ငြိမ်းချမ်းတဲ့ ဘဝ

in #myanmar6 years ago (edited)

ကျယ်ပြန့်သော လွင်ပြင်တစ်လျှောက် နှင်းပန်းပင်တို့ဖွေးဖွေးလှုပ်ပေါက်ရောက်နေသည်။ လှပသော နှင်းပန်း၏ ပန်းရောင် အဆင်းတို့သည် မိုးကုတ်စက်ဝိုင်း၏ ပြာလဲ့လဲ့ ကောင်းကင်ပြင်နှင့် ထိဆက်လျှက်ရှိသည်။ ကျွန်းလုံးများစိုက်ထူထားပြီး ပျဉ်ပြားများဖြင့် ကာရံထားသော စားကျက်ခြံကျယ်ကြီးထဲတွင် သိုးများ ဆိတ်များနှင့် နို့စားနွားများမှာ မြတ်ခင်းပြင်စိမ်းစိမ်းတွင် မြတ်နုနုများကို စားသောက်နေကျသည်။ နေရောင်ခြည်သည် ဖြာဆင်းလာပြီး ဌက်ကလေးများက ဟိုဟိုသည်သည် ပျံသန်းနေကျသည်။ ထိုမှလွန်သော် တောတန်းလေးရှိကာ လှပသော လယ်တော အိမ်လေးများကို တွေ့နိုင်သည်။ လေး ငါး အိမ်ခန့် စုပေါင်းတည်ဆောက်ထားကျရာ ရိုးရှင်းသော အသွင်ကို ဆောင်လျှက်ရှသည်။ အိမ်ခြံဝင်းကို အိမ်များအပြင်မှ ဝိုင်း၍ ခပ်ထားပြီး သစ်လုံးများဖြင့် ကာရံထားသည်။ ထို ခြံကျယ်ကြီးထဲတွင် စပါးကျီများ မြင်းတင်းကုတ်များ နွားတင်းကုတ်များ ဝက်ခြံနှင့် ကြက်ခြံများကိုလည်း တွေ့ရသည်။

IMG_20180918_130431.png
source

အိမ်များတွင် စားဖိုဆောင်ကို သီးသန့်ခွဲထုတ်ထားကာ အိမ်ရှင်မများက ချက်ပြုတ်ကြော်လှော်နေကျသည်။ အိမ်ရှေ့မြေသလင်းတွင် ၁၅ယောက်ခန့်ရှိသော ကလေးတစ်စုသည် ကစားလျှက်ရှိသည်။ ကလေးများသည် အရွယ်စုံကာ အသက် ၃နှစ်မှ ၁၅နှစ်အထိ ပါဝင်လေသည်။ ခြံ၏ ထောင့်ဘက် မြေကွက်တွင် မီးဖိုချောင်သီးနှံများနှင့် ပန်းပင်တစ်ချို့ကို စိုက်ပျိုးထားသည်။ အိမ်ရှေ့ စင်ဝင်အနီးတွင် လှပသော ဒန်းတစ်ခုကို ဆင်ထားပြီး ထို ဒန်းပေါ်တွင် ၁၆နှစ်နှင့် ၁၇နှစ်ခန့် ကောင်လေးနှင့် ကောင်မလေတို့ အတူထိုင်ကာ သမာကျမ်းစာတစ်အုပ်ကို ဖတ်ရှု့နေကျသည်။ အိမ်ထဲရှိ ကလေးပုခတ်ပေါ်တွင် လသာအရွယ် ကလေးငယ်လေးသည် အော်ဟစ်ငိုယိုနေလေသည်။ ကလေးငိုသံနှင့်အတူ ကြက်အော်သံများ ဝက်အော်သံများ ကလေးများ၏ ငြင်းခုန်သံများကြောင့် ခြံဝန်းကြီးတစ်ခုလုံးသည် ဆူညံသံများဖြင့် စည်ကားနေလေသည်။ တစ်ခါတစ်ရံအိမ်ရှင်မများ၏ ဆူပူသံကိုလည်း ကြားရလေသည်။

