မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေဖို့.,
မြန်မာ့ရိုးရာယဉ်ကျေးမှု လှေသဘင်ပွဲတော်တွေ ကျင်းပခဲ့တဲ့ အစဉ်အလာဟာ တိမ်ကောပျောက်ကွယ်လုနီး ဖြစ်ခဲ့ပါပြီ။ ဒီနှစ်မှာတော့ ထူးထူးခြားခြားနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လှေလှော်ပြိုင်ပွဲတွေကို ပြန်လည်ကျင်းပခဲ့ပါတယ်။ မတ်မတ်စုတို့ ဗန်းမော်မြို့မှာလည်း မြန်မာ့ရိုးရာလှေသဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ ဗန်းမော်မြို့လယ်မှာရှိတဲ့ ဂေါ်ရာကန်တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး မြို့သူမြို့သားတွေအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ရွာများကပါ လာရောက်အားပေးခဲ့တာကို တွေ့မြင်ရပါတယ်။ မတ်မတ်စုလည်း ရုံးပိတ်ရက်တွေမှာ လှေသဘင်ပြိုင်ပွဲကို မလွတ်တန်း အားပေးကြည့်ရှု့ဖြစ်ခဲ့ပါတယ်။ မတ်မတ်စု ကြည့်ရှု့ခဲ့တာလေးကို Steemမိသားစု အားလုံးကို ပြန်လည်မျှဝေချင်ပါတယ်။
လှေလှော်ပွဲကို ပွဲစဉ်တွေ အနေနဲ့ ၂၁တက် ပြိုင်ပွဲ ၁၇တက်ပြိုင်ပွဲနဲ့ ၉တက်ပြိုင်ပွဲဆိုပြီး သုံးမျိုးစီစဉ်ထားပါတယ်။ လှေနဲ့ ကန်အနေအထားအရ တစ်မျိုးကို ၂ကြောင်းပြိုင်စေခဲ့ပါတယ်။ ဥပမာဆိုပါစို့။ စင့်ကင်ရွာအသင်းနဲ့ တာမိုင်းလုံရွာ အသင်းနှစ်သင်းပြိုင်ကျရာမှာ ပထမအကြောင်းမှာ မဟာမင်းကြီးလှေကို စီးပြီး ကန်ရဲ့ဝဲဘက်က နေ စင့်ကင်ရွာက လှော်ရတယ်ဆိုရင် ဒုတိယအကြောင်းမှာ ဗိုလ်ချုပ်လှေကိုစီးပြီးယာဘက်က လှော်ခပ်ရပါတယ်။ ဒီသဘောပါဘဲ လှေနဲ့ ရေကြောင်းကို ပြောင်းပြီးပြိုင်ဆိုင်ကျရပါတယ်။ လှေထိုးသားတွေဟာ အားကြိုးမာန်တက်နဲ့ မိမိအသင်းအနိုင်ရရှိရေးကို ကြိုးစားလှော်ခပ်ကျပါတယ်။ မတ်မတ်စုကတော့ နမ့်ဖားအသင်းကို အားပေးခဲ့ပါတယ်။ ရွာခံမဟုတ်သော်လည်း တက္ကသိုလ်ကြီးတည်ရှိရာ ရွာဖြစ်တဲ့အတွက်ပါ။
photo by me
မတ်မတ်စု အားပေးခဲ့တဲ့ နမ့်ဖားရွာအသင်းဟာ ၂၁တက် ပြိုင်ပွဲမှာကော ၁၇တက်ပြိုင်ပွဲမှာကော ၉တက် ပြိုင်ပွဲမှာကော ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မတ်မတ်စု အထင်တော့ ဒီလို ပွဲစဉ်တွေတိုင်း အနိုင်ရရှိခဲ့တာဟာ လေ့ကျင့်မှု့အားကောင်းလို့လို့ ထင်ပါတယ်။ ဒါ့အပြင် ရေခံမြေခံကလည်း အနိုင်ရှိဖို့ အားပေးနေသလိုပါ။ နမ့်ဖားရွာသားတွေဟာ နမ့်ဖားအင်းပြင်ကျယ်ကြီးထဲမှာ ဝမ်းစာအတွက် ရှာဖွေစားသောက်ခဲ့ကျတာဟာ ဘိုးဘွားဘီဘင် လက်ထပ်ကတည်းကလို့ ယူဆရပါတယ်။ အင်းပြင်အနှံ့ ငါးရှာ ဖားရှာ ဟင်းရွက်တွေခူးလို့ ညနေ နေဝင်ချိန်မှာ လှေငယ်လေးတွေနဲ့ နမ့်ဖားသားတွေကို တွေ့မြင်နိုင်ပါတယ်။ ဒီလို နမ့်ဖား အသင်း ဆုတွေအားလူံးကို ဆွတ်ခူးနိုင်ခဲ့တာဟာ စည်းလုံးညီညွတ်မှုသည်လည်း အဓိက ကျပါတယ်။ တက်ညီ လက်ညီဆိုတဲ့ အဆိုကို နမ့်ဖားလှေလှော်အသင်းမှာ မြင်တွေ့နိုင်ပါတယ်။ လှော်တက်လေးတွေတလက်လက်နဲ့ တညီတညာတည်း လှော်ခပ်သွားကျတာဟာဖြင့် မြင်ရသူ အပေါင်းကို နှစ်ထောင်းအားရ ကျေနပ်စေပါတယ်။ မြို့နယ် အားကစားမှသည် အရှေ့တောင်အာရှအားကစားဆီသို့ အရှေ့တောင်အာရှအားကစားမှသည် အာရှဆီသို့ အာရှမှသည် မြန်မာ့ အားကစားကမ္ဘာကို လွှမ်းစေဖို့အတွက် နမ့်ဖား လှေလှော်သားတို့ရေ...လျှိုးးး
photo by me
@suhlaing
msc 175
အားရစရာကြီး ၂၁ တက်တောင်မှ မတ်မတ်စုတို့ဆီက ပိုကြည့်ကောင်းမယ်
ဘထွေးတို့ဆီ ဘယ်နှစ်တက်လဲ
Posted using Partiko Android
ပြိုင်ပွဲသုံးမျိုးလုံးပထမရတာဆိုတော့ဘယ်လိုကြိုးစားလေ့ကျင့်ထားကြလည်းမသိ...တော်ပါပေတယ်....
Posted using Partiko Android
လှေထိုးသားတွေအားလုံးကို ပွဲမစခင် ၁လအလိုကနေ ဘုန်းကြီးကျောင်းမှာ ကန့်သွင်းလေ့ကျင့်တယ်လို့ သိရပါတယ်
Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
thanks
အယ် ကြည့်တော့မကြည့်ဖူးဘူး။ရွာမှာဘဲကြည့်ဖူးတယ်မစု
Posted using Partiko Android
ငယ်ငယ်က ကြည့်ဖူးတယ်ဟုတ်
Posted using Partiko Android
ငယ်ငယ်ကတော့ကြည့်ဖူးတယ် ခုတော့မကြည့်ရတာအတော်ကြာဘီ
တိမ်ကောလုနီးပါးပါဘဲ ကိုစိုးရေ
Posted using Partiko Android
အင်း ဒီဆောင်ပုဒ်က ဒို့မမွေးခင်ကတည်းကနော်
ဒို့ရဲ့ နောက်မျိုးဆက်တွေလည်း ဒီဆောင်ပုဒ်ဘဲ
Posted using Partiko Android
လှေ ပြိုင်ပွဲတွေက ကြည့်ရတာ အားတက်ဖို့ကောင်းတယ်ဗျ။ လှော်တဲ့သူတွေတင်မကဘူး ကြည့်တဲ့သူတွေပါ ဝင်လှော်လာချင်အောင်ကိုပဲ။
Posted using Partiko Android
ဟုတ်ပရှင် အားရပါးရကို လှော်ကျတာ
ကြည့်လိုကောင်းမှာဘဲနော်။မမြင်ဖူးသေးဘူး။
ကျမလည်း အခုမှ ပထမဆုံးအကြိမ် အပြင်မှာ ကြည့်ဖူးတာ
Posted using Partiko Android
ကျွန်တော်တို့ဘက်မှာတော့ အဲလိုလှေလှော်ပြိုင်ပွဲတွေ မတွေ့ဖူးဘူး တနသာင်္ရီမြို့မှာတော့နှစ်စဉ်ကျင်းပတယ် မြိတ်မြို့မှာမရှိ
ဝေးတာလား မြိတ်နဲ့ တနင်္သာရီ
Posted using Partiko Android
မြန်မာ့ အားကစား 💪💪
Posted using Partiko Android
မြန်မာလှေလှော်ကောင်းပါတယ် အရှေ့တောင်တော့ ကျော်နိုင်သား
Posted using Partiko Android