစ်ကို ယုံကြည်မှုမရှိသူရယ်ဆိုပြီး ရေးသားဆွေးနွေးထားပါတယ်။ အခု နောက်ဆုံး တစ်ချက်ဖြစ်တဲ့ အချစ်=ဘဝလို့ ခံယူထားသူတွေ အချစ်နဲ့ ဘဝကို အချိုးကျကျ တွေးခေါ်ပေါင်းစပ်တက်တဲ့ သူတွေအကြောင်းကို ဆက်လက်ဆွေးနွေးပါမယ်။

သည်လိုလူတွေရဲ့ အချစ်ဟာ ဦးနှောက်တစ်ဝက် နှလုံးသားတစ်ဝက်ပေါင်းစပ်ထားသူတွေဖြစ်ပါတယ်။ သူတို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းမှာ အချစ်ပါဝင်ပြီး ဘဝအတွက်လည်း ထည့်သွင်းတွက်ချက်တက်သူတွေပါ။ အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါ ကိုယ်တိုင်လည်း ချစ်ခင်နှစ်သက်သူဖြစ်သူလို အသိုင်းအဝိုင်းကော ဥစ္စာဓနအနေနဲ့ပါ ဦးနှောက်နဲ့ တွက်ချက်ပြီး ရွေးချယ်လေ့ရှိပါတယ်။ သူတို့ရဲ့ ရွေးချယ်မှုဟာ ရာခိုင်နှုန်းတော်တော်များများ မှန်ကန်တာကို တွေ့ရပါတယ်။ အိမ်ထောင်ရေး စီးပွားရေး အချစ်ရေး အဖက်ဖက်က ပြည့်စုံပြီး ဘဝသစ်ကို ထူထောင်ရာမှာကော လျှောက်လှမ်းရာမှာပါ အခက်အခဲ သိပ်မရှိလှတဲ့ စုံတွဲ အမျိုးအစားဘဲ ဖြစ်ပါတယ်။ ဒီလို စုံတွဲတွေဟာ ကွဲနိုင်ခြေနည်းပြီး အိမ်ထောင်သာယာတာ များပါတယ်။ အိမ်ထောင်ရေးတည်ငြိမ်တဲ့ အတွက် ထူးချွန်ထက်မြတ်တဲ့ ရင်သွေးငယ်များကိုလည်း မွေးဖွားတက်ကျပါတယ်။

IMG_20180914_064049.png
source

ငွေကြေးအရ ပူပန်မှုမရှိတဲ့ အခါ သာယာတဲ့ မိသားစု ဘဝကို ဖန်တီးနိုင်ပါတယ်။ ကံကြမ္မာကြောင့် ဘဝတွေဆိုးရွားသွားရင်တောင် အသိုင်းအဝိုင်းရဲ့ ချစ်မြတ်နိုးမှုကြောင့် အကူအညီများစွာရရှိပြီး တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီရင်းနဲ့ ပြန်လည်ထူထောင်နိုင်ကျပါတယ်။ ကိုသက်ဝင်းတို့ စုံတွဲလေးကို ဥပမာပေးပါရစေ။ ကိုသက်ဝင်းဟာ ကြိုးစာရိုးသားပြီး ဘဝကို အခြေခံကျကျကနေ အောင်မြင်လာသူဖြစ်ပါတယ်။ ကိုသက်ဝင်း သဘောကျနှစ်သက်သူကတော့ မနှင်းရည်ဖြစ်ပြီး ထက်ထက်မြတ်မြတ်ရှိတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။ မနှင်းရည်ရဲ့ သွက်လက်ချက်ချာမှုနဲ့ အရည်အချင်းကို ကိုသက်ဝင်းဟာ အင်မတန်သဘောကျလှပါတယ်။ လူကိုတော့ နှလုံးသားနဲ့ ချစ်ပါတယ်။ ဦးနှောက်တစ်ဝက် နှလုံးသားတစ်ဝက်နဲ့ မနှင်းရည်ကို လက်ထပ်ဖို့ ရွေးခဲ့ပါတယ်။ ကိုသက်ဝင်းဟာ သူ ပိုပြီးအောင်မြင်လာဖို့ အတွက် သူ့ရဲ့နောက်မှာ ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးရှိရမယ်လို့ ခံယူထားသူပါ။ မနှင်းရည်ဟာ နုံနုံအအ မိန်းမတစ်ယောက်ဆိုရင်လည်း ကိုသက်ဝင်းဟာ ချစ်ပင်ချစ်သော်လည်း လက်ထပ်ဖို့အထိ စိတ်ကူးမည် မဟုတ်ပါ။

