စိတ္တဇ ဒဏ်ရာ ( ၁၁)

in #myanmar5 years ago

ဝင့်ဝါသည် မျက်ရည်များကြားကနေ ဖြစ်စဉ်ကို ပြောပြလျှက်ရှိသည်။ ယွန်းနဲ့ ကျမက ငြိမ်သက်စွာနားထောင်နေကျသည်။ စိတ်ငြိမ်ဆေးအလွန်အကျွံ့ သုံးစွဲခြင်းကြောင့်ဖြစ်ကြောင်း ဆရာဝန်မှ မှတ်ချက်ပေးသည်ဟု ပြောပြသည်။ ထို ဆေးပြားများသည် ၁၀ပြားထက် ပိုသောက်သုံးမိပါက နှလုံးခုန်ခြင်းကို ရပ်တန့်ကာ သေဆုံးစေကြောင်းလည်း ရှင်းပြသည်။ ရေချိုးခန်းထဲတွင် အဝတ်ဗလာဖြင့် သေဆုံးနေတာဖြစ်ကြောင်းနှင့် ကောင်းဇေ မသေဆုံးခင် နောက်ဆုံး ခေါ်ဆိုထားသည့် ဖုန်းနံပါတ်မှာ မိမိ ထံသို့ ဖြစ်ကြောင်း ဝင့်ဝါက ပြောပြနေသည်။ ကျမသည် ဝင့်ဝါ၏ စကားကို ဖြတ်ကာ

'' နင့်ကို ကောင်းဇေက ဖုန်းဆက်ပြီး ဘာတွေ ပြောလည်း ဝင့်ဝါ''

ဝင့်ဝါသည် မျက်ရည်များကို တစ်ချက်သုတ်လိုက်ရင်း

'' မပြောလိုက်ရဘူး သီရိ သူ ဖုန်းခေါ်တော့ ငါ တော်တော် အိပ်မောကျနေတယ် ပြီးတော့ ဖုန်းကို ဘိုင်ဘရေးရှင်းဘဲ လုပ်ထားတော့ အသံလည်း မကြားလိုက်ရဘူး သူ ငါ့ကို ဘာပြောချင်လည်းဆိုတာ ငါလည်း သိခွင့်မရလိုက်ဘူး''

ကျမသည် ယွန်းကို တလှည့် ဝင့်ဝါကိုတလှည့် သေချာစွာကြည့်လိုက်ပြီး

'' ယွန်းနဲ့ ဝင့်ဝါ ငါပြောတာ နင်တို့သေချာနားထောင်ကျ ငါတို့ ကျူးလွန်ခဲ့တဲ့ အမှုကြီးဟာ တစ်နေ့ မဟုတ်တစ်နေ့တော့ ပေါ်လာမှာဘဲ အဲ့တော့ စစ်မင်းကိုလည်း ဖုန်းဆက် ငါတို့ အရေးတကြီးတိုင်ပင်စရာရှိတယ် နင် အမြန်ပြန်လာပါလို့ ''

ဝင့်ဝါသည် မျက်နှာလေးတစ်ချက်မဲ့သွားကာ

image
source

'' ဘာတွေထပ်ပြီး ဒုက္ခပေးအုံးမလို့လည်း သီရိ ငါတို့ အခုလို ဖြစ်ရတာ တရားခံက နင်ဘဲ နင့်ကြောင့် ငါတို့ ဒီလို လုပ်လိုက်ရတာ''

'' ဖြစ်ပြီးတာကို ပြင်လို့မှ မရတာ ဝင့်ဝါ အခုအချိန်မှာ ဘယ်သူမှ ထောင်မကျချင်ဘူး မဟုတ်လား ဒါဆို ငါ ပြောသလို နင်တို့ လုပ်သင့်တယ် စစ်မင်းပါအတူဆုံကျပြီး ငါတို့ တိုင်ပင်ကျမယ်''

ယွန်းသည် တွေဝေသွားပြီးမှ

'' ကောင်းပြီလေ ငါ စစ်မင်းကို ခေါ်လိုက်မယ် ဘယ်နေ့တွေ့ကျမလဲ''

''မြန်လေ ကောင်းလေဘဲ ယွန်း ဘာကြောင့်လည်းဆိုတော့ ဒီ မိန်းမ အလောင်း ပေါ်မလာခင် ငါတို့ ဇာတ်တိုက်ပြီးဖို့ဘဲလိုတယ်
ဒါမှ ထွက်ချက်တွေက တစ်မျိုးတည်းဖြစ်မှာလေ''

'' okလေ ဒါဆိုလည်း ဒီတစ်ပတ် sundayပေါ့ ဝင့်ဝါ အဆင်ပြေမလား''

ဝင့်ဝါသည် အေးစက်စက်လေသံဖြင့်

'' ပြေရမှာပေါ့ သီရိ''

ထို့နောက် ကျမတို့သည် လူစု ခွဲလိုက်ကာ အိမ်ပြန်ခဲ့ကျပါသည်။ ကျမ၏ အတွေးတွေထဲမှာတော့ ကောင်းဇေ အကြောင်း ကပ်ပါလာသည်။ ဘာကြောင့် ဝင့်ဝါထံ ဖုန်းခေါ်ရပါသနည်း။ ဘာပြောချင်လို့ ခေါ်သနည်း။ ကျမ သိသလောက် ဝင့်ဝါနှင့် ကောင်းဇေသည် ကျမနဲ့ ကောင်းဇေလောက် မရင်းနှီးပါ။ ဒါဆို ဘာပြောချင်လို့လည်း။ ထို စိတ်ငြိမ်ဆေးများသည် ကျမက ပို့ပေးခြင်းဖြစ်တယ်ဆိုတာ ဝင့်ဝါကို ပြောချင်တာလား။ ဖုန်းပြောဖြစ်ရဲ့သားနဲ့ ဝင့်ဝါက ကျမကို တမင်လိမ်လိုက်ခြင်းလား။ ကောင်းဇေ ဘာတွေ ပြောလို့ ဝင့်ဝါ ဘာတွေ သိထားပြီလည်း။ လားပေါင်းများစွာနဲ့ ကျမသည် ချာချာလည်အောင်မူးလာပါတော့သည်။

image
source

ဆက်ရန်...
@suhlaing
msc 175

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အရေးအသားကတော့ ကောင်းသထက်ကောင်းပဲ့ ဗျို့

ဆက်လက်ကြိုးစားသွားပါ့မယ် မောင်လေးရေ

Posted using Partiko Android

မိုက်တယ် စုရယ်😍😍

Posted using Partiko Android

မိုက်မိုက်လေးရေးထားတယ်

Posted using Partiko Android

မိုက်တယ် မတ်မတ်စု နောက်အပိုင်းမျှော်နေပါ့မယ်😍

Posted using Partiko Android

အားပေးတဲ့အတွက် ကျေးဇူး မယ်ကြည်ရေ

Posted using Partiko Android

ကြောက်တာအေ ပုံရော ပို့စ်ရော

နောက်အပိုင်း ဒါထက် ကြောက်စေရမယ်

Posted using Partiko Android

ဇာတ်​လမ်းကဇာတ်​ရှိန်​မြင့်​လာပါပြီ...ဆက်​လက်​ပြီးစိတ်​၀င်​စားစွာ​မျော်​​နေပါ့မယ်​....

Posted using Partiko Android

နောက်အပိုင်းတွေလည်း စိတ်ဝင်စားစရာဖြစ်အောင် ဆက်ရေးပါ့မယ် ညီမရေ

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64386.10
ETH 3142.17
USDT 1.00
SBD 3.98