မယုံနဲ့ကွယ် ကြားစကား

in #myanmar5 years ago (edited)

လူတွေ ပြောနေကျ စကားတစ်ခွန်း ကြားဖူးကျပါလိမ့်မည်။ ဘာတွေ ပြောနေကျတာလည်းလို့ မေးရင် သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းပေါ့လို့ ဖြေတက်ကျပါသည်။ သူများအကြောင်းကျတော့ မကောင်းတာဘဲ ပြောပြီး ကိုယ့်အကြောင်းကတော့ အကောင်းပြောတက်တဲ့ လူတွေရဲ့ သဘာဝပါ။ တချို့ဆို အတင်းပြောတဲ့ ဝါသနာကို ပါတာထင်ပါရဲ့။ ရွာရိုးကိုးပေါက် အိမ်ပေါက်စေ့ကို လိုက်ပြီး ထီးတစ်ချောင်းနဲ့ အတင်းပြောပါတယ်။ တစ်အိမ်က စကားကို နောက်တစ်အိမ်ကို သယ်ပါတယ်။ ဒီနှစ်အိမ်ရဲ့စကားကို နောက်တစ်အိမ်ကို ပို့ပါတယ်။

IMG_20190524_105511.png
source

ဥပမာဆိုကျပါစို့။ မနီလာ မသီတာနဲ့ မကြည်ပြာ သုံးဦးမှာ မသီတာက စကားရှုပ်ပြီး အတင်းပြောတာ ဝါသနာ ထုံလှပါတယ်။ မသီတာဟာ မနီလာ မကောင်းကြောင်းကို မကြည်ပြာကို ပြောတယ်။ မကြည်ပြာရဲ့ ကိုယ်ရေးကိုယ်တာ အားနည်းချက်ကို မနီလာကို ပြောတယ်။ သူတို့နှစ်ဦးရဲ့ စကားတွေကို ဟိုဘက်ဒီဘက် ပြန်ပို့တယ်။ ဒါ့အပြင် သူ့ရဲ့ ထင်မြင်ချက်အပြောတွေကိုပါ မကြည်ပြာက ဒီလိုပြောတာ မနီလာက ဒီလို ပြောတာ စသည်ဖြင့် စကားအရောင်းအဝယ်လုပ်ပါတယ်။ မသီတာရဲ့ အဓိက ရည်ရွယ်ချက်က မနီလာက မကြည်ပြာကို ဦးစားပေးတာ မကြည်ပြာက မနီလာကို ချစ်ခင်တာ ဒါတွေကို မသီတာဟာ မနာလို မရှု့စိမ့်ပါ။ သူ့ထက် ဒီ နှစ်ယောက်ဟာ ပိုပြီး ခင်မင်သွားမှာ ရင်းနှီးသွားမှာကို မသီတာဟာ မလိုလားတာပါ။

IMG_20190524_110118.png
source

ဒီလို သွေးခွဲကြားစကားတွေကြောင့် မနီလာနဲ့ မကြည်ပြာဟာ ခပ်တန်းတန်းတွေ ဖြစ်ကုန်ပါတယ်။ အရင်လို ခင်ခင်မင်မင်မရှိကျတော့ဘဲ မေးထူးခေါ်ပြောကနေ မုန်းတီးကျတဲ့ အဆင့် ဖြစ်လာပါတယ်။ နောက်ဆုံးတော့ စကားတွေများပြီး ရန်ဖြစ်ကျပါတော့တယ်။ နင်ဘာလည်း ငါဘာလည်းနဲ့ ရန်သူတွေလို ဖြစ်ကုန်ကျပါတယ်။ ဒီဥပမာလေးကို ကြည့်မယ်ဆိုရင် အကြံသမား မသီတာဟာ သူ့ရဲ့ စီမံကိန်း အောင်မြင်တယ်လို့ဆိုရမှာပါ။ တွေးခေါ်ချင့်ချိန်မှု နည်းတဲ့ မနီလာနဲ့ မကြည်ပြာဟာ အကြံသမားရဲ့ ထောက်ချောက်ထဲမှာ အလွယ်တကူ သက်ဆင်းခံလိုက်ရပါတယ်။ ကျဆုံးသွားခဲ့ကျပါတယ်။ မိတ်ဆွေ တစ်ယောက်ဆုံးရှုံးလိုက်ရပြီး ရန်သူတစ်ယောက်တိုးလာတာဘဲ သူတို့အတွက် အဖက်တင်ပါတယ်။

ဆက်ရန်...

@suhlaing
msc 175

Sort:  

ကြားစကားတွေသတိထားဗျို့
ဆက်မျှော်နေပါ့မယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ရှေ့တင်ဆဲတာဘဲ မကျေနပ်ထချတာဘဲ ဟီး

အကောင်းဆုံးဘဲ ဒိုမီရေ

မိတ်ဆွေတွေ မိတ်ပျက်တတ်တာ အဲဒီ ကြားလေသွေးလို့ပေါ့ ပွင့်ပွင့်လင်းလင်းမေးမြန်းရင် အချင်းချင်း ပြဿနာမရှိပါဘူး

ပွင့်လင်းတဲ့ ဆက်ဆံရေးကလည်း အရှားသား ကစိုးရေ


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

ကျေးဇူးအထူးပါ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 61588.80
ETH 3006.18
USDT 1.00
SBD 3.64