မနှင်းရည်ကလည်း ဒီလိုတွေးပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကိုသက်ဝင်းဟာ အသားဖြူဖြူ လူရည်သန့်သန့်နဲ့ စကားပြောပြေပြစ်သူမို့ မနှင်းရည် ရင်ခုန်ခဲ့ရပါတယ်။ ဒါက နှလုံးသားအပိုင်းပါ။ ကိုသက်ဝင်းရဲ့ အခြေခံကနေ လုပ်ငန်းတစ်ခုကို အောင်မြင်အောင်လုပ်နိုင်ခြင်း ရှုပ်ရှုပ်ပွေပွေမရှိခြင်း အသောက်အစားကင်းခြင်းသည် မနှင်းရည်အတွက် မက်လောက်စေသော ဦးနှောက်ဆုံးဖြတ်ချက်များဘဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုသက်ဝင်းဟာ ဆန့်ကျင်ဘက်ဖြစ်မယ်ဆိုရင်တော့ မနှင်းရည်ဟာ ချစ်ပင်ချစ်သော်လည်း လမ်းခွဲခဲ့မှာ အမှန်ပါဘဲ။ ဒီလိုနဲ့ လက်ထပ်ပေါင်းသင်းနေထိုင်လာတာ သားသမီး ၂ယောက် ထွန်းကားလာပါတယ်။ အင်မတန်မှ စာတော်သော ထူးချွန်လူငယ်လေးတွေ အဖြစ် မိဘနှစ်ပါးက တက်ညီ လက်ညီပျိုးထောင်နိုင်ခဲ့ပါတယ်။

အကောင်းပြီးအဆိုးဆိုတဲ့အတိုင်း ကိုသက်ဝင်းရဲ့ ပွဲရုံကြီး မီးလောင်ပါတော့တယ်။ ဒါကြောင့် ကိုသက်ဝင်းဟာ မိမိတသက်ကြိုးစားထားသမျှတွေ သဲထဲရေသွန်ဖြစ်ရပါတယ်။ ကုန်ဖိုးငွေတွေလည်း မရှင်းရသေးသည့်အပြင် ထိုကုန်များမှာလည်း မီးထဲ ပါသွားလို့ အကြွေးတွေဝိုင်းပြီး သောကမီးလောင်ရပါတယ်။ ကိုသက်ဝင်းဟာ တော်တော်ကို စိတ်ဓာတ်ကျနေပါပြီ။ ဒီ အချိန်မှာ မနှင်းရည်ရဲ့ အစွမ်းအစ ပြသခွင့်ရပြီပေါ့။ မနှင်းရည်ဟာ စိတ်ဓာတ်ကျနေတဲ့ လင်တော်မောင်ကို ဖြောင့်ဖျအားပေးစကားတွေ ဘေးကနေ တတွက်တွက်ပြေားတဲ့အပြင် သားသမီးတွေကိုလည်း စိတ်ဓာတ်ခိုင်မာစေရန် ရိုက်သွင်းခဲ့ပါတယ်။ သူကိုယ်တိုင်လည်း မျက်ရည်တစ်စက်မကျဘဲ သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ကြွေးရှင်တွေဆီ ကိုယ်တိုင်သွားကာ ခဏဆိုင်းပေးပါရန်တောင်းပန်ပြောဆိုပါတယ်။ ထို့နောက် မိတ်ဆွေ အသိုင်းအဝိုင်းများထံသွားကာ ငွေစများချေးဌားပါတယ်။ ရလာသမျှကို ကိုသက်ခိုင်ထံအပ်ပြီး လင်မယား ၂ယောက် ဘယ်လိုရုန်းထွက်ရမယ်ဆိုတာ တိုင်ပင်ကျပါတယ်။