ခြံဝန်းကြီး အနောက်ဖက်တွင် မြေလွတ်မြေရိုင်းကွင်းပြင်ကြီးရှိပြီး ခြံဝန်းကြီး၏ တောင်ဘက်တွင် ဂျုံခင်းများနှင့် ပြောင်းခင်းတစ်ချို့ကို စိုက်ပျိုးထားလေသည်။ အိမ်ထောင်ရှင် အမျိုးသားကြီးများသည် ပြောင်းခင်းများထဲတွင် ချွေးဒီးဒီးကျကာ ရင့်မာနေပြီဖြစ်သော ပြောင်းဖူးများကို ခုတ်ယူနေကျသည်။ တစ်ချို့က အသီးမရှိတော့သော ပြောင်းပင်များကို ခုတ်ထွင်ရှင်းလင်းနေကျသည်။ ထို့နောက် ပြောင်းဖူးများကို အိပ်များထဲ ထည့်သွင်းကာ ကားပေါ်သို့ အစီအရီတင်ကျပြန်သည်။ ထို့နောက် နေ့လယ်နေရောင်ခြည်ကို ရှောင်တိမ်းခြင်းအလို့ဌာ အိမ်သို့ ပြန်လာခဲ့ကျလေတော့သည်။ ခြံထဲသို့ ကားဝင်လာသည်ကို မြင်သည်နှင့် ကလေးတစ်သိုက်သည် ကားနောက်မှ သူ့ထက်ငါ အပြိုင် အပြေးလိုက်လာကျလေသည်။ ခြံအနောက်ဘက်ရှိ သီးနှံဂိုထောင်အထိ လိုက်လာကျပြီး မိမိတို့ ဖခင်များကို အော်ခေါ်ကာ ကြိုဆိုကျလေသည်။

IMG_20180918_130932.png
source

ထို့နောက် ပြောင်းဖူးအိပ်များချရာတွင် အနည်းငယ်ကြီးသော ကလေးများက ဝိုင်းကူကျလေသည်။ ပြီးစီးသောအခါ အိမ်ရှင်မများက အသင့်ပြင်ဆင်ထားသော စားသောက်ဝိုင်းတွင် မိသားစုများအားလုံးထိုင်ကာ ပျော်ရွှင်စွာဖြင့် အားရပါးရစားသောက်ကျလေသည်။ စားသောက်ပြီးစီးသောအခါ နေ့လည်ဘက် တရေးတမော အိပ်စက်အနားယူကျသည်။ နေရောင်ဖျော့တော့သွားသောအချိန်တွင် အိမ်ထောင်ဦးစီးများသည် လုပ်ငန်းခွင်သို့ ပြန်သွားကျပြီး လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ကျလေသည်။ အိမ်ရှင်မများသည်လည်း ညနေစာအတွက်ပြင်ဆင်ချက်ပြုတ်ကျလေသည်။ ထို့နောက်တွင် ညနေပိုင်းအချိန်၌ ကလေးများသည် ရေချိုးကျပြီးလျှင် ဆရာလာမည် ဖြစ်သဖြင့် စာသင်ရန် အသင့်စောင့်ဆိုင်းနေကျလေသည်။ ညနေစောင်းသော် အမျိုးသားများ ပြန်လည်ရောက်ရှိလာကျပြီး ညစာထမင်းကို မြိန်ယှက်စွာစားသောက်ကျလေသည်။ ညပိုင်းတွင် ဆယ်ကျော်သက် မိန်းကလေး ယောက်ျားလေးများသည် စန္တရားတီးခတ်မှုနှင့်အတူ ဓမ္မတေးများကို သီကျူးကာ အိပ်ယာဝင်ကျလေတော့သတည်း။

IMG_20180918_131331.png
source

@suhlaing
msc 175

Sort:  

စာထဲကအတိုင်း​လေးငြိမ်းငြိမ်း ချမ်းချမ်း​နေခြင်​လိုက်​တာမတ်​မတ်​စုရယ်

ကျမလည်း မချမ်းသာရင်တောင် အပူအပင်မရှိတဲ့ ဘဝလေး တမ်းတတယ်

ညီမ ဖြစ်‌ချင်‌တဲ့ဘဝ‌လေး ပိုင်‌ဆိုင်‌နိုင်‌ပါ‌စေ။

ကျေးဇူးပါ ဦးမဟော်

ကြည်နူးစရာ

ဟုတ်ပါတယ် အမရေ ကြည်နူးစရာ အေးချမ်းတဲ့ ကမ္ဘာလေးပါ

ဒါဘယ်သူ့ခြံကိုပြောတာလည်း

ကျမ ခြံပါ 😊😊😊😊😊

မယ်ကြည်တို့ မိသားစုရော လာနေမေ မယ်စု😍

အိမ်အသစ်လေးဆောက်ပေးမယ် မယ်ကြည် လာခဲ့ပါ

အဲဒီလို အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်လေး နေချင်မိပါသည်။

လက်မှုလယ်ယာခေတ်လောက်မှာ အဲ့လိုငြိမ်းချမ်းမှုမျိုးရှိအုံးမယ်ထင်တယ်

ကောင်းလိုက်တာ သာယာလိုက်တဲ့ အဖွဲ့ကလေး ။

ကျေးဇူးပါ ဒိုမီရေ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70733.96
ETH 3563.16
USDT 1.00
SBD 4.76