ခိုလှုံရာ ရိပ်မြုံ ( ၂ )
မျက်နှာမသာယာလှသော သားဖြစ်သူအားမေးရန် မဝံ့ရဲဘဲ ဒေါ်ကြည်အေးသည် ငူငူကြီးထိုင်လျှက် ရှိလေသည်။ မနက်ထဲက ဘာမှ မစားရသေးသောကြောင့် အလွန်ဆာလောင်လျှက်လည်း ရှိလေသည်။ ကလေးတွေလို ဗိုက်ဆာပြီဟုလည်း မပြောရဲပေ။ သား သမီးအိမ်ကပ်နေရသော မိမိအဖြစ်ကိုလည်း ရင်နာလှပေသည်။ ချွေးမဖြစ်သူကလည်း သိပ်မကြည်ချင်။ ကလေးထိန်းဖော် အိမ်ရှင်းဖော်ရနေ၍သာ ဘာမှ မပြောခြင်းဖြစ်သည်။ ထမင်းဟင်းတော့ ချွေးမက သူ့ဟာသူချက်သည်။ မိမ်ချက်လျှင် ဆီကုန်သည်ဟု ပြောလေသည်။ သားနှင့် ချွေးမ အလုပ်သွားလျှင် ဒေါ်ကြည်အေးက ကလေးထိန်းပေးရသည်။ မြေးတသိုက်နှင့် ထို သံယောဇဉ်ကြိုးကို မဖျက်နိုင်ပေ။
'' အမေ ပစ္စည်းတွေ အကုန်သိမ်းထားပြီလား ခဏနေ ကျွန်တော်တို့ကို လာခေါ်လိမ့်မယ် နေရာက မြို့နဲ့ဝေးပေမဲ့ ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်''
'' အေးပါ သားရယ် ဘယ်နေရာဘဲ ဖြစ်ဖြစ် အမေ နေနိုင်ပါတယ် ငါ့သားတွေ ငါ့ မြေးတွေနဲ့ အတူတူနေရတာဘဲဟာ''
တစ်နာရီခန့်ကြာသောအခါ ပစ္စည်းတင်ရန် ကားတစ်စီးဝင်ရောက်လာလေသည်။ ပစ္စည်းဟာဆိုသော်လည်း ဘာမှ မယ်မယ်ယယမရှိလှပါ။ အိမ်ဖျက်ထားသော ထရံလေးများ ဗီနိုင်း အဟောင်းများ ဓနိဖက်များနှင့် ထင်းရှုးသေတ္တာ ၃လုံးခန့်သာဖြစ်သည်။ ကျန်တာက စားအိုးစားခွက်များနှင့် မြေးအငယ်ဆုံးလး၏ စက်ဘီးအစုတ်လေးတစ်စီး သား ဖြစ်သူ၏ တရုတ်စက်ဘီး ခပ်နွမ်းနွမ်းတစ်စီး။ ပစ္စည်းများတင်ကျပြီး လူများလည်း ဖြစ်သလိုကုတ်ကပ်တက်ကာနှင့် ထွက်ခွာလာခဲ့ကျတော့သည်။ ဒေါ်ကြည်အေးသည် မိမိနေခဲ့သောဟထိုနေရာလေးကို မျက်စိတဆုံး ငေးကြည့်ရင်း လိုက်ပါလာခဲ့လေသည်။ ကားသည် တရွေ့ရွေ့နှင့် မောင်းနှင်လာရာ မြို့နေတိုက်တာ အဆောက်အုံများကို ကျော်လွန်လာခဲ့လေသည်။
တဖြည်းဖြည်းဝေးသွားသော မြို့ပြအငွေ့အသက်များ ကုန်လွန်ပြီးသောအခါ မြို့စွန်နေရာသို့ ရောက်ရှိခဲ့လေသည်။ ကားလမ်းမကြီးကို ဖဲ့ဆင်းပြီး တစ်နာရီခန့် မောင်းနှင်းလိုက်သောအခါ လယ်ပြင်ကွက်ကြီးပေါ်တွင် ငုတ်တိုင်လေးများစိုက်ထားကာ ၁၅ပေ ပေ ၂၀ပတ်လည် မြေကွက်လေးများ ပြုလုပ်ထားလေသည်ကို တွေ့မြင်ရလေသည်။ ထိုမြေကွက်လေးများပေါ်တွင် တစ်ချို့လည်း တဲများဆောက်လုပ်နေထိုင်ထားကျပြီဖြစ်သည်။ သားဖြစ်သူက အိမ်ထဲမှ တုံကင်ပြားကို ထုတ်ကာ မြေကွက်အမှတ်ကို ရှာဖွေနေလေသည်။ ထိုအချိန်တွင် ပစ္စည်းများကို မိမိနှင့် ချွေးမဖြစ်သူက ချနေရလေသည်။ မြေးအကြီးလေးမှလည်း ကူကာ ချပေးနေလေသည်။
@suhlaing
msc 175
Posted using Partiko Android
မြို့သစ်လား မြို့ချဲ့တာလား အဲ့နေရာလေးရဖို့
အတော်ကြိုးစားရတယ်
မဆုတောင် အရေးအသားတွေ တိုးတတ်လာပါပြီး။ကျော်တစ်ယောက်ဘဲ အရေးအသားတွေ ညံ့နေတယ်။
Posted using Partiko Android
Posted using Partiko Android
ဖြည်းဖြည်းချင်းကြိုးစားသွားတာပေါ့ ကိုအေးရေ ဖိုက်တင်း
စားဝတ်နေရေး ဒေါက်သုံးထောက်မခိုင်ရင်အတော်ဒုက္ခရောက်တယ်နော်
Posted using Partiko Android
အမှန်ပါဘဲ ဒီထဲကမှ နေရေးမရှိရင် တော်တော် နိမ့်ကျပါတယ်
Posted using Partiko Android
Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
thanks
Posted using Partiko Android
အစ်မရေးပြထားတဲ့ ဇာတ်လမ်းလေးက စိတ်ဝင်စားစရာကောင်းလှပါတယ်။သနားစရာလည်း ကောင်းပါတယ်။ဆက်ပြီးအားပေးမယ်နော်။
လောကဇာတ်ခုံ အဖုံဖုံဝယ် ကြုံသလိုက နေရတာတွေက အများသားပါ
Posted using Partiko Android
ကိုယ့်ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်
Posted using Partiko Android
လူဘဝဆိုတာ တုံးအောက်ကဖားလိုဘဲတဲ့
ပြားတဲ့ဖားကပြားဖောင်းတဲ့ဖားကဖောင်းတဲ့
ဖောင်းပြားကြီးပေါ့အေ
အခုခေတ် ဈေးနဲ့ဆို ၁၅×၂၀ ဝန်းလည်း ဈေးမနည်းလောက်ဘူး
ပြန်လည်နေရာချထားရေးတွေပါအေ
ဆက်ရန်ရှိသေးလား...ဖတ်လို့ကောင်းသလိုစိတ်မကောင်းလည်းဖြစ်ရတယ်....
Posted using Partiko Android
ဟုတ် ရှိသေးတယ် ညီမ
ဖတ်ရတာ ဗွီဒီယိုကြည့်နေရသလိုပါဘဲ။
အဲ့လောက်တောင် ဖြစ်ဝါးတာလား ဦးမဟော်