IMG_20180914_064849.png
source

ထို့နောက် ကိုသက်ဝင်းသည် အခြေခံက စခဲ့သူပီပီ ကိုယ်တိုင် အပင်ပန်းခံကာ ရွာသိမ်ရွာမွှားအထိ ဆင်းကာ သီးနှံကောက်ပါတော့သည်။ မနှင်းရည်သည်လည်း အရည်အချင်းပြည့်စုံသူပီပီ သီးနှံဈေးကို အဆက်မပျက်စုံစမ်းကာ ဈေးပိုရစေရန် အိမ်မှနေ၍ ဖန်တီးပေးလေသည်။ ထို့အတူ အိမ်စရိတ်ကိုလည်း အထူးချွေတာကာ ငွေပို မကုန်အောင် ထိန်းသိမ်းထားလေသည်။ ထိုသို့ ကြိုးစားရှာဖွေကျရာ ၂နှစ်ဟူသော အချိန်ကာလတွင် သူတပါးအားပေးရန် အကြွေးများ ကျေပြီဖြစ်လေသည်။ ဆွေမျိုးများတွင်တင်နေသော ကြွေးအနည်းငယ်သာ ကျန်လေသည်။ နောက် ၅နှစ်တွင်မတော့ ကိုသက်ဝင်းတို့သည် ယခင်ထက်သာလွန်သော စည်းစိမ်ဥစ္စာကို ပိုင်ဆိုင်ကျပြီ ဖြစ်လေသည်။

ကဲ ...ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတော့ပြီးသွားပါပြီ။ ကိုသက်ဝင်းနဲ့ မနှင်းရည်တို့ရဲ့နှလုံးသားတစ်ခုထဲနဲ့မဟုတ်ဘဲ ဦးနှောက်နဲ့ပါ ရွေးချယ် ဆုံးဖြတ်ချက်တွေက မှန်ကန်ခဲ့ပါတယ်။ Steemမိသားစုကြီးကော ဘဝအတွက် ဘယ်လိုတွေ ရွေးချယ်ခဲ့လည်းဆိုတာ သိခွင့်ရှိရင်သိချင်ပါတယ်ရှင်...မန်းရှင်း ခေါ်ပါတယ်နော်😊😊😊

@suhlaing
msc 175

Sort:  

အချစ်ကဆန်းကြယ်ပါတယ်ဗျာ ဒါမယ့်လေ့လာကြည့်တော့အပြင်မှာ ဒီလိုhappy ending ကနည်းတယ် ငွေပကာသနဂုဏ်တွေကြောင့်တူပါတယ်

ဂုဏ်ဂုဏ်ချင်းထပ် ငွေငွေချင်းအပ်

ချစ်တယ်ထင်ပြီး ချစ်လိုက်တာ... ချစ်ကြောင်းပြတဲ့ အနေနဲ့
လက်ထပ်လိုက်တယ်လေ..ပြီးတော့လည်း ချစ်ကြောင်း
ဆက်ဆက်ပြနေရတော့တာပဲ ... နားလည်မှုပေးလို့ပဲပေါ့...😁😁😁

အဓိက နားလည်မှုရှိမှလည်း အိမ်ထောင်သာယာတာ

အယ်လယ့် ..😁😁

ကိုဟိန်းရဲ့ အချစ် ဒဿ နက အလာကြီးနော် ပြောတက်တာ ယွကျားတွေများ

ဒီလိုပဲ အိမ်သူကို ချစ်ပြပေးရတာပဲ...
ရင်ဘတ်ထဲမှာပဲ ချစ်နေလို့ မရဘူးလေ😁😁😁 ....

ကျော်​ တို့က​တော့ နှလုံးသားနဲ့ ခံစားပြီး ရင်​နှင့်​ရင်းကာ ချစ်​ခဲ့တာပါ
အချစ်​ဆိုတာနဲ့ ခွဲရမှာ​ကြောက်​လို့ ကိုယ်​ချစ်​ရတဲ့သူကိုပဲ ထမင်း​ရေ မှ တူတူ ​သောက်​ရ​သောက်​ရ
တဲအိုပျက်​မှာပဲ တူတူ ​နေရ​နေ ဆိုပြီး လက်​ဆက်​ခဲ့တာပါ 😁😁 အဲ့လယ်​ တယ်​ဆိုတဲ့စာပါလား 😁😁

အချစ်ကို ကိုးကွယ်သူကြီးပေါ့လေ

အချစ်မှာ ကန့်သတ်ချက်မရှိပါ နားလည်မှု
တစ်ဦးကိုတစ်ဦးဖေးမကူညီကြရင် ပျော်စရာပ

ကိုယ့်ခံယူချက်အတိုင်းပေါ့ ဦးထွေးရေ

ဘဝတခုမှာ
အချစ်​မရှိရင်​ အသက်​မရှိနိုင်
နောက်​ဆုံး ကို​ယ့်​ ခန္တာကိုယ်​ပြန်​မချစ်​လို့မရဘူး​လေ

အတ္တများနဲ့ ချစ်သောသူ

အိမ်‌‌ထောင်‌ဖက်‌အ‌ကြောင်းဖတ်‌ရ‌တော့ငယ်‌ငယ်‌က အ‌ဖေေ ပြာပြခဲ့တဲ့ နွားရှစ်‌‌ကောင်‌တန်‌တဲ့မိန်းမအ‌ကြောင်းကို သတိရမိတယ်‌။ ‌

လင်းစမ်းပါအုံး ဦးမဟော်ရေ

တစ်သက်လုံး အတူနေဖို့ဆို အချစ်ဆိုတာ ပါမှ ဖြစ်မှာလို့ ထင်မိတယ် ကျန်တာက အတူကြိုးစားကြတာပေါ့😍

မယ်ကြည်က အချစ်ကို ကိုးကွယ်သတဲ့လား အယ်လယ့်

ချစ်သူလား.... စကားတစ်ပွင့်ပွင့်ခဲ့တယ်

..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥

အထပ်ထပ်အခါခါ ဖတ်ဖြစ်ခဲ့သော ဂျူးရဲ့ စာအုပ်လေးပါ

တစ်​​ယောက်​နှင့်​​တစ်​​ယောက်​ချစ်​လို့၊နားလည်​​ပေးနိုင်​လို့...တကယ်​လို့အချစ်​မပါရင်​လည်းတစ်​ခုခုဆိုနားလည်​လက်​ခံ​ပေးနိုင်​မှာမဟုတ်​ပါ...အိမ်​​ထောင်​တစ်​ခုမှာ​တေှာ့နှလုံးသားနှင့်​ဦး​နှောက်​မျှတစဉ်းစားသင့်​တယ်​ထင်​တယ်​....

အကောင်းဆုံးအတွေးအခေါ်ပါဘဲ ညီမရေ

တစ်ယောက်ကိုတစ်ယောက် ချစ်လည်းချစ် နားလည်မှုလည်းရှိပြီး ကြိုးစားနေထိုင်သွားကြရင်တော့ ပိုမိုကောင်းမယ်ထင်ပါတယ်။

အချစ်နဲ့ တည်ဆောက်မယ်ပေါ့

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64455.55
ETH 3147.84
USDT 1.00
SBD 3